Premier League

ဆီဘာယော့စ်ရဲ့ဂိုးကို ပယ်ဖျယ်ခဲ့တဲ့ VAR ရဲ့ မမျှမတလုပ်ရပ်ကို ထောက်ခံတဲ့ ရွိုင်ကိန်းကို အပြီထိုးနှက်လိုက်တဲ့ ဖီဖာကွင်းလယ်ဒိုင်ဟောင်း

ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ ဖူလ်ဟမ်ပွဲစဥ်မှာ မာတီနယ်လီက ဖူလ်ဟမ်ဧရိယာထဲချိုးချပေးတဲ့ ဘောလုံးကို ဘူကာယို ဆာကာက ထိန်းပြီး ဘယ်လာရင်ကို ပေးပို့ခဲ့ရာကနေ ဘယ်လာရင်ရဲ့ ဖြတ်တင်မှုနေတဆင့် အာဆင်နယ်ကွင်းလယ်လူ ဆီဘာယော့စ်ရဲ့ဂိုးဟာ ပယ်ဖျက်ခံခဲ့ရလို့ အာဆင်နယ်တို့ နစ်နာခဲ့ရပါတယ်။

VAR ရဲ့အကြောင်းပြချက်ကတော့ ဆာကာက လူကျွံအနေအထားမှာ ရှိနေကြောင်း Video ပြန်လည်ကြည့်ရှုရာကတဆင့် မမျှမတလုပ်ရပ်ကို လုပ်ဆောင်သွားခဲ့တာပါ။ ဆီဘာယော့စ်ရဲ့ ဒီရာသီ ပရီးမီးယားလိဂ်ပထမဆုံးဂိုးရပြီလို့ ထင်မှတ်ခဲ့ပေမယ့် အာဆင်နယ်ပရိသတ်တွေ အကြီးအကျယ် စိတ်ပျက်ခဲ့ရတယ်။

ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ယူနိုက်တက်လူဟောင်း ရွိုင်ကိန်းက မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ VAR ဘက်က ထောက်ခံသွားချိန်မှာပဲ ဖီဖာနဲ့ ပရီးမီးယားလိဂ်ကွင်းလယ်ဒိုင်ဟောင်း ကိသ်ဟက်ကက်က ဒါဟာ လုံးဝအဓိပ္ပါယ်မဲ့တဲ့ VAR ဆုံးဖြတ်ချက်ဖြစ်ကြောင်း သုံးသပ်သွားခဲ့ပြီး အမှားကိုထောက်ခံတဲ့ ရွိုင်ကိန်းကိုပါ ထိုးနှက်သွားခဲ့ပါတယ်။

“VAR နဲ့ သူ့ရဲ့သောက်သုံးမကျတဲ့ မျဥ်းကြောင်းလိုင်းတွေကြောင့် ဒီလိုဂိုးတဂိုး ပယ်ဖျက်ခံခဲ့ရတာဟာ တကယ်စိတ်ပျက်ဖို့ကောင်းပါတယ်။ ကျွန်တော့်အမြင်အရတော့ ကောင်းမွန်တဲ့ဂိုးတဂိုးကို ခွင့်မပြုခဲ့တာဖြစ်ပြီး တကယ်တမ်းမှာ VAR တောင် ပြန်ကြည့်စရာမလိုအောင် ထင်ရှားတဲ့ သွင်းဂိုးမျိုးပါ။ ”

“ကျွန်တော်သာ အာဆင်နယ်အသင်းရဲ့မန်နေဂျာဖြစ်နေရင် ငါ့ကောင်တို့ ဖိနပ်အဖြူတွေသာ မဝတ်ကြနဲ့ကွာလို့ ပြောမိမှာပဲ။ ခြေဖနောင့်လေး အဖျားစွန်းထွက်နေတာနဲ့ ဂိုးမပေးဘူးဆိုတာကို ရွိုင်ကိန်းက ဘာလို့လက်ခံနေလဲ ကျွန်တော်နားမလည်ဘူး။ ”

“သူမေ့နေတာက တကယ့် VAR စနစ်ကို လွဲမှားနေတယ်ဆိုတာပဲ။ အဲဒီမှာ ဆွဲထားတဲ့မျဥ်းကြောင်းတွေက ထွက်ပေါ်လာတဲ့ လူကျွံတယ်ဆိုတဲ့ ဓာတ်ပုံတွေဟာ တကယ့်သောက်တလွဲတွေပါ ” လို့ ဟက်ကက်က ဝေဖန်သွားခဲ့ပါတယ်။

အမှားအယွင်းတွေနဲ့ ပရိသတ်တွေကို ဆက်တိုက်စိတ်ပျက်နေစေတဲ့ VAR နည်းပညာဟာ တသမတ်တည်း ဆုံးဖြတ်ချက်တွေကို မချမှတ်နိုင်သလို သမာသမတ်ကျမှုလည်း ကင်းမဲ့နေတာက ဘောလုံးပွဲတွေကို ပျက်စီးစေတဲ့ အကြောင်းအရင်းတခု ဖြစ်နေတာပါ။

အမေရိကန်မေဂျာလိဂ်မှာ VAR ရဲ့ မျဥ်းကြောင်းဆွဲပြီး ဆုံးဖြတ်တဲ့ နည်းပညာကို အသုံးပြုမှာမဟုတ်တော့ဘူးလို့ ထပ်မံကြေငြာခဲ့ပြီ ဖြစ်ပါတယ်။ ဒါဟာ တ​ခြား ဘောလုံးလိဂ်တွေအတွက်လည်း စဥ်းစားစရာတခုဖြစ်လာပြီး VAR ဆီက လိုတာတွေကိုယူပြီး မလိုအပ်ဘဲ ကို့ရို့ကားရားနိုင်တဲ့ နည်းပညာတွေကိုတော့ စွန့်ခွာသင့်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ၿပီးခဲ့တဲ့ အာဆင္နယ္နဲ႔ ဖူလ္ဟမ္ပြဲစဥ္မွာ မာတီနယ္လီက ဖူလ္ဟမ္ဧရိယာထဲခ်ိဳးခ်ေပးတဲ့ ေဘာလုံးကို ဘူကာယို ဆာကာက ထိန္းၿပီး ဘယ္လာရင္ကို ေပးပို႔ခဲ့ရာကေန ဘယ္လာရင္ရဲ႕ ျဖတ္တင္မႈေနတဆင့္ အာဆင္နယ္ကြင္းလယ္လူ ဆီဘာေယာ့စ္ရဲ႕ဂိုးဟာ ပယ္ဖ်က္ခံခဲ့ရလို႔ အာဆင္နယ္တို႔ နစ္နာခဲ့ရပါတယ္။

VAR ရဲ႕အေၾကာင္းျပခ်က္ကေတာ့ ဆာကာက လူကြၽံအေနအထားမွာ ရွိေနေၾကာင္း Video ျပန္လည္ၾကည့္ရႈရာကတဆင့္ မမွ်မတလုပ္ရပ္ကို လုပ္ေဆာင္သြားခဲ့တာပါ။ ဆီဘာေယာ့စ္ရဲ႕ ဒီရာသီ ပရီးမီးယားလိဂ္ပထမဆုံးဂိုးရၿပီလို႔ ထင္မွတ္ခဲ့ေပမယ့္ အာဆင္နယ္ပရိသတ္ေတြ အႀကီးအက်ယ္ စိတ္ပ်က္ခဲ့ရတယ္။

ဒီဆုံးျဖတ္ခ်က္နဲ႔ ပတ္သက္ၿပီး ယူႏိုက္တက္လူေဟာင္း ႐ြိဳင္ကိန္းက မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္လို႔ VAR ဘက္က ေထာက္ခံသြားခ်ိန္မွာပဲ ဖီဖာနဲ႔ ပရီးမီးယားလိဂ္ကြင္းလယ္ဒိုင္ေဟာင္း ကိသ္ဟက္ကက္က ဒါဟာ လုံးဝအဓိပၸါယ္မဲ့တဲ့ VAR ဆုံးျဖတ္ခ်က္ျဖစ္ေၾကာင္း သုံးသပ္သြားခဲ့ၿပီး အမွားကိုေထာက္ခံတဲ့ ႐ြိဳင္ကိန္းကိုပါ ထိုးႏွက္သြားခဲ့ပါတယ္။

“VAR နဲ႔ သူ႔ရဲ႕ေသာက္သုံးမက်တဲ့ မ်ဥ္းေၾကာင္းလိုင္းေတြေၾကာင့္ ဒီလိုဂိုးတဂိုး ပယ္ဖ်က္ခံခဲ့ရတာဟာ တကယ္စိတ္ပ်က္ဖို႔ေကာင္းပါတယ္။ ကြၽန္ေတာ့္အျမင္အရေတာ့ ေကာင္းမြန္တဲ့ဂိုးတဂိုးကို ခြင့္မျပဳခဲ့တာျဖစ္ၿပီး တကယ္တမ္းမွာ VAR ေတာင္ ျပန္ၾကည့္စရာမလိုေအာင္ ထင္ရွားတဲ့ သြင္းဂိုးမ်ိဳးပါ။ ”

“ကြၽန္ေတာ္သာ အာဆင္နယ္အသင္းရဲ႕မန္ေနဂ်ာျဖစ္ေနရင္ ငါ့ေကာင္တို႔ ဖိနပ္အျဖဴေတြသာ မဝတ္ၾကနဲ႔ကြာလို႔ ေျပာမိမွာပဲ။ ေျခဖေနာင့္ေလး အဖ်ားစြန္းထြက္ေနတာနဲ႔ ဂိုးမေပးဘူးဆိုတာကို ႐ြိဳင္ကိန္းက ဘာလို႔လက္ခံေနလဲ ကြၽန္ေတာ္နားမလည္ဘူး။ ”

“သူေမ့ေနတာက တကယ့္ VAR စနစ္ကို လြဲမွားေနတယ္ဆိုတာပဲ။ အဲဒီမွာ ဆြဲထားတဲ့မ်ဥ္းေၾကာင္းေတြက ထြက္ေပၚလာတဲ့ လူကြၽံတယ္ဆိုတဲ့ ဓာတ္ပုံေတြဟာ တကယ့္ေသာက္တလြဲေတြပါ ” လို႔ ဟက္ကက္က ေဝဖန္သြားခဲ့ပါတယ္။

အမွားအယြင္းေတြနဲ႔ ပရိသတ္ေတြကို ဆက္တိုက္စိတ္ပ်က္ေနေစတဲ့ VAR နည္းပညာဟာ တသမတ္တည္း ဆုံးျဖတ္ခ်က္ေတြကို မခ်မွတ္ႏိုင္သလို သမာသမတ္က်မႈလည္း ကင္းမဲ့ေနတာက ေဘာလုံးပြဲေတြကို ပ်က္စီးေစတဲ့ အေၾကာင္းအရင္းတခု ျဖစ္ေနတာပါ။

အေမရိကန္ေမဂ်ာလိဂ္မွာ VAR ရဲ႕ မ်ဥ္းေၾကာင္းဆြဲၿပီး ဆုံးျဖတ္တဲ့ နည္းပညာကို အသုံးျပဳမွာမဟုတ္ေတာ့ဘူးလို႔ ထပ္မံေၾကျငာခဲ့ၿပီ ျဖစ္ပါတယ္။ ဒါဟာ တ​ျခား ေဘာလုံးလိဂ္ေတြအတြက္လည္း စဥ္းစားစရာတခုျဖစ္လာၿပီး VAR ဆီက လိုတာေတြကိုယူၿပီး မလိုအပ္ဘဲ ကို႔႐ို႕ကားရားႏိုင္တဲ့ နည္းပညာေတြကိုေတာ့ စြန္႔ခြာသင့္ေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.