Premier League

ဒီလိုလူမျိုးကို ဂရုမစိုက်ဘူးလို့ တုံ့ပြန်လိုက်တဲ့ မော်ရင်ညိုနဲ့ ပေါ့ဘာတို့ရဲ့ ချဥ်ဖတ်ဆက်ဆံရေး

ယူနိုက်တက်မှာ အပျက်အပျက်နဲ့ သွေးထွက်ခဲ့ကြဖူးတဲ့ မော်ရင်ညိုနဲ့ ပေါ့ဘာတို့ရဲ့ တင်းမာတဲ့ဆက်ဆံရေးက အတော်လေး နာမည်ကြီးပြီး ဟိုးလေးတကြော်ဖြစ်ခဲ့ချိန်မှာ မော်ရင်ညိုဟာလည်း ယူနိုက်တက်နဲ့ ခွာပြဲခဲ့ရတဲ့အထိ ဒီပြဿနာက ကြီးထွားခဲ့တာပါ။

အခုအချိန်မှာတော့ သူတို့နှစ်ဦးဟာ မီဒီယာတွေကနေတဆင့် အပြန်အလှန် ထိုးနှက်မှုတွေ ပြုလုပ်လာခဲ့ကြပြီဖြစ်သလို ဆက်ဆံရေးပြန်ကောင်းမွန်လာခြင်း မရှိခဲ့တာထက်ပိုပြီး “ချဥ်ဖတ်ဆက်ဆံရေး”အထိ အသွင်ပြောင်းလဲလာခဲ့တာက သူတို့ရဲ့မှတ်ချက်တွေမှာ ထင်းနေခဲ့ပါတယ်။

ပေါ့ဘာက လက်ရှိယူနိုက်တက်နည်းပြ အိုလေ ဂန်းနား ဆိုးလ်းရှားနဲ့ မော်ရင်ညိုတို့ကို နှိုင်းယှဥ်ပြီး မော်ရင်ညိုရဲ့ ညံ့ဖျင်းလှတဲ့ ကစားသမားစီမံခန့်ခွဲနိုင်စွမ်းကို ဝေဖန်သွားခဲ့တာဖြစ်သလို မော်ရင်ညိုကလည်း ပေါ့ဘာဆိုတဲ့သူမျိုးကို ဂရုကိုမစိုက်ဘူးလို့လည်း ခပ်ပြင်းပြင်း ပြန်ထိုးနှက်သွားခဲ့တာပါ။

“မော်ရင်ညိုနဲ့ အိုလေနဲ့က တခြားစီဗျ။ မော်ရင်ညိုက ကစားသမားတွေကို အပြစ်ပုံချမယ်၊ စွပ်စွဲမယ်၊ သူမကြိုက်ရင် မလေးမစားဆက်ဆံမယ်၊ သူနဲ့မတည့်ရင် မရှိသလို ဖယ်ထုတ်ထားတတတ်တဲ့သူမျိုးပါ။ အိုလေနဲ့တော့ အပုံကြီးကွာတာပေါ့ဗျာ”

“ကျွန်တော်နဲ့ မော်ရင်ညိုရဲ့ ဆက်ဆံရေးက ဘယ်အချိန်မှာ ဘယ်လိုပျက်စီးသွားခဲ့မှန်းတောင် နားမလည်နိုင်ဘူး။ နှစ်ယောက်သား အရမ်းအစေးကပ်တဲ့ အချိန်တခု ရှိခဲ့ဖူးတယ်။ ဒါကို လူတိုင်းသိတယ်။ နောက်နေ့မနက်မှာတော့ အရာရာပြောင်းလဲသွားတယ်”

“ဒါ မော်ရင်ညိုရဲ့ အရူးစိတ်ပဲ။ ခင်ဗျားနားလည်အောင် ကျွန်တော် မရှင်းပြတတ်ဘူး”လို့ ပေါ့ဘာက မော်ရင်ညိုကို တွယ်သွားခဲ့တာဖြစ်ပြီး သူ့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ညံ့ဖျင်းမှုနဲ့ ကစားသမားတဦးချင်းကို ကိုင်တွယ်မှုမှာ မရင့်ကျက်ပုံတို့ကို အထူးပြုပြီး မီဒီယာမှာ အောက်ဖဲလှန်သွားခဲ့တာပါ။

မော်ရင်ညိုကလည်း “ပေါ့ဘာဆိုတဲ့သူမျိုးကို ဂရုကိုမစိုက်ဘူး။ ဒါကြောင့် သူဘာပြောပြော ကျွန်တော်စိတ်မဝင်စားပါဘူး။ သူ့ပါးစပ်က ဘာစကားပဲပြောပြော ကျွန်တော်က အနေသာကြီးပါ။ သူ့စကားတွေကို လုံးဝစိတ်မဝင်စားပါဘူး”လို့ စပါးနဲ့ အဲဗာတန် ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲအပြီးမှာ ပြန်လည်ပေါက်ကွဲသွားခဲ့ကြောင်း သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ယူႏိုက္တက္မွာ အပ်က္အပ်က္နဲ႔ ေသြးထြက္ခဲ့ၾကဖူးတဲ့ ေမာ္ရင္ညိဳနဲ႔ ေပါ့ဘာတို႔ရဲ႕ တင္းမာတဲ့ဆက္ဆံေရးက အေတာ္ေလး နာမည္ႀကီးၿပီး ဟိုးေလးတေၾကာ္ျဖစ္ခဲ့ခ်ိန္မွာ ေမာ္ရင္ညိဳဟာလည္း ယူႏိုက္တက္နဲ႔ ခြာၿပဲခဲ့ရတဲ့အထိ ဒီျပႆနာက ႀကီးထြားခဲ့တာပါ။

အခုအခ်ိန္မွာေတာ့ သူတို႔ႏွစ္ဦးဟာ မီဒီယာေတြကေနတဆင့္ အျပန္အလွန္ ထိုးႏွက္မႈေတြ ျပဳလုပ္လာခဲ့ၾကၿပီျဖစ္သလို ဆက္ဆံေရးျပန္ေကာင္းမြန္လာျခင္း မရွိခဲ့တာထက္ပိုၿပီး “ခ်ဥ္ဖတ္ဆက္ဆံေရး”အထိ အသြင္ေျပာင္းလဲလာခဲ့တာက သူတို႔ရဲ႕မွတ္ခ်က္ေတြမွာ ထင္းေနခဲ့ပါတယ္။

ေပါ့ဘာက လက္ရွိယူႏိုက္တက္နည္းျပ အိုေလ ဂန္းနား ဆိုးလ္းရွားနဲ႔ ေမာ္ရင္ညိဳတို႔ကို ႏႈိင္းယွဥ္ၿပီး ေမာ္ရင္ညိဳရဲ႕ ညံ့ဖ်င္းလွတဲ့ ကစားသမားစီမံခန္႔ခြဲႏိုင္စြမ္းကို ေဝဖန္သြားခဲ့တာျဖစ္သလို ေမာ္ရင္ညိဳကလည္း ေပါ့ဘာဆိုတဲ့သူမ်ိဳးကို ဂ႐ုကိုမစိုက္ဘူးလို႔လည္း ခပ္ျပင္းျပင္း ျပန္ထိုးႏွက္သြားခဲ့တာပါ။

“ေမာ္ရင္ညိဳနဲ႔ အိုေလနဲ႔က တျခားစီဗ်။ ေမာ္ရင္ညိဳက ကစားသမားေတြကို အျပစ္ပုံခ်မယ္၊ စြပ္စြဲမယ္၊ သူမႀကိဳက္ရင္ မေလးမစားဆက္ဆံမယ္၊ သူနဲ႔မတည့္ရင္ မရွိသလို ဖယ္ထုတ္ထားတတတ္တဲ့သူမ်ိဳးပါ။ အိုေလနဲ႔ေတာ့ အပုံႀကီးကြာတာေပါ့ဗ်ာ”

“ကြၽန္ေတာ္နဲ႔ ေမာ္ရင္ညိဳရဲ႕ ဆက္ဆံေရးက ဘယ္အခ်ိန္မွာ ဘယ္လိုပ်က္စီးသြားခဲ့မွန္းေတာင္ နားမလည္ႏိုင္ဘူး။ ႏွစ္ေယာက္သား အရမ္းအေစးကပ္တဲ့ အခ်ိန္တခု ရွိခဲ့ဖူးတယ္။ ဒါကို လူတိုင္းသိတယ္။ ေနာက္ေန႔မနက္မွာေတာ့ အရာရာေျပာင္းလဲသြားတယ္”

“ဒါ ေမာ္ရင္ညိဳရဲ႕ အ႐ူးစိတ္ပဲ။ ခင္ဗ်ားနားလည္ေအာင္ ကြၽန္ေတာ္ မရွင္းျပတတ္ဘူး”လို႔ ေပါ့ဘာက ေမာ္ရင္ညိဳကို တြယ္သြားခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ စိတ္ဓာတ္ပိုင္းဆိုင္ရာ ညံ့ဖ်င္းမႈနဲ႔ ကစားသမားတဦးခ်င္းကို ကိုင္တြယ္မႈမွာ မရင့္က်က္ပုံတို႔ကို အထူးျပဳၿပီး မီဒီယာမွာ ေအာက္ဖဲလွန္သြားခဲ့တာပါ။

ေမာ္ရင္ညိဳကလည္း “ေပါ့ဘာဆိုတဲ့သူမ်ိဳးကို ဂ႐ုကိုမစိုက္ဘူး။ ဒါေၾကာင့္ သူဘာေျပာေျပာ ကြၽန္ေတာ္စိတ္မဝင္စားပါဘူး။ သူ႔ပါးစပ္က ဘာစကားပဲေျပာေျပာ ကြၽန္ေတာ္က အေနသာႀကီးပါ။ သူ႔စကားေတြကို လုံးဝစိတ္မဝင္စားပါဘူး”လို႔ စပါးနဲ႔ အဲဗာတန္ ၂ ဂိုးစီ သေရက်ခဲ့တဲ့ ပြဲအၿပီးမွာ ျပန္လည္ေပါက္ကြဲသြားခဲ့ေၾကာင္း သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.