Premier League

အဆင့် ၄ နေရာ ရယူခွင့်ကို လီဗာပူးလ်ကိုယ်တိုင် လွှင့်ပစ်ခဲ့တဲ့ လိဒ်စ် 1-1 လီဗာပူးလ်ပွဲအပြီး မှတ်မှတ်ရရ ပြောစရာ 7 ချက်

ဇန်နဝါရီနောက်ပိုင်း ပထမဆုံးဂိုးပြန်ရတဲ့ မာနေး
ဒီရာသီက မာနေးရဲ့ လီဗာပူးလ်ကစားသမားဘဝ အဆိုးရွားဆုံးရာသီလို့ ခေါင်းစဉ်တပ်ရမယ်။ ဒီနေ့မှာတော့ ဇန်နဝါရီကတည်းက ဂိုးမိုးခေါင်မှုကို အဆုံးသတ်နိုင်ခဲ့တယ်။ လီဗာပူးလ်အတွက် ၉ ပွဲဆက် ဂိုးပေါက်ပျောက်မှုဟာ ရပ်တန့်ခဲ့ပါတယ်။ လက်ကျန်ရာသီမှာ အခုထက်ပို ခြေစွမ်းပြဂိုးသွင်းဖို့အတွက် အားတက်စရာလည်းဖြစ်ခဲ့တယ်။

အာနိုးလ်+ ရော်ဘတ်ဆန် တိုက်စစ်ပေါက်ကွဲခဲ့တဲ့ပွဲ
လိဒ်စ်မှာ ပြေးအားကောင်းတဲ့ တောင်ပံကစားသမား ရာဖင်ညာ လွဲချော်ခဲ့လို့ အာနိုးလ်နဲ့ ရော်ဘတ်ဆန်တို့ ဘယ်ညာတောင်ပံအတွဲက ဒီပွဲမှာ အရင်က လီဗာပူးလ်ခေတ်ကောင်းတုန်းကလို ခြေစွမ်းမျိုးပြပြီး တိုက်စစ်ကို အားရပါရ ကစားင်း ပျောက်ဆုံးခဲ့သမျှ ခြေစွမ်းတွေကို အတိုးနဲ့ချပြီး ပေါက်ကွဲသွားခဲ့တာကို တွေ့ရပါတယ်။

ဝက်စ်ဟမ်းရဲ့ အရှုံးနဲ့ အဆင့် ၄ နေရာ ရယူခွင့်ကို အခွင့်ကောင်းမယူနိုင်ခဲ့
အဆင့် ၄ က ဝက်စ်ဟမ်းက နယူးကာဆယ်နဲ့ ရှုံးပွဲကြုံသွားချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲက လီဗာပူးလ်လက်ထဲကို ရောက်လာပေမယ့် အခွင့်ကောင်းမယူနိုင်ခဲ့ဘဲ ပရီးမီးယားလိဂ် ၃ ပွဲဆက်အနိုင် ရပ်တန့်ခဲ့တယ်။

ချယ်လ်ဆီးကလည်း ဘရိုက်တန်နဲ့ ကစားရမယ့် လက်ကျန်တပွဲရှိနေလို့ အဆင့် ၄ နဲ့ ရမှတ်ကွာဟမှု ၅ မှတ်အထိ ပိုများလာဖို့ရှိပြီး ရာသီသိမ်းခရီးက ခရောင်းလမ်းကို ကျော်ဖြတ်ရဦးမယ့် ကလော့ပ်ကို စောင့်ကြည်ရမှာပါ။

ဂိုး ၃၀၀ ပြည့်သွားခဲ့တဲ့ တိုက်စစ်သွေးသောက်များ မာနေး+ဖာမီနို+မိုဆာလား
လီဗာပူးလ်ရဲ့ တိုက်စစ်က သွေးသောက်ရဲဘော်တွေဖြစ်တဲ့ မာနေး၊ ဖာမီနို၊ မိုဆာလားတို့အတွဲက အသင်းကို ကမ္ဘာ့အဆင့်အသင်းအဖြစ် စံမြန်းစေရင်း ၃ ဦးပေါင်း အသင်းအတွက် ဂိုး ၃၀၀ ပြည့်မြောက်သွားခဲ့ပြီဖြစ်ပါတယ်။ ဒီရာသီမှာတော့ မိုဆာလားကသာ ပုံမှန်ခြေစွမ်းရှိနေခဲ့တာဖြစ်ပြီး ဒီနေ့ပွဲက မာနေးရဲ့ အဖွင့်ဂိုးနဲ့အတူ ဂိုး ၃၀၀ ပြည့် အောင်ပွဲဆင်ခဲ့ကြပါတယ်။

စွဲမက်ဖွယ် နည်းဗျူဟာတိုက်ပွဲမှာ ကလော့ပ်ကို အခက်တွေ့စေခဲ့တဲ့ ဘီယယ်လ်ဆာ
ရာသီအဖွင့်မှာ ကစားခဲ့တဲ့ ပထမအကျော့မှာ လီဗာပူးလ်က ၄ ဂိုး ၃ ဂိုးနဲ့ နိုင်ခဲ့ပြီး ၂ ဖက်သွင်းဂိုးပေါင်း မြိုင်ဆိုင်နေခဲ့ပေမယ့် အခုတကြိမ်မှာတော့ ကလော့ပ် Vs ဘီယယ်လ်ဆာရဲ့ စွဲမက်ဖွယ် နည်းဗျူဟာတိုက်ပွဲကို လှလှပပ ခံစားခွင့်ရခဲ့တာဖြစ်သလို လိဒ်စ်ရဲ့ လှုပ်ရှားမှုတွေနဲ့ ပြင်းအားမြင့် ကစားပုံ၊ ခြိမ်းခြောက်နိုင်စွမ်းတွေက ပထမပိုင်းမှာ အတော်လေးကြည့်ကောင်းခဲ့ပြီး နှစ်သင်းအပြိုင် ခြေညီခဲ့သလို ဒုတိယပိုင်းမှာလည်း လိဒ်စ်က အိမ်ရှင်အသင်းပီပီ လီဗာပူးလ်ကို အခက်တွေ့စေခဲ့ပြီး ပွဲကို စိုးမိုးသွားခဲ့တယ်။

ဗဟိုခံစစ်ကို ပြန်အင်အားဖြည့်ပေးနေတဲ့ ဖာဘင်ညို
သူ့ရဲ့ စိတ်အားအထက်သန်ဆုံး ကွင်းလယ်ခံစစ်နေရာမှာ ပြီးခဲ့တဲ့လကစလို့ ပြန်ကစားခွင့်ရခဲ့ပေမယ့် ဖာဘင်ညိုက တံကောက်ကြောဒဏ်ရာရရှိခဲ့တဲ့ နတ်ဖီးလစ်ရဲ့နေရာကို ဝင်ဖြည့်ပြီး အိုဇန် ကာဘက်နဲ့တွဲဖက်ကာ ဗဟိုခံစစ်မှာ တကျော့ပြန် အလုပ်လုပ်ပြသွားတယ်။ ဖာဘင်ညိုနဲ့ ကာဘက်အတွဲက ပေးဂိုးမရှိ Clean Sheet ယူနိုင်ဖို့ နီးစပ်ခဲ့ပြီးမှ လော်ရန်တေးရဲ့ နောက်ကျခေါင်းတိုက်ဂိုးကို ခွင့်ပြုခဲ့ရတာပါ။

လိဒ်စ်အတွက် ထိုက်တန်တဲ့ သရေတမှတ်
မန်စီးတီးကို တယောက်လျော့နဲ့ အနိုင်ယူခဲ့တဲ့ လိဒ်စ်နည်းပြ ဘီယယ်လ်ဆာရဲ့ အသင်းက ဒီနေ့ပွဲမှာ သရေတမှတ်ကို ထိုက်ထိုက်တန်တန် ခွဲဝေယူသွားခဲ့တာဖြစ်ပြီး သူတို့က နောက်ကျချေပဂိုးနဲ့အတူ ဒုတိယပိုင်းကို ပိုင်ပိုင်နိုင်နိုင် အဆုံးသတ်နိုင်ခဲ့တယ်။ တိုက်စစ်ကို မိုင်ကုန် အရှိန်မြှင့်နေရင်း ခံစစ်က ပြစ်ချက်တွေ ပြုလုပ်လေ့ရှိတဲ့အကျင့်ကြောင့်သာ ဦးဆောင်ဂိုးနဲ့အတူ သရေတမှတ်ခွင့်ပြုခဲ့ရတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဇန္နဝါရီေနာက္ပိုင္း ပထမဆုံးဂိုးျပန္ရတဲ့ မာေနး
ဒီရာသီက မာေနးရဲ႕ လီဗာပူးလ္ကစားသမားဘဝ အဆိုး႐ြားဆုံးရာသီလို႔ ေခါင္းစဥ္တပ္ရမယ္။ ဒီေန႔မွာေတာ့ ဇန္နဝါရီကတည္းက ဂိုးမိုးေခါင္မႈကို အဆုံးသတ္ႏိုင္ခဲ့တယ္။ လီဗာပူးလ္အတြက္ ၉ ပြဲဆက္ ဂိုးေပါက္ေပ်ာက္မႈဟာ ရပ္တန႔္ခဲ့ပါတယ္။ လက္က်န္ရာသီမွာ အခုထက္ပို ေျခစြမ္းျပဂိုးသြင္းဖို႔အတြက္ အားတက္စရာလည္းျဖစ္ခဲ့တယ္။

အာႏိုးလ္+ ေရာ္ဘတ္ဆန္ တိုက္စစ္ေပါက္ကြဲခဲ့တဲ့ပြဲ
လိဒ္စ္မွာ ေျပးအားေကာင္းတဲ့ ေတာင္ပံကစားသမား ရာဖင္ညာ လြဲေခ်ာ္ခဲ့လို႔ အာႏိုးလ္နဲ႔ ေရာ္ဘတ္ဆန္တို႔ ဘယ္ညာေတာင္ပံအတြဲက ဒီပြဲမွာ အရင္က လီဗာပူးလ္ေခတ္ေကာင္းတုန္းကလို ေျခစြမ္းမ်ိဳးျပၿပီး တိုက္စစ္ကို အားရပါရ ကစားင္း ေပ်ာက္ဆုံးခဲ့သမွ် ေျခစြမ္းေတြကို အတိုးနဲ႔ခ်ၿပီး ေပါက္ကြဲသြားခဲ့တာကို ေတြ႕ရပါတယ္။

ဝက္စ္ဟမ္းရဲ႕ အရႈံးနဲ႔ အဆင့္ ၄ ေနရာ ရယူခြင့္ကို အခြင့္ေကာင္းမယူႏိုင္ခဲ့
အဆင့္ ၄ က ဝက္စ္ဟမ္းက နယူးကာဆယ္နဲ႔ ရႈံးပြဲႀကဳံသြားခ်ိန္မွာ ခ်န္ပီယံလိဂ္ဝင္ခြင့္တိုက္ပြဲက လီဗာပူးလ္လက္ထဲကို ေရာက္လာေပမယ့္ အခြင့္ေကာင္းမယူႏိုင္ခဲ့ဘဲ ပရီးမီးယားလိဂ္ ၃ ပြဲဆက္အႏိုင္ ရပ္တန႔္ခဲ့တယ္။ ခ်ယ္လ္ဆီးကလည္း ဘ႐ိုက္တန္နဲ႔ ကစားရမယ့္ လက္က်န္တပြဲရွိေနလို႔ အဆင့္ ၄ နဲ႔ ရမွတ္ကြာဟမႈ ၅ မွတ္အထိ ပိုမ်ားလာဖို႔ရွိၿပီး ရာသီသိမ္းခရီးက ခေရာင္းလမ္းကို ေက်ာ္ျဖတ္ရဦးမယ့္ ကေလာ့ပ္ကို ေစာင့္ၾကည္ရမွာပါ။

ဂိုး ၃၀၀ ျပည့္သြားခဲ့တဲ့ တိုက္စစ္ေသြးေသာက္မ်ား မာေနး+ဖာမီႏို+မိုဆာလား
လီဗာပူးလ္ရဲ႕ တိုက္စစ္က ေသြးေသာက္ရဲေဘာ္ေတြျဖစ္တဲ့ မာေနး၊ ဖာမီႏို၊ မိုဆာလားတို႔အတြဲက အသင္းကို ကမာၻ႔အဆင့္အသင္းအျဖစ္ စံျမန္းေစရင္း ၃ ဦးေပါင္း အသင္းအတြက္ ဂိုး ၃၀၀ ျပည့္ေျမာက္သြားခဲ့ၿပီျဖစ္ပါတယ္။ ဒီရာသီမွာေတာ့ မိုဆာလားကသာ ပုံမွန္ေျခစြမ္းရွိေနခဲ့တာျဖစ္ၿပီး ဒီေန႔ပြဲက မာေနးရဲ႕ အဖြင့္ဂိုးနဲ႔အတူ ဂိုး ၃၀၀ ျပည့္ ေအာင္ပြဲဆင္ခဲ့ၾကပါတယ္။

စြဲမက္ဖြယ္ နည္းဗ်ဴဟာတိုက္ပြဲမွာ ကေလာ့ပ္ကို အခက္ေတြ႕ေစခဲ့တဲ့ ဘီယယ္လ္ဆာ
ရာသီအဖြင့္မွာ ကစားခဲ့တဲ့ ပထမအေက်ာ့မွာ လီဗာပူးလ္က ၄ ဂိုး ၃ ဂိုးနဲ႔ ႏိုင္ခဲ့ၿပီး ၂ ဖက္သြင္းဂိုးေပါင္း ၿမိဳင္ဆိုင္ေနခဲ့ေပမယ့္ အခုတႀကိမ္မွာေတာ့ ကေလာ့ပ္ Vs ဘီယယ္လ္ဆာရဲ႕ စြဲမက္ဖြယ္ နည္းဗ်ဴဟာတိုက္ပြဲကို လွလွပပ ခံစားခြင့္ရခဲ့တာျဖစ္သလို လိဒ္စ္ရဲ႕ လႈပ္ရွားမႈေတြနဲ႔ ျပင္းအားျမင့္ ကစားပုံ၊ ၿခိမ္းေျခာက္ႏိုင္စြမ္းေတြက ပထမပိုင္းမွာ အေတာ္ေလးၾကည့္ေကာင္းခဲ့ၿပီး ႏွစ္သင္းအၿပိဳင္ ေျခညီခဲ့သလို ဒုတိယပိုင္းမွာလည္း လိဒ္စ္က အိမ္ရွင္အသင္းပီပီ လီဗာပူးလ္ကို အခက္ေတြ႕ေစခဲ့ၿပီး ပြဲကို စိုးမိုးသြားခဲ့တယ္။

ဗဟိုခံစစ္ကို ျပန္အင္အားျဖည့္ေပးေနတဲ့ ဖာဘင္ညိဳ
သူ႔ရဲ႕ စိတ္အားအထက္သန္ဆုံး ကြင္းလယ္ခံစစ္ေနရာမွာ ၿပီးခဲ့တဲ့လကစလို႔ ျပန္ကစားခြင့္ရခဲ့ေပမယ့္ ဖာဘင္ညိဳက တံေကာက္ေၾကာဒဏ္ရာရရွိခဲ့တဲ့ နတ္ဖီးလစ္ရဲ႕ေနရာကို ဝင္ျဖည့္ၿပီး အိုဇန္ ကာဘက္နဲ႔တြဲဖက္ကာ ဗဟိုခံစစ္မွာ တေက်ာ့ျပန္ အလုပ္လုပ္ျပသြားတယ္။ ဖာဘင္ညိဳနဲ႔ ကာဘက္အတြဲက ေပးဂိုးမရွိ Clean Sheet ယူႏိုင္ဖို႔ နီးစပ္ခဲ့ၿပီးမွ ေလာ္ရန္ေတးရဲ႕ ေနာက္က်ေခါင္းတိုက္ဂိုးကို ခြင့္ျပဳခဲ့ရတာပါ။

လိဒ္စ္အတြက္ ထိုက္တန္တဲ့ သေရတမွတ္
မန္စီးတီးကို တေယာက္ေလ်ာ့နဲ႔ အႏိုင္ယူခဲ့တဲ့ လိဒ္စ္နည္းျပ ဘီယယ္လ္ဆာရဲ႕ အသင္းက ဒီေန႔ပြဲမွာ သေရတမွတ္ကို ထိုက္ထိုက္တန္တန္ ခြဲေဝယူသြားခဲ့တာျဖစ္ၿပီး သူတို႔က ေနာက္က်ေခ်ပဂိုးနဲ႔အတူ ဒုတိယပိုင္းကို ပိုင္ပိုင္ႏိုင္ႏိုင္ အဆုံးသတ္ႏိုင္ခဲ့တယ္။ တိုက္စစ္ကို မိုင္ကုန္ အရွိန္ျမႇင့္ေနရင္း ခံစစ္က ျပစ္ခ်က္ေတြ ျပဳလုပ္ေလ့ရွိတဲ့အက်င့္ေၾကာင့္သာ ဦးေဆာင္ဂိုးနဲ႔အတူ သေရတမွတ္ခြင့္ျပဳခဲ့ရတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.