Premier League

ရော်နယ်လ်ဒိုကိုခေါက်ထားလိုက်လို့ အတ္တလန်တာကို ရှုံးခဲ့တာကြောင့် စုပ်လည်းစူး စားလည်းရူးဖြစ်သွားရတဲ့ နည်းပြပီယာလို

စကူဒတ်တိုဖလားကို ၉ နှစ်ဆက် သိမ်းပိုက်ပြီးအီတလီကို ဆယ်စုနှစ်တခုကြာ တသမတ်တည်း လွှမ်းမိုးထားဖို့ ကြံစည်နေတဲ့ အိုးလေဒီတို့ရဲ့ ရည်ရွယ်ချက်ဟာ အခု ၁၀ နှစ်မြောက်မှာတော့ ပျက်စီးခဲ့ပြီဖြစ်ပြီး ဒါက နည်းပြအ​ပြောင်းအလဲ၊ ပီယာလို နဲ့ ရော်နယ်ဒိုတို့နဲ့ တိုက်ရိုက်သက်ဆိုင်နေတယ်။

ပြီးခဲ့တဲ့ အတ္တလန်တာနဲ့ပွဲမှာ ရော်နယ်လ်ဒို ဝင်မကစားခြင်း မရှိခဲ့ဘူး။ ဂျူဗင်တပ်စ်ရှုံးတယ်။ ဒါက ရော်နယ်လ်ဒို မပါတဲ့ ၄ ပွဲစလုံးကို ဂျူဗင်တပ်စ်က ရှုံးနိမ့်ခြင်းဖြစ်တယ်။ အချက်အလက်က သက်သေပြနေတယ်။

ရော်နယ်လ်ဒိုမပါလို့ အတ္တလန်တာကို ရှုံးခဲ့တဲ့ပွဲမှာ နည်းပြခေါက်ထားတာလား ဒဏ်ရာကြောင့်လားဆိုတာ သို့လော သို့လော ဖြစ်စရာရှိလာနေသလို အသင်းရဲ့အတွင်းရေးမှာ အက်ကွဲမှုတွေ ရှိနေတယ်။ ဂျီနိုအာနဲ့ပွဲမှာ ရော်နယ်လ်ဒိုက ဂိုးမသွင်းခဲ့ရလို့ တသင်းလုံးကို ပတ်ရမ်းသွားခဲ့တယ်။

အဲဒီပွဲမှာ အသင်းဂျာစီကိုပါ ကြမ်းပေါ်ပစ်ပေါက်ခဲ့လို့ နည်းပြပီယာလိုက သူ့ကို နောင်ကျဥ်အောင် ကြိတ်ထားတာကြောင့် အတ္တလန်တာနဲ့ပွဲမှာ လူကြားကောင်းအောင် ဒဏ်ရာကို အကြောင်းပြပြီး ဝင်မကစားခိုင်းတာလို့ သတင်းတွေက ထွက်နေတယ်။

လက်ရှိမှာ ရော်နယ်လ်ဒိုနဲ့ ဂျူဗင်တပ်စ်တသင်းလုံးရဲ့ ဆက်ဆံရေးက စကူဒတ်တိုကို လက်လွှတ်လိုက်ရချိန်ကစလို့ လုံးဝဥသုံ ပြိုကွဲသွားနိုင်ပါတယ်ဆိုတဲ့ ယူဆချက်တွေကို ပီယာလိုရဲ့ ဆုံးမမှုတွေက ထပ်ထိုးပြီး လောင်မြိုက်စေခဲ့တယ်။

အတ္တလန်တာက ဝါးအစည်းပြေနေတဲ့ အိုးလေဒီကို အနိုင်ယူပြီး အဆင့် ၃ ကို ခုန်တက်ကာ အခွင့်ကောင်းယူသွားတယ်။ ဂျူဗင်တပ်စ်က မြေနိမ့်ရာ လှံထိုးခံရပြီး ရပ်တည်မှု အဆင့် ၄ ကနေ အဆင့် ၄ နဲ့ ၂ မှတ်အဖြတ်ခံလိုက်ရတယ်။ ဒါကနေ ရာသီအသိမ်းမှာ ချန်ပီယံလိဂ်ဝင်ခွင့်အထိပါ စိုးရိမ်လာရတယ်။

သူ့အောက်မှာ ရပ်တည်နေတဲ့ နာပိုလီနဲ့ လာဇီယိုတို့က တပွဲလျော့ကစားထားပြီး ၃ မှတ်နဲ့ ၄ မှတ်အကွာကနေ ဖိအားပေးလါလို့ဖြစ်တယ်။ ဒါက ပီယာလိုရဲ့လည်ပင်းကို ညှစ်ထားသလိုပါပဲ။ ရော်နယ်လ်ဒိုရဲ့ ပြဿနာကို သူဘယ်လိုရှင်းမလဲ? ရာသီအသိမ်းမှာ ဂျူဗင်တပ်စ်ရဲ့ ဥရောပမျက်နှာပျက်ရမယ့် အခြေအနေက ဆိုက်လာတော့မလား?

ရော်နယ်လ်ဒိုမပါတိုင်း အသင်းက ရှုံးတယ်။ ရော်နယ်လ်ဒိုပါတိုင်းလည်း အသင်းက စိတ်မချရဘဲ ကျီးလန့်စာစား အခြေအနေဆိုးကို ကြုံနေရတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်တော့ ဒဏ်ရာအကြောင်းပြပြီး ခေါက်ထားတဲ့ သူ့ကို ပြန်အားကိုးရဦးမှာဖြစ်ပြီး ပီယာလိုက မီးကိုကိုင်ထားရသလို ယက်ကန်ယက်ကန်နဲ့ စုပ်လည်းစူး စားလည်းရူးဖြစ်နေရတယ်။

ပြင်းထန်နေတဲ့ အဆင့် ၄ တိုက်ပွဲအတွက်တော့ ရော်လ်နယ်ဒိုဆီက နောက်ဆုံးလက်ကျန်​ခြေစွမ်းတွေကို ညှစ်ထုတ်နိုင်ပြီး ရာသီကုန်မှာ ပေါ်တူဂီသားနဲ့လမ်းခွဲရုံမှတပါး အခြားမရှိတော့ပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
စကူဒတ္တိုဖလားကို ၉ ႏွစ္ဆက္ သိမ္းပိုက္ၿပီးအီတလီကို ဆယ္စုႏွစ္တခုၾကာ တသမတ္တည္း လႊမ္းမိုးထားဖို႔ ႀကံစည္ေနတဲ့ အိုးေလဒီတို႔ရဲ႕ ရည္႐ြယ္ခ်က္ဟာ အခု ၁၀ ႏွစ္ေျမာက္မွာေတာ့ ပ်က္စီးခဲ့ၿပီျဖစ္ၿပီး ဒါက နည္းျပအ​ေျပာင္းအလဲ၊ ပီယာလို နဲ႔ ေရာ္နယ္ဒိုတို႔နဲ႔ တိုက္႐ိုက္သက္ဆိုင္ေနတယ္။

ၿပီးခဲ့တဲ့ အတၱလန္တာနဲ႔ပြဲမွာ ေရာ္နယ္လ္ဒို ဝင္မကစားျခင္း မရွိခဲ့ဘူး။ ဂ်ဴဗင္တပ္စ္ရႈံးတယ္။ ဒါက ေရာ္နယ္လ္ဒို မပါတဲ့ ၄ ပြဲစလုံးကို ဂ်ဴဗင္တပ္စ္က ရႈံးနိမ့္ျခင္းျဖစ္တယ္။ အခ်က္အလက္က သက္ေသျပေနတယ္။

ေရာ္နယ္လ္ဒိုမပါလို႔ အတၱလန္တာကို ရႈံးခဲ့တဲ့ပြဲမွာ နည္းျပေခါက္ထားတာလား ဒဏ္ရာေၾကာင့္လားဆိုတာ သို႔ေလာ သို႔ေလာ ျဖစ္စရာရွိလာေနသလို အသင္းရဲ႕အတြင္းေရးမွာ အက္ကြဲမႈေတြ ရွိေနတယ္။ ဂ်ီႏိုအာနဲ႔ပြဲမွာ ေရာ္နယ္လ္ဒိုက ဂိုးမသြင္းခဲ့ရလို႔ တသင္းလုံးကို ပတ္ရမ္းသြားခဲ့တယ္။

အဲဒီပြဲမွာ အသင္းဂ်ာစီကိုပါ ၾကမ္းေပၚပစ္ေပါက္ခဲ့လို႔ နည္းျပပီယာလိုက သူ႔ကို ေနာင္က်ဥ္ေအာင္ ႀကိတ္ထားတာေၾကာင့္ အတၱလန္တာနဲ႔ပြဲမွာ လူၾကားေကာင္းေအာင္ ဒဏ္ရာကို အေၾကာင္းျပၿပီး ဝင္မကစားခိုင္းတာလို႔ သတင္းေတြက ထြက္ေနတယ္။

လက္ရွိမွာ ေရာ္နယ္လ္ဒိုနဲ႔ ဂ်ဴဗင္တပ္စ္တသင္းလုံးရဲ႕ ဆက္ဆံေရးက စကူဒတ္တိုကို လက္လႊတ္လိုက္ရခ်ိန္ကစလို႔ လုံးဝဥသုံ ၿပိဳကြဲသြားႏိုင္ပါတယ္ဆိုတဲ့ ယူဆခ်က္ေတြကို ပီယာလိုရဲ႕ ဆုံးမမႈေတြက ထပ္ထိုးၿပီး ေလာင္ၿမိဳက္ေစခဲ့တယ္။

အတၱလန္တာက ဝါးအစည္းေျပေနတဲ့ အိုးေလဒီကို အႏိုင္ယူၿပီး အဆင့္ ၃ ကို ခုန္တက္ကာ အခြင့္ေကာင္းယူသြားတယ္။ ဂ်ဴဗင္တပ္စ္က ေျမနိမ့္ရာ လွံထိုးခံရၿပီး ရပ္တည္မႈ အဆင့္ ၄ ကေန အဆင့္ ၄ နဲ႔ ၂ မွတ္အျဖတ္ခံလိုက္ရတယ္။ ဒါကေန ရာသီအသိမ္းမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္အထိပါ စိုးရိမ္လာရတယ္။

သူ႔ေအာက္မွာ ရပ္တည္ေနတဲ့ နာပိုလီနဲ႔ လာဇီယိုတို႔က တပြဲေလ်ာ့ကစားထားၿပီး ၃ မွတ္နဲ႔ ၄ မွတ္အကြာကေန ဖိအားေပးလါလို႔ျဖစ္တယ္။ ဒါက ပီယာလိုရဲ႕လည္ပင္းကို ညႇစ္ထားသလိုပါပဲ။ ေရာ္နယ္လ္ဒိုရဲ႕ ျပႆနာကို သူဘယ္လိုရွင္းမလဲ? ရာသီအသိမ္းမွာ ဂ်ဴဗင္တပ္စ္ရဲ႕ ဥေရာပမ်က္ႏွာပ်က္ရမယ့္ အေျခအေနက ဆိုက္လာေတာ့မလား?

ေရာ္နယ္လ္ဒိုမပါတိုင္း အသင္းက ရႈံးတယ္။ ေရာ္နယ္လ္ဒိုပါတိုင္းလည္း အသင္းက စိတ္မခ်ရဘဲ က်ီးလန္႔စာစား အေျခအေနဆိုးကို ႀကဳံေနရတယ္။ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ေတာ့ ဒဏ္ရာအေၾကာင္းျပၿပီး ေခါက္ထားတဲ့ သူ႔ကို ျပန္အားကိုးရဦးမွာျဖစ္ၿပီး ပီယာလိုက မီးကိုကိုင္ထားရသလို ယက္ကန္ယက္ကန္နဲ႔ စုပ္လည္းစူး စားလည္း႐ူးျဖစ္ေနရတယ္။

ျပင္းထန္ေနတဲ့ အဆင့္ ၄ တိုက္ပြဲအတြက္ေတာ့ ေရာ္လ္နယ္ဒိုဆီက ေနာက္ဆုံးလက္က်န္​ေျခစြမ္းေတြကို ညႇစ္ထုတ္ႏိုင္ၿပီး ရာသီကုန္မွာ ေပၚတူဂီသားနဲ႔လမ္းခြဲ႐ုံမွတပါး အျခားမရွိေတာ့ပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.