Analysis Article Premier League

Big Six ကို ဖြုတ်ပြီး အမှတ်တွေ ထပ်ပေါင်းပေးလိုက်ရင် ဘယ်သူတွေက ဆရာကြီးဖြစ်လာမလဲ

ပရီးမီးယားလိဂ်ကတော့ တစ်စင်ထောင်ချင်တဲ့ ဥရောပဆူပါလိဂ်သမား ၆ သင်းကို အပြင်းအထန် ခြိမ်းခြောက်လိုက်ချိန်မှာ လက်ကျန်အသင်းတွေအတွက် လက်ရှိရပ်တည်မှုတွေအပြင် အမှတ်တွေပါ ချီးမြှင့်ဖို့ ဖြစ်လာနိုင်ပြီး ဒီအရွေ့မှာ ဘယ်အသင်းတွေက ဘာတွေဖြစ်လာနိုင်သလဲဆိုတာ ဒေးလီးမေးလ်က ခုလို တွက်ချက်ပြခဲ့ပါတယ်။

လက်ရှိ အဆိုပြုနေမှုအရတော့ လက်ကျန် ၁၄ သင်းအတွက် ဒီအသင်းကြီး ၆ သင်းနဲ့ တွေ့ဆုံတဲ့ ပွဲတွေကို နိုင်ပွဲတွေအဖြစ် သတ်မှတ်ပြီး ၁၂ ပွဲအတွက် ၃၆ မှတ် ထပ်ပေါင်းပေးဖို့ ရှိနေသလို နိုင်ပွဲတွေနဲ့ သရေပွဲတွေ ရထားတဲ့ အသင်းတွေကလွဲရင် ၃၆ မှတ်ကို အပြည့်အဝ ခံစားရမှာဖြစ်ပြီး ဝက်စ်ဟမ်းတို့ကတော့ အမှတ် ၃၀ ထပ်ရဖို့ ရှိနေပါတယ်။

လက်ရှိမှာ အဆင့် ၄ နေရာက ရပ်တည်နေတဲ့ ဝက်စ်ဟမ်းတို့အနေနဲ့ ပရီးမီးယားလိဂ်ရဲ့ အဆင့် ၁ နေရာကို ရမှတ် ၈၅ မှတ်၊ ဒုတိယနေရာက အသင်းကို ၉ မှတ်အကွာနဲ့ ချန်ပီယံဆုအပြင် ချန်ပီယံလိဂ်ကစားခွင့်နဲ့ ပျော်ရွှင်နိုင်ဖို့ ဖြစ်လာနိုင်ပြီး ဒေးဗစ် မွိုက်စ်ရဲ့ အသင်းဟာ Big Six တို့ နောက်ကြောင်း ပြန်မလှည့်တော့ဘူးဆိုရင် စိုင်ကော်လို့ ခြုံပေါ်ရောက်တော့မှာပါ။

သူရဲ့နောက်ကိုတော့ အသင်းကြီး ၆ သင်းမပါရင် ထိပ်ဆုံးမှာ ရပ်တည်နေရမယ့် အဆင့် ၃ နေရာက လက်စတာတို့က အမှတ်ထပ်ရနိုင်မှု နည်းပါးခဲ့ပြီး အမှတ် ၂၀ သာ ပေါင်းထည့်ခံရမှာဖြစ်တာကြောင့် ၇၆ မှတ်နဲ့ ဒုတိယနေရာမှာ ရှိနေနိုင်သလို ဗိုလ်စွဲဖို့အတွက်တော့ ရုန်းကန်ရနိုင်တာ ဖြစ်ပါတယ်။

လိဒ်စ်ယူနိုက်တက်ကတော့ အဆင့် ၃ နေရာကို ရမှတ် ၇၅ မှတ်နဲ့ Big Six Bonus ၂၉ မှတ်နဲ့အတူ ရောက်ရှိလာနိုင်ပြီး သူ့ရဲ့နောက်မှာတော့ အဆင့် ၄ နဲ့ ၅ နေရာတွေမှာ အက်စတန်ဗီလာနဲ့ အဲဗာတန်တို့က ရမှတ် ၇၀ စီနဲ့ အသီးသီး ရပ်တည်နေကြမှာဖြစ်သလို ထိပ်ဆုံး ၆ သင်းကို နောက်ဆုံးက ဝင်ရောက်လာမယ့်သူကတော့ ရွိုင်းဟော့ဆန်ရဲ့ ၆၈ မှတ်ရှင် ခရစ္စတယ်လ်ပဲလေ့စ်က နယူးကာဆယ်လ်ကို ဂိုးကွာခြားချက်နဲ့ ဖြစ်လာမှာပါ။

ဒီထဲမှာ အနစ်နာဆုံးနဲ့ စိတ်အပျက်ရဆုံး အသင်းကတော့ ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်ဖြစ်ပြီး လက်ရှိရမှတ် ၄၁ မှတ်ကနေ ၂၅ မှတ်သာ ပေါင်းထည့်ပြီး ၆၆ မှတ်နဲ့ အဆင့် ၉ မှာသာ ရပ်တည်နိုင်မှာဖြစ်သလို မူလအသင်းကြီးတွေကြားမှာ သူတို့သုံးစွဲထားခဲ့တဲ့ ငွေကြေးနဲ့ဆိုရင် ဥရောပနဲ့ ဝေးရမယ့် အခြေအနေလည်းဖြစ်နေပါတယ်။

ဒီရလဒ်တွေကတော့ လက်ကျန်ပွဲစဉ် ၆ ပွဲမှာ တွေ့ဆုံရမယ့် ရလဒ်တွေ၊ အသင်းကြီးတွေနဲ့ ပွဲကျန် အနည်းအများတွေကို တိတိကျကျ ထည့်သွင်းတွက်ချက်ထားခြင်းမရှိဘဲ အကြမ်းဖျင်းသာ တွက်ချက်ထားတာဖြစ်လို့ တကယ်လို့များ အတည်ဖြစ်သွားခဲ့ရင် ဒီ ၁၄ သင်းထဲက အချင်းချင်း တွေ့ဆုံမှု များနေတဲ့ အသင်းတွေက ရမှတ်တွေ တိုးလာနိုင်ဦးမှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ Without Big Six ဖြစ်နိုင်ဖွယ် အမှတ်ပေးဇယားသစ်မှာ ဝက်စ်ဟမ်းပရိသတ်တွေ ပျော်ရွှင်ရနိုင်ပြီး ရှက်ဖီးလ်ဒ်ယူနိုက်တက်ကလည်း တန်းဆင်းဦးမှာ မဟုတ်သလို တကယ်လို့ အသင်း ၂၀ ဖြစ်အောင် ပြန်လည်ဖြည့်တင်းမယ်ဆိုရင် လိဂ်ချန်ပီယံရှစ်က ထိပ်ဆုံး ၆ သင်းပါ Play-off မကစားရဘဲ တန်းတက်လာနိုင်ဦးမှာဖြစ်ပါတယ်။

နောက်ဆုံး ဖော်ပြမယ့် ဇယားကတော့ ပရီးမီးယားလိဂ်ရယ်လို့ စတင်ထူထောင်ခဲ့ကတည်းက Big Six ကို ထုတ်လိုက်ရင် ဖြစ်ပေါ်လာမယ့် ချန်ပီယံတွေဖြစ်ပြီး နော့ဝစ်ချ်စီးတီးက ၁၉၉၂-၉၃ ရာသီမှာ စတင်ဗိုလ်စွဲမယ့် ရာသီအလိုက် ရလဒ်တွေနဲ့အတူ အဲဗာတန်ကတော့ ၂၀၀၂-၀၃ ရာသီကစလို့ ဒီပြိုင်ပွဲရဲ့ ဘုရင်အဖြစ် ၈ ကြိမ်အထိ ဗိုလ်စွဲလိမ့်မှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပရီးမီးယားလိဂ္ကေတာ့ တစ္စင္ေထာင္ခ်င္တဲ့ ဥေရာပဆူပါလိဂ္သမား ၆ သင္းကို အျပင္းအထန္ ၿခိမ္းေျခာက္လိုက္ခ်ိန္မွာ လက္က်န္အသင္းေတြအတြက္ လက္ရွိရပ္တည္မႈေတြအျပင္ အမွတ္ေတြပါ ခ်ီးျမႇင့္ဖို႔ ျဖစ္လာႏိုင္ၿပီး ဒီအေ႐ြ႕မွာ ဘယ္အသင္းေတြက ဘာေတြျဖစ္လာႏိုင္သလဲဆိုတာ ေဒးလီးေမးလ္က ခုလို တြက္ခ်က္ျပခဲ့ပါတယ္။

လက္ရွိ အဆိုျပဳေနမႈအရေတာ့ လက္က်န္ ၁၄ သင္းအတြက္ ဒီအသင္းႀကီး ၆ သင္းနဲ႔ ေတြ႕ဆုံတဲ့ ပြဲေတြကို ႏိုင္ပြဲေတြအျဖစ္ သတ္မွတ္ၿပီး ၁၂ ပြဲအတြက္ ၃၆ မွတ္ ထပ္ေပါင္းေပးဖို႔ ရွိေနသလို ႏိုင္ပြဲေတြနဲ႔ သေရပြဲေတြ ရထားတဲ့ အသင္းေတြကလြဲရင္ ၃၆ မွတ္ကို အျပည့္အဝ ခံစားရမွာျဖစ္ၿပီး ဝက္စ္ဟမ္းတို႔ကေတာ့ အမွတ္ ၃၀ ထပ္ရဖို႔ ရွိေနပါတယ္။

လက္ရွိမွာ အဆင့္ ၄ ေနရာက ရပ္တည္ေနတဲ့ ဝက္စ္ဟမ္းတို႔အေနနဲ႔ ပရီးမီးယားလိဂ္ရဲ႕ အဆင့္ ၁ ေနရာကို ရမွတ္ ၈၅ မွတ္၊ ဒုတိယေနရာက အသင္းကို ၉ မွတ္အကြာနဲ႔ ခ်န္ပီယံဆုအျပင္ ခ်န္ပီယံလိဂ္ကစားခြင့္နဲ႔ ေပ်ာ္႐ႊင္ႏိုင္ဖို႔ ျဖစ္လာႏိုင္ၿပီး ေဒးဗစ္ မြိဳက္စ္ရဲ႕ အသင္းဟာ Big Six တို႔ ေနာက္ေၾကာင္း ျပန္မလွည့္ေတာ့ဘူးဆိုရင္ စိုင္ေကာ္လို႔ ၿခဳံေပၚေရာက္ေတာ့မွာပါ။

သူရဲ႕ေနာက္ကိုေတာ့ အသင္းႀကီး ၆ သင္းမပါရင္ ထိပ္ဆုံးမွာ ရပ္တည္ေနရမယ့္ အဆင့္ ၃ ေနရာက လက္စတာတို႔က အမွတ္ထပ္ရႏိုင္မႈ နည္းပါးခဲ့ၿပီး အမွတ္ ၂၀ သာ ေပါင္းထည့္ခံရမွာျဖစ္တာေၾကာင့္ ၇၆ မွတ္နဲ႔ ဒုတိယေနရာမွာ ရွိေနႏိုင္သလို ဗိုလ္စြဲဖို႔အတြက္ေတာ့ ႐ုန္းကန္ရႏိုင္တာ ျဖစ္ပါတယ္။

လိဒ္စ္ယူႏိုက္တက္ကေတာ့ အဆင့္ ၃ ေနရာကို ရမွတ္ ၇၅ မွတ္နဲ႔ Big Six Bonus ၂၉ မွတ္နဲ႔အတူ ေရာက္ရွိလာႏိုင္ၿပီး သူ႔ရဲ႕ေနာက္မွာေတာ့ အဆင့္ ၄ နဲ႔ ၅ ေနရာေတြမွာ အက္စတန္ဗီလာနဲ႔ အဲဗာတန္တို႔က ရမွတ္ ၇၀ စီနဲ႔ အသီးသီး ရပ္တည္ေနၾကမွာျဖစ္သလို ထိပ္ဆုံး ၆ သင္းကို ေနာက္ဆုံးက ဝင္ေရာက္လာမယ့္သူကေတာ့ ႐ြိဳင္းေဟာ့ဆန္ရဲ႕ ၆၈ မွတ္ရွင္ ခရစၥတယ္လ္ပဲေလ့စ္က နယူးကာဆယ္လ္ကို ဂိုးကြာျခားခ်က္နဲ႔ ျဖစ္လာမွာပါ။

ဒီထဲမွာ အနစ္နာဆုံးနဲ႔ စိတ္အပ်က္ရဆုံး အသင္းကေတာ့ ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္ျဖစ္ၿပီး လက္ရွိရမွတ္ ၄၁ မွတ္ကေန ၂၅ မွတ္သာ ေပါင္းထည့္ၿပီး ၆၆ မွတ္နဲ႔ အဆင့္ ၉ မွာသာ ရပ္တည္ႏိုင္မွာျဖစ္သလို မူလအသင္းႀကီးေတြၾကားမွာ သူတို႔သုံးစြဲထားခဲ့တဲ့ ေငြေၾကးနဲ႔ဆိုရင္ ဥေရာပနဲ႔ ေဝးရမယ့္ အေျခအေနလည္းျဖစ္ေနပါတယ္။

ဒီရလဒ္ေတြကေတာ့ လက္က်န္ပြဲစဥ္ ၆ ပြဲမွာ ေတြ႕ဆုံရမယ့္ ရလဒ္ေတြ၊ အသင္းႀကီးေတြနဲ႔ ပြဲက်န္ အနည္းအမ်ားေတြကို တိတိက်က် ထည့္သြင္းတြက္ခ်က္ထားျခင္းမရွိဘဲ အၾကမ္းဖ်င္းသာ တြက္ခ်က္ထားတာျဖစ္လို႔ တကယ္လို႔မ်ား အတည္ျဖစ္သြားခဲ့ရင္ ဒီ ၁၄ သင္းထဲက အခ်င္းခ်င္း ေတြ႕ဆုံမႈ မ်ားေနတဲ့ အသင္းေတြက ရမွတ္ေတြ တိုးလာႏိုင္ဦးမွာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ Without Big Six ျဖစ္ႏိုင္ဖြယ္ အမွတ္ေပးဇယားသစ္မွာ ဝက္စ္ဟမ္းပရိသတ္ေတြ ေပ်ာ္႐ႊင္ရႏိုင္ၿပီး ရွက္ဖီးလ္ဒ္ယူႏိုက္တက္ကလည္း တန္းဆင္းဦးမွာ မဟုတ္သလို တကယ္လို႔ အသင္း ၂၀ ျဖစ္ေအာင္ ျပန္လည္ျဖည့္တင္းမယ္ဆိုရင္ လိဂ္ခ်န္ပီယံရွစ္က ထိပ္ဆုံး ၆ သင္းပါ Play-off မကစားရဘဲ တန္းတက္လာႏိုင္ဦးမွာျဖစ္ပါတယ္။

ေနာက္ဆုံး ေဖာ္ျပမယ့္ ဇယားကေတာ့ ပရီးမီးယားလိဂ္ရယ္လို႔ စတင္ထူေထာင္ခဲ့ကတည္းက Big Six ကို ထုတ္လိုက္ရင္ ျဖစ္ေပၚလာမယ့္ ခ်န္ပီယံေတြျဖစ္ၿပီး ေနာ့ဝစ္ခ်္စီးတီးက ၁၉၉၂-၉၃ ရာသီမွာ စတင္ဗိုလ္စြဲမယ့္ ရာသီအလိုက္ ရလဒ္ေတြနဲ႔အတူ အဲဗာတန္ကေတာ့ ၂၀၀၂-၀၃ ရာသီကစလို႔ ဒီၿပိဳင္ပြဲရဲ႕ ဘုရင္အျဖစ္ ၈ ႀကိမ္အထိ ဗိုလ္စြဲလိမ့္မွာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.