Premier League
ဖီဖာရဲ့ စည်းကမ်းကို ချိုးဖောက်လို့ ဘောလုံးသမား ဘဝအဆုံးသတ်တဲ့အထိ ပြစ်ဒဏ်ကျခံရဖွယ်ရှိနေသော ယူနိုက်တက် တိုက်စစ်မှူးဟောင်း
မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်း လက်ရှိ အေစီမီလန်အသင်းရဲ့ တိုက်စစ်မှူး ဇလာတန် အီဘရာဟီမိုဗစ်ချ်ဟာ ဘောလုံးလောင်းကစားမှုမှာ အကျိုးစီးပွားအရ ပါဝင်ပတ်သက်ခဲ့ကြောင့် ဖီဖာနဲ့ ယူအီးအက်ဖ်အေတို့ရဲ့ စုံစမ်းစစ်ဆေးမှုကို ခံယူရဖွယ်ရှိနေပြီး လောင်းကစားမှုပြစ်ဒဏ်သာ ထင်ရှားခဲ့ရင် ဘောလုံးကစားခွင့် ၃ နှစ်ပိတ်ပင်ခံရဖွယ် ရှိနေတယ်လို့ သိရပါတယ်။
အကြောင်းရင်းကတော့ ဥပဒေကြောင်းအရ ဖီဖာနဲ့ ယူအီးအက်ဖ်အေလက်အောက်က ကျင်းပနေတဲ့ ဘောလုံးပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ကစားနေတဲ့ ဘောလုံးသမားတွေဟာ ဘောလုံးလောင်းကစားလုပ်ငန်းနဲ့ ပါဝင်ဆက်နွယ်ခွင့် မရှိဘူးလို့ သိရပါတယ်။
တကယ်လို့ ဒီပြစ်ဒဏ်ကိုသာ ချမှတ်ခံခဲ့ရရင် ၃၉ နှစ်သား ဇလာတန်ရဲ့ ဘောလုံးသမားဘဝအဆုံးသတ်သွားပြီလို့ ယူဆနိုင်သလို ဒီဖြစ်ရပ်ကြောင့်ပဲ သူ့ကို ဆွီဒင်အသင်းရဲ့ ၂၀၁၈ ကမ္ဘာ့ဖလားလူစာရင်းမှာ မရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ဆွီဒင်သတင်းကလည်း ဖော်ပြထားပါတယ်။
ဆွီဒင်ဘောလုံးအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး Hakan Sjostrand က ” ဖီဖာရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ကျင့်ဝတ်ကျင့်ထုံးအရ ကစားသမားတွေဟာ ဘောလုံးလောင်းကစားကုမ္ပဏီတွေမှာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းနဲ့ဖြစ်စေ လုံးဝ ရှယ်ယာပါဝင်ခွင့် မရှိပါဘူး။ ” လို့ ဆိုခဲ့ပါတယ်။
သူပိုင်ဆိုင်ထားတဲ့ ဆွီဒင်အခြေစိုက် ကုမ္ပဏီဟာ မော်လ်တာ ဘောလုံးလောင်းကစားကုမ္ပဏီ Bethard ရဲ့ ရှယ်ယာ ၁၀ ရာခိုင်နှုန်းအထိကို ပါဝင်ပိုင်ဆိုင်ထားတယ်လို့ သိရပြီး ဒါဟာ Bethard ရဲ့ ရှယ်ယာကို စတုတ္ထအများဆုံးပိုင်ဆိုင်သူဖြစ်ခဲ့တာပါ။
သူဟာ ၂၀၂၀ အတွင်းက အေစီမီလန်ရဲ့ ယူရိုပါလိဂ်ခြေစစ်ပွဲနဲ့ ဆွီဒင်အသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကို လောင်းကစားရှယ်ယာပိုင်ဆိုင်ထားလျက်နဲ့ ဝင်ရောက်ကစားခဲ့တာဖြစ်တယ်။ အခုအချိန်မှာတော့ ဖီဖာနဲ့ ယူအီးအက်ဖ်အေတို့ဟာ ဥပေဒကို ချိုးဖောက်ခဲ့တဲ့ သူ့ရဲ့ပြစ်မှုကို စစ်ဆေးသွားမှာဖြစ်ကြောင်း သိရှိရပြီး ဖီဖာရဲ့အရေးယူမှုအရ များပြားလှတဲ့ ငွေကြေးပြစ်ဒဏ်နဲ့အတူ ၃ နှစ်ပွဲပယ်ခံထိမှာပါ။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်း လက်ရှိ အေစီမီလန်အသင်းရဲ့ တိုက်စစ်မှူး ဇလာတန် အီဘရာဟီမိုဗစ်ခ်ျဟာ ဘောလုံးလောင်းကစားမှုမှာ အကျိုးစီးပွားအရ ပါဝင်ပတ်သက်ခဲ့ကြောင့် ဖီဖာနဲ့ ယူအီးအက်ဖ်အေတို့ရဲ့ စုံစမ်းစစ်ဆေးမှုကို ခံယူရဖွယ်ရှိနေပြီး လောင်းကစားမှုပြစ်ဒဏ်သာ ထင်ရှားခဲ့ရင် ဘောလုံးကစားခွင့် ၃ နှစ်ပိတ်ပင်ခံရဖွယ် ရှိနေတယ်လို့ သိရပါတယ်။
REF: INTERNET SOURCES
SPORTS A2Z.