La Liga Match Report Premier League UCL&UEL

ပြိုင်ဘက်မဟုတ်တဲ့ ဂရန်နာဒါကို အေးအေးဆေးဆေး ကျော်ဖြတ်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ အဝေးကွင်းပွဲစဉ်မှာ ဂရန်နာဒါအသင်းကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ကစားခဲ့သလို ဒီနေ့မှာလည်း တူညီတဲ့ ရလဒ်နဲ့ နှစ်ကျော့စလုံး ပေးဂိုးမရှိဘဲ Clean Sheet ရယူပြီး သူတို့အတွက်တော့ ယူရိုပါလိဂ်မှာ ပြိုင်ဘက်မဟုတ်ကြောင်း ပြသနိုင်ခဲ့ပါတယ်။

မက်ဂွိုင်းယား၊ လုခ်ရှောနဲ့ မက်တော်မီနေးတို့ ပွဲပယ်ခံထားရတဲ့ အသင်းကို အများထင်ကြတဲ့ ဖာနန်ဒက်စ်အစား ကွင်းလယ်လူ ပေါ့ဘာက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး ခံစစ်ပိုင်းမှာ တွမ်ဇီဘီနဲ့ အဲလက်စ် တဲလက်စ်တို့ ပါဝင်လာသလို ကွင်းလယ်မှာတော့ မာတစ်ချ်ကို ပြန်လည် သုံးစွဲခဲ့ပါတယ်။

စောစောစီးစီး ပွဲချိန် ၆ မိနစ်မှာပဲ ယူနိုက်တက်တို့ ဂိုးစရခဲ့ပြီး ဂရန်နာဒါခံစစ်ကို ဖြတ်ကျော်သွားခဲ့တဲ့ အသင်းခေါင်းဆောင် ပေါ့ဘာက နောက်ပြန်ခေါင်းတိုက်ချပြီး ဖန်တီးပေးတာကို ဝါရင့်တိုက်စစ်မှူး ကာဗာနီက ဘယ်ခြေနဲ့ မနားတမ်း Volley ကန်သွင်းခဲ့နိုင်ခဲ့လို့ နှစ်ကျော့ပေါင်း သုံးဂိုးနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ဂိုးပေါက်မှာ ပြန်လည်တွေ့မြင်ခဲ့ရတဲ့ ဒေးဗစ် ဒဟေးယားကတော့ အနည်းငယ် ပွဲကြောင်နေသလို ခံစားမိပြီး သူ့ရဲ့ Reflex နဲ့ အဆင်သင့်ရှိမှုတွေက အနည်းငယ် သံသယဝင်စရာဖြစ်ခဲ့သလို တချို့ဘောလုံးတွေကို ထွက်ပြီး ကာကွယ်ရမယ့်အစား စောင့်နေတာကို တွေ့ခဲ့ရပါတယ်။

ဘရူနို ဖာနန်ဒက်စ်ကတော့ ဒီနေ့ပွဲမှာ ကံမကောင်းခဲ့ဘဲ ကန်ချက်တွေက ဂိုးပေါက်နဲ့ လွဲချော်နေခဲ့ချိန်မှာ ယူနိုက်တက်တိုက်စစ်ရဲ့ ဖန်တီးမှုနဲ့ ထိုးဖောက်မှုကို လျော့ကျစေခဲ့ပြီး ဂရင်းဝုဒ်ကလည်း ဖြုန်းတီးချိန်မှာ ကာဗာနီတစ်ယောက်တည်း တည်ငြိမ်သူကြီးဖြစ်တဲ့ ရှေ့တန်းက ပထမပိုင်းမှာ ဂိုးထပ်မရခဲ့တာပါ။

ဒုတိယပိုင်းစပြီး ၅ မိနစ်မှာတော့ ဂရန်နာဒါဂိုးရှေ့မှာ ဂိုးသမားနဲ့ တစ်ယောက်ချင်း လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ခွင့်ရတဲ့ ဂရင်းဝုဒ်က ဂိုးပေါက်အလယ်တည့်တည့်ကို ခပ်ပျော့ပျော့ ခေါင်းတိုက်ခဲ့လို့ အပိုင်ဂိုး နစ်နာခဲ့ရပြီး ငါးမိနစ်အကြာမှာ ကာဗာနီရဲ့ ခေါင်းတိုက်ချက်ကလည်း ချိန်သား မကိုက်ဘဲ ဂိုးနဲ့ တော်တော်ဝေးဝေးကို လွဲသွားခဲ့ပါတယ်။

ယူနိုက်တက်ခံစစ်ကတော့ ဒီနေ့မှာ အမှားအယွင်းနည်းခဲ့ပြီး ဖျက်ထုတ်ပုံတွေ ကောင်းမွန်ခဲ့သလို တွဲမကစားတာကြာနေပြီဖြစ်တဲ့ ဂိုးသမားနဲ့ အဝင်အထွက် နားလည်မှုအနည်းငယ်ကိုပဲ ပြောစရာရှိခဲ့ပြီး အဲလက်စ် တဲလက်စ်နဲ့ ဗန်ဒဘိခ်တို့ကတော့ အသင်းနဲ့ လက်ရှိအချိန်အထိ ကောင်းကောင်းအံမဝင်သေးတာကိုလည်း တွေ့ခဲ့ရပါတယ်။

တစ်ဂိုးတည်းနဲ့ ပွဲပြီးတော့မယ်လို့ ထင်နေတုန်းမှာပဲ ပွဲချိန် မိနစ် ၉၀ မှာ အဲလက်စ် တဲလက်စ်ရဲ့ ဖြတ်တင်ဘောကို လူစားဝင်ကွင်းလယ်လူ မာတာ ခေါင်းတိုက်တာ လွဲချော်သွားခဲ့တာကို နောက်ခံလူ ဗာယေဟို အဆင်သင့် မတုံ့ပြန်နိုင်ခဲ့တာကြောင့် သူ့ခေါင်းနဲ့ထိပြီး ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့လို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

ဒီရလဒ်ကြောင့် နှစ်ကျော့ပေါင်း လေးဂိုး-ဂိုးမရှိနဲ့ ယူနိုက်တက်တို့ နောက်တစ်ဆင့်ဖြစ်တဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့ပြီး အီတလီ စီးရီးအေကလပ် ရိုးမားအသင်းနဲ့ တွေ့ဆုံရတော့မှာဖြစ်သလို သူတို့ရဲ့ ယူရိုပါလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းစားမှုကို ဗီလာရီးရဲလ်နဲ့ တွေ့ဆုံမယ့် အာဆင်နယ်နဲ့အတူ ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ အေဝးကြင္းပြဲစဥ္မွာ ဂရန္နာဒါအသင္းကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ကစားခဲ့သလို ဒီေန႔မွာလည္း တူညီတဲ့ ရလဒ္နဲ႔ ႏွစ္ေက်ာ့စလုံး ေပးဂိုးမရွိဘဲ Clean Sheet ရယူၿပီး သူတို႔အတြက္ေတာ့ ယူ႐ိုပါလိဂ္မွာ ၿပိဳင္ဘက္မဟုတ္ေၾကာင္း ျပသႏိုင္ခဲ့ပါတယ္။

မက္ဂြိဳင္းယား၊ လုခ္ေရွာနဲ႔ မက္ေတာ္မီေနးတို႔ ပြဲပယ္ခံထားရတဲ့ အသင္းကို အမ်ားထင္ၾကတဲ့ ဖာနန္ဒက္စ္အစား ကြင္းလယ္လူ ေပါ့ဘာက အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူခဲ့ၿပီး ခံစစ္ပိုင္းမွာ တြမ္ဇီဘီနဲ႔ အဲလက္စ္ တဲလက္စ္တို႔ ပါဝင္လာသလို ကြင္းလယ္မွာေတာ့ မာတစ္ခ်္ကို ျပန္လည္ သုံးစြဲခဲ့ပါတယ္။

ေစာေစာစီးစီး ပြဲခ်ိန္ ၆ မိနစ္မွာပဲ ယူႏိုက္တက္တို႔ ဂိုးစရခဲ့ၿပီး ဂရန္နာဒါခံစစ္ကို ျဖတ္ေက်ာ္သြားခဲ့တဲ့ အသင္းေခါင္းေဆာင္ ေပါ့ဘာက ေနာက္ျပန္ေခါင္းတိုက္ခ်ၿပီး ဖန္တီးေပးတာကို ဝါရင့္တိုက္စစ္မႉး ကာဗာနီက ဘယ္ေျခနဲ႔ မနားတမ္း Volley ကန္သြင္းခဲ့ႏိုင္ခဲ့လို႔ ႏွစ္ေက်ာ့ေပါင္း သုံးဂိုးနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒီေန႔ပြဲမွာ ဂိုးေပါက္မွာ ျပန္လည္ေတြ႕ျမင္ခဲ့ရတဲ့ ေဒးဗစ္ ဒေဟးယားကေတာ့ အနည္းငယ္ ပြဲေၾကာင္ေနသလို ခံစားမိၿပီး သူ႔ရဲ႕ Reflex နဲ႔ အဆင္သင့္ရွိမႈေတြက အနည္းငယ္ သံသယဝင္စရာျဖစ္ခဲ့သလို တခ်ိဳ႕ေဘာလုံးေတြကို ထြက္ၿပီး ကာကြယ္ရမယ့္အစား ေစာင့္ေနတာကို ေတြ႕ခဲ့ရပါတယ္။

ဘ႐ူႏို ဖာနန္ဒက္စ္ကေတာ့ ဒီေန႔ပြဲမွာ ကံမေကာင္းခဲ့ဘဲ ကန္ခ်က္ေတြက ဂိုးေပါက္နဲ႔ လြဲေခ်ာ္ေနခဲ့ခ်ိန္မွာ ယူႏိုက္တက္တိုက္စစ္ရဲ႕ ဖန္တီးမႈနဲ႔ ထိုးေဖာက္မႈကို ေလ်ာ့က်ေစခဲ့ၿပီး ဂရင္းဝုဒ္ကလည္း ျဖဳန္းတီးခ်ိန္မွာ ကာဗာနီတစ္ေယာက္တည္း တည္ၿငိမ္သူႀကီးျဖစ္တဲ့ ေရွ႕တန္းက ပထမပိုင္းမွာ ဂိုးထပ္မရခဲ့တာပါ။

ဒုတိယပိုင္းစၿပီး ၅ မိနစ္မွာေတာ့ ဂရန္နာဒါဂိုးေရွ႕မွာ ဂိုးသမားနဲ႔ တစ္ေယာက္ခ်င္း လြတ္လြတ္ကြၽတ္ကြၽတ္ ေခါင္းတိုက္ခြင့္ရတဲ့ ဂရင္းဝုဒ္က ဂိုးေပါက္အလယ္တည့္တည့္ကို ခပ္ေပ်ာ့ေပ်ာ့ ေခါင္းတိုက္ခဲ့လို႔ အပိုင္ဂိုး နစ္နာခဲ့ရၿပီး ငါးမိနစ္အၾကာမွာ ကာဗာနီရဲ႕ ေခါင္းတိုက္ခ်က္ကလည္း ခ်ိန္သား မကိုက္ဘဲ ဂိုးနဲ႔ ေတာ္ေတာ္ေဝးေဝးကို လြဲသြားခဲ့ပါတယ္။

ယူႏိုက္တက္ခံစစ္ကေတာ့ ဒီေန႔မွာ အမွားအယြင္းနည္းခဲ့ၿပီး ဖ်က္ထုတ္ပုံေတြ ေကာင္းမြန္ခဲ့သလို တြဲမကစားတာၾကာေနၿပီျဖစ္တဲ့ ဂိုးသမားနဲ႔ အဝင္အထြက္ နားလည္မႈအနည္းငယ္ကိုပဲ ေျပာစရာရွိခဲ့ၿပီး အဲလက္စ္ တဲလက္စ္နဲ႔ ဗန္ဒဘိခ္တို႔ကေတာ့ အသင္းနဲ႔ လက္ရွိအခ်ိန္အထိ ေကာင္းေကာင္းအံမဝင္ေသးတာကိုလည္း ေတြ႕ခဲ့ရပါတယ္။

တစ္ဂိုးတည္းနဲ႔ ပြဲၿပီးေတာ့မယ္လို႔ ထင္ေနတုန္းမွာပဲ ပြဲခ်ိန္ မိနစ္ ၉၀ မွာ အဲလက္စ္ တဲလက္စ္ရဲ႕ ျဖတ္တင္ေဘာကို လူစားဝင္ကြင္းလယ္လူ မာတာ ေခါင္းတိုက္တာ လြဲေခ်ာ္သြားခဲ့တာကို ေနာက္ခံလူ ဗာေယဟို အဆင္သင့္ မတုံ႔ျပန္ႏိုင္ခဲ့တာေၾကာင့္ သူ႔ေခါင္းနဲ႔ထိၿပီး ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ပြဲၿပီးဆုံးခဲ့ပါတယ္။

ဒီရလဒ္ေၾကာင့္ ႏွစ္ေက်ာ့ေပါင္း ေလးဂိုး-ဂိုးမရွိနဲ႔ ယူႏိုက္တက္တို႔ ေနာက္တစ္ဆင့္ျဖစ္တဲ့ ဆီမီးဖိုင္နယ္ကို တက္ေရာက္သြားခဲ့ၿပီး အီတလီ စီးရီးေအကလပ္ ႐ိုးမားအသင္းနဲ႔ ေတြ႕ဆုံရေတာ့မွာျဖစ္သလို သူတို႔ရဲ႕ ယူ႐ိုပါလိဂ္မွာ ဗိုလ္စြဲဖို႔ ေရပန္းစားမႈကို ဗီလာရီးရဲလ္နဲ႔ ေတြ႕ဆုံမယ့္ အာဆင္နယ္နဲ႔အတူ ဆက္လက္ ထိန္းသိမ္းႏိုင္ခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.