Premier League

“ရော်နယ်ဒိုကို အသင်းက အမြန်ဆုံးထုတ်ပစ်” ဂျူဗင်တပ်စ်ကို အကျိုးပြုလာမယ့် အယ်လီဂရီရဲ့ သတိပေးခေါင်းလောင်းသံလား

ဂျူဗင်တပ်စ်နည်းပြဟောင်း အယ်လီဂရီဟာ ၂၀၁၈ ခုနှစ်က နည်းပြရာထူးကို မစွန့်ခင်မှာ အသင်းဥက္ကဌ အန်ဒရေယာ အက်ဂ်နယ်လီကို သတိပေးစကားတခွန်း ပြောခဲ့ဖူးတယ်။ အဲဒါက ” ရော်နယ်လ်ဒိုကို အသင်းကနေ အမြန်ဆုံးထုတ်ပစ်ပါ။ သူက ငါတို့အသင်းရဲ့ တိုးတက်မှုကို ပိတ်ဆို့ထားတယ် ” ဆိုတာပါ။

လက်ရှိမှာ သတင်းတွေ အဖောင်းပွဆုံးဖြစ်လာပြီး အငြင်းအခုံတွေ အမြင့်တက်ဆုံးဖြစ်လာတာက အိုးလေဒီအသင်းနဲ့ ရော်နယ်လ်ဒိုတို့ လမ်းခွဲချိန်တန်ပြီဆိုတဲ့ ဝေဖန်မှုတွေပါ။ တဖက်နဲ့တဖက် အကျိုးမပြုနိုင်ဘဲ နှစ်ဖက်ရှုံးအခြေအနေကို ရင်ဆိုင်နေရတယ်။

ဒီအနေအထားမှာ ဂျူဗင်တပ်စ်က အနာခံပြီး သူ့ကို ဆက်ထိန်းထားသင့်လား? အမြန်ဆုံး ရောင်းထုတ်သင့်ပြီလား? ဆိုတဲ့ အဆုံးအဖြတ်ချိန်ကို ရောက်လာတယ်။ အနာခံရတယ်ဆိုတာက ပထမအချက်အနေနဲ့ ဂျူဗင်တပ်စ်က ဝင်ငွေအရ အရမ်းအထိနာချိန်ဖြစ်နေတယ်။

ဒါတွေက အဘက်ဘက်က တွက်ချက်မှုတွေ ရှိနေတယ်။ ရော်နယ်လ်ဒိုက သူ့ရဲ့ပုံရိပ်နဲ့ ဂျူဗင်တပ်စ်ရဲ့ပုံရိပ်ကိုထပ်ပြီး ရွှေကိုရွှေချင်းထပ် မြတ်တဲ့ပေါင်းဖက်မှုအဖြစ် ထင်မြင်နေချိန်မှာ တကယ့်ကိန်းဂဏန်းလက်တွေ့အခြေအနေက အများထင်သလို မဖြစ်ခဲ့ဘူး။

နောက်တချက်က ကွင်းတွင်းမှာ ကျရှုံးတယ်။ ရော်နယ်လ်ဒိုရောက်လာလို့ ဂျူဗင်တပ်စ်က နောက်တဆင့်မြင့်တဲ့အသင်းဖြစ်လာမယ်လို့ မျှော်လင့်ထားခဲ့ပေမယ့် အသင်းခြေစွမ်းနဲ့ အောင်မြင်မှုကို ကြည့်ရင် ဒုံရင်းကဒုံရင်းပဲ ဆိုတာကို မြင်တွေ့ရမှာဖြစ်လို့ ဒါဟာလည်း မှားယွင်းသွားခဲ့တယ်။

နောက်ထပ်တချက်ကတော့ လက်ရှိနည်းပြ ပီယာလိုရဲ့ ဘောလုံးဒဿနနဲ့ ရော်နယ်လ်ဒိုရဲ့ကစားပုံက ပြဒါးတလမ်း သံတလမ်းဖြစ်နေတယ်လို့ အမြင်ခံထားရတယ်။ ရော်နယ်လ်ဒိုကို အသင်းက အကျိုးမပြုနိုင်တော့သလို အသင်းကို ရော်နယ်လ်ဒိုက အကျိုးမပြုနိုင်တော့ဘူး။

ရော်နယ်လ်ဒိုက သူ့အကျိုးကိုတော့ သူပြုနေဆဲဖြစ်တယ်။ စီးရီးအေမှာ ၂၇ ပွဲကစားပြီး ၂၅ သွင်းထားပြန်တယ်။ ဒီနှစ်မှာ စီးရီးအေရွှေဖိနပ်ဆုက သူ့လက်ထဲရောက်လာတော့မယ့် တဦးချင်းအောင်မြင်မှုဖြစ်တယ်။ သူက တဦးချင်းဆုတံဆိပ်တွေကိုသာ ထိုင်ကြိတ်ချင်နေတဲ့သူလို့လည်း ကောင်းကောင်းအပြောခံထားရတယ်။

ဂျူဗင်တပ်စ်ကဘက်လည်း သူ့ကို တနှစ်ကို ယူရို ၃၁ သန်း ပေးချေရတယ်။ ဒီရင်းနှီးမြှုပ်နှံမှုမှာ အသင်းဘက်က ပြန်ရတာက သင်းတယ်။ ဒီနှစ်ချန်ပီယံလိဂ်က ပြုတ်တယ်။ ၁၆ သင်းအဆင့်နဲ့ ဖျာလိပ်ရတယ်။ ရော်နယ်လ်ဒိုရောက်လာတဲ့ ၂၀၁၈ ကစကြည့်ရင် ချန်ပီယံလိဂ်အမြင့်ဆုံးရောက်တာက ကွာတားအဆင့်သာဖြစ်တယ်။

ဒီနှစ်က ပိုဆိုးတယ်။ ဂျူဗင်တပ်စ်ရဲ့၁၀ နှစ်တာအတွင်း အဆိုးရွားဆုံးရာသီကို ရင်ဆိုင်ရတော့မယ်။ အတ္တလန်တာကို ရှုံးပြီးချိန်မှာ စကူဒတ်တိုဖလားကို မျှော်လင့်ချက်မဲ့သွားပြီ။ ဒီအမှတ်ပေးဖလားဆိုတာ ဂျူဗင်တပ်စ်က ၉ နှစ်ဆက်တိုက် သိမ်းပိုက်ခဲ့တာဖြစ်တယ်။ ဒါကြောင့် ပိုရင်နာနေကြတယ်။

အဆင့် ၅ ကို ဆင်းရတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့သာ ရွေးချယ်စရာရှိတော့တယ်။ အောင်မြင်မှုဆိုတာ မူးလို့ ရှုစရာတောင်မရှိတဲ့နှစ်ဖြစ်လာခဲ့တယ်။ ရာသီသိမ်းကို အဆင့် ၄ လုဖို့ ပြိုင်ဆိုင်ရမယ့် အခြေအနေ အိုးလေဒီရဲ့ သိက္ခာကို ကောင်းကောင်းသတ်ပါတယ်။

တသင်းလုံးအနေအထားမှာ စိတ်မကောင်းစရာတွေ တခုပြီးတခုဖြစ်လာတယ်။ ရော်နယ်လ်ဒိုကတော့ ရွှေဖိနပ်ဆုကို ပြေးပိုက်ဦးမယ်။ ဂျီနိုအာနဲ့ပွဲမှာ ဂိုးမရလို့ အဝတ်လဲခန်းနံရံကို လက်သီးနဲ့ထိုးတယ်။ ဂျာစီကို လွှင့်ပစ်တယ်။ အသင်းကို ဦးဆောင်ရမယ့်သူတယောက်က အသင်းတွင်း စည်းလုံးမှုကိုပါ ဖျက်ဆီးနေတယ်။

အခြေအနေတွေက ထင်းနေတယ်။ ” ရော်နယ်ဒိုကို အသင်းက အမြန်ဆုံးထုတ်ပစ် ” ဆိုတာ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက ဒါတွေကို ကြိုမြင်ခဲ့တဲ့ အယ်လီဂရီရဲ့ သတိပေးခေါင်းလောင်းသံဆိုတာ နောက်ကျအသိဖြစ်ခဲ့ပြီ။ ဒီထက်နောက်ကျရင် တကယ့်အကျိုးနည်းဖြစ်ကုန်မယ်။ ဂျူဗင်တပ်စ်က ဘာဆက်လုပ်သင့်လဲသာ ရွေးရတော့မယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဂ်ဴဗင္တပ္စ္နည္းျပေဟာင္း အယ္လီဂရီဟာ ၂၀၁၈ ခုႏွစ္က နည္းျပရာထူးကို မစြန႔္ခင္မွာ အသင္းဥကၠဌ အန္ဒေရယာ အက္ဂ္နယ္လီကို သတိေပးစကားတခြန္း ေျပာခဲ့ဖူးတယ္။ အဲဒါက ” ေရာ္နယ္လ္ဒိုကို အသင္းကေန အျမန္ဆုံးထုတ္ပစ္ပါ။ သူက ငါတို႔အသင္းရဲ႕ တိုးတက္မႈကို ပိတ္ဆို႔ထားတယ္ ” ဆိုတာပါ။

လက္ရွိမွာ သတင္းေတြ အေဖာင္းပြဆုံးျဖစ္လာၿပီး အျငင္းအခုံေတြ အျမင့္တက္ဆုံးျဖစ္လာတာက အိုးေလဒီအသင္းနဲ႔ ေရာ္နယ္လ္ဒိုတို႔ လမ္းခြဲခ်ိန္တန္ၿပီဆိုတဲ့ ေဝဖန္မႈေတြပါ။ တဖက္နဲ႔တဖက္ အက်ိဳးမျပဳႏိုင္ဘဲ ႏွစ္ဖက္ရႈံးအေျခအေနကို ရင္ဆိုင္ေနရတယ္။

ဒီအေနအထားမွာ ဂ်ဴဗင္တပ္စ္က အနာခံၿပီး သူ႔ကို ဆက္ထိန္းထားသင့္လား? အျမန္ဆုံး ေရာင္းထုတ္သင့္ၿပီလား? ဆိုတဲ့ အဆုံးအျဖတ္ခ်ိန္ကို ေရာက္လာတယ္။ အနာခံရတယ္ဆိုတာက ပထမအခ်က္အေနနဲ႔ ဂ်ဴဗင္တပ္စ္က ဝင္ေငြအရ အရမ္းအထိနာခ်ိန္ျဖစ္ေနတယ္။

ဒါေတြက အဘက္ဘက္က တြက္ခ်က္မႈေတြ ရွိေနတယ္။ ေရာ္နယ္လ္ဒိုက သူ႔ရဲ႕ပုံရိပ္နဲ႔ ဂ်ဴဗင္တပ္စ္ရဲ႕ပုံရိပ္ကိုထပ္ၿပီး ေ႐ႊကိုေ႐ႊခ်င္းထပ္ ျမတ္တဲ့ေပါင္းဖက္မႈအျဖစ္ ထင္ျမင္ေနခ်ိန္မွာ တကယ့္ကိန္းဂဏန္းလက္ေတြ႕အေျခအေနက အမ်ားထင္သလို မျဖစ္ခဲ့ဘူး။

ေနာက္တခ်က္က ကြင္းတြင္းမွာ က်ရႈံးတယ္။ ေရာ္နယ္လ္ဒိုေရာက္လာလို႔ ဂ်ဴဗင္တပ္စ္က ေနာက္တဆင့္ျမင့္တဲ့အသင္းျဖစ္လာမယ္လို႔ ေမွ်ာ္လင့္ထားခဲ့ေပမယ့္ အသင္းေျခစြမ္းနဲ႔ ေအာင္ျမင္မႈကို ၾကည့္ရင္ ဒုံရင္းကဒုံရင္းပဲ ဆိုတာကို ျမင္ေတြ႕ရမွာျဖစ္လို႔ ဒါဟာလည္း မွားယြင္းသြားခဲ့တယ္။

ေနာက္ထပ္တခ်က္ကေတာ့ လက္ရွိနည္းျပ ပီယာလိုရဲ႕ ေဘာလုံးဒႆနနဲ႔ ေရာ္နယ္လ္ဒိုရဲ႕ကစားပုံက ျပဒါးတလမ္း သံတလမ္းျဖစ္ေနတယ္လို႔ အျမင္ခံထားရတယ္။ ေရာ္နယ္လ္ဒိုကို အသင္းက အက်ိဳးမျပဳႏိုင္ေတာ့သလို အသင္းကို ေရာ္နယ္လ္ဒိုက အက်ိဳးမျပဳႏိုင္ေတာ့ဘူး။

ေရာ္နယ္လ္ဒိုက သူ႔အက်ိဳးကိုေတာ့ သူျပဳေနဆဲျဖစ္တယ္။ စီးရီးေအမွာ ၂၇ ပြဲကစားၿပီး ၂၅ သြင္းထားျပန္တယ္။ ဒီႏွစ္မွာ စီးရီးေအေ႐ႊဖိနပ္ဆုက သူ႔လက္ထဲေရာက္လာေတာ့မယ့္ တဦးခ်င္းေအာင္ျမင္မႈျဖစ္တယ္။ သူက တဦးခ်င္းဆုတံဆိပ္ေတြကိုသာ ထိုင္ႀကိတ္ခ်င္ေနတဲ့သူလို႔လည္း ေကာင္းေကာင္းအေျပာခံထားရတယ္။

ဂ်ဴဗင္တပ္စ္ကဘက္လည္း သူ႔ကို တႏွစ္ကို ယူ႐ို ၃၁ သန္း ေပးေခ်ရတယ္။ ဒီရင္းႏွီးျမႇဳပ္ႏွံမႈမွာ အသင္းဘက္က ျပန္ရတာက သင္းတယ္။ ဒီႏွစ္ခ်န္ပီယံလိဂ္က ျပဳတ္တယ္။ ၁၆ သင္းအဆင့္နဲ႔ ဖ်ာလိပ္ရတယ္။ ေရာ္နယ္လ္ဒိုေရာက္လာတဲ့ ၂၀၁၈ ကစၾကည့္ရင္ ခ်န္ပီယံလိဂ္အျမင့္ဆုံးေရာက္တာက ကြာတားအဆင့္သာျဖစ္တယ္။

ဒီႏွစ္က ပိုဆိုးတယ္။ ဂ်ဴဗင္တပ္စ္ရဲ႕၁၀ ႏွစ္တာအတြင္း အဆိုး႐ြားဆုံးရာသီကို ရင္ဆိုင္ရေတာ့မယ္။ အတၱလန္တာကို ရႈံးၿပီးခ်ိန္မွာ စကူဒတ္တိုဖလားကို ေမွ်ာ္လင့္ခ်က္မဲ့သြားၿပီ။ ဒီအမွတ္ေပးဖလားဆိုတာ ဂ်ဴဗင္တပ္စ္က ၉ ႏွစ္ဆက္တိုက္ သိမ္းပိုက္ခဲ့တာျဖစ္တယ္။ ဒါေၾကာင့္ ပိုရင္နာေနၾကတယ္။

အဆင့္ ၅ ကို ဆင္းရတယ္။ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔သာ ေ႐ြးခ်ယ္စရာရွိေတာ့တယ္။ ေအာင္ျမင္မႈဆိုတာ မူးလို႔ ရႈစရာေတာင္မရွိတဲ့ႏွစ္ျဖစ္လာခဲ့တယ္။ ရာသီသိမ္းကို အဆင့္ ၄ လုဖို႔ ၿပိဳင္ဆိုင္ရမယ့္ အေျခအေန အိုးေလဒီရဲ႕ သိကၡာကို ေကာင္းေကာင္းသတ္ပါတယ္။

တသင္းလုံးအေနအထားမွာ စိတ္မေကာင္းစရာေတြ တခုၿပီးတခုျဖစ္လာတယ္။ ေရာ္နယ္လ္ဒိုကေတာ့ ေ႐ႊဖိနပ္ဆုကို ေျပးပိုက္ဦးမယ္။ ဂ်ီႏိုအာနဲ႔ပြဲမွာ ဂိုးမရလို႔ အဝတ္လဲခန္းနံရံကို လက္သီးနဲ႔ထိုးတယ္။ ဂ်ာစီကို လႊင့္ပစ္တယ္။ အသင္းကို ဦးေဆာင္ရမယ့္သူတေယာက္က အသင္းတြင္း စည္းလုံးမႈကိုပါ ဖ်က္ဆီးေနတယ္။

အေျခအေနေတြက ထင္းေနတယ္။ ” ေရာ္နယ္ဒိုကို အသင္းက အျမန္ဆုံးထုတ္ပစ္ ” ဆိုတာ လြန္ခဲ့တဲ့ ၃ ႏွစ္ကတည္းက ဒါေတြကို ႀကိဳျမင္ခဲ့တဲ့ အယ္လီဂရီရဲ႕ သတိေပးေခါင္းေလာင္းသံဆိုတာ ေနာက္က်အသိျဖစ္ခဲ့ၿပီ။ ဒီထက္ေနာက္က်ရင္ တကယ့္အက်ိဳးနည္းျဖစ္ကုန္မယ္။ ဂ်ဴဗင္တပ္စ္က ဘာဆက္လုပ္သင့္လဲသာ ေ႐ြးရေတာ့မယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.