Bundesliga Match Report Premier League UCL&UEL

စိန်အိုးစည် မန်စီးတီးတို့ ဖိုဒန်ရဲ့ အတီးစွမ်းနဲ့ ဒေါ့မွန်ကို ကျော်ဖြတ်ပြီး ဆီမီးတက်ခဲ့တဲ့ပွဲ

နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းကျဆင်းလာတဲ့ မန်ချက်စတာစီးတီးတို့ ချန်ပီယံလိဂ်မှာ ဂိုးတွေ ဆက်တိုက်ပေးနေခဲ့ရသလို တခြားပြိုင်ပွဲတွေမှာလည်း ရလဒ်တွေ ကျဉ်းမြောင်းလာခဲ့ပေမယ့် လိုအပ်ချိန်မှာတော့ နိုင်ပွဲတစ်ပွဲကို ရယူနိုင်ခဲ့ပြီး လိမ်ဖယ်လိမ်ဖယ်နဲ့ပဲ ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

အိမ်ကွင်းမှာ နှစ်ဂိုး-တစ်ဂိုးနဲ့ အဝေးဂိုးပေးထားမိလို့ ဒီပွဲကို စီးတီးတို့ ကစားကွက် ဦးစားပေးပြီး ထိန်းသိမ်းချုပ်ကိုင်နိုင်မယ့် ၄-၆-၀ ကစားကွက်နဲ့ ပွဲထွက်လာခဲ့သလို ဒေါ့မွန်ကတော့ ကစားသမားကောင်းတွေ ရှိနေပေမယ့် အသက် ၃၈ နှစ်အရွယ် ယာယီနည်းပြ တာဇစ်ချ်ရဲ့ ရွေးချယ်မှု တချို့က သူတို့အသင်းကို ထင်သလောက် မတောင့်တင်းစေခဲ့တာကိုလည်း တွေ့ရပါတယ်။

ပွဲစတာနဲ့ ဒေါ့မွန်တို့ ဖိကစားခဲ့ပြီး ညာတောင်ပံက နော့ဖ်ရဲ့ အတွေ့အကြုံ နုနယ်မှုကြောင့် ဘယ်တောင်ပံက မာကို ရွိုက်စ်ကပဲ အဓိက ထိုးဖောက်နေခဲ့ပြီး ပွဲချိန် ၁၅ မိနစ်မှာတော့ ဒါဟုဒ်ရဲ့ ထိုးဖောက်မှုကနေ လုံးထွေးပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို နောက်က ပါလာတဲ့ ဘယ်လင်ဂမ်က အဝေးတိုင်အပေါ်ထောင့်ကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒေါ့မွန်တို့အနေနဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့သလို မိုရေးရဲ့ အမှားကနေ ဒီဘရိုင်းနားရဲ့ ကန်သွင်းချက်လည်း ဘားထိခဲ့ပြီး လက်ကျန် ပထမပိုင်းအချိန်တွေမှာ ဖိုဒန်နဲ့ မာရက်ဇ်တို့ရဲ့ တွဲလုံးတွေကလည်း အလုပ်မဖြစ်ခဲ့လို့ အိမ်ရှင်တွေရဲ့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ခြင်းကို ခံခဲ့ရပါတယ်။

မန်စီးတီးတို့အတွက်တော့ နည်းပြ တာဇစ်ချ်ဟာ ကျေးဇူးရှင်ဖြစ်ခဲ့သလို နှစ်ကျော့စလုံးမှာ မူနီယေး၊ ပစ်ဇက်၊ ပက်စ်လက်ခ်တို့လို အတွေ့အကြုံရှိ ကစားသမားတွေအစား မိုရေးကို သုံးခဲ့တာနဲ့ ဟာဇတ်၊ ရိန်နီယာ၊ ဘရန့်ဒ်တို့အစား နော့ဖ်ကို ရွေးချယ်ခဲ့တာက မလုပ်သင့်တဲ့ လူထုတ်ပုံမျိုးကို အတတ်ကျူးသွားခဲ့တာဖြစ်သလို ညာခြမ်းနဲ့ ကွင်းလယ်ဟာ ဟားလန်းဆီကို ဘောလုံးကောင်းကောင်းမပေးတတ်ခဲ့တာလည်းဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ ဒေါ့မွန်ရဲ့ ညာခြမ်းကို တောက်လျှောက်ဖိအားပေးနေတဲ့ ဖိုဒန်ရဲ့ ဖြတ်တင်ဘောကနေ ကွင်းလယ်လူ အမ်မရီချန် ခေါင်းတိုက်ရှင်းထုတ်ရာမှာ သူ့ရဲ့ ဆန့်ထားတဲ့ လက်ကို သွားထိခဲ့တာကြောင့် မန်စီးတီးတို့ ပင်နယ်တီရခဲ့ပြီး ဒါကို ပွဲချိန် ၅၅ မိနစ်မှာ မာရက်ဇ်က ဂိုးသမား မာဗင် ဟစ်ဇ်ရဲ့ အပေါ်ထောင့်ကို ကန်တဲ့ အပြင်းကန်ချက်နဲ့ ချေပဂိုးနဲ့ အဖိုးတန်အဝေးဂိုးကို ရယူပေးနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ နော့ဖ်အစား ဂျိုဗန်နီ ရေးနားကို ထည့်သွင်းခဲ့ပေမယ့် ကစားပုံ ထိရောက်ခြင်းတော့ သိပ်မရှိခဲ့သလို မန်စီးတီးတို့ရဲ့ တန်ပြန်တိုက်စစ်က ထိုးနှက်ခြင်းကို ခံခဲ့ရပြီး ပွဲချိန် ၇၅ မိနစ်မှာတော့ ဒီဘရိုင်းနားရဲ့ ထိုးဖောက်မှုကနေ ရတဲ့ ထောင့်ကန်ဘောကို အနီးပေးခဲ့ရာမှာ ဖိုဒန်က ဂိုးဧရိယာအစပ်ကနေ အပြင်းကန်သွင်းခဲ့တာကို ဒေါ့မွန်ဂိုးသမား မကာကွယ်နိုင်ခဲ့ဘဲ အနိုင်ဂိုးကို ခွင့်ပြုခဲ့ရပါတယ်။

ဦးစားပေးဂိုးသမား ရိုမန် ဘာကာအစား သုံးစွဲနေတဲ့ ဟစ်ဇ်ကတော့ ဒီနေ့ပွဲမှာ လုံလောက်တဲ့ ကာကွယ်မှုမျိုးကို မပေးနိုင်ခဲ့သလို တာဇစ်ချ်ရဲ့ အကြံကတော့ ဒီနေရာမှာပဲ ကုန်သွားခဲ့ပြီး ကစားသမား အရင်းအမြစ်တွေ အမြောက်အမြား ရှိပေမယ့် ထုတ်ယူသုံးစွဲနိုင်ခြင်းမရှိတဲ့ ပုံစံက ကစားအားနဲ့ ခြေစွမ်းကျဆင်းနေတဲ့ မန်စီးတီးတို့ကို အနိုင်ယူဖို့ အရည်အချင်းလည်း မရှိခဲ့တာဖြစ်ပါတယ်။

မိနစ် ၉၀ ပြည့်ချိန်မှာတော့ နှစ်ကျော့ပေါင်းရလဒ် လေးဂိုး-နှစ်ဂိုးနဲ့ ဆစ်ဂနယ် အီဒူနာကွင်းမှာ မန်စီးတီးတို့ ထင်သလောက် မရုန်းရဘဲ ဆီမီးဖိုင်နယ်ဆီကို အောင်ပွဲခံနိုင်ခဲ့ပြီး နောက်တစ်ဆင့်မှာတော့ ဘိုင်ယန်မြူးနစ်ကို အနိုင်ယူပြီး တက်လာခဲ့တဲ့ ပီအက်စ်ဂျီအသင်းနဲ့ ဒီလ ၂၇ ရက်နေ့မှာ စတင်ရင်ဆိုင်ရတော့မယ်ဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေနာက္ပိုင္းပြဲေတြမွာ ေျခစြမ္းက်ဆင္းလာတဲ့ မန္ခ်က္စတာစီးတီးတို႔ ခ်န္ပီယံလိဂ္မွာ ဂိုးေတြ ဆက္တိုက္ေပးေနခဲ့ရသလို တျခားၿပိဳင္ပြဲေတြမွာလည္း ရလဒ္ေတြ က်ဥ္းေျမာင္းလာခဲ့ေပမယ့္ လိုအပ္ခ်ိန္မွာေတာ့ ႏိုင္ပြဲတစ္ပြဲကို ရယူႏိုင္ခဲ့ၿပီး လိမ္ဖယ္လိမ္ဖယ္နဲ႔ပဲ ဆီမီးဖိုင္နယ္အဆင့္ကို တက္လွမ္းသြားႏိုင္ခဲ့ပါတယ္။

အိမ္ကြင္းမွာ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အေဝးဂိုးေပးထားမိလို႔ ဒီပြဲကို စီးတီးတို႔ ကစားကြက္ ဦးစားေပးၿပီး ထိန္းသိမ္းခ်ဳပ္ကိုင္ႏိုင္မယ့္ ၄-၆-၀ ကစားကြက္နဲ႔ ပြဲထြက္လာခဲ့သလို ေဒါ့မြန္ကေတာ့ ကစားသမားေကာင္းေတြ ရွိေနေပမယ့္ အသက္ ၃၈ ႏွစ္အ႐ြယ္ ယာယီနည္းျပ တာဇစ္ခ်္ရဲ႕ ေ႐ြးခ်ယ္မႈ တခ်ိဳ႕က သူတို႔အသင္းကို ထင္သေလာက္ မေတာင့္တင္းေစခဲ့တာကိုလည္း ေတြ႕ရပါတယ္။

ပြဲစတာနဲ႔ ေဒါ့မြန္တို႔ ဖိကစားခဲ့ၿပီး ညာေတာင္ပံက ေနာ့ဖ္ရဲ႕ အေတြ႕အႀကဳံ ႏုနယ္မႈေၾကာင့္ ဘယ္ေတာင္ပံက မာကို ႐ြိဳက္စ္ကပဲ အဓိက ထိုးေဖာက္ေနခဲ့ၿပီး ပြဲခ်ိန္ ၁၅ မိနစ္မွာေတာ့ ဒါဟုဒ္ရဲ႕ ထိုးေဖာက္မႈကေန လုံးေထြးၿပီး ျပန္ထြက္လာတဲ့ ေဘာလုံးကို ေနာက္က ပါလာတဲ့ ဘယ္လင္ဂမ္က အေဝးတိုင္အေပၚေထာင့္ကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ေဒါ့မြန္တို႔အေနနဲ႔ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့သလို မိုေရးရဲ႕ အမွားကေန ဒီဘ႐ိုင္းနားရဲ႕ ကန္သြင္းခ်က္လည္း ဘားထိခဲ့ၿပီး လက္က်န္ ပထမပိုင္းအခ်ိန္ေတြမွာ ဖိုဒန္နဲ႔ မာရက္ဇ္တို႔ရဲ႕ တြဲလုံးေတြကလည္း အလုပ္မျဖစ္ခဲ့လို႔ အိမ္ရွင္ေတြရဲ႕ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ျခင္းကို ခံခဲ့ရပါတယ္။

မန္စီးတီးတို႔အတြက္ေတာ့ နည္းျပ တာဇစ္ခ်္ဟာ ေက်းဇူးရွင္ျဖစ္ခဲ့သလို ႏွစ္ေက်ာ့စလုံးမွာ မူနီေယး၊ ပစ္ဇက္၊ ပက္စ္လက္ခ္တို႔လို အေတြ႕အႀကဳံရွိ ကစားသမားေတြအစား မိုေရးကို သုံးခဲ့တာနဲ႔ ဟာဇတ္၊ ရိန္နီယာ၊ ဘရန႔္ဒ္တို႔အစား ေနာ့ဖ္ကို ေ႐ြးခ်ယ္ခဲ့တာက မလုပ္သင့္တဲ့ လူထုတ္ပုံမ်ိဳးကို အတတ္က်ဴးသြားခဲ့တာျဖစ္သလို ညာျခမ္းနဲ႔ ကြင္းလယ္ဟာ ဟားလန္းဆီကို ေဘာလုံးေကာင္းေကာင္းမေပးတတ္ခဲ့တာလည္းျဖစ္ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ေဒါ့မြန္ရဲ႕ ညာျခမ္းကို ေတာက္ေလွ်ာက္ဖိအားေပးေနတဲ့ ဖိုဒန္ရဲ႕ ျဖတ္တင္ေဘာကေန ကြင္းလယ္လူ အမ္မရီခ်န္ ေခါင္းတိုက္ရွင္းထုတ္ရာမွာ သူ႔ရဲ႕ ဆန႔္ထားတဲ့ လက္ကို သြားထိခဲ့တာေၾကာင့္ မန္စီးတီးတို႔ ပင္နယ္တီရခဲ့ၿပီး ဒါကို ပြဲခ်ိန္ ၅၅ မိနစ္မွာ မာရက္ဇ္က ဂိုးသမား မာဗင္ ဟစ္ဇ္ရဲ႕ အေပၚေထာင့္ကို ကန္တဲ့ အျပင္းကန္ခ်က္နဲ႔ ေခ်ပဂိုးနဲ႔ အဖိုးတန္အေဝးဂိုးကို ရယူေပးႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ေနာ့ဖ္အစား ဂ်ိဳဗန္နီ ေရးနားကို ထည့္သြင္းခဲ့ေပမယ့္ ကစားပုံ ထိေရာက္ျခင္းေတာ့ သိပ္မရွိခဲ့သလို မန္စီးတီးတို႔ရဲ႕ တန္ျပန္တိုက္စစ္က ထိုးႏွက္ျခင္းကို ခံခဲ့ရၿပီး ပြဲခ်ိန္ ၇၅ မိနစ္မွာေတာ့ ဒီဘ႐ိုင္းနားရဲ႕ ထိုးေဖာက္မႈကေန ရတဲ့ ေထာင့္ကန္ေဘာကို အနီးေပးခဲ့ရာမွာ ဖိုဒန္က ဂိုးဧရိယာအစပ္ကေန အျပင္းကန္သြင္းခဲ့တာကို ေဒါ့မြန္ဂိုးသမား မကာကြယ္ႏိုင္ခဲ့ဘဲ အႏိုင္ဂိုးကို ခြင့္ျပဳခဲ့ရပါတယ္။

ဦးစားေပးဂိုးသမား ႐ိုမန္ ဘာကာအစား သုံးစြဲေနတဲ့ ဟစ္ဇ္ကေတာ့ ဒီေန႔ပြဲမွာ လုံေလာက္တဲ့ ကာကြယ္မႈမ်ိဳးကို မေပးႏိုင္ခဲ့သလို တာဇစ္ခ်္ရဲ႕ အႀကံကေတာ့ ဒီေနရာမွာပဲ ကုန္သြားခဲ့ၿပီး ကစားသမား အရင္းအျမစ္ေတြ အေျမာက္အျမား ရွိေပမယ့္ ထုတ္ယူသုံးစြဲႏိုင္ျခင္းမရွိတဲ့ ပုံစံက ကစားအားနဲ႔ ေျခစြမ္းက်ဆင္းေနတဲ့ မန္စီးတီးတို႔ကို အႏိုင္ယူဖို႔ အရည္အခ်င္းလည္း မရွိခဲ့တာျဖစ္ပါတယ္။

မိနစ္ ၉၀ ျပည့္ခ်ိန္မွာေတာ့ ႏွစ္ေက်ာ့ေပါင္းရလဒ္ ေလးဂိုး-ႏွစ္ဂိုးနဲ႔ ဆစ္ဂနယ္ အီဒူနာကြင္းမွာ မန္စီးတီးတို႔ ထင္သေလာက္ မ႐ုန္းရဘဲ ဆီမီးဖိုင္နယ္ဆီကို ေအာင္ပြဲခံႏိုင္ခဲ့ၿပီး ေနာက္တစ္ဆင့္မွာေတာ့ ဘိုင္ယန္ျမဴးနစ္ကို အႏိုင္ယူၿပီး တက္လာခဲ့တဲ့ ပီအက္စ္ဂ်ီအသင္းနဲ႔ ဒီလ ၂၇ ရက္ေန႔မွာ စတင္ရင္ဆိုင္ရေတာ့မယ္ျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.