Bundesliga Premier League

ေရွာ္လ္ကာလူငယ္ေနာက္ခံလူကို စိတ္ဝင္တစား ေစာင့္ၾကည့္ေနတဲ့ လီဗာပူးလ္

လီဗာပူးလအသင္းအေနနဲ႔ ဂ်ာမန္ဘြန္ဒက္စ္လီဂါကလပ္ ေရွာ္လ္ကာအသင္းရဲ႕ လူငယ္ေနာက္ခံလူ မာလစ္ သီေယာကို ကင္းေထာက္အဖြဲ႕ဝင္ေတြ ေစလႊတ္ေစာင့္ၾကည့္ထားၿပီး ျပန္လည္ရရွိတဲ့ အစီရင္ခံစာေတြအရ အားရေက်နပ္ဖြယ္ရွိတဲ့အတြက္ အနာဂတ္အတြက္ ေခၚယူသြားဖြယ္ရွိေနတယ္လို႔ သိရပါတယ္။

အသက္ ၁၈ ႏွစ္အရြယ္သာရွိေသးတဲ့ ဂ်ာမန္သားဟာ ေရွာ္လ္ကာအသင္းႀကီးနဲ႔ ဂယ္လ္ဆင္ကာခ်င္ကြင္းမွာ လူစားဝင္ကစားသမားအျဖစ္ တစ္ပြဲသာ ကစားထားခဲ့ၿပီး က်န္တဲ့ ရာသီပြဲစဥ္ေတြကိုေတာ့ ယူ-၁၉ အေနာက္ဘြန္ဒက္စ္လီဂါမွာ ကစားထားခဲ့တာလို႔ သိရပါတယ္။

ေစာင့္ၾကည့္ေလ့လာသူေတြကေတာ့ သူ႕ကို လီဗာပူးလ္မွာ လက္ရွိကစားေနတဲ့ ေရွာ္လ္ကာကစားသမားေဟာင္း ဂ်ဳိယယ္လ္ မာတစ္ပ္နဲ႔ တူတယ္လို႔ ႏွဳိင္းယွဥ္ေနၾကၿပီး ေမြးဖြားရာႏုိင္ငံ ဂ်ာမနီနဲ႔ မ်ဳိး႐ိုးႏုိင္ငံျဖစ္တဲ့ ဆီနီေဂါျဖစ္တာခ်င္းလည္း အတူတူမို႔ ခုလိုမ်ဳိး ဆုိေနၾကတာလည္းျဖစ္ပါတယ္။

ဂ်ာမနီႏိုင္ငံ ဒပ္ဆယ္လ္ေဒါ့ဖ္ၿမဳိ႕မွာ ေမြးဖြားတဲ့ သီေယာဟာ ဖခင္ဆီနီေဂါႏုိင္ငံသားနဲ႔ မိခင္ျဖစ္သူ ဖင္လန္ႏုိင္ငံသူတုိ႔ကေန ေမြးဖြားခဲ့တာျဖစ္ၿပီး သူ႕အေနနဲ႔ သုံးႏုိင္ငံကို ကိုယ္စားျပဳခြင့္ရွိေနသလို အဂၤလန္ကို လာေရာက္အလုပ္လုပ္ဖို႔အတြက္ အလုပ္လုပ္ခြင့္ပါမစ္နဲ႔ ပတ္စ္ပုိ႔ေတြကိုလည္း အလြယ္တကူ ရရွိႏိုင္မွာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းအေနနဲ႔ ဒီလူငယ္ကစားသမားကို ေခၚယူခ်င္ရင္ လက္ရွိ ထည့္သြင္းထားတဲ့ အလားအလာရွိလူငယ္တစ္ဦးအတြက္ မမ်ားလွတဲ့ ေလ်ာ္ေၾကး ေပါင္ ၇ သန္း ေပးေခ်ရႏုိင္ၿပီး ဗန္ဒိုက္၊ မာတစ္ပ္နဲ႔ ဂ်ဳိးဂိုမက္ဇ္တုိ႔အတြက္ အရန္အျဖစ္ ေႏြရာသီအေျပာင္းအေရႊ႕ကာလမွာ ေခၚယူသြားႏုိင္မယ္လုိ႔လည္း ခန္႔မွန္းရပါတယ္။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လီဗာပူးလအသင်းအနေနဲ့ ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ရှော်လ်ကာအသင်းရဲ့ လူငယ်နောက်ခံလူ မာလစ် သီယောကို ကင်းထောက်အဖွဲ့ဝင်တွေ စေလွှတ်စောင့်ကြည့်ထားပြီး ပြန်လည်ရရှိတဲ့ အစီရင်ခံစာတွေအရ အားရကျေနပ်ဖွယ်ရှိတဲ့အတွက် အနာဂတ်အတွက် ခေါ်ယူသွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။

အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့ ဂျာမန်သားဟာ ရှော်လ်ကာအသင်းကြီးနဲ့ ဂယ်လ်ဆင်ကာချင်ကွင်းမှာ လူစားဝင်ကစားသမားအဖြစ် တစ်ပွဲသာ ကစားထားခဲ့ပြီး ကျန်တဲ့ ရာသီပွဲစဉ်တွေကိုတော့ ယူ-၁၉ အနောက်ဘွန်ဒက်စ်လီဂါမှာ ကစားထားခဲ့တာလို့ သိရပါတယ်။

စောင့်ကြည့်လေ့လာသူတွေကတော့ သူ့ကို လီဗာပူးလ်မှာ လက်ရှိကစားနေတဲ့ ရှော်လ်ကာကစားသမားဟောင်း ဂျိုယယ်လ် မာတစ်ပ်နဲ့ တူတယ်လို့ နှိုင်းယှဉ်နေကြပြီး မွေးဖွားရာနိုင်ငံ ဂျာမနီနဲ့ မျိုးရိုးနိုင်ငံဖြစ်တဲ့ ဆီနီဂေါဖြစ်တာချင်းလည်း အတူတူမို့ ခုလိုမျိုး ဆိုနေကြတာလည်းဖြစ်ပါတယ်။

ဂျာမနီနိုင်ငံ ဒပ်ဆယ်လ်ဒေါ့ဖ်မြို့မှာ မွေးဖွားတဲ့ သီယောဟာ ဖခင်ဆီနီဂေါနိုင်ငံသားနဲ့ မိခင်ဖြစ်သူ ဖင်လန်နိုင်ငံသူတို့ကနေ မွေးဖွားခဲ့တာဖြစ်ပြီး သူ့အနေနဲ့ သုံးနိုင်ငံကို ကိုယ်စားပြုခွင့်ရှိနေသလို အင်္ဂလန်ကို လာရောက်အလုပ်လုပ်ဖို့အတွက် အလုပ်လုပ်ခွင့်ပါမစ်နဲ့ ပတ်စ်ပို့တွေကိုလည်း အလွယ်တကူ ရရှိနိုင်မှာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့ ဒီလူငယ်ကစားသမားကို ခေါ်ယူချင်ရင် လက်ရှိ ထည့်သွင်းထားတဲ့ အလားအလာရှိလူငယ်တစ်ဦးအတွက် မများလှတဲ့ လျော်ကြေး ပေါင် ၇ သန်း ပေးချေရနိုင်ပြီး ဗန်ဒိုက်၊ မာတစ်ပ်နဲ့ ဂျိုးဂိုမက်ဇ်တို့အတွက် အရန်အဖြစ် နွေရာသီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူသွားနိုင်မယ်လို့လည်း ခန့်မှန်းရပါတယ်။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.