Premier League

လီဗာပူးလ်ရဲ့ YNWA သီချင်းကို ပုတ်ခတ်စော်ကားခဲ့တဲ့ နဗီးလ်ကြောင့် ကလော့ပ် ဒေါသပေါက်ကွဲ

ယူနိုက်တက်ကစားသမားဟောင်း ဂယ်ရီ နဗီးလ်ဟာ ဥရောပစူပါလိဂ်မှာ ပါဝင်ကြောင်း ကြေငြာခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့ You Will Never Walk ဆောင်ပုဒ်နဲ့ သီချင်းကို စော်ကားခဲ့လို့ လီဗာပူးလ်ကလော့ပ်က ဒေါသပေါက်ကွဲသွားခဲ့တယ်။

ကလော့ပ်က နဗီးလ်ကို ” ကလပ်အသင်းတသင်းကို တာဝန်မယူဖူးဘဲနဲ့ ငွေနောက်လိုက်နေတဲ့ကောင်” လို့ ပြန်လည်ထိုးနှက်သွားခဲ့တာဖြစ်ပြီး ဒီကိစ္စရဲ့ အစပြုရာက ဥရောပ စူပါလိဂ်မှာ လီဗာပူးလ်နဲ့ ယူနိုက်တက်အသင်းတို့က ပါဝင်လာခဲ့လို့ ဝေဖန်ခံခဲ့ရရာကနေ စတင်လာခဲ့တာပါ။

” လီဗာပူးလ်ကပြောတော့ ပရိသတ်ကို ကိုယ်စားပြုတဲ့အသင်းတဲ့။ You Will Never Walk Alone ဆိုတဲ့ သီချင်းတောင် ရှိသေးတယ်မဟုတ်လား။ Fan Club တွေရဲ့ အသည်းစွဲသီချင်းပေါ့ ”

“ယူနိုက်တက်အသင်းသမိုင်းဆိုတာလည်း လွန်ခဲ့တဲ့ နှစ် ၁၀၀ က အင်္ဂလန် မီးရထားက ကာယအလုပ်သမားတွေက မွေးထုတ်ခဲ့တဲ့အသင်းမဟုတ်ဘူးလား။ အခုတော့ ဒီနှစ်သင်းက ပရိသတ်တွေရဲ့ ဆန္ဒကို မျက်ကွယ်ပြုပြီး ဥရောပ စူပါလိဂ် ဝင်ပြိုင်မယ်ဆိုတာတော့ တော်တော့်ကို မတင့်တယ်လှပါဘူး။ ” လို့ နဗီးလ်က ပြောသွားခဲ့တာပါ။

နဂိုကတည်းက လီဗာပူးလ်အသင်းကို အငြှိုးအတေးကြီးတဲ့ နဗီးလ်ရဲ့ ပါးစပ်ဖွာမှုကို ကလော့ပ်က အလွန်တရာ ပေါက်ကွဲခဲ့ပြီး သူဟာ ငွေမက်လို့ ဘောလုံးဝေဖန်သူလုပ်စားနေတဲ့သူဖြစ်ပြီး တာဝန်မယူဖူးတဲ့သူလို့ လိဒ်နဲ့ပွဲအပြီးမှာ ပြင်းပြင်းထန်ထန် တုံ့ပြန်သွားခဲ့တာဖြစ်ပါတယ်။

” နဗီးလ်က You Will Never Walk Alone သီချင်းကို ထိပါးစော်ကားလာပြီ။ ဒါက သူ့နဲ့မတန်ပါဘူး။ သူ့စကားထဲ ထည့်ပြောရမယ့် အကြောင်းအရာ မဟုတ်ပါဘူး။ ဒါကို ပိတ်ပင်တားမြစ်သင့်ပါတယ်။ ကျွန်တော်ဆိုရင်တော့ တပါးသူရဲ့ အသင်းတသင်းအကြောင်းကို အခုလို စော်ကားမော်ကား မပြောဆိုဖူးဘူး။ ”

“သူက You Will Never Walk Alone ရဲ့ အဓိပ္ပာယ်ကို ဘာမှန်း လုံးဝနားမလည်တဲ့သူပါ။ သူ့ကို ငွေနောက်လိုက်နေမယ့်အစား ဘောလုံးတသင်းလောက်ကို နည်းပြလုပ်ကြည့်စမ်းပါ။ ပိုက်ဆံရလို့ နေရာတကာ လိုက်ဝေဖန်နေမယ့်အစားပေါ့။ ” လို့ ကလော့ပ်က ဒေါသတကြီး ထိုးနှက်ခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ယူႏိုက္တက္ကစားသမားေဟာင္း ဂယ္ရီ နဗီးလ္ဟာ ဥေရာပစူပါလိဂ္မွာ ပါဝင္ေၾကာင္း ေၾကျငာခဲ့တဲ့ လီဗာပူးလ္အသင္းရဲ႕ You Will Never Walk ေဆာင္ပုဒ္နဲ႔ သီခ်င္းကို ေစာ္ကားခဲ့လို႔ လီဗာပူးလ္ကေလာ့ပ္က ေဒါသေပါက္ကြဲသြားခဲ့တယ္။

ကေလာ့ပ္က နဗီးလ္ကို ” ကလပ္အသင္းတသင္းကို တာဝန္မယူဖူးဘဲနဲ႔ ေငြေနာက္လိုက္ေနတဲ့ေကာင္” လို႔ ျပန္လည္ထိုးႏွက္သြားခဲ့တာျဖစ္ၿပီး ဒီကိစၥရဲ႕ အစျပဳရာက ဥေရာပ စူပါလိဂ္မွာ လီဗာပူးလ္နဲ႔ ယူႏိုက္တက္အသင္းတို႔က ပါဝင္လာခဲ့လို႔ ေဝဖန္ခံခဲ့ရရာကေန စတင္လာခဲ့တာပါ။

” လီဗာပူးလ္ကေျပာေတာ့ ပရိသတ္ကို ကိုယ္စားျပဳတဲ့အသင္းတဲ့။ You Will Never Walk Alone ဆိုတဲ့ သီခ်င္းေတာင္ ရွိေသးတယ္မဟုတ္လား။ Fan Club ေတြရဲ႕ အသည္းစြဲသီခ်င္းေပါ့ ”

“ယူႏိုက္တက္အသင္းသမိုင္းဆိုတာလည္း လြန္ခဲ့တဲ့ ႏွစ္ ၁၀၀ က အဂၤလန္ မီးရထားက ကာယအလုပ္သမားေတြက ေမြးထုတ္ခဲ့တဲ့အသင္းမဟုတ္ဘူးလား။ အခုေတာ့ ဒီႏွစ္သင္းက ပရိသတ္ေတြရဲ႕ ဆႏၵကို မ်က္ကြယ္ျပဳၿပီး ဥေရာပ စူပါလိဂ္ ဝင္ၿပိဳင္မယ္ဆိုတာေတာ့ ေတာ္ေတာ့္ကို မတင့္တယ္လွပါဘူး။ ” လို႔ နဗီးလ္က ေျပာသြားခဲ့တာပါ။

နဂိုကတည္းက လီဗာပူးလ္အသင္းကို အျငႇိဳးအေတးႀကီးတဲ့ နဗီးလ္ရဲ႕ ပါးစပ္ဖြာမႈကို ကေလာ့ပ္က အလြန္တရာ ေပါက္ကြဲခဲ့ၿပီး သူဟာ ေငြမက္လို႔ ေဘာလုံးေဝဖန္သူလုပ္စားေနတဲ့သူျဖစ္ၿပီး တာဝန္မယူဖူးတဲ့သူလို႔ လိဒ္နဲ႔ပြဲအၿပီးမွာ ျပင္းျပင္းထန္ထန္ တုံ႔ျပန္သြားခဲ့တာျဖစ္ပါတယ္။

” နဗီးလ္က You Will Never Walk Alone သီခ်င္းကို ထိပါးေစာ္ကားလာၿပီ။ ဒါက သူ႔နဲ႔မတန္ပါဘူး။ သူ႔စကားထဲ ထည့္ေျပာရမယ့္ အေၾကာင္းအရာ မဟုတ္ပါဘူး။ ဒါကို ပိတ္ပင္တားျမစ္သင့္ပါတယ္။ ကြၽန္ေတာ္ဆိုရင္ေတာ့ တပါးသူရဲ႕ အသင္းတသင္းအေၾကာင္းကို အခုလို ေစာ္ကားေမာ္ကား မေျပာဆိုဖူးဘူး။ ”

“သူက You Will Never Walk Alone ရဲ႕ အဓိပၸာယ္ကို ဘာမွန္း လုံးဝနားမလည္တဲ့သူပါ။ သူ႔ကို ေငြေနာက္လိုက္ေနမယ့္အစား ေဘာလုံးတသင္းေလာက္ကို နည္းျပလုပ္ၾကည့္စမ္းပါ။ ပိုက္ဆံရလို႔ ေနရာတကာ လိုက္ေဝဖန္ေနမယ့္အစားေပါ့။ ” လို႔ ကေလာ့ပ္က ေဒါသတႀကီး ထိုးႏွက္ခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.