Premier League

႐ိုင္ယိုလာကို အသင္းနဲ႔ စကားလုံးစစ္ပြဲေတြ ဆင္ႏႊဲေနတာကို ရပ္တန္႔ဖို႔ ေပါ့ဘာေျပာ

မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ကြင္းလယ္ကစားသမား ေပါလ္ ေပါ့ဘာက ပရိသတ္ေတြ အျမင္မၾကည္ၾကတဲ့ သူ႕ရဲ႕ ေအးဂ်င့္ျဖစ္သူ မီႏို ႐ိုင္ယိုလာကို အသင္းတာဝန္ရွိသူေတြနဲ႔ စကားစစ္ထိုးမွဳေတြကို ရပ္တန္႔ၿပီး ၿငိမ္းခ်မ္းေရးရယူဖို႔ တိုက္တြန္းေျပာၾကားလုိက္ပါတယ္။

အိုးလ္ထရက္ဖို႔ဒ္မွာ ေပါ့ဘာတစ္ေယာက္ ဘာလုပ္ျပႏုိင္တယ္ဆုိတာကို လူေတြ ေကာင္းေကာင္းသိထားေပမယ့္ သူ႕ကို အသင္းကေန ထြက္သြားလည္း ဝမ္းမနည္းဘူးလို႔ ပရိသတ္ေတြ ေျပာေနၾကတာဟာ ႐ိုင္ယိုလာရဲ႕ စတန္႔ေတြေပၚမွာ ျမစ္ဖ်ားခံခဲ့ၿပီး ဒီျပင္သစ္ကစားသမား တစ္ခုခု လုပ္လုိက္တာနဲ႔ ဆိုရွယ္မီဒီယာေတြကေန ထိုးႏွက္ေဝဖန္မွဳေတြကလည္း ၾကမ္းတမ္းခဲ့ပါတယ္။

ေပါ့ဘာဟာ ဘယ္သူပုိင္တဲ့ ပစၥည္းမွ မဟုတ္ဘဲ သူ႕ကိုယ္သူပုိင္တဲ့ သူ႕သေဘာသူေဆာင္ႏုိင္သူျဖစ္ေၾကာင္း၊ ဆုိးလ္ရွားအေနနဲ႔ သူ႕ကို အုိးလ္ထရက္ဖို႔ဒ္မွာ အက်ဥ္းသားတစ္ေယာက္လို ပိတ္ေလွာင္ထားလုိ႔ မရႏုိင္ေၾကာင္းစတဲ့ စည္းလြတ္ဝါးလြတ္စကားေတြ ေျပာထားခဲ့တဲ့ ႐ိုင္ယိုလာရဲ႕ စကားလုံးေတြကေတာ့ တကယ္တမ္းမွာ ကစားသမားျဖစ္သူကပဲ ျပန္လည္တုံ႔ျပန္ခံေနခဲ့ရတာပါ။

ဒါေၾကာင့္ ေပါ့ဘာအေနနဲ႔ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတုိးဖို႔ကို ေရြးခ်ယ္မွဳတစ္ခုအျဖစ္ ထည့္သြင္းစဥ္းစားေနခ်ိန္မွာ တာဝန္ရွိသူေတြနဲ႔ အမုန္းပြားေစမယ့္ စကားမ်ဳိးေတြ မေျပာဖို႔ သူ႕ရဲ႕အီတလီသား ေအးဂ်င့္ျဖစ္သူကို တားဆီးလုိက္တာျဖစ္ၿပီး အသင္းနဲ႔ စာခ်ဳပ္ကိုလည္း ေလးစားမွဳရွိဖို႔ ေမတၱာရပ္ခံခဲ့တာလည္းျဖစ္ပါတယ္။

လက္ရွိအေျခအေနမွာေတာ့ ေပါ့ဘာရဲ႕ တစ္ႏွစ္က်န္စာခ်ဳပ္ကို သက္တမ္းတုိးႏုိင္ဖို႔ မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ အမွဳေဆာင္ဒုဥကၠ႒ အက္ဒ္ ဝုဒ္ဝဒ္ကလည္း ႀကဳိးစားေနၿပီး နည္းျပ ဆုိးလ္ရွားကလည္း ေငြေၾကးေခၽြတာႏုိင္ေစၿပီး တျခားေနရာေတြကို ပုိမိုအားျဖည့္ႏုိင္ဖို႔အတြက္ သေဘာ တူညီမွဳေပးထားတယ္လို႔လည္း သိရွိရပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါလ် ပေါ့ဘာက ပရိသတ်တွေ အမြင်မကြည်ကြတဲ့ သူ့ရဲ့ အေးဂျင့်ဖြစ်သူ မီနို ရိုင်ယိုလာကို အသင်းတာဝန်ရှိသူတွေနဲ့ စကားစစ်ထိုးမှုတွေကို ရပ်တန့်ပြီး ငြိမ်းချမ်းရေးရယူဖို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။

အိုးလ်ထရက်ဖို့ဒ်မှာ ပေါ့ဘာတစ်ယောက် ဘာလုပ်ပြနိုင်တယ်ဆိုတာကို လူတွေ ကောင်းကောင်းသိထားပေမယ့် သူ့ကို အသင်းကနေ ထွက်သွားလည်း ဝမ်းမနည်းဘူးလို့ ပရိသတ်တွေ ပြောနေကြတာဟာ ရိုင်ယိုလာရဲ့ စတန့်တွေပေါ်မှာ မြစ်ဖျားခံခဲ့ပြီး ဒီပြင်သစ်ကစားသမား တစ်ခုခု လုပ်လိုက်တာနဲ့ ဆိုရှယ်မီဒီယာတွေကနေ ထိုးနှက်ဝေဖန်မှုတွေကလည်း ကြမ်းတမ်းခဲ့ပါတယ်။

ပေါ့ဘာဟာ ဘယ်သူပိုင်တဲ့ ပစ္စည်းမှ မဟုတ်ဘဲ သူ့ကိုယ်သူပိုင်တဲ့ သူ့သဘောသူဆောင်နိုင်သူဖြစ်ကြောင်း၊ ဆိုးလ်ရှားအနေနဲ့ သူ့ကို အိုးလ်ထရက်ဖို့ဒ်မှာ အကျဉ်းသားတစ်ယောက်လို ပိတ်လှောင်ထားလို့ မရနိုင်ကြောင်းစတဲ့ စည်းလွတ်ဝါးလွတ်စကားတွေ ပြောထားခဲ့တဲ့ ရိုင်ယိုလာရဲ့ စကားလုံးတွေကတော့ တကယ်တမ်းမှာ ကစားသမားဖြစ်သူကပဲ ပြန်လည်တုံ့ပြန်ခံနေခဲ့ရတာပါ။

ဒါကြောင့် ပေါ့ဘာအနေနဲ့ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ကို ရွေးချယ်မှုတစ်ခုအဖြစ် ထည့်သွင်းစဉ်းစားနေချိန်မှာ တာဝန်ရှိသူတွေနဲ့ အမုန်းပွားစေမယ့် စကားမျိုးတွေ မပြောဖို့ သူ့ရဲ့အီတလီသား အေးဂျင့်ဖြစ်သူကို တားဆီးလိုက်တာဖြစ်ပြီး အသင်းနဲ့ စာချုပ်ကိုလည်း လေးစားမှုရှိဖို့ မေတ္တာရပ်ခံခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာတော့ ပေါ့ဘာရဲ့ တစ်နှစ်ကျန်စာချုပ်ကို သက်တမ်းတိုးနိုင်ဖို့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အမှုဆောင်ဒုဥက္ကဋ္ဌ အက်ဒ် ဝုဒ်ဝဒ်ကလည်း ကြိုးစားနေပြီး နည်းပြ ဆိုးလ်ရှားကလည်း ငွေကြေးချွေတာနိုင်စေပြီး တခြားနေရာတွေကို ပိုမိုအားဖြည့်နိုင်ဖို့အတွက် သဘော တူညီမှုပေးထားတယ်လို့လည်း သိရှိရပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.