Premier League

ဆီဘာယော့စ်ရဲ့ဂိုးကို ပယ်ဖျယ်ခဲ့တဲ့ VAR ရဲ့လုပ်ရပ်ကို ဖီဖာကွင်းလယ်ဒိုင်ဟောင်းနဲ့ ရွိုင်ကိန်းတို့ ဘာကြောင့် အငြင်းပွားခဲ့ကြသလဲ

ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ ဖူလ်ဟမ်ပွဲစဥ်မှာ မာတီနယ်လီက ဖူလ်ဟမ်ဧရိယာထဲချိုးချပေးတဲ့ ဘောလုံးကို ဘူကာယို ဆာကာက ထိန်းပြီး ဘယ်လာရင်ကို ပေးပို့ခဲ့ရာကနေ ဘယ်လာရင်ရဲ့ ဖြတ်တင်မှုနေတဆင့် အာဆင်နယ်ကွင်းလယ်လူ ဆီဘာယော့စ်ရဲ့ဂိုးဟာ ပယ်ဖျက်ခံခဲ့ရလို့ အာဆင်နယ်တို့ နစ်နာခဲ့ရပါတယ်။

VAR ရဲ့အကြောင်းပြချက်ကတော့ ဆာကာက လူကျွံအနေအထားမှာ ရှိနေကြောင်း Video ပြန်လည်ကြည့်ရှုရာကတဆင့် မမျှမတလုပ်ရပ်ကို လုပ်ဆောင်သွားခဲ့တာပါ။ ဆီဘာယော့စ်ရဲ့ ဒီရာသီ ပရီးမီးယားလိဂ်ပထမဆုံးဂိုးရပြီလို့ ထင်မှတ်ခဲ့ပေမယ့် အာဆင်နယ်ပရိသတ်တွေ အကြီးအကျယ် စိတ်ပျက်ခဲ့ရတယ်။

ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ယူနိုက်တက်လူဟောင်း ရွိုင်ကိန်းက မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ VAR ဘက်က ထောက်ခံသွားချိန်မှာပဲ ဖီဖာနဲ့ ပရီးမီးယားလိဂ်ကွင်းလယ်ဒိုင်ဟောင်း ကိသ်ဟက်ကက်က ဒါဟာ လုံးဝအဓိပ္ပါယ်မဲ့တဲ့ VAR ဆုံးဖြတ်ချက်ဖြစ်ကြောင်း သုံးသပ်သွားခဲ့ပြီး အမှားကိုထောက်ခံတဲ့ ရွိုင်ကိန်းကိုပါ ထိုးနှက်သွားခဲ့ပါတယ်။

“VAR နဲ့ သူ့ရဲ့သောက်သုံးမကျတဲ့ မျဥ်းကြောင်းလိုင်းတွေကြောင့် ဒီလိုဂိုးတဂိုး ပယ်ဖျက်ခံခဲ့ရတာဟာ တကယ်စိတ်ပျက်ဖို့ကောင်းပါတယ်။ ကျွန်တော့်အမြင်အရတော့ ကောင်းမွန်တဲ့ဂိုးတဂိုးကို ခွင့်မပြုခဲ့တာဖြစ်ပြီး တကယ်တမ်းမှာ VAR တောင် ပြန်ကြည့်စရာမလိုအောင် ထင်ရှားတဲ့ သွင်းဂိုးမျိုးပါ။ ”

“ကျွန်တော်သာ အာဆင်နယ်အသင်းရဲ့မန်နေဂျာဖြစ်နေရင် ငါ့ကောင်တို့ ဖိနပ်အဖြူတွေသာ မဝတ်ကြနဲ့ကွာလို့ ပြောမိမှာပဲ။ ခြေဖနောင့်လေး အဖျားစွန်းထွက်နေတာနဲ့ ဂိုးမပေးဘူးဆိုတာကို ရွိုင်ကိန်းက ဘာလို့လက်ခံနေလဲ ကျွန်တော်နားမလည်ဘူး။ သူမေ့နေတာက တကယ့် VAR စနစ်ကို လွဲမှားနေတယ်ဆိုတာပဲ။ အဲဒီမှာ ဆွဲထားတဲ့မျဥ်းကြောင်းတွေက ထွက်ပေါ်လာတဲ့ လူကျွံတယ်ဆိုတဲ့ ဓာတ်ပုံတွေဟာ တကယ့်သောက်တလွဲတွေပါ ” လို့ ဟက်ကက်က ဝေဖန်သွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.