Match Report Premier League UCL&UEL

အဝေးကွင်းမှာ လာကာဇက်ရဲ့ ဆက်တိုက်ခြေစွမ်းပြမှုတွေနဲ့ ဆီမီးတက်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ပထမအကျော့ အိမ်ကွင်းမှာ ဆလားဗီးယား ပရာဟာကို နောက်ဆုံးမိနစ်မှာ ချေပဂိုးပေးခဲ့ရတဲ့ အမှားကို ပြန်လည် ချေဖျက်နိုင်ဖို့ ဒီနေ့မှာ ကြိုးစားပြင်ဆင်လာခဲ့ပြီး အဝေးကွင်းနှစ်ပွဲဆက်တိုက် ခြေစွမ်းပြနေတဲ့ လာကာဇက်ရဲ့ အင်အားနဲ့ နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

ငှက်ဖျားမိနေတဲ့ အူဘာမီယန်း မပါဝင်ကတည်းက စည်းလုံးမှုနဲ့ ရစ်သမ်ကို ပြန်ရနေတဲ့ အာဆင်နယ်အတွက် တိုက်စစ်မှာ ဘယ်သူကစားကစား တော်တော်လေး စိတ်ကျေနပ်စရာဖြစ်ခဲ့ပြီး ကစားသမားတွေရဲ့ နားလည်မှုနဲ့ အတက်အဆင်း နေရာယူပုံတွေ ကောင်းခဲ့သလို ဒီနေ့မှာ ခံစစ်အစွန်လူတွေ မပါဝင်နိုင်တဲ့အတွက် ဘောလုံးဆုံးရှုံးချိန်မှာ ၄-၂-၃-၁ နဲ့ ပိုင်ဆိုင်ချိန်မှာ ၃-၃-၃-၁ ကို ချာကာအားကိုးနဲ့ အရှင်ကစားသွားခဲ့တာလည်း ဖြစ်ပါတယ်။

ပွဲချိန် ၁၅ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ဆာကာရဲ့ ကန်ချက် တိုင်ထိထွက်လာတာကို စမစ်ရိုးက ပိတ်သွင်းနိုင်ခဲ့ပေမယ့် လူကျွံဘော သတ်မှတ်ခံခဲ့ရပြီး တစ်ဖက်အသင်းရဲ့ စောဒကတက်မှုတွေကြားမှာ ဒိုင်လူကြီးက VAR နဲ့ ပြန်လည်ကြည့်ရှုပြီး ပယ်ဖျက်သွားခဲ့လို့ အာဆင်နယ်တို့ နစ်နာခဲ့ရပါတယ်။

ဒါပေမယ့် ပွဲချိန် ၁၈ မိနစ်မှာ ပေပေက အာဆင်နယ်တို့ရဲ့ တွဲလုံးတွေကို လူကျွံထောင်ချောက်နဲ့ ဖျက်ဆီးဖို့ ကြိုးစားနေတဲ့ ဆလားဗီးယားနောက်တန်းကို ကျော်ဖြတ်ပြီး စမစ်ရိုးပေးတဲ့ ဘောလုံးကို ဂိုးသမားနဲ့ နောက်တန်းတို့ ပိတ်ဆို့နေတဲ့ကြားထဲကနေ သွေးအေးအေးနဲ့ ကန်သွင်းနိုင်ခဲ့လို့ အဝေးကွင်းမှာ ဂန်းနားတွေ စတင်ဦးဆောင်ခဲ့ပါတယ်။

ပွဲချိန် ၂၁ မိနစ်မှာတော့ စမစ်ရိုးပေးတဲ့ ဘောလုံးကို ဂိုးဧရိယာထဲမှာ ရယူတဲ့ ဆာကာကို ဆလားဗီးယားကွင်းလယ်လူ ဟရိုမာဒါ အဖျက်ကြမ်းလို့ရတဲ့ ပင်နယ်တီကို လာကာဇက်က ဂိုးသမား ခိုလာကို လှည့်စားပြီး ကန်သွင်းယူနိုင်ခဲ့လို့ အာဆင်နယ်တို့ နှစ်ဂိုး-ဂိုးမရှိနဲ့ နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းသွားခဲ့ပါတယ်။

သုံးမိနစ်အကြာ ပွဲချိန် ၂၄ မိနစ်မှာ အာဆင်နယ်တို့ နောက်တစ်ဂိုး ထပ်မံရယူနိုင်ခဲ့ပြီး ချိမ်းဘားစ်ရဲ့ တစ်ဖက်ကစားသမားကို ကျော်ဖြတ်ဖန်တီးမှုကနေ ဆာကာက အဝင်မှားခဲ့တဲ့ နောက်ခံလူကို ကျော်ဖြတ်ပြီး အနီးတိုင်ခြေကို အပြင်းကန်သွင်းခဲ့ရာမှာ ဂိုးသမား လှုပ်တောင် မလှုပ်နိုင်ခဲ့ဘဲ တတိယဂိုးနဲ့ ဦးဆောင်ခဲ့ပြီး ပထမပိုင်းမှာ သုံးဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

အိမ်ကွင်းမှာ သုံးဂိုးပေးထားရတဲ့ ဆလားဗီးယားတို့ ချေပဂိုးရဖို့ တင်ကစားလာခဲ့ပေမယ့် အာဆင်နယ်နောက်တန်းက သတိကြီးကြီးနဲ့ ဖျက်ထုတ်နိုင်ခဲ့သလို အိမ်ရှင် ချက်တွေကို တစ်ကြိမ်မှ ဂိုးပေါက်မတည့်အောင်လည်း စွမ်းဆောင်သွားနိုင်ခဲ့ပြီး အသင်းရဲ့ Zonal Marking နဲ့ Close Down တွေက အဓိကကျခဲ့တာလည်းဖြစ်ပါတယ်။

ဆလားဗီးယားတို့ ဖိကစားနေရင်း ပွဲချိန် ၇၇ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ပေပေဘောလုံးရလာခဲ့ပြီး ဘယ်တောင်ပံကနေ အနိမ့်ဘော ချိုးပေးတာကို လာကာဇက်က ပိတ်ဆို့ထားတဲ့ နောက်ခံလူနှစ်ဦးကို ညာခြေနဲ့ တစ်ချက်ခေါက်ပြီး ဘယ်ခြေနဲ့ ကန်သွင်းခဲ့ရာမှာ ဂိုးဝင်သွားခဲ့လို့ လေးဂိုး-ဂိုးမရှိနဲ့ အာဆင်နယ်တို့ အားသာချက်ကို ထပ်မံတိုးမြှင့်နိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ အာဆင်နယ်တို့ ဆီးဒရစ်ကို ထည့်ပြီး ၄-၂-၃-၁ စစ်စစ် ပြန်ကစားခဲ့သလို တစ်ဖက်တိုက်စစ်ကို ထိန်းချုပ်သွားနိုင်ခဲ့လို့ အိမ်ကွင်းမှာ ရလဒ်မကောင်းခဲ့မှုကို ချေဖျက်နိုင်ခဲ့ပြီး ယူရိုပါလိဂ်ရဲ့ ဆီမီးဖိုင်နယ်အဆင့်ကို အမှားအယွင်းမရှိ တက်လှမ်းသွားနိုင်ခဲ့သလို နောက်တစ်ဆင့်မှာတော့ အာတီတာအနေနဲ့ သူ့ရှေ့က နည်းပြ အူနိုင်း အမ်မရီ ကိုင်တွယ်နေတဲ့ ဗီလာရီးယဲလ်နဲ့ ယှဉ်ပြိုင်ရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းဟာ ပထမအေက်ာ့ အိမ္ကြင္းမွာ ဆလားဗီးယား ပရာဟာကို ေနာက္ဆုံးမိနစ္မွာ ေခ်ပဂိုးေပးခဲ့ရတဲ့ အမွားကို ျပန္လည္ ေခ်ဖ်က္ႏိုင္ဖို႔ ဒီေန႔မွာ ႀကိဳးစားျပင္ဆင္လာခဲ့ၿပီး အေဝးကြင္းႏွစ္ပြဲဆက္တိုက္ ေျခစြမ္းျပေနတဲ့ လာကာဇက္ရဲ႕ အင္အားနဲ႔ ေနာက္တစ္ဆင့္ကို တက္လွမ္းသြားႏိုင္ခဲ့ပါတယ္။

ငွက္ဖ်ားမိေနတဲ့ အူဘာမီယန္း မပါဝင္ကတည္းက စည္းလုံးမႈနဲ႔ ရစ္သမ္ကို ျပန္ရေနတဲ့ အာဆင္နယ္အတြက္ တိုက္စစ္မွာ ဘယ္သူကစားကစား ေတာ္ေတာ္ေလး စိတ္ေက်နပ္စရာျဖစ္ခဲ့ၿပီး ကစားသမားေတြရဲ႕ နားလည္မႈနဲ႔ အတက္အဆင္း ေနရာယူပုံေတြ ေကာင္းခဲ့သလို ဒီေန႔မွာ ခံစစ္အစြန္လူေတြ မပါဝင္ႏိုင္တဲ့အတြက္ ေဘာလုံးဆုံးရႈံးခ်ိန္မွာ ၄-၂-၃-၁ နဲ႔ ပိုင္ဆိုင္ခ်ိန္မွာ ၃-၃-၃-၁ ကို ခ်ာကာအားကိုးနဲ႔ အရွင္ကစားသြားခဲ့တာလည္း ျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၅ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန ဆာကာရဲ႕ ကန္ခ်က္ တိုင္ထိထြက္လာတာကို စမစ္႐ိုးက ပိတ္သြင္းႏိုင္ခဲ့ေပမယ့္ လူကြၽံေဘာ သတ္မွတ္ခံခဲ့ရၿပီး တစ္ဖက္အသင္းရဲ႕ ေစာဒကတက္မႈေတြၾကားမွာ ဒိုင္လူႀကီးက VAR နဲ႔ ျပန္လည္ၾကည့္ရႈၿပီး ပယ္ဖ်က္သြားခဲ့လို႔ အာဆင္နယ္တို႔ နစ္နာခဲ့ရပါတယ္။

ဒါေပမယ့္ ပြဲခ်ိန္ ၁၈ မိနစ္မွာ ေပေပက အာဆင္နယ္တို႔ရဲ႕ တြဲလုံးေတြကို လူကြၽံေထာင္ေခ်ာက္နဲ႔ ဖ်က္ဆီးဖို႔ ႀကိဳးစားေနတဲ့ ဆလားဗီးယားေနာက္တန္းကို ေက်ာ္ျဖတ္ၿပီး စမစ္႐ိုးေပးတဲ့ ေဘာလုံးကို ဂိုးသမားနဲ႔ ေနာက္တန္းတို႔ ပိတ္ဆို႔ေနတဲ့ၾကားထဲကေန ေသြးေအးေအးနဲ႔ ကန္သြင္းႏိုင္ခဲ့လို႔ အေဝးကြင္းမွာ ဂန္းနားေတြ စတင္ဦးေဆာင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၂၁ မိနစ္မွာေတာ့ စမစ္႐ိုးေပးတဲ့ ေဘာလုံးကို ဂိုးဧရိယာထဲမွာ ရယူတဲ့ ဆာကာကို ဆလားဗီးယားကြင္းလယ္လူ ဟ႐ိုမာဒါ အဖ်က္ၾကမ္းလို႔ရတဲ့ ပင္နယ္တီကို လာကာဇက္က ဂိုးသမား ခိုလာကို လွည့္စားၿပီး ကန္သြင္းယူႏိုင္ခဲ့လို႔ အာဆင္နယ္တို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ေနာက္တစ္ဆင့္တက္ဖို႔ အေျခအေနေကာင္းသြားခဲ့ပါတယ္။

သုံးမိနစ္အၾကာ ပြဲခ်ိန္ ၂၄ မိနစ္မွာ အာဆင္နယ္တို႔ ေနာက္တစ္ဂိုး ထပ္မံရယူႏိုင္ခဲ့ၿပီး ခ်ိမ္းဘားစ္ရဲ႕ တစ္ဖက္ကစားသမားကို ေက်ာ္ျဖတ္ဖန္တီးမႈကေန ဆာကာက အဝင္မွားခဲ့တဲ့ ေနာက္ခံလူကို ေက်ာ္ျဖတ္ၿပီး အနီးတိုင္ေျခကို အျပင္းကန္သြင္းခဲ့ရာမွာ ဂိုးသမား လႈပ္ေတာင္ မလႈပ္ႏိုင္ခဲ့ဘဲ တတိယဂိုးနဲ႔ ဦးေဆာင္ခဲ့ၿပီး ပထမပိုင္းမွာ သုံးဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

အိမ္ကြင္းမွာ သုံးဂိုးေပးထားရတဲ့ ဆလားဗီးယားတို႔ ေခ်ပဂိုးရဖို႔ တင္ကစားလာခဲ့ေပမယ့္ အာဆင္နယ္ေနာက္တန္းက သတိႀကီးႀကီးနဲ႔ ဖ်က္ထုတ္ႏိုင္ခဲ့သလို အိမ္ရွင္ ခ်က္ေတြကို တစ္ႀကိမ္မွ ဂိုးေပါက္မတည့္ေအာင္လည္း စြမ္းေဆာင္သြားႏိုင္ခဲ့ၿပီး အသင္းရဲ႕ Zonal Marking နဲ႔ Close Down ေတြက အဓိကက်ခဲ့တာလည္းျဖစ္ပါတယ္။

ဆလားဗီးယားတို႔ ဖိကစားေနရင္း ပြဲခ်ိန္ ၇၇ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ေပေပေဘာလုံးရလာခဲ့ၿပီး ဘယ္ေတာင္ပံကေန အနိမ့္ေဘာ ခ်ိဳးေပးတာကို လာကာဇက္က ပိတ္ဆို႔ထားတဲ့ ေနာက္ခံလူႏွစ္ဦးကို ညာေျခနဲ႔ တစ္ခ်က္ေခါက္ၿပီး ဘယ္ေျခနဲ႔ ကန္သြင္းခဲ့ရာမွာ ဂိုးဝင္သြားခဲ့လို႔ ေလးဂိုး-ဂိုးမရွိနဲ႔ အာဆင္နယ္တို႔ အားသာခ်က္ကို ထပ္မံတိုးျမႇင့္ႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ အာဆင္နယ္တို႔ ဆီးဒရစ္ကို ထည့္ၿပီး ၄-၂-၃-၁ စစ္စစ္ ျပန္ကစားခဲ့သလို တစ္ဖက္တိုက္စစ္ကို ထိန္းခ်ဳပ္သြားႏိုင္ခဲ့လို႔ အိမ္ကြင္းမွာ ရလဒ္မေကာင္းခဲ့မႈကို ေခ်ဖ်က္ႏိုင္ခဲ့ၿပီး ယူ႐ိုပါလိဂ္ရဲ႕ ဆီမီးဖိုင္နယ္အဆင့္ကို အမွားအယြင္းမရွိ တက္လွမ္းသြားႏိုင္ခဲ့သလို ေနာက္တစ္ဆင့္မွာေတာ့ အာတီတာအေနနဲ႔ သူ႔ေရွ႕က နည္းျပ အူႏိုင္း အမ္မရီ ကိုင္တြယ္ေနတဲ့ ဗီလာရီးယဲလ္နဲ႔ ယွဥ္ၿပိဳင္ရေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.