Premier League

ဥရောပါစူပါလိဂ်ဟာ EPLကိုသာမက ဘောလုံးကမ္ဘာကို ဝါးမျိုဖျက်ဆီးလိမ့်မယ်လို့ အာဆင်ဝင်းဂါး ပြင်းပြင်းထန်ထန် သတိပေး

လက်ရှိမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ထဲ တာဝန်ယူထားတဲ့ အာဆင်နယ်နည်းပြဟောင်းကြီး အာဆင်ဝင်းဂါးက ဥရောပစူပါလိဂ်ပြိုင်ပွဲဟာ ပရီးမီးယားလိဂ်ကို ဝါးမျိုသွားမယ့်အပြင် ဘောလုံးအားကစားသမိုင်းကိုပါ ဖျက်ဆီးသွားလိမ့်မယ်လို့ ပြင်းပြင်းထန်ထန် သတိပေးသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ကြီးခြောက်ကြီးအသင်းတွေအပါအဝင် ရီးရဲလ်၊ ဘာဆာ၊ တီကို၊ အေစီ၊ အင်တာ၊ ဂျူဗင်တပ်စ်စတဲ့ ဥရောပအသင်းကြီး ၁၂ သင်းက ဦးဆောင်ပြီး အဆိုပြုတင်သွင်းလာတဲ့ ဥရောပစူပါလိဂ်ကို သဘောမတူညီကြောင်း အာဆင်ဝင်းဂါးက ပြောဆိုသွားခဲ့ပြီး ဒါဟာ ဘောလုံးသမိုင်းရဲ့ အနာဂတ်အတွက် အကြံဆိုးတခုသာဖြစ်တယ်လို့ ဝေဖန်သွားခဲ့ပါတယ်။

ဥရောပအထက်တန်းလွှာအသင်းတွေက သူတို့အသင်းကြီးအချင်းချင်းပြိုင်ဆိုင်ကစားမယ်လို့ ပြိုင်ပွဲအသစ်ကို ၂၀၂၁-၂၂ မှာ စတင်ကျင်းပမယ်လို့ အဆိုတင်သွင်းလာခဲ့တာဖြစ်ပြီး ယူအီးအက်ဖ်အေကတော့ ဒီပြိုင်ပွဲမှာ ပါဝင်ကစားမယ့် ကစားသမားတွေကို ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ပိတ်ပင်သွားမယ်လို့ ကြေငြာသွားခဲ့ပါသေးတယ်။

” ဒီကိစ္စက တကယ်ကို ဆိုးရွားတဲ့ရည်ရွယ်ချက်ရှိနေပါတယ်။ ဘောလုံးလောကဟာ တစုတစည်း၊ တညီတညွတ်တည်း ရှိနေဖို့လိုပါတယ်။ ဥရောပဘောလုံးသမိုင်းကို ကျွန်တော်တို့ လေးစားရပါမယ်။ ဒီပြိုင်ပွဲဟာ နောက်ကွယ်က အကြံဆိုးနဲ့ စီစဥ်တာဖြစ်​ပါတယ်။ ”

” ကျွန်တော့်အမြင်အရ ဒါဟာ ပရီးမီးယားလိဂ်ကို ဝါးမျိုးသွားမယ့် ပရောဂျက်တခုလို့ မြင်ပါတယ်။ ဘောလုံးကစားရင်း လူတိုင်းရဲ့အိပ်မက်တွေကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရပါမယ်။ လူသားတဦးချင်းစီတိုင်း ဘောလုံးကစားနိုင်ခွင့် ရှိရပါမယ် ”

” ဒီအချက်တွေကို ဖျက်စီးပစ်မယ့် အခုဒီအစီအစဥ်ကတော့ ဘောလုံးကမ္ဘာရဲ့ အနာဂတ်ကိုပါ ဖျက်ဆီးသွားမယ်လို့ ကျွန်တော်မြင်ပါတယ်။ ဒါကြောင့် ဒီပရောဂျက်​က ရုပ်လုံးပေါ်လာဖို့ မရှိပါဘူး ” လို့ အာဆင်ဝင်းဂါးက ဥရောပစူပါလိဂ်ဆိုတဲ့ အင်အားကြီးအသင်းတွေသာ သီးသန့်ပါဝင်ယှဥ်ပြိုင်ကြမယ့် ပြိုင်ပွဲအသစ်ကို ဆန့်ကျင်ကြောင်း လူသိရှင်ကြား ထုတ်ဖော်သွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
လက္ရွိမွာ ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္ထဲ တာဝန္ယူထားတဲ့ အာဆင္နယ္နည္းျပေဟာင္းႀကီး အာဆင္ဝင္းဂါးက ဥေရာပစူပါလိဂ္ၿပိဳင္ပြဲဟာ ပရီးမီးယားလိဂ္ကို ဝါးမ်ိဳသြားမယ့္အျပင္ ေဘာလုံးအားကစားသမိုင္းကိုပါ ဖ်က္ဆီးသြားလိမ့္မယ္လို႔ ျပင္းျပင္းထန္ထန္ သတိေပးသြားခဲ့ပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ ႀကီးေျခာက္ႀကီးအသင္းေတြအပါအဝင္ ရီးရဲလ္၊ ဘာဆာ၊ တီကို၊ ေအစီ၊ အင္တာ၊ ဂ်ဴဗင္တပ္စ္စတဲ့ ဥေရာပအသင္းႀကီး ၁၂ သင္းက ဦးေဆာင္ၿပီး အဆိုျပဳတင္သြင္းလာတဲ့ ဥေရာပစူပါလိဂ္ကို သေဘာမတူညီေၾကာင္း အာဆင္ဝင္းဂါးက ေျပာဆိုသြားခဲ့ၿပီး ဒါဟာ ေဘာလုံးသမိုင္းရဲ႕ အနာဂတ္အတြက္ အႀကံဆိုးတခုသာျဖစ္တယ္လို႔ ေဝဖန္သြားခဲ့ပါတယ္။

ဥေရာပအထက္တန္းလႊာအသင္းေတြက သူတို႔အသင္းႀကီးအခ်င္းခ်င္းၿပိဳင္ဆိုင္ကစားမယ္လို႔ ၿပိဳင္ပြဲအသစ္ကို ၂၀၂၁-၂၂ မွာ စတင္က်င္းပမယ္လို႔ အဆိုတင္သြင္းလာခဲ့တာျဖစ္ၿပီး ယူအီးအက္ဖ္ေအကေတာ့ ဒီၿပိဳင္ပြဲမွာ ပါဝင္ကစားမယ့္ ကစားသမားေတြကို ကမာၻ႔ဖလားၿပိဳင္ပြဲကေန ပိတ္ပင္သြားမယ္လို႔ ေၾကျငာသြားခဲ့ပါေသးတယ္။

” ဒီကိစၥက တကယ္ကို ဆိုး႐ြားတဲ့ရည္႐ြယ္ခ်က္ရွိေနပါတယ္။ ေဘာလုံးေလာကဟာ တစုတစည္း၊ တညီတၫြတ္တည္း ရွိေနဖို႔လိုပါတယ္။ ဥေရာပေဘာလုံးသမိုင္းကို ကြၽန္ေတာ္တို႔ ေလးစားရပါမယ္။ ဒီၿပိဳင္ပြဲဟာ ေနာက္ကြယ္က အႀကံဆိုးနဲ႔ စီစဥ္တာျဖစ္​ပါတယ္။ ”

” ကြၽန္ေတာ့္အျမင္အရ ဒါဟာ ပရီးမီးယားလိဂ္ကို ဝါးမ်ိဳးသြားမယ့္ ပေရာဂ်က္တခုလို႔ ျမင္ပါတယ္။ ေဘာလုံးကစားရင္း လူတိုင္းရဲ႕အိပ္မက္ေတြကို ေအာင္ျမင္ေအာင္ အေကာင္အထည္ေဖာ္ႏိုင္ရပါမယ္။ လူသားတဦးခ်င္းစီတိုင္း ေဘာလုံးကစားႏိုင္ခြင့္ ရွိရပါမယ္ ”

” ဒီအခ်က္ေတြကို ဖ်က္စီးပစ္မယ့္ အခုဒီအစီအစဥ္ကေတာ့ ေဘာလုံးကမာၻရဲ႕ အနာဂတ္ကိုပါ ဖ်က္ဆီးသြားမယ္လို႔ ကြၽန္ေတာ္ျမင္ပါတယ္။ ဒါေၾကာင့္ ဒီပေရာဂ်က္​က ႐ုပ္လုံးေပၚလာဖို႔ မရွိပါဘူး ” လို႔ အာဆင္ဝင္းဂါးက ဥေရာပစူပါလိဂ္ဆိုတဲ့ အင္အားႀကီးအသင္းေတြသာ သီးသန္႔ပါဝင္ယွဥ္ၿပိဳင္ၾကမယ့္ ၿပိဳင္ပြဲအသစ္ကို ဆန္႔က်င္ေၾကာင္း လူသိရွင္ၾကား ထုတ္ေဖာ္သြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.