Analysis Article Premier League

ဆူပါလိဂ်ကစားကြမယ့်သူတွေကို ပွဲပယ်ရင် အင်္ဂလန်အသင်း ဘယ်လိုဖြစ်သွားမလဲ

မနေ့က ကြေငြာလိုက်တဲ့ ဥရောပ ဆူပါလိဂ်ကို ဘောလုံးအဖွဲ့ချုပ်တွေက ဆန့်ကျင်ကန့်ကွက်ပြီး ကစားကြမယ့် ကလပ်အသင်းတွေက ကစားသမားတွေကိုလည်း လက်ရွေးစင်အသင်းမှာ ကစားခွင့်ပြုတော့မှာ မဟုတ်ကြောင်း ခြိမ်းခြောက်လိုက်ချိန်မှာ အင်္ဂလန်အသင်းရဲ့ အနာဂတ်က နည်းပြ ဆောက်သ်ဂိတ်အတွက် ခက်ခဲလာနိုင်တာဖြစ်ပါတယ်။

ဒီအချိန်မှာ တချို့သတင်းဌာနတွေကတော့ အသင်းကြီးတွေက ကစားသမားတွေကို ပွဲပယ်ရင် အင်္ဂလန်အသင်းဟာ ဘယ်လိုလူစာရင်းမျိုး ဖြစ်သွားမလဲဆိုတာကို စုစည်းတင်ဆက်ခဲ့ကြပြီး တချို့ဆိုရင် ပရိသတ်တွေ သိပ်မသိတဲ့ ကစားသမားမျိုးတွေကိုတောင် ထည့်သွင်းသုံးစွဲရနိုင်တယ်လို့ ဆိုခဲ့ကြပါတယ်။

ဂိုးသမားနေရာမှာတော့ မန်ချက်စတာယူနိုက်တက်ရဲ့ ဟန်ဒါဆန် ပါမလာတာကလွဲရင် အပြောင်းအလဲသိပ်မရှိနိုင်ဘဲ အဲဗာတန်ရဲ့ ပစ်ခ်ဖို့ဒ်၊ ဘန်လေရဲ့ နစ်ခ် ပုပ်နဲ့ ဝက်စ်ဘရွန်းရဲ့ ဆမ် ဂျွန်စတုန်းတို့ ပါဝင်လာနိုင်ပြီး ဒါကတော့ အင်္ဂလန်အသင်းကို ကြီးကြီးမားမား ထိခိုက်စေနိုင်ခြင်း မရှိတာပါ။

နောက်တန်းမှာတော့ အင်္ဂလန်တို့အနေနဲ့ မက်ဂွိုင်းယား၊ လုခ်ရှော၊ ဝန်ဘစ်ဆာကာ(ယူနိုက်တက်)၊ ဝေါ်လ်ကာ၊ ဂျွန်စတုန်းစ်(စီးတီး)၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်၊ ဂျိုးဂိုမက်ဇ်(လီဗာပူးလ်)၊ ချေးလ်ဝဲလ်၊ ရီးစ်ဂျိမ်းစ်၊ တိုမိုရီ(ချဲလ်ဆီး)၊ ဒိုင်ယာ(စပါးစ်)၊ ထရစ်ပီယာ(အက်သလက်တီကို)တို့ကို ဆုံးရှုံးရမှာဖြစ်ပြီး တခြားကစားသမားတွေကို ထည့်သွင်းရမှာဖြစ်ပါတယ်။

ဒါကြောင့် သူတို့ရဲ့ နောက်တန်းက အက်စတန်ဗီလာကို အခြေခံရဖွယ်ရှိပြီး ကွန်ဆာ၊ မင်းစ်၊ ကတ်ရှ်၊ တားဂက်တို့ကို ရွေးချယ်ရဖွယ်ရှိနေသလို ကိုဒီ(ဝုလ်ဗ်စ်)၊ တာကော့စကီး၊ မီး(ဘန်လေ)၊ ဒန့်ခ်(ဘရိုက်တန်)၊ မိုက်ကယ်ကီးန်(အဲဗာတန်)၊ ဂျပ်စတင်(လက်စတာ)၊ လမ့်ပ်တေ(ဘရိုက်တန်)၊ တာဗာနီယာ(ရိန်းဂျားစ်)တို့လို ကစားသမားတွေကို ရွေးချယ်ရတော့မှာဖြစ်ပါတယ်။

အလယ်တန်းမှာတော့ ဟန်ဒါဆန်(လီဗာပူးလ်)၊ လင်ဂတ်(ယူနိုက်တက်)၊ ဖိုဒန်(စီးတီး)၊ ဆာကာ(အာဆင်နယ်)၊ မေဆန်မောင့်၊ ဟဒ်ဆန်-အိုဒွိုင်း(ချဲလ်ဆီး)၊ အယ်လီ၊ ဝင့်ခ်စ်(စပါးစ်)တို့လို ကစားသမားကောင်းတွေကို ဆုံးရှုံးရနိုင်တဲ့ အင်္ဂလန်အသင်းအနေနဲ့ ပြန်လည်အစားထိုးဖို့ကိုတော့ အသင်းလတ်တွေမှာ ကစားသမားတွေ များတာကြောင့် သိပ်ပြီး အခက်အခဲမရှိနိုင်တာပါ။

ဒါကြောင့် ဘယ်လင်ဂမ်(ဒေါ့မွန်)၊ ရိုက်စ်(ဝက်စ်ဟမ်း)၊ ဂရီးလစ်ရှ်(ဗီလာ)တို့ကို အခြေပြုရတော့မှာဖြစ်သလို ဘန်းစ်၊ မက်ဒီဆန်(လက်စတာ)၊ ဝါ့ဒ်ပရောက်စ်(ဆောက်သမ်တန်)၊ ဟာရစ်ဆန်၊ ဖိလစ်(လိဒ်စ်)တို့ကိုလည်း ရွေးချယ်ရနိုင်ပြီး ဒီနေရာမှာတော့ အရည်အသွေးချင်းက သိပ်ပြီး ကွာဟဖို့ မရှိနိုင်ဘူးလို့ သုံးသပ်နိုင်ပါတယ်။

ရှေ့တန်းမှာတော့ ဟာရီကိန်း(စပါးစ်)၊ ရက်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ်(ယူနိုက်တက်)၊ စတာလင်(စီးတီး)တို့ကို ဆုံးရှုံးရမှာကတော့ ကြီးမားတဲ့ ပြဿနာဖြစ်ပြီး ဒါကို ဆန်ချို(ဒေါ့မွန်)၊ ကဲလ်ဗတ်-လူဝင်(အဲဗာတန်)၊ ဝပ်ကင်းစ်(ဗီလာ)၊ ဘိုဝင်(ဝက်စ်ဟမ်း)တို့ ကျားကန်နိုင်မလားဆိုတာကတော့ မေးခွန်းထုတ်ဖို့ ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့် အင်္ဂလန်တို့အနေနဲ့ အလယ်အလတ်တိုက်စစ်မှူးတချို့ကို ထပ်မံရွေးချယ်နိုင်ဦးမှာဖြစ်ပြီး ဘမ်ဖို့ဒ်(လိဒ်စ်)၊ အင်းစ်(ဆောက်သမ်တန်)၊ ဝီလ်ဆန်(နယူးကာဆယ်လ်)၊ မက်နီးလ်(ဘန်လေ)၊ လွတ်ခ်မန်း(ဖူလ်ဟမ်/လိုက်ပ်ဇစ်)တို့လို ကစားသမားတချို့ကို ထည့်သွင်းစဉ်းစားနိုင်သေးသလို ချန်ပီယံရှစ်ကစားသမားတချို့လည်း ရှိနေတာကြောင့် နာမည်သိပ်မကြီးလည်း ပုံမပျက်အောင်တော့ ထိန်းထားနိုင်မှာပါ။

ဒီသုံးသပ်ချက်ကိုတော့ iNews ရဲ့ စုစည်းမှုကို အခြေခံပြီး Sports A2Z က ထပ်မံဖြည့်စွက်ခဲ့သလို ပုံမှန်အားပေးနေတဲ့ ပရိသတ်တွေကရော ဘယ်ကစားသမားတွေဟာ ဆူပါလိဂ်ပိတ်ဆို့မှု အတည်ပြုပြီး အင်္ဂလန်အသင်းသစ်မှာ ပါဝင်လာနိုင်သေးသလဲဆိုတာကို စိတ်ကူးဉာဏ်ကွန့်မြူးပြီး ရွေးချယ်ကြည့်နိုင်ကြဖို့ ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မေန႔က ေၾကျငာလိုက္တဲ့ ဥေရာပ ဆူပါလိဂ္ကို ေဘာလုံးအဖြဲ႕ခ်ဳပ္ေတြက ဆန႔္က်င္ကန႔္ကြက္ၿပီး ကစားၾကမယ့္ ကလပ္အသင္းေတြက ကစားသမားေတြကိုလည္း လက္ေ႐ြးစင္အသင္းမွာ ကစားခြင့္ျပဳေတာ့မွာ မဟုတ္ေၾကာင္း ၿခိမ္းေျခာက္လိုက္ခ်ိန္မွာ အဂၤလန္အသင္းရဲ႕ အနာဂတ္က နည္းျပ ေဆာက္သ္ဂိတ္အတြက္ ခက္ခဲလာႏိုင္တာျဖစ္ပါတယ္။

ဒီအခ်ိန္မွာ တခ်ိဳ႕သတင္းဌာနေတြကေတာ့ အသင္းႀကီးေတြက ကစားသမားေတြကို ပြဲပယ္ရင္ အဂၤလန္အသင္းဟာ ဘယ္လိုလူစာရင္းမ်ိဳး ျဖစ္သြားမလဲဆိုတာကို စုစည္းတင္ဆက္ခဲ့ၾကၿပီး တခ်ိဳ႕ဆိုရင္ ပရိသတ္ေတြ သိပ္မသိတဲ့ ကစားသမားမ်ိဳးေတြကိုေတာင္ ထည့္သြင္းသုံးစြဲရႏိုင္တယ္လို႔ ဆိုခဲ့ၾကပါတယ္။

ဂိုးသမားေနရာမွာေတာ့ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ဟန္ဒါဆန္ ပါမလာတာကလြဲရင္ အေျပာင္းအလဲသိပ္မရွိႏိုင္ဘဲ အဲဗာတန္ရဲ႕ ပစ္ခ္ဖို႔ဒ္၊ ဘန္ေလရဲ႕ နစ္ခ္ ပုပ္နဲ႔ ဝက္စ္ဘ႐ြန္းရဲ႕ ဆမ္ ဂြၽန္စတုန္းတို႔ ပါဝင္လာႏိုင္ၿပီး ဒါကေတာ့ အဂၤလန္အသင္းကို ႀကီးႀကီးမားမား ထိခိုက္ေစႏိုင္ျခင္း မရွိတာပါ။

ေနာက္တန္းမွာေတာ့ အဂၤလန္တို႔အေနနဲ႔ မက္ဂြိဳင္းယား၊ လုခ္ေရွာ၊ ဝန္ဘစ္ဆာကာ(ယူႏိုက္တက္)၊ ေဝၚလ္ကာ၊ ဂြၽန္စတုန္းစ္(စီးတီး)၊ အလက္ဇန္းဒါး-အာႏိုးလ္ဒ္၊ ဂ်ိဳးဂိုမက္ဇ္(လီဗာပူးလ္)၊ ေခ်းလ္ဝဲလ္၊ ရီးစ္ဂ်ိမ္းစ္၊ တိုမိုရီ(ခ်ဲလ္ဆီး)၊ ဒိုင္ယာ(စပါးစ္)၊ ထရစ္ပီယာ(အက္သလက္တီကို)တို႔ကို ဆုံးရႈံးရမွာျဖစ္ၿပီး တျခားကစားသမားေတြကို ထည့္သြင္းရမွာျဖစ္ပါတယ္။

ဒါေၾကာင့္ သူတို႔ရဲ႕ ေနာက္တန္းက အက္စတန္ဗီလာကို အေျခခံရဖြယ္ရွိၿပီး ကြန္ဆာ၊ မင္းစ္၊ ကတ္ရွ္၊ တားဂက္တို႔ကို ေ႐ြးခ်ယ္ရဖြယ္ရွိေနသလို ကိုဒီ(ဝုလ္ဗ္စ္)၊ တာေကာ့စကီး၊ မီး(ဘန္ေလ)၊ ဒန႔္ခ္(ဘ႐ိုက္တန္)၊ မိုက္ကယ္ကီးန္(အဲဗာတန္)၊ ဂ်ပ္စတင္(လက္စတာ)၊ လမ့္ပ္ေတ(ဘ႐ိုက္တန္)၊ တာဗာနီယာ(ရိန္းဂ်ားစ္)တို႔လို ကစားသမားေတြကို ေ႐ြးခ်ယ္ရေတာ့မွာျဖစ္ပါတယ္။

အလယ္တန္းမွာေတာ့ ဟန္ဒါဆန္(လီဗာပူးလ္)၊ လင္ဂတ္(ယူႏိုက္တက္)၊ ဖိုဒန္(စီးတီး)၊ ဆာကာ(အာဆင္နယ္)၊ ေမဆန္ေမာင့္၊ ဟဒ္ဆန္-အိုဒြိဳင္း(ခ်ဲလ္ဆီး)၊ အယ္လီ၊ ဝင့္ခ္စ္(စပါးစ္)တို႔လို ကစားသမားေကာင္းေတြကို ဆုံးရႈံးရႏိုင္တဲ့ အဂၤလန္အသင္းအေနနဲ႔ ျပန္လည္အစားထိုးဖို႔ကိုေတာ့ အသင္းလတ္ေတြမွာ ကစားသမားေတြ မ်ားတာေၾကာင့္ သိပ္ၿပီး အခက္အခဲမရွိႏိုင္တာပါ။

ဒါေၾကာင့္ ဘယ္လင္ဂမ္(ေဒါ့မြန္)၊ ႐ိုက္စ္(ဝက္စ္ဟမ္း)၊ ဂရီးလစ္ရွ္(ဗီလာ)တို႔ကို အေျချပဳရေတာ့မွာျဖစ္သလို ဘန္းစ္၊ မက္ဒီဆန္(လက္စတာ)၊ ဝါ့ဒ္ပေရာက္စ္(ေဆာက္သမ္တန္)၊ ဟာရစ္ဆန္၊ ဖိလစ္(လိဒ္စ္)တို႔ကိုလည္း ေ႐ြးခ်ယ္ရႏိုင္ၿပီး ဒီေနရာမွာေတာ့ အရည္အေသြးခ်င္းက သိပ္ၿပီး ကြာဟဖို႔ မရွိႏိုင္ဘူးလို႔ သုံးသပ္ႏိုင္ပါတယ္။

ေရွ႕တန္းမွာေတာ့ ဟာရီကိန္း(စပါးစ္)၊ ရက္ရွ္ဖို႔ဒ္၊ ဂရင္းဝုဒ္(ယူႏိုက္တက္)၊ စတာလင္(စီးတီး)တို႔ကို ဆုံးရႈံးရမွာကေတာ့ ႀကီးမားတဲ့ ျပႆနာျဖစ္ၿပီး ဒါကို ဆန္ခ်ိဳ(ေဒါ့မြန္)၊ ကဲလ္ဗတ္-လူဝင္(အဲဗာတန္)၊ ဝပ္ကင္းစ္(ဗီလာ)၊ ဘိုဝင္(ဝက္စ္ဟမ္း)တို႔ က်ားကန္ႏိုင္မလားဆိုတာကေတာ့ ေမးခြန္းထုတ္ဖို႔ ျဖစ္လာခဲ့ပါတယ္။

ဒါေပမယ့္ အဂၤလန္တို႔အေနနဲ႔ အလယ္အလတ္တိုက္စစ္မႉးတခ်ိဳ႕ကို ထပ္မံေ႐ြးခ်ယ္ႏိုင္ဦးမွာျဖစ္ၿပီး ဘမ္ဖို႔ဒ္(လိဒ္စ္)၊ အင္းစ္(ေဆာက္သမ္တန္)၊ ဝီလ္ဆန္(နယူးကာဆယ္လ္)၊ မက္နီးလ္(ဘန္ေလ)၊ လြတ္ခ္မန္း(ဖူလ္ဟမ္/လိုက္ပ္ဇစ္)တို႔လို ကစားသမားတခ်ိဳ႕ကို ထည့္သြင္းစဥ္းစားႏိုင္ေသးသလို ခ်န္ပီယံရွစ္ကစားသမားတခ်ိဳ႕လည္း ရွိေနတာေၾကာင့္ နာမည္သိပ္မႀကီးလည္း ပုံမပ်က္ေအာင္ေတာ့ ထိန္းထားႏိုင္မွာပါ။

ဒီသုံးသပ္ခ်က္ကိုေတာ့ iNews ရဲ႕ စုစည္းမႈကို အေျခခံၿပီး Sports A2Z က ထပ္မံျဖည့္စြက္ခဲ့သလို ပုံမွန္အားေပးေနတဲ့ ပရိသတ္ေတြကေရာ ဘယ္ကစားသမားေတြဟာ ဆူပါလိဂ္ပိတ္ဆို႔မႈ အတည္ျပဳၿပီး အဂၤလန္အသင္းသစ္မွာ ပါဝင္လာႏိုင္ေသးသလဲဆိုတာကို စိတ္ကူးဉာဏ္ကြန႔္ျမဴးၿပီး ေ႐ြးခ်ယ္ၾကည့္ႏိုင္ၾကဖို႔ ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.