Match Report Premier League

မန်စီးတီးရဲ့ ဖလား ၄ လုံး အိပ်မက်ကို ရိုက်ချိုးပြီး FA ဖလား ဖိုင်နယ်တက်တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့ပွဲမှာ အက်ဖ်အေဖလားကို အလေးထားတဲ့ ပုံစံနဲ့ ပွဲထွက်လာခဲ့သလို မန်စီးတီးကတော့ အရန်ကစားသမား တချို့ကို အသုံးပြုခဲ့ပြီး ခံစစ်ကို ဦးစားပေးဖို့ ပြင်ဆင်လာချိန်မှာ ပုံမှန်အတိုင်း ကစားလာတဲ့ တူဟယ်လ်ရဲ့ ကစားကွက်က ပိုလှခဲ့သလို ဂွါဒီယိုလာကို ကောင်းကောင်း ဒုက္ခပေးနိုင်တာကို တွေ့မြင်ခဲ့ရပါတယ်။

ပွဲစစချင်းမှာတော့ နှစ်သင်းများ အရောင်မှား ဝတ်ထားသလားလို့ မေးခွန်းထုတ်စရာဖြစ်ခဲ့ပြီး ဘောလုံးကိုင်ကစားရမယ့်အသင်းနဲ့ တန်ပြန်တိုက်စစ်ကစားမယ့်အသင်းက လွဲနေခဲ့သလို မေဆန်မောင့်နဲ့ ကွန်တေ ဦးဆောင်တဲ့ ချဲလ်ဆီးကွင်းလယ်က အသင်းလိုက် အချိတ်အဆက်မိမိနဲ့ ကစားနိုင်နေချိန်မှာ ကွင်းလယ်မှာ ရိုဒရီ၊ ဖာနန်ဒင်ညိုနဲ့ ဒီဘရိုင်းနားတို့ တွဲဖက်မှု မကောင်းတဲ့ စီးတီးတို့ တန်ပြန်တိုက်စစ်ပဲ ကစားနေခဲ့ရတာပါ။

ပွဲအစ ၁၀ မိနစ်မှာ ချဲလ်ဆီးတို့ ဘောလုံးပိုင်ဆိုင်မှု ၆၅ ရာခိုင်နှုန်းအထိ ရခဲ့ချိန်မှာ စီးတီးတို့အနေနဲ့ ဒါကို ပြန်လည်ပြောင်းလဲနိုင်အောင် ကြိုးစားခဲ့ကြရပြီး ခံစစ်မှာ တွဲနေကျမဟုတ်တဲ့ ဒီယက်စ်နဲ့ လာပေါ့တ်တို့ရဲ့ Build-up Play က ၁၅ မိနစ်နောက်ပိုင်းမှာမှ အချိတ်အဆက် ပြန်ကောင်းခဲ့သလို ဘောလုံးပြန်ကိုင်လာနိုင်ခဲ့ပါတယ်။

ပွဲချိန် ၁၉ မိနစ်မှာ မန်စီးတီးရဲ့ Pressing ကို ချဲလ်ဆီးတို့ ဖောက်ထွက်သွားနိုင်ခဲ့ပြီး ညာတောင်ပံက ဂျိမ်းစ်ရဲ့ ဖြတ်တင်ဘောကို ချေးလ်ဝဲလ် Volley ကန်သွင်းတာက တိုင်ဘေးထွက်သွားခဲ့လို့ သက်သာခဲ့ရပြီး ဂျေဆူးစ်နဲ့ တောရက်စ်တို့ကတော့ ပုံစံကောင်းမရခဲ့သလို ဖာနန်ဒင်ညိုကတော့ ပြစ်ဒဏ်ဘော မကြာခဏဖြစ်နေပြီး ဘောလုံးအပျက်များခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

ဒီနောက်ပိုင်းမှာ တစ်သင်းနဲ့တစ်သင်း ဘောလုံးပိုင်ဆိုင်မှု သိပ်မကွာဘဲ အပြန်အလှန်ကစားနိုင်ခဲ့ကြပေမယ့် တိကျတဲ့ ဖန်တီးမှုနဲ့ အဆုံးသတ်ပိုင်းတွေကတော့ ကောင်းမွန်ခဲ့ခြင်း မရှိတာကြောင့် ပထမပိုင်းမှာ ချဲလ်ဆီးအသင်းက အနည်းငယ်သာလွန်တဲ့ ပုံစံနဲ့ သရေပွဲတစ်ပွဲအဖြစ်ပဲ ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ စီးတီးတို့ရဲ့ Pressing တွေ ပိုကောင်းလာခဲ့သလို စတာလင်ရဲ့ ပိုမိုကြိုးစားလာတဲ့ ကစားပုံနဲ့ တိုက်စစ်ဆင်ခဲ့ပေမယ့် မကြာခင်မှာပဲ ခြေကျင်းဝတ်ဒဏ်ရာရရှိသွားခဲ့တဲ့ ကွင်းလယ်ကြယ်ပွင့် ဒီဘရိုင်းနားကို ဖိုဒန်နဲ့ လူစားလဲခဲ့ရပါတယ်။

ပွဲချိန် ၅၅ မိနစ်မှာတော့ ချဲလ်ဆီးတို့ အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ ပထမပိုင်းမှာ လူကျွံနေလို့ ဂိုးမရခဲ့တဲ့ အတွဲဖြစ်တဲ့ တီမို ဗာနာကပဲ ချိုးပေးတာကို ဂိုးသမား စတက်ဖင် အာရုံများခဲ့ရာမှာတော့ ဇီးယက်ရှ်က အေးအေးဆေးဆေး ကန်သွင်းခွင့်ရသွားခဲ့တာဖြစ်ပါတယ်။

သုံးမိနစ်အကြာမှာ ရူဘင် ဒီယက်စ် ဖျက်တာ အတွက်အချက်လွဲပြီး ဇီးယက်ရှ် ကန်ခွင့်ရခဲ့ပေမယ့် စတက်ဖင် ပိတ်ဆို့သွားနိုင်ခဲ့ပြီး ဒီနောက်ပိုင်းမှာတော့ ကွင်းလယ်မှာ ဘောလုံးဖြန့်နိုင်ဖို့ ဖယ်ရန် တောရက်စ်အစား ဂွန်ဒိုးဝမ်ကို ထပ်ထည့်ခဲ့ရာမှာတော့ စီးတီးတို့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ပိုဖိကစားနိုင်ခဲ့ပါတယ်။

စိတ်ဓာတ်ရေးရာပိုင်းနဲ့ အသင်းကို ဦးဆောင်မောင်းနှင်နိုင်တဲ့ အပိုင်းမှာတော့ ဒီနေ့ပွဲမှာ ချဲလ်ဆီးက သာလွန်ခဲ့ပြီး မန်စီးတီးတို့ကတော့ အရည်အသွေးပိုင်းနဲ့ ပွဲကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ချိန်မှာ စတာလင်လို ကစားသမားမျိုးကတော့ အသင်းကို ဘယ်တော့မှ ဆွဲတင်နိုင်မှာ မဟုတ်တဲ့ Passenger တစ်ဦးအဖြစ်နဲ့ ကွင်းလယ်အဖျက်ကစားသမား ရိုဒရီလောက်တောင် တိုက်စစ်ကို အကျိုးမပြုနိုင်ခဲ့တာပါ။

ပွဲကစားချိန် မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပို ၄ မိနစ်မှာတော့ မန်စီးတီး ထောင့်ကန်ဘော ရရှိခဲ့ပြီး ရိုဒရီ ခေါင်းတိုက်ခဲ့ပေမယ့် ချဲလ်ဆီး ဂိုးသမား ကီပါက ကာကွယ်သွားနိုင်ခဲ့လို့ မန်စီးတီးတို့ နောက်ကျချေပဂိုးရရှိမယ့် အခွင့်အရေးကို ဆုံးရှုံးခဲ့ရပြန်ပါတယ်။

နာကျင်အချိန်ပို ၅ မိနစ်ပြည့်တဲ့အထိ နောက်ထပ် တစ်ဖက်နဲ့ တစ်ဖက် စီးတီးတို့ ချေပနိုင်ခြင်း မရှိခဲ့လို့ တူဟယ်လ်ရဲ့ ချဲလ်ဆီးအသင်းက တစ်ဂိုး-ဂိုးမရှိရလဒ်နဲ့ FA ဖလား ဖိုင်နယ်ကို တက်ရောက်သွားခဲ့ပြီး ဆောက်သမ်တန်-လက်စတာစီးတီးပွဲက တက်လာမယ့်အသင်းနဲ့ FA ဖလား ဖိုင်နယ်ကို ဆင်နွှဲရတော့မှာ ဖြစ်သလို ချဲလ်ဆီးနည်းပြသစ် တူဟယ်လ်အတွက်တော့ ရောက်ရောက်ချင်း ဖလားတစ်လုံး ပိုင်ဆိုင်ဖို့ အခွင့်အရေး အလွန်ကောင်းနေခဲ့ပြီဖြစ်ပါကြောင်း တင်ဆက်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔ပြဲမွာ အက္ဖ္ေအဖလားကို အေလးထားတဲ့ ပုံစံနဲ႔ ပြဲထြက္လာခဲ့သလို မန္စီးတီးကေတာ့ အရန္ကစားသမား တခ်ိဳ႕ကို အသုံးျပဳခဲ့ၿပီး ခံစစ္ကို ဦးစားေပးဖို႔ ျပင္ဆင္လာခ်ိန္မွာ ပုံမွန္အတိုင္း ကစားလာတဲ့ တူဟယ္လ္ရဲ႕ ကစားကြက္က ပိုလွခဲ့သလို ဂြါဒီယိုလာကို ေကာင္းေကာင္း ဒုကၡေပးႏိုင္တာကို ေတြ႕ျမင္ခဲ့ရပါတယ္။

ပြဲစစခ်င္းမွာေတာ့ ႏွစ္သင္းမ်ား အေရာင္မွား ဝတ္ထားသလားလို႔ ေမးခြန္းထုတ္စရာျဖစ္ခဲ့ၿပီး ေဘာလုံးကိုင္ကစားရမယ့္အသင္းနဲ႔ တန္ျပန္တိုက္စစ္ကစားမယ့္အသင္းက လြဲေနခဲ့သလို ေမဆန္ေမာင့္နဲ႔ ကြန္ေတ ဦးေဆာင္တဲ့ ခ်ဲလ္ဆီးကြင္းလယ္က အသင္းလိုက္ အခ်ိတ္အဆက္မိမိနဲ႔ ကစားႏိုင္ေနခ်ိန္မွာ ကြင္းလယ္မွာ ႐ိုဒရီ၊ ဖာနန္ဒင္ညိဳနဲ႔ ဒီဘ႐ိုင္းနားတို႔ တြဲဖက္မႈ မေကာင္းတဲ့ စီးတီးတို႔ တန္ျပန္တိုက္စစ္ပဲ ကစားေနခဲ့ရတာပါ။

ပြဲအစ ၁၀ မိနစ္မွာ ခ်ဲလ္ဆီးတို႔ ေဘာလုံးပိုင္ဆိုင္မႈ ၆၅ ရာခိုင္ႏႈန္းအထိ ရခဲ့ခ်ိန္မွာ စီးတီးတို႔အေနနဲ႔ ဒါကို ျပန္လည္ေျပာင္းလဲႏိုင္ေအာင္ ႀကိဳးစားခဲ့ၾကရၿပီး ခံစစ္မွာ တြဲေနက်မဟုတ္တဲ့ ဒီယက္စ္နဲ႔ လာေပါ့တ္တို႔ရဲ႕ Build-up Play က ၁၅ မိနစ္ေနာက္ပိုင္းမွာမွ အခ်ိတ္အဆက္ ျပန္ေကာင္းခဲ့သလို ေဘာလုံးျပန္ကိုင္လာႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၁၉ မိနစ္မွာ မန္စီးတီးရဲ႕ Pressing ကို ခ်ဲလ္ဆီးတို႔ ေဖာက္ထြက္သြားႏိုင္ခဲ့ၿပီး ညာေတာင္ပံက ဂ်ိမ္းစ္ရဲ႕ ျဖတ္တင္ေဘာကို ေခ်းလ္ဝဲလ္ Volley ကန္သြင္းတာက တိုင္ေဘးထြက္သြားခဲ့လို႔ သက္သာခဲ့ရၿပီး ေဂ်ဆူးစ္နဲ႔ ေတာရက္စ္တို႔ကေတာ့ ပုံစံေကာင္းမရခဲ့သလို ဖာနန္ဒင္ညိဳကေတာ့ ျပစ္ဒဏ္ေဘာ မၾကာခဏျဖစ္ေနၿပီး ေဘာလုံးအပ်က္မ်ားခဲ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။

ဒီေနာက္ပိုင္းမွာ တစ္သင္းနဲ႔တစ္သင္း ေဘာလုံးပိုင္ဆိုင္မႈ သိပ္မကြာဘဲ အျပန္အလွန္ကစားႏိုင္ခဲ့ၾကေပမယ့္ တိက်တဲ့ ဖန္တီးမႈနဲ႔ အဆုံးသတ္ပိုင္းေတြကေတာ့ ေကာင္းမြန္ခဲ့ျခင္း မရွိတာေၾကာင့္ ပထမပိုင္းမွာ ခ်ဲလ္ဆီးအသင္းက အနည္းငယ္သာလြန္တဲ့ ပုံစံနဲ႔ သေရပြဲတစ္ပြဲအျဖစ္ပဲ ၿပီးဆုံးခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ စီးတီးတို႔ရဲ႕ Pressing ေတြ ပိုေကာင္းလာခဲ့သလို စတာလင္ရဲ႕ ပိုမိုႀကိဳးစားလာတဲ့ ကစားပုံနဲ႔ တိုက္စစ္ဆင္ခဲ့ေပမယ့္ မၾကာခင္မွာပဲ ေျခက်င္းဝတ္ဒဏ္ရာရရွိသြားခဲ့တဲ့ ကြင္းလယ္ၾကယ္ပြင့္ ဒီဘ႐ိုင္းနားကို ဖိုဒန္နဲ႔ လူစားလဲခဲ့ရပါတယ္။

ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ အဖြင့္ဂိုးကို သြင္းယူႏိုင္ခဲ့ၿပီး တန္ျပန္တိုက္စစ္ကေန ပထမပိုင္းမွာ လူကြၽံေနလို႔ ဂိုးမရခဲ့တဲ့ အတြဲျဖစ္တဲ့ တီမို ဗာနာကပဲ ခ်ိဳးေပးတာကို ဂိုးသမား စတက္ဖင္ အာ႐ုံမ်ားခဲ့ရာမွာေတာ့ ဇီးယက္ရွ္က ေအးေအးေဆးေဆး ကန္သြင္းခြင့္ရသြားခဲ့တာျဖစ္ပါတယ္။

သုံးမိနစ္အၾကာမွာ ႐ူဘင္ ဒီယက္စ္ ဖ်က္တာ အတြက္အခ်က္လြဲၿပီး ဇီးယက္ရွ္ ကန္ခြင့္ရခဲ့ေပမယ့္ စတက္ဖင္ ပိတ္ဆို႔သြားႏိုင္ခဲ့ၿပီး ဒီေနာက္ပိုင္းမွာေတာ့ ကြင္းလယ္မွာ ေဘာလုံးျဖန႔္ႏိုင္ဖို႔ ဖယ္ရန္ ေတာရက္စ္အစား ဂြန္ဒိုးဝမ္ကို ထပ္ထည့္ခဲ့ရာမွာေတာ့ စီးတီးတို႔ ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ ပိုဖိကစားႏိုင္ခဲ့ပါတယ္။

စိတ္ဓာတ္ေရးရာပိုင္းနဲ႔ အသင္းကို ဦးေဆာင္ေမာင္းႏွင္ႏိုင္တဲ့ အပိုင္းမွာေတာ့ ဒီေန႔ပြဲမွာ ခ်ဲလ္ဆီးက သာလြန္ခဲ့ၿပီး မန္စီးတီးတို႔ကေတာ့ အရည္အေသြးပိုင္းနဲ႔ ပြဲကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားခဲ့ခ်ိန္မွာ စတာလင္လို ကစားသမားမ်ိဳးကေတာ့ အသင္းကို ဘယ္ေတာ့မွ ဆြဲတင္ႏိုင္မွာ မဟုတ္တဲ့ Passenger တစ္ဦးအျဖစ္နဲ႔ ကြင္းလယ္အဖ်က္ကစားသမား ႐ိုဒရီေလာက္ေတာင္ တိုက္စစ္ကို အက်ိဳးမျပဳႏိုင္ခဲ့တာပါ။

ပြဲကစားခ်ိန္ မိနစ္ ၉၀ ျပည့္ၿပီး နာက်င္အခ်ိန္ပို ၄ မိနစ္မွာေတာ့ မန္စီးတီး ေထာင့္ကန္ေဘာ ရရွိခဲ့ၿပီး ႐ိုဒရီ ေခါင္းတိုက္ခဲ့ေပမယ့္ ခ်ဲလ္ဆီး ဂိုးသမား ကီပါက ကာကြယ္သြားႏိုင္ခဲ့လို႔ မန္စီးတီးတို႔ ေနာက္က်ေခ်ပဂိုးရရွိမယ့္ အခြင့္အေရးကို ဆုံးရႈံးခဲ့ရျပန္ပါတယ္။

နာက်င္အခ်ိန္ပို ၅ မိနစ္ျပည့္တဲ့အထိ ေနာက္ထပ္ တစ္ဖက္နဲ႔ တစ္ဖက္ စီးတီးတုိ႔ ေခ်ပႏုိင္ျခင္း မရွိခဲ့လို႔ တူဟယ္လ္ရဲ႕ ခ်ဲလ္ဆီးအသင္းက တစ္ဂိုး-ဂိုးမရွိရလဒ္နဲ႔ FA ဖလား ဖိုင္နယ္ကို တက္ေရာက္သြားခဲ့ၿပီး ေဆာက္သမ္တန္-လက္စတာစီးတီးပြဲက တက္လာမယ့္အသင္းနဲ႔ FA ဖလား ဖိုင္နယ္ကို ဆင္ႏႊဲရေတာ့မွာ ျဖစ္သလို ခ်ဲလ္ဆီးနည္းျပသစ္ တူဟယ္လ္အတြက္ေတာ့ ေရာက္ေရာက္ခ်င္း ဖလားတစ္လုံး ပိုင္ဆိုင္ဖို႔ အခြင့္အေရး အလြန္ေကာင္းေနခဲ့ၿပီျဖစ္ပါေၾကာင္း တင္ဆက္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.