Premier League Transfer News

15 Apr နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ သူတို့ရဲ့ ခံစစ်ကို နွေရာသီမှာ ပြင်ဆင်သွားနိုင်ဖို့အတွက် ဘာစီလိုနာနောက်ခံလူ ဆင်မြူယယ်လ် အမ်တီတီကို သက်သာတဲ့ ဈေးနှုန်းတစ်ရပ်နဲ့ ရရှိနိုင်ဖို့ မျှော်လင့်နေပြီး တိုက်စစ်ပိုင်းအတွက် ငွေကြေးချန်လှပ်ထားဖို့ စဉ်းစားနေ။

– အသင်းဟောင်း ယူနိုက်တက်က ကစားသမားတွေနဲ့ ပတ်သက်လို့ သိပ်အကောင်းပြောလေ့မရှိတဲ့ စပါးစ်နည်းပြ ဂျိုဆေး မော်ရင်ညိုရဲ့ ထူးထူးခြားခြား ချီးကျူးခြင်းခံရသူတစ်ဦးဖြစ်တဲ့ ကွင်းလယ်လူ စကော့ မက်တော်မီနေးအနေနဲ့ ပြီးခဲ့တဲ့ ၁၈ လအတွင်းမှာ သိသိသာသာ တိုးတက်လာတယ်လို့ ကျွမ်းကျင်သူတွေ သုံးသပ်။

– ဆမ်ဒိုးရီးယားအသင်းမှာ ထွန်းတောက်လာခဲ့ပြီး လီယွန်အသင်းနဲ့ တစ်ရာသီ ပြောင်းရွှေ့ကစားအပြီးမှာ ဖူလ်ဟမ်ဆီ အငှားချခံထားခဲ့ရပြီး ပရီးမီးယားလိဂ်နဲ့ အံဝင်စွာ ခြေစွမ်းပြနေတဲ့ နောက်ခံလူ ဂျိုအာခင်မ် အန်ဒါဆန်ကို ခေါ်ယူဖို့ ယူနိုက်တက်တို့ စိတ်ဝင်စားနေပြီး ပြင်သစ် ကလပ်ဘက်က ပေါင် ၂၅ သန်း ဝန်းကျင်နဲ့ ရောင်းချဖွယ်ရှိနေ။

– ဒေါ့မွန်အသင်းဘက် အသစ်ပြင်ဆင်သတ်မှတ်လိုက်တဲ့ ဈေးနှုန်းဖြစ်တဲ့ ဂျေဒန် ဆန်ချိုရဲ့ ပေါင် ၈၆ သန်းဆိုတဲ့ စာတန်းကပ်မှုဟာ အသက်အရွယ်၊ တန်ဖိုးနဲ့ အလားအလာအရ သင့်တော်တဲ့ အနေအထားမှာ ရှိနေပြီး ယူနိုက်တက်တို့အနေနဲ့ ခေါ်ယူသင့်ပြီလို့ ကျွမ်းကျင်သူတွေ သုံးသပ်။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ လာမယ့်နွေရာသီမှာ ဝက်စ်ဟမ်းအသင်းနဲ့ အငှားသွားရောက်ကစားပြီး ခြေစွမ်းပြနေတဲ့ ကွင်းလယ်လူ ဂျက်ဆီ လင်ဂတ်ကို မရောင်းချဘဲ ပြန်လည်ခေါ်ယူဖို့ စဉ်းစားနေပြီး ဘရူနို ဖာနန်ဒက်စ်ကို ဖိအားပေးနိုင်ဖို့ အလိုရှိနေ။

– ၂၀၂၂ နွေရာသီမှာ စာချုပ်ကုန်ဆုံးမယ့် ကမ္ဘာ့ဖလားရ ပြင်သစ်နောက်ခံလူ ရာဖေးလ် ဗာရွန်းအတွက် ယူနိုက်တက်တာဝန်ရှိသူတွေဘက်က ချဉ်းကပ်ဆွေးနွေးမှုဟာ စိတ်ကျေနပ်စရာ အနေအထားတစ်ရပ်မှာ ရှိနေပြီး လာမယ့်နွေရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဈေးနှုန်းညှိနှိုင်းနိုင်ဖွယ်ရှိနေ။

– မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီ ဂန်နာ ဆိုးလ်ရှားအနေနဲ့ နော်ဝေအခြေစိုက် ဘောလုံးအေဂျင်စီတစ်ခုမှာ ရှယ်ယာ ၁၂.၅ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံခဲ့ပြီး သူ့ရဲ့ Utli အေဂျင်စီဟာ တိုက်စစ်ကစားသမားတွေနဲ့ နည်းပြတွေအတွက် အထူးဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရ။

– လာမယ့် ဂရန်နာဒါအသင်းနဲ့ အိမ်ကွင်းပွဲစဉ်မှာ အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယား ပွဲပယ်ခံထားခဲ့ရတာအတွက် ကပ္ပတိန် လက်ပတ်နဲ့ တာဝန်ကို ရယူဖို့ ဘရူနို ဖာနန်ဒက်စ်နဲ့ နီမန်ဂျာ မာတစ်တို့ တစ်ဦးဦးကို နည်းပြ ဆိုးလ်ရှား တာဝန်ပေးအပ်ဖွယ်ရှိနေ။

– အင်္ဂလန်အသင်းရဲ့ ညာနောက်ခံလူတစ်နေရာမှာ ပွဲထွက်ဖို့ သင့်တော်တယ်လို့ ယူနိုက်တက်နောက်ခံလူ အာရွန် ဝန်ဘစ်ဆာကာအတွက် ရိန်းဂျားစ်တိုက်စစ်မှူးဟောင်း အယ်လီ မက်ကွိုက်စ်က Talk Sport ကနေ ပြောကြားလိုက်ပြီး နည်းပြ ဂယ်ရက်သ် ဆောက်ဂိတ်ကို ထောက်ခံပေးသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ သူတို႔ရဲ႕ ခံစစ္ကို ေႏြရာသီမွာ ျပင္ဆင္သြားႏိုင္ဖို႔အတြက္ ဘာစီလိုနာေနာက္ခံလူ ဆင္ျမဴယယ္လ္ အမ္တီတီကို သက္သာတဲ့ ေဈးႏႈန္းတစ္ရပ္နဲ႔ ရရွိႏိုင္ဖို႔ ေမွ်ာ္လင့္ေနၿပီး တိုက္စစ္ပိုင္းအတြက္ ေငြေၾကးခ်န္လွပ္ထားဖို႔ စဥ္းစားေန။

– အသင္းေဟာင္း ယူႏိုက္တက္က ကစားသမားေတြနဲ႔ ပတ္သက္လို႔ သိပ္အေကာင္းေျပာေလ့မရွိတဲ့ စပါးစ္နည္းျပ ဂ်ိဳေဆး ေမာ္ရင္ညိဳရဲ႕ ထူးထူးျခားျခား ခ်ီးက်ဴးျခင္းခံရသူတစ္ဦးျဖစ္တဲ့ ကြင္းလယ္လူ စေကာ့ မက္ေတာ္မီေနးအေနနဲ႔ ၿပီးခဲ့တဲ့ ၁၈ လအတြင္းမွာ သိသိသာသာ တိုးတက္လာတယ္လို႔ ကြၽမ္းက်င္သူေတြ သုံးသပ္။

– ဆမ္ဒိုးရီးယားအသင္းမွာ ထြန္းေတာက္လာခဲ့ၿပီး လီယြန္အသင္းနဲ႔ တစ္ရာသီ ေျပာင္းေ႐ႊ႕ကစားအၿပီးမွာ ဖူလ္ဟမ္ဆီ အငွားခ်ခံထားခဲ့ရၿပီး ပရီးမီးယားလိဂ္နဲ႔ အံဝင္စြာ ေျခစြမ္းျပေနတဲ့ ေနာက္ခံလူ ဂ်ိဳအာခင္မ္ အန္ဒါဆန္ကို ေခၚယူဖို႔ ယူႏိုက္တက္တို႔ စိတ္ဝင္စားေနၿပီး ျပင္သစ္ ကလပ္ဘက္က ေပါင္ ၂၅ သန္း ဝန္းက်င္နဲ႔ ေရာင္းခ်ဖြယ္ရွိေန။

– ေဒါ့မြန္အသင္းဘက္ အသစ္ျပင္ဆင္သတ္မွတ္လိုက္တဲ့ ေဈးႏႈန္းျဖစ္တဲ့ ေဂ်ဒန္ ဆန္ခ်ိဳရဲ႕ ေပါင္ ၈၆ သန္းဆိုတဲ့ စာတန္းကပ္မႈဟာ အသက္အ႐ြယ္၊ တန္ဖိုးနဲ႔ အလားအလာအရ သင့္ေတာ္တဲ့ အေနအထားမွာ ရွိေနၿပီး ယူႏိုက္တက္တို႔အေနနဲ႔ ေခၚယူသင့္ၿပီလို႔ ကြၽမ္းက်င္သူေတြ သုံးသပ္။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ လာမယ့္ေႏြရာသီမွာ ဝက္စ္ဟမ္းအသင္းနဲ႔ အငွားသြားေရာက္ကစားၿပီး ေျခစြမ္းျပေနတဲ့ ကြင္းလယ္လူ ဂ်က္ဆီ လင္ဂတ္ကို မေရာင္းခ်ဘဲ ျပန္လည္ေခၚယူဖို႔ စဥ္းစားေနၿပီး ဘ႐ူႏို ဖာနန္ဒက္စ္ကို ဖိအားေပးႏိုင္ဖို႔ အလိုရွိေန။

– ၂၀၂၂ ေႏြရာသီမွာ စာခ်ဳပ္ကုန္ဆုံးမယ့္ ကမာၻ႔ဖလားရ ျပင္သစ္ေနာက္ခံလူ ရာေဖးလ္ ဗာ႐ြန္းအတြက္ ယူႏိုက္တက္တာဝန္ရွိသူေတြဘက္က ခ်ဥ္းကပ္ေဆြးေႏြးမႈဟာ စိတ္ေက်နပ္စရာ အေနအထားတစ္ရပ္မွာ ရွိေနၿပီး လာမယ့္ေႏြရာသီမွာ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ေဈးႏႈန္းညႇိႏႈိင္းႏိုင္ဖြယ္ရွိေန။

– မန္ခ်က္စတာယူႏိုက္တက္နည္းျပ အိုလီ ဂန္နာ ဆိုးလ္ရွားအေနနဲ႔ ေနာ္ေဝအေျခစိုက္ ေဘာလုံးေအဂ်င္စီတစ္ခုမွာ ရွယ္ယာ ၁၂.၅ ရာခိုင္ႏႈန္း ရင္းႏွီးျမႇဳပ္ႏွံခဲ့ၿပီး သူ႔ရဲ႕ Utli ေအဂ်င္စီဟာ တိုက္စစ္ကစားသမားေတြနဲ႔ နည္းျပေတြအတြက္ အထူးဝန္ေဆာင္မႈေပးတဲ့ လုပ္ငန္းတစ္ခုျဖစ္ေၾကာင္း သိရ။

– လာမယ့္ ဂရန္နာဒါအသင္းနဲ႔ အိမ္ကြင္းပြဲစဥ္မွာ အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြိဳင္းယား ပြဲပယ္ခံထားခဲ့ရတာအတြက္ ကပၸတိန္ လက္ပတ္နဲ႔ တာဝန္ကို ရယူဖို႔ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ နီမန္ဂ်ာ မာတစ္တို႔ တစ္ဦးဦးကို နည္းျပ ဆိုးလ္ရွား တာဝန္ေပးအပ္ဖြယ္ရွိေန။

– အဂၤလန္အသင္းရဲ႕ ညာေနာက္ခံလူတစ္ေနရာမွာ ပြဲထြက္ဖို႔ သင့္ေတာ္တယ္လို႔ ယူႏိုက္တက္ေနာက္ခံလူ အာ႐ြန္ ဝန္ဘစ္ဆာကာအတြက္ ရိန္းဂ်ားစ္တိုက္စစ္မႉးေဟာင္း အယ္လီ မက္ကြိဳက္စ္က Talk Sport ကေန ေျပာၾကားလိုက္ၿပီး နည္းျပ ဂယ္ရက္သ္ ေဆာက္ဂိတ္ကို ေထာက္ခံေပးသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.