Premier League

ကျောင်းတော်ကရန်စရှိတဲ့ အာဆင််နယ်ကို ယူရိုပါလိဂ်ဖိုင်နယ်မှာ ယူနိုက်တက်က ချေမှုန်းလိမ့်မယ်လို့ ပေါလ်စခိုးလ်အတပ်ဟော

ပရီးမီးယားလိဂ်ရဲ့ အခါးသီးဆုံးရန်ဘက်တွေဖြစ်တဲ့ ယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတို့ဟာ ယူရိုပါလိဂ်ဖိုင်နယ်မှာ ထိပ်တိုက်တွေ့ဆုံသွားဖို့ ရှိနေပြီး မိမိအသင်းဟောင်းဟာ ကျောင်းတော်ကရန်စရှိတဲ့ ပြိုင်ဘက် အာဆင်နယ်ကို ချေမှုန်းသွားလိမ့်မယ်လို့ ယူနိုက်တက်ကစားသမားကြီး ပေါလ်စခိုးလ်က အတပ်ဟောသွားခဲ့ပါတယ်။

ပေါလ်စခိုးလ်အနေနဲ့ မီခေးလ် အာတီတာရဲ့ အာဆင်နယ်ဟာ ယူရိုပါလိဂ်ဆီမီးမှာ ဗီလာရီးရဲလ်ကို ကျော်ဖြတ်နိုင်မယ်လို့ ယူဆထားတာဖြစ်ပြီး ဗိုလ်လုပွဲကို တက်လာဖို့ အာဆင်နယ်က သူ့အလုပ်သူလုပ်သွားနိုင်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မန်စီးတီးကို အနိုင်ကန်ပြီး FA ဖလားဗိုလ်ဖြစ်ခဲ့တဲ့ အာတီတာရဲ့ ဆိုးလ်ရှားထက်သာတဲ့ အတွေ့အကြုံကလည်း လျှော့တွက်မရတဲ့ အားတခုဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

တဖက်ခြမ်းက ယူနိုက်တက်ကလည်း ရိုးမားကို အနိုင်ကစားမှာဖြစ်လို့ ဒီနှစ် ယူရိုပါလိဂ်ဖိုင်နယ်ဟာ အင်္ဂလန်အသင်းအချင်းချင်း ထိပ်တိုက်တွေ့ဆုံမယ့်နှစ်လို့ သူက အထူးတလည် မျှော်လင့်ပြီး အခိုင်အမာ ယုံကြည်နေတာလည်းဖြစ်ပါတယ်။

ဥရောပပြိုင်ပွဲအဆင့်မှာ all-English Final အဖြစ် ကစားရတဲ့နှစ်တွေဟာ ပရီးမီးယားလိဂ်ရဲ့ အမြင့်ပျံနှစ်ကာလတွေဖြစ်ခဲ့ပြီး လက်ရှိမှာလည်း ဒီဖြစ်ရပ်ဟာ တကျော့ပြန်ရောက်ရှိလာဖွယ် စိတ်လှုပ်ရှားမှုတခုဖြစ်နေတယ်။

ဒါ့အပြင် ပိုပြီးရင်ခုန်စရာကောင်းစေတာက ဥရောပဗိုလ်လုပွဲမှာ ယူနိုက်တက် Vs အာဆင်နယ် ဆိုတာ လူတိုင်း ရင်ခုန်သံမြန်စေမယ့် အနေအထားလည်းဖြစ်ပါတယ်။ ဘောလုံးပရိသတ်တွေကို အမြင့်ဆုံး နှိုးဆွပေးမယ့် အိပ်မက်တခုဆိုရင်လည်း မမှားနိုင်ပါဘူး။

” သိပ်ကိုမိုက်တဲ့ပွဲကို ကျွန်တော်တို့ ကြည့်ရလိမ့်မယ်။ အာဆင်နယ်နဲ့ ဆုံတဲ့ ဗိုလ်လုပွဲမှာတော့ ကျွန်တော့်အသင်းကပဲ နိုင်ရမှာပေါ့ဗျာ။ ယူနိုက်တက်က ဘယ်အသင်းနဲ့တွေ့တွေ့ ဂရုစိုက်စိုးရိမ်နေမှာမဟုတ်ပါဘူး ”

” အာဆင်နယ်ရဲ့ အားသာချက်တခုက ပြီးခဲ့တဲ့နှစ်က FA ဖလားဖိုင်နယ်မှာ မန်စီးတီးကို အနိုင်ယူထားဖူးတယ်။ အာတီတာက ပွဲကြီး၊ ဗိုလ်လုပွဲကြီး အနိုင်ကန်ဖူးတဲ့ ဒီလိုအတွေ့အကြုံမျိုး ရှိနေတယ်။ ”

ဒီနှစ်က သူတို့ရဲ့ခြေစွမ်းက သိပ်မကောင်းပေမယ့် ဒီတချက်က ခပ်ပါးပါးတော့ သတိထားရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ယူနိုက်တက်ကပဲ ဗိုလ်ဝင်ခံလိမ့်မယ် ” လို့ ပေါလ်စခိုးလ်က ပြောသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ပရီးမီးယားလိဂ္ရဲ႕ အခါးသီးဆုံးရန္ဘက္ေတြျဖစ္တဲ့ ယူႏိုက္တက္နဲ႔ အာဆင္နယ္အသင္းတို႔ဟာ ယူ႐ိုပါလိဂ္ဖိုင္နယ္မွာ ထိပ္တိုက္ေတြ႕ဆုံသြားဖို႔ ရွိေနၿပီး မိမိအသင္းေဟာင္းဟာ ေက်ာင္းေတာ္ကရန္စရွိတဲ့ ၿပိဳင္ဘက္ အာဆင္နယ္ကို ေခ်မႈန္းသြားလိမ့္မယ္လို႔ ယူႏိုက္တက္ကစားသမားႀကီး ေပါလ္စခိုးလ္က အတပ္ေဟာသြားခဲ့ပါတယ္။

ေပါလ္စခိုးလ္အေနနဲ႔ မီေခးလ္ အာတီတာရဲ႕ အာဆင္နယ္ဟာ ယူ႐ိုပါလိဂ္ဆီမီးမွာ ဗီလာရီးရဲလ္ကို ေက်ာ္ျဖတ္ႏိုင္မယ္လို႔ ယူဆထားတာျဖစ္ၿပီး ဗိုလ္လုပြဲကို တက္လာဖို႔ အာဆင္နယ္က သူ႔အလုပ္သူလုပ္သြားႏိုင္မယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ မန္စီးတီးကို အႏိုင္ကန္ၿပီး FA ဖလားဗိုလ္ျဖစ္ခဲ့တဲ့ အာတီတာရဲ႕ ဆိုးလ္ရွားထက္သာတဲ့ အေတြ႕အႀကဳံကလည္း ေလွ်ာ့တြက္မရတဲ့ အားတခုျဖစ္တယ္လို႔ ေျပာသြားခဲ့ပါတယ္။

တဖက္ျခမ္းက ယူႏိုက္တက္ကလည္း ႐ိုးမားကို အႏိုင္ကစားမွာျဖစ္လို႔ ဒီႏွစ္ ယူ႐ိုပါလိဂ္ဖိုင္နယ္ဟာ အဂၤလန္အသင္းအခ်င္းခ်င္း ထိပ္တိုက္ေတြ႕ဆုံမယ့္ႏွစ္လို႔ သူက အထူးတလည္ ေမွ်ာ္လင့္ၿပီး အခိုင္အမာ ယုံၾကည္ေနတာလည္းျဖစ္ပါတယ္။

ဥေရာပၿပိဳင္ပြဲအဆင့္မွာ all-English Final အျဖစ္ ကစားရတဲ့ႏွစ္ေတြဟာ ပရီးမီးယားလိဂ္ရဲ႕ အျမင့္ပ်ံႏွစ္ကာလေတြျဖစ္ခဲ့ၿပီး လက္ရွိမွာလည္း ဒီျဖစ္ရပ္ဟာ တေက်ာ့ျပန္ေရာက္ရွိလာဖြယ္ စိတ္လႈပ္ရွားမႈတခုျဖစ္ေနတယ္။

ဒါ့အျပင္ ပိုၿပီးရင္ခုန္စရာေကာင္းေစတာက ဥေရာပဗိုလ္လုပြဲမွာ ယူႏိုက္တက္ Vs အာဆင္နယ္ ဆိုတာ လူတိုင္း ရင္ခုန္သံျမန္ေစမယ့္ အေနအထားလည္းျဖစ္ပါတယ္။ ေဘာလုံးပရိသတ္ေတြကို အျမင့္ဆုံး ႏႈိးဆြေပးမယ့္ အိပ္မက္တခုဆိုရင္လည္း မမွားႏိုင္ပါဘူး။

” သိပ္ကိုမိုက္တဲ့ပြဲကို ကြၽန္ေတာ္တို႔ ၾကည့္ရလိမ့္မယ္။ အာဆင္နယ္နဲ႔ ဆုံတဲ့ ဗိုလ္လုပြဲမွာေတာ့ ကြၽန္ေတာ့္အသင္းကပဲ ႏိုင္ရမွာေပါ့ဗ်ာ။ ယူႏိုက္တက္က ဘယ္အသင္းနဲ႔ေတြ႕ေတြ႕ ဂ႐ုစိုက္စိုးရိမ္ေနမွာမဟုတ္ပါဘူး ”

” အာဆင္နယ္ရဲ႕ အားသာခ်က္တခုက ၿပီးခဲ့တဲ့ႏွစ္က FA ဖလားဖိုင္နယ္မွာ မန္စီးတီးကို အႏိုင္ယူထားဖူးတယ္။ အာတီတာက ပြဲႀကီး၊ ဗိုလ္လုပြဲႀကီး အႏိုင္ကန္ဖူးတဲ့ ဒီလိုအေတြ႕အႀကဳံမ်ိဳး ရွိေနတယ္။ ”

ဒီႏွစ္က သူတို႔ရဲ႕ေျခစြမ္းက သိပ္မေကာင္းေပမယ့္ ဒီတခ်က္က ခပ္ပါးပါးေတာ့ သတိထားရမယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ယူႏိုက္တက္ကပဲ ဗိုလ္ဝင္ခံလိမ့္မယ္ ” လို႔ ေပါလ္စခိုးလ္က ေျပာသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.