Analysis Article Match Report Premier League

ဝုလ်ဗ်စ်နဲ့ပွဲမှာ တန်းဆင်းပြီး တချို့အသင်းတွေကို ဘဝနဲ့ရင်းရတဲ့ သင်ခန်းစာပေးခဲ့တဲ့ ရှက်ဖီးလ်

ရှက်ဖီးလ်ဒ်ယူနိုက်တက်အသင်းအနေနဲ့တော့ ပရီးမီးယားလိဂ်ကို ၂၀၁၈-၁၉ ရာသီမှာ တန်းတက်လာခဲ့အပြီးမှာ ထူးထူးခြားခြားတွေ လုပ်ပြနိုင်ခဲ့ပေမယ့် ညကပွဲမှာတော့ ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်အသင်းကို တစ်ဂိုးတည်းနဲ့ ရှုံးနိမ့်ပြီး နေရာဟောင်းဆီ တန်းဆင်းရတော့မှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ် ၃၂ အပြီး ကစားဖို့ ၆ ပွဲကျန်ချိန်မှာ ၁၄ မှတ်သာ ရသေးပြီး အဆင့် ၁၇ နေရာက ဘန်လေနဲ့ ၁၇ မှတ်အထိ ကွာဟနေတဲ့ အဆင့် ၂၀ ရှက်ဖီးလ်ဒ်ဟာ မှားယွင်းတဲ့ စီမံခန့်ခွဲမှုတွေနဲ့အတူ လာရာလမ်းကို ပြန်လှည့်ခဲ့ရပြီး ငွေသုံးစွဲခဲ့ပေမယ့် ကစားသမား ခေါ်ယူမှုတွေကပဲ သူတို့ကို ပြန်သတ်သလို ဖြစ်သွားခဲ့တာပါ။

မနှစ်က အားလုံးချီးကျူးခဲ့ရပြီး ဒီရာသီမှာ မျက်နှာပျက်ခဲ့ရတဲ့ ခရစ္စ ဝိုင်လ်ဒါကို ထုတ်ပယ်ခဲ့ပြီး တန်းမဆင်းအောင် ခန့်အပ်လိုက်တဲ့ နည်းပြက နာမည်တောင် ဘယ်သူမှ မကြားဖူးတဲ့ ဟက်ကင်ဘော့တွန်ဆိုသူဖြစ်နေတာကလည်း အသင်းတာဝန်ရှိသူတွေရဲ့ မှားယွင်းတဲ့ ဦးဆောင်မှုတွေကို ပြသနေတဲ့ ပုံရိပ်တစ်ခုလည်းဖြစ်ခဲ့ပါတယ်။

မနေ့ညကတော့ မိုလီနူးကွင်းမှာ အဒါမာ ထရာအိုရေးရဲ့ ဖန်တီးမှုကို ဝီလီယန် ဂျိုဆေးက ပွဲချိန် မိနစ် ၆၀ မှာ အနီးကပ်ပိတ်သွင်းပြီး ဘလိတ်ဓားတွေကို ချန်ပီယံရှစ်ဆီ ပို့ခဲ့တာဖြစ်ပြီး မနှစ်က ယူရိုပါလိဂ်ဝင်ခွင့်ကို လုခဲ့တဲ့အထိ အောင်မြင်ခဲ့တဲ့ အသင်းအနေနဲ့တော့ ဒီရာသီဟာ စိတ်ပျက်စရာ အနန္တဖြစ်နေခဲ့တာပါ။

သူတို့အသင်းရဲ့ ကစားသမား ခေါ်ယူမှုတွေကတော့ မခေါ်တာမှ ပိုကောင်းဦးမယ်ဆိုသလိုဖြစ်နေခဲ့ပြီး ၂၀၂၀ ဆောင်းရာသီက စတင်လိုက်တဲ့ မထိုက်တန်တဲ့ ပြောင်းရွှေ့ကြေးရှင် ဆန်ဒါ ဘာဂါဟာ ကျရှုံးမှုတွေရဲ့ အစဖြစ်ခဲ့သလို လန်းစ်ထရမ်တို့အုပ်စုရဲ့ စည်းလုံးမှုကို ဖျက်ဆီးပြီး ယူရိုပါလိဂ်ကို ဝင်ခွင့်ရနိုင်တဲ့ အမှတ်တချို့ကိုပါ ဖျောက်ဖျက်ပစ်ခဲ့တာဖြစ်ပါတယ်။

ဒီရာသီမှာတော့ ဟန်ဒါဆန် ပြန်သွားချိန်မှာ ဘုန်းမောက်နဲ့ တစ်ရာသီအတွင်း ၆၂ ဂိုး ပေးခဲ့ရတဲ့ ဝိုင်လ်ဒါကို ရမ်းစ်ဒေးလ်က ဆေးကြီးကြီးထိုးခဲ့ပြီး တိုက်စစ်မှာတော့ ဘရူးစတားက လီဗာပူးလ်တို့ လုပ်ရက်တယ်လို့ပဲ ပြောရမယ့်အချိန်မှာ ကျန်တဲ့ ကစားသမား ခေါ်ယူမှုတွေဖြစ်တဲ့ မက်စ်လိုး၊ ဘိုဂယ်လ်၊ ဖိုဒါရင်ဂမ်၊ ဘာ့ခ်တို့လို ကစားသမားတွေဟာ အသင်းကို ဘာမှ အကျိုးမပြုနိုင်ခဲ့ဘဲ လူစာရင်းမှာပဲ အင်အားတိုးရုံဖြစ်ခဲ့တာပါ။

လစာမြင့်မြင့်နဲ့ ဈေးကြီးပေးခေါ်ထားရတဲ့ ကစားသမားတွေက ခြေစွမ်းမပြနိုင်ချိန်မှာ သူတို့တွေဟာ အခွင့်ထူးခံတွေလို ဖြစ်လာခဲ့ပြီး အသင်းရဲ့ စည်းလုံးမှုကိုလည်း ပြိုကွဲစေတတ်တာကို ရှက်ဖီးလ်ဒ်က ပြသခဲ့သလို ဒါတွေကို ပရီးမီးယားလိဂ်အသင်းကြီးတွေအနေနဲ့ သင်ခန်းစာရယူမှာဖြစ်ပြီး အာဆင်နယ်တို့လည်း အိုဇေးလ်၊ အူဘာမီယန်းတို့နဲ့ အသင်းကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ဖို့ သတိပေးခေါင်းလောင်းသံတစ်ခုလည်းဖြစ်ပါတယ်။

အသင်းပိုင်ရှင် ဆော်ဒီသူဌေးတွေအတွက်တော့ သူတို့ရဲ့ ရည်မှန်းချက်တွေ ပျက်သုဉ်းခဲ့ရပြီဖြစ်ပြီး ချန်ပီယံရှစ်ကနေ တစ်နှစ်ပြန်လည် အားယူရတော့မယ့်အချိန်မှာ ကစားသမားတွေကို ထိန်းသိမ်းနိုင်ဖို့နဲ့ အသင်းကို မြေလှန်ပစ်ဖို့ကလည်း တာဝန်ရှိသူတွေနဲ့ နည်းပြသစ်အတွက် ပြဿနာတစ်ခု ဖြစ်လာဦးမှာပါ။

ပရီးမီးယားလိဂ်ရဲ့ နတ်သမီးပုံပြင်တစ်ပုဒ် ရပ်တန့်ခဲ့ရချိန်မှာ ရှက်ဖီးလ်ဒ်ယူနိုက်တက်နဲ့ မြင်တွေ့ခဲ့ရတဲ့ တွေ့ဆုံကြုံကွဲဖြစ်ရပ်နဲ့ လုပ်တိုင်း ဖြစ်မယ်လို့ ယူဆပြီး ကစားသမားတွေကို ထင်ကြေးနဲ့ ခေါ်ယူခဲ့တဲ့ အပြုအမူတွေကတော့ အလားအလာအကောင်းဆုံး အသင်းတစ်သင်းက ပေးခဲ့တဲ့ သင်ခန်းစာယူစရာအဖြစ် ရှိနေတော့မှာဖြစ်ပြီး ပွဲစဉ် ၃၂ ဟာ သူတို့အတွက် ကြေကွဲမှုတွေ ပေးစွမ်းခဲ့ပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ရှက်ဖီးလ်ဒ်ယူနိုက်တက်အသင်းအနေနဲ့တော့ ပရီးမီးယားလိဂ်ကို ၂၀၁၈-၁၉ ရာသီမှာ တန်းတက်လာခဲ့အပြီးမှာ ထူးထူးခြားခြားတွေ လုပ်ပြနိုင်ခဲ့ပေမယ့် ညကပွဲမှာတော့ ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်အသင်းကို တစ်ဂိုးတည်းနဲ့ ရှုံးနိမ့်ပြီး နေရာဟောင်းဆီ တန်းဆင်းရတော့မှာ ဖြစ်ပါတယ်။