Article Premier League

ပုံမှန်ဆို မနီးစပ်နိုင်တဲ့ ချန်ပီယံလိဂ်ကို အာဆင်နယ်နဲ့ စပါးစ်တို့ ငြင်းဖို့ လုံလောက်ခဲ့သလား

ပြီးခဲ့တဲ့ ဥရောပ ဆူပါလိဂ် ကြေငြာချက်မှာ မပါဝင်ဘဲနဲ့ အာဆင်နယ်တို့နဲ့ စပါးစ်တို့ဟာ သူတို့အတွက် ဘယ်လိုမှ ကစားခွင့် မနီးစပ်နိုင်တဲ့ ချန်ပီယံလိဂ်ကို ကစားခွင့်ကို ရယူနိုင်ပေမယ့် ဒါကို ပယ်ချပြီး အင်္ဂလန်ရဲ့ အင်အားအကြီးဆုံးအသင်းတွေအနေနဲ့ ဆက်ရှိဖို့အစား ခြောက်သင်းပြည့်ဖို့ပဲ ပူးပေါင်းသွားခဲ့ကြပါတယ်။

ဒါကတော့ သူတို့တွေရဲ့ ဂုဏ်သိက္ခာနဲ့ ရပိုင်ခွင့်ကြားမှာ လွန်ဆွဲခဲ့ရာမှ ငွေကြေးဦးဆောင်တဲ့ ရပိုင်ခွင့်ဘက်က အနိုင်ရရှိသွားခဲ့တာဖြစ်ပြီး သူတို့အနေနဲ့ အမေရိကန်အခြေစိုက် ဂျေပီ မော်ဂန်ဘဏ်က ထုတ်ပေးမယ့် ဒေါ်လာသန်း ၄၀၀ ကျော်ကိုပဲ ပိုမိုမက်မောခဲ့ကြတယ်ဆိုတာကို တွေ့မြင်နိုင်တာဖြစ်ပါတယ်။

သတင်းတချို့မှာတော့ နည်းပြ ဂျိုဆေး မော်ရင်ညိုဟာ ဆူပါလိဂ်ကို ဦးဆောင်ကန့်ကွက်သူတစ်ဦးဖြစ်ပြီး ရလဒ်တွေ ဆိုးရွားနေတာတောင် သည်းခံနေခဲ့တဲ့ စပါးစ်အသင်းအနေနဲ့ ဒါကိုတော့ လက်မခံနိုင်ဘဲ ထုတ်ပယ်ခဲ့တာလို့ ဖော်ပြခဲ့ကြသလို ကွင်းသစ်ဆောက်ပြီးချိန်မှာ ကိုဗစ်ကြောင့် ငွေမလည်ဘဲ ပိုက်ဘောမိသွားတဲ့ အသင်းအနေနဲ့ သူ့ကို ဆက်ထားဖို့ အကြောင်းမရှိတော့တာပါ။

အာဆင်နယ်ကတော့ ပရိသတ်တွေ အူလှိုက်သည်းလှိုက် အားပေးခြင်းကို အာဆင်ဝင်းဂါး ထွက်သွားပြီးကတည်းက အမေရိကန်ပိုင်ရှင်တွေဖြစ်ကြတဲ့ ခရိုယန်ကီအုပ်စုလက်ထဲမှာ မရရှိတော့သလို ဒီတစ်ခါ ရွေးချယ်မှုနဲ့ လုပ်ရပ်ကလည်း ငွေကြေးကိုပဲ အဓိကထားခဲ့တာကြောင့် ဘယ်လိုနည်းနဲ့ ပရိသတ်တွေကို ပြန်လည်စည်းရုံးဦးမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

တူညီတဲ့အချက်ကတော့ ဒီနှစ်သင်းစလုံးဟာ အမေရိကန်တွေနဲ့ နီးစပ်တာဖြစ်ပြီး စပါးစ်အသင်းကတော့ ဗြိတိန်ဘီလီယံနာ ဂျိုးလူးဝစ်က ပိုင်ဆိုင်တာဖြစ်ပေမယ့် ဒီအသက် ၈၄ နှစ်အရွယ် အဘိုးကြီးဟာ သူ့ရဲ့ လုပ်ငန်းတွေကို အမေရိကန်မှာ အခြေစိုက်ပြီး အောင်မြင်နေတာဖြစ်ပါတယ်။

ဒီလိုနဲ့ ငွေရှင်ကြေးရှင် ဂျေပီ မော်ဂန်ဘဏ်က ထုတ်ပေးတဲ့ ဒေါ်လာငါးဘီလီယံနဲ့ ပရောဂျက်တစ်ခုလုံးအတွက် ဒေါ်လာ ၁၀ ဘီလီယံအထိ ရင်းနှီး မြှုပ်နှံကြမယ့် အခွင့်အရေးကို ရယူဖို့ မြောက်လန်ဒန်သားတွေဟာ ချန်ပီယံလိဂ်နဲ့ ဥရောပကလပ်အဖွဲ့ချုပ် ECA တို့ကို စုံကန်ခဲ့ကြတာဖြစ်ပြီး ဒီအဖွဲ့အစည်းရဲ့ ဒုဥက္ကဌတစ်ဦးအဖြစ် စတန် ခရိုယန်ကီက တာဝန်ယူဦးမှာလို့လည်း သိရပါတယ်။

မန်ချက်စတာနှစ်သင်း၊ လီဗာပူးလ်၊ ချဲလ်ဆီးတို့ထက်စာရင် လောလောဆယ်မှာ ပံ့ပိုးမှုနဲ့ ခြေစွမ်းနိမ့်ကျနေတဲ့ သူတို့အသင်းတွေအတွက်တော့ ငွေကြေးနဲ့ ကိုဗစ်ကြောင့် ကုန်ထားသမျှဟာ အကောင်းဆုံးရွေးချယ်စရာဖြစ်ပြီး ချန်ပီယံလိဂ်ဆိုတဲ့ ဂုဏ်သိက္ခာနဲ့ ကြိုးစားပြီးမှ ရရှိနိုင်မယ့် ဆုကြေးထက် အဆင်သင့် လက်ဖြန့်ရုံနဲ့ရမယ့် ခွဲတမ်းကို အလိုရှိတာကတော့ ဒီနေ့ခေတ် ဘောလုံးလောကရဲ့ ပုံရိပ်လည်းဖြစ်ပြီး အာဆင်နယ်နဲ့ စပါးစ်တို့ကို ပရိသတ်တချို့ကတော့ ဒီလူ၊ ဒီခြေနဲ့ ဘာသွားလုပ်ကြမှာလဲလို့ပဲ မေးခွန်းထုတ်နေကြတာကိုလည်း ကြားသိထားရကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၿပီးခဲ့တဲ့ ဥေရာပဆူပါလိဂ္ ေၾကျငာခ်က္မွာ မပါဝင္ဘဲနဲ႔ အာဆင္နယ္တို႔နဲ႔ စပါးစ္တို႔ဟာ သူတို႔အတြက္ ဘယ္လိုမွ ကစားခြင့္ မနီးစပ္ႏိုင္တဲ့ ခ်န္ပီယံလိဂ္ကို ကစားခြင့္ကို ရယူႏိုင္ေပမယ့္ ဒါကို ပယ္ခ်ၿပီး အဂၤလန္ရဲ႕ အင္အားအႀကီးဆုံးအသင္းေတြအေနနဲ႔ ဆက္ရွိဖို႔အစား ေျခာက္သင္းျပည့္ဖို႔ပဲ ပူးေပါင္းသြားခဲ့ၾကပါတယ္။

ဒါကေတာ့ သူတို႔ေတြရဲ႕ ဂုဏ္သိကၡာနဲ႔ ရပိုင္ခြင့္ၾကားမွာ လြန္ဆြဲခဲ့ရာမွ ေငြေၾကးဦးေဆာင္တဲ့ ရပိုင္ခြင့္ဘက္က အႏိုင္ရရွိသြားခဲ့တာျဖစ္ၿပီး သူတို႔အေနနဲ႔ အေမရိကန္အေျခစိုက္ ေဂ်ပီ ေမာ္ဂန္ဘဏ္က ထုတ္ေပးမယ့္ ေဒၚလာသန္း ၄၀၀ ေက်ာ္ကိုပဲ ပိုမိုမက္ေမာခဲ့ၾကတယ္ဆိုတာကို ေတြ႕ျမင္ႏိုင္တာျဖစ္ပါတယ္။

သတင္းတခ်ိဳ႕မွာေတာ့ နည္းျပ ဂ်ိဳေဆး ေမာ္ရင္ညိဳဟာ ဆူပါလိဂ္ကို ဦးေဆာင္ကန႔္ကြက္သူတစ္ဦးျဖစ္ၿပီး ရလဒ္ေတြ ဆိုး႐ြားေနတာေတာင္ သည္းခံေနခဲ့တဲ့ စပါးစ္အသင္းအေနနဲ႔ ဒါကိုေတာ့ လက္မခံႏိုင္ဘဲ ထုတ္ပယ္ခဲ့တာလို႔ ေဖာ္ျပခဲ့ၾကသလို ကြင္းသစ္ေဆာက္ၿပီးခ်ိန္မွာ ကိုဗစ္ေၾကာင့္ ေငြမလည္ဘဲ ပိုက္ေဘာမိသြားတဲ့ အသင္းအေနနဲ႔ သူ႔ကို ဆက္ထားဖို႔ အေၾကာင္းမရွိေတာ့တာပါ။

အာဆင္နယ္ကေတာ့ ပရိသတ္ေတြ အူလႈိက္သည္းလႈိက္ အားေပးျခင္းကို အာဆင္ဝင္းဂါး ထြက္သြားၿပီးကတည္းက အေမရိကန္ပိုင္ရွင္ေတြျဖစ္ၾကတဲ့ ခ႐ိုယန္ကီအုပ္စုလက္ထဲမွာ မရရွိေတာ့သလို ဒီတစ္ခါ ေ႐ြးခ်ယ္မႈနဲ႔ လုပ္ရပ္ကလည္း ေငြေၾကးကိုပဲ အဓိကထားခဲ့တာေၾကာင့္ ဘယ္လိုနည္းနဲ႔ ပရိသတ္ေတြကို ျပန္လည္စည္း႐ုံးဦးမလဲဆိုတာကိုေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

တူညီတဲ့အခ်က္ကေတာ့ ဒီႏွစ္သင္းစလုံးဟာ အေမရိကန္ေတြနဲ႔ နီးစပ္တာျဖစ္ၿပီး စပါးစ္အသင္းကေတာ့ ၿဗိတိန္ဘီလီယံနာ ဂ်ိဳးလူးဝစ္က ပိုင္ဆိုင္တာျဖစ္ေပမယ့္ ဒီအသက္ ၈၄ ႏွစ္အ႐ြယ္ အဘိုးႀကီးဟာ သူ႔ရဲ႕ လုပ္ငန္းေတြကို အေမရိကန္မွာ အေျခစိုက္ၿပီး ေအာင္ျမင္ေနတာျဖစ္ပါတယ္။

ဒီလိုနဲ႔ ေငြရွင္ေၾကးရွင္ ေဂ်ပီ ေမာ္ဂန္ဘဏ္က ထုတ္ေပးတဲ့ ေဒၚလာငါးဘီလီယံနဲ႔ ပေရာဂ်က္တစ္ခုလုံးအတြက္ ေဒၚလာ ၁၀ ဘီလီယံအထိ ရင္းႏွီး ျမႇဳပ္ႏွံၾကမယ့္ အခြင့္အေရးကို ရယူဖို႔ ေျမာက္လန္ဒန္သားေတြဟာ ခ်န္ပီယံလိဂ္နဲ႔ ဥေရာပကလပ္အဖြဲ႕ခ်ဳပ္ ECA တို႔ကို စုံကန္ခဲ့ၾကတာျဖစ္ၿပီး ဒီအဖြဲ႕အစည္းရဲ႕ ဒုဥကၠဌတစ္ဦးအျဖစ္ စတန္ ခ႐ိုယန္ကီက တာဝန္ယူဦးမွာလို႔လည္း သိရပါတယ္။

မန္ခ်က္စတာႏွစ္သင္း၊ လီဗာပူးလ္၊ ခ်ဲလ္ဆီးတို႔ထက္စာရင္ ေလာေလာဆယ္မွာ ပံ့ပိုးမႈနဲ႔ ေျခစြမ္းနိမ့္က်ေနတဲ့ သူတို႔အသင္းေတြအတြက္ေတာ့ ေငြေၾကးနဲ႔ ကိုဗစ္ေၾကာင့္ ကုန္ထားသမွ်ဟာ အေကာင္းဆုံးေ႐ြးခ်ယ္စရာျဖစ္ၿပီး ခ်န္ပီယံလိဂ္ဆိုတဲ့ ဂုဏ္သိကၡာနဲ႔ ႀကိဳးစားၿပီးမွ ရရွိႏိုင္မယ့္ ဆုေၾကးထက္ အဆင္သင့္ လက္ျဖန႔္႐ုံနဲ႔ရမယ့္ ခြဲတမ္းကို အလိုရွိတာကေတာ့ ဒီေန႔ေခတ္ ေဘာလုံးေလာကရဲ႕ ပုံရိပ္လည္းျဖစ္ၿပီး အာဆင္နယ္နဲ႔ စပါးစ္တို႔ကို ပရိသတ္တခ်ိဳ႕ကေတာ့ ဒီလူ၊ ဒီေျခနဲ႔ ဘာသြားလုပ္ၾကမွာလဲလို႔ပဲ ေမးခြန္းထုတ္ေနၾကတာကိုလည္း ၾကားသိထားရေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.