Analysis Article Premier League

EPL ရွှေဖိနပ်ဟက်ထရစ်အတွက် ဒဏ်ရာကိုပါ စိန်ခေါ်လိုက်တဲ့ ဟာရီကိန်း

ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ် ၃၂ ကို သောကြာနေ့ညက စတင်ကစားခဲ့ရာမှာ အဲဗာတန်အသင်းနဲ့ တော့တင်ဟမ် ဟော့စပါးစ်အသင်းတို့ သရေကျခဲ့ပြီး ဒီပွဲမှာ အဖွင့်ဂိုးနဲ့ အပိတ်ဂိုးနှစ်ဂိုးကို Brace(သုံးဂိုးကို ဟက်ထရစ်ခေါ်သလို နှစ်ဂိုးကို အခေါ်)သွင်းယူပေးခဲ့တဲ့ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းက သွင်းဂိုး ၂၁ ဂိုးမြောက်ကို ရရှိခဲ့သလို ဒီပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆုအတွက် စိန်ခေါ်မှု စတင်နိုင်လိုက်ပြီဖြစ်ပါတယ်။

ဟာရီကိန်းအနေနဲ့ ၂၀၁၅-၁၆ ရာသီနဲ့ ၂၀၁၆-၁၇ ရာသီတွေမှာ နှစ်ရာသီဆက် ရွှေဖိနပ်ဆုကို ပထမရာသီမှာ ၂၅ ဂိုး၊ နောက်ရာသီမှာ ၂၉ ဂိုးနဲ့ အသီးသီး ရယူနိုင်ခဲ့ပြီး ဒါက မိုဟာမက် ဆာလားနဲ့ လီဗာပူးလ်တို့ ကြီးထွားမလာခင် အချိန်တွေမှာ နောက်ဆုံး ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

၂၀၁၇-၁၈ ရာသီမှာ လီဗာပူးလ်နဲ့ ပထမဆုံးရာသီကို ဖြတ်သန်းခဲ့တဲ့ ဆာလားက ၃၂ ဂိုးနဲ့ ရယူနိုင်ခဲ့ပြီးနောက်မှာ ပရီးမီးယားလိဂ် ရွှေဖိနပ် ပိုင်ရှင်တွေရဲ့ သွင်းဂိုးက ၂၂ ဂိုးနဲ့ ၂၃ ဂိုးတွေ ဖြစ်နေခဲ့ပြီး ဒီရာသီမှာလည်း တော်တော်များများအနေနဲ့ ဒီပတ်ဝန်းကျင်သာ သွင်းယူနိုင်ဖို့ ရှိနေသလို အာဆင်နယ်ရဲ့ အူဘာမီယန်းကတော့ ဒီပြိုင်ပွဲက ပြုတ်ကျန်ခဲ့တာ ရာသီအစပိုင်းကတည်းကပဲ ဖြစ်ခဲ့ပါတယ်။

ဒီရာသီမှာ နောက်ဆုံး ရွှေဖိနပ်ရှင် ဂျေမီ ဗာဒီအနေနဲ့လည်း လက်ရှိအချိန်အထိ ၁၂ ဂိုးသာ ရရှိထားချိန်မှာ ဆာလားကတော့ ၁၉ ဂိုး သွင်းယူထားပြီး မနှစ်က ၁၈ ဂိုးသွင်းခဲ့တဲ့ ဟာရီကိန်းကတော့ ၆ ပွဲအကျန်မှာ ၂၁ ဂိုး ရရှိထားခဲ့လို့ လက်ကျန်ပွဲတွေမှာလည်း လက်စတာတစ်သင်းနဲ့သာ အဝေးကွင်းတွေ့ဆုံမှု အတားအဆီးတစ်ခုတည်းကို ကျော်ဖြတ်ပြီး ရယူနိုင်ဖို့ အခြေအနေပေးလာခဲ့တာဖြစ်ပါတယ်။

၁၉ ဂိုးရှင် ဆာလားကတော့ မန်ချက်စတာယူနိုက်တက်၊ တန်းဆင်းဇုန်ရုန်း ဝက်စ်ဘရွန်း၊ ပိတ်ဆို့ကစားတတ်တဲ့ ဘန်လေအသင်းတွေကို အဝေးကွင်းတွေမှာ တွေ့ဆုံရမှာဖြစ်လို့ အင်္ဂလန်ကပ္ပတိန်အနေနဲ့ အီဂျစ်ကပ္ပတိန်ကို ဖြတ်ကျော်နိုင်ဖို့ဆိုတာ လိမ္မာရင် မင့်ဖို့ချည်းပဲဆိုတဲ့အတိုင်းလည်း ဖြစ်လာခဲ့တာပါ။

ဒါကြောင့် ဟာရီကိန်းအနေနဲ့ ၆ ပွဲအကျန်မှာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို တတိယအကြိမ်မြောက်နဲ့ ဟက်ထရစ်ရယူနိုင်ဖို့ လမ်းကြောင်းပေါ် တက်လာခဲ့ပြီး အနီးကပ်ဆုံးပြိုင်ဘက် မိုဆာလားနဲ့ ဘရူနို ဖာနန်ဒက်စ်(၁၆ ဂိုး)တို့ကို နားရွက်ကို တံတွေးဆွတ်လိုက်ပြီဖြစ်ပြီး စိန်ခေါ်မှုကို ကျန်သူတွေအနေနဲ့ တုံ့ပြန်နိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။

လက်ရှိပရီးမီးယားလိဂ် ရွှေဖိနပ်အတွက် တန်းစီဇယားမှာတော့ ကိန်း(၂၁ ဂိုး)၊ ဆာလား(၁၉ ဂိုး)၊ ဖာနန်ဒက်စ်(၁၆ ဂိုး)၊ ဘမ်ဖို့ဒ်၊ ကဲလ်ဗတ်-လူဝင်၊ ဆွန်ဟောင်မင်(၁၄ ဂိုးစီ)နဲ့ ဒီဆုအတွက် မျှော်လင့်ချက် ကျန်ရှိသေးသူတွေအဖြစ် ရပ်တည်နေကြပြီး ကျန်တဲ့ ၁၃ ဂိုးနဲ့အောက် ကစားသမားတွေကတော့ ၇ ပွဲမှာ ဘယ်သူမှ ထင်မှတ်မထားတဲ့ နေရာကနေ စိန်ခေါ်နိုင်မလားဆိုတာ ပရိသတ်တွေ သတိထား ကြည့်ရှုနိုင်ဖို့ ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပရီးမီးယားလိဂ္ရဲ႕ ပြဲစဥ္ ၃၂ ကို ေသာၾကာေန႔ညက စတင္ကစားခဲ့ရာမွာ အဲဗာတန္အသင္းနဲ႔ ေတာ့တင္ဟမ္ ေဟာ့စပါးစ္အသင္းတို႔ သေရက်ခဲ့ၿပီး ဒီပြဲမွာ အဖြင့္ဂိုးနဲ႔ အပိတ္ဂိုးႏွစ္ဂိုးကို Brace(သုံးဂိုးကို ဟက္ထရစ္ေခၚသလို ႏွစ္ဂိုးကို အေခၚ)သြင္းယူေပးခဲ့တဲ့ အဂၤလန္တိုက္စစ္မႉး ဟာရီကိန္းက သြင္းဂိုး ၂၁ ဂိုးေျမာက္ကို ရရွိခဲ့သလို ဒီၿပိဳင္ပြဲရဲ႕ ေ႐ႊဖိနပ္ဆုအတြက္ စိန္ေခၚမႈ စတင္ႏိုင္လိုက္ၿပီျဖစ္ပါတယ္။

ဟာရီကိန္းအေနနဲ႔ ၂၀၁၅-၁၆ ရာသီနဲ႔ ၂၀၁၆-၁၇ ရာသီေတြမွာ ႏွစ္ရာသီဆက္ ေ႐ႊဖိနပ္ဆုကို ပထမရာသီမွာ ၂၅ ဂိုး၊ ေနာက္ရာသီမွာ ၂၉ ဂိုးနဲ႔ အသီးသီး ရယူႏိုင္ခဲ့ၿပီး ဒါက မိုဟာမက္ ဆာလားနဲ႔ လီဗာပူးလ္တို႔ ႀကီးထြားမလာခင္ အခ်ိန္ေတြမွာ ေနာက္ဆုံး ရယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

၂၀၁၇-၁၈ ရာသီမွာ လီဗာပူးလ္နဲ႔ ပထမဆုံးရာသီကို ျဖတ္သန္းခဲ့တဲ့ ဆာလားက ၃၂ ဂိုးနဲ႔ ရယူႏိုင္ခဲ့ၿပီးေနာက္မွာ ပရီးမီးယားလိဂ္ ေ႐ႊဖိနပ္ ပိုင္ရွင္ေတြရဲ႕ သြင္းဂိုးက ၂၂ ဂိုးနဲ႔ ၂၃ ဂိုးေတြ ျဖစ္ေနခဲ့ၿပီး ဒီရာသီမွာလည္း ေတာ္ေတာ္မ်ားမ်ားအေနနဲ႔ ဒီပတ္ဝန္းက်င္သာ သြင္းယူႏိုင္ဖို႔ ရွိေနသလို အာဆင္နယ္ရဲ႕ အူဘာမီယန္းကေတာ့ ဒီၿပိဳင္ပြဲက ျပဳတ္က်န္ခဲ့တာ ရာသီအစပိုင္းကတည္းကပဲ ျဖစ္ခဲ့ပါတယ္။

ဒီရာသီမွာ ေနာက္ဆုံး ေ႐ႊဖိနပ္ရွင္ ေဂ်မီ ဗာဒီအေနနဲ႔လည္း လက္ရွိအခ်ိန္အထိ ၁၂ ဂိုးသာ ရရွိထားခ်ိန္မွာ ဆာလားကေတာ့ ၁၉ ဂိုး သြင္းယူထားၿပီး မႏွစ္က ၁၈ ဂိုးသြင္းခဲ့တဲ့ ဟာရီကိန္းကေတာ့ ၆ ပြဲအက်န္မွာ ၂၁ ဂိုး ရရွိထားခဲ့လို႔ လက္က်န္ပြဲေတြမွာလည္း လက္စတာတစ္သင္းနဲ႔သာ အေဝးကြင္းေတြ႕ဆုံမႈ အတားအဆီးတစ္ခုတည္းကို ေက်ာ္ျဖတ္ၿပီး ရယူႏိုင္ဖို႔ အေျခအေနေပးလာခဲ့တာျဖစ္ပါတယ္။

၁၉ ဂိုးရွင္ ဆာလားကေတာ့ မန္ခ်က္စတာယူႏိုက္တက္၊ တန္းဆင္းဇုန္႐ုန္း ဝက္စ္ဘ႐ြန္း၊ ပိတ္ဆို႔ကစားတတ္တဲ့ ဘန္ေလအသင္းေတြကို အေဝးကြင္းေတြမွာ ေတြ႕ဆုံရမွာျဖစ္လို႔ အဂၤလန္ကပၸတိန္အေနနဲ႔ အီဂ်စ္ကပၸတိန္ကို ျဖတ္ေက်ာ္ႏိုင္ဖို႔ဆိုတာ လိမၼာရင္ မင့္ဖို႔ခ်ည္းပဲဆိုတဲ့အတိုင္းလည္း ျဖစ္လာခဲ့တာပါ။

ဒါေၾကာင့္ ဟာရီကိန္းအေနနဲ႔ ၆ ပြဲအက်န္မွာ ပရီးမီးယားလိဂ္ ေ႐ႊဖိနပ္ဆုကို တတိယအႀကိမ္ေျမာက္နဲ႔ ဟက္ထရစ္ရယူႏိုင္ဖို႔ လမ္းေၾကာင္းေပၚ တက္လာခဲ့ၿပီး အနီးကပ္ဆုံးၿပိဳင္ဘက္ မိုဆာလားနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္(၁၆ ဂိုး)တို႔ကို နား႐ြက္ကို တံေတြးဆြတ္လိုက္ၿပီျဖစ္ၿပီး စိန္ေခၚမႈကို က်န္သူေတြအေနနဲ႔ တုံ႔ျပန္ႏိုင္မလား ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

လက္ရွိပရီးမီးယားလိဂ္ ေ႐ႊဖိနပ္အတြက္ တန္းစီဇယားမွာေတာ့ ကိန္း(၂၁ ဂိုး)၊ ဆာလား(၁၉ ဂိုး)၊ ဖာနန္ဒက္စ္(၁၆ ဂိုး)၊ ဘမ္ဖို႔ဒ္၊ ကဲလ္ဗတ္-လူဝင္၊ ဆြန္ေဟာင္မင္(၁၄ ဂိုးစီ)နဲ႔ ဒီဆုအတြက္ ေမွ်ာ္လင့္ခ်က္ က်န္ရွိေသးသူေတြအျဖစ္ ရပ္တည္ေနၾကၿပီး က်န္တဲ့ ၁၃ ဂိုးနဲ႔ေအာက္ ကစားသမားေတြကေတာ့ ၇ ပြဲမွာ ဘယ္သူမွ ထင္မွတ္မထားတဲ့ ေနရာကေန စိန္ေခၚႏိုင္မလားဆိုတာ ပရိသတ္ေတြ သတိထား ၾကည့္ရႈႏိုင္ဖို႔ ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.