Premier League

15 April နံနက်ခင်း နောက်ဆုံးရ ချဲလ်ဆီးအသင်း သတင်းများ စုစည်းမှု

ချယ်လ်ဆီးနည်းပြ သောမတ်စ် တူဟယ်လ်က ပေါ်တိုနဲ့ ချန်ပီယံလိဂ် ကွာတားဒုကျော့မှာ ခြေစွမ်းပြခဲ့တဲ့ အန်ဂိုလို ကွန်တေဟာ လူနှစ်ယောက်ဝင်ကစားနေသလို အားရှိစေခဲ့ကြောင်း ဟိမဝန္တာချီးမွမ်းခန်းဖွင့်သွားခဲ့ပြီး ဒဏ်ရာကနေ ပြန်သက်သာချင်းမှာပဲ ဝင်ကစားခဲ့တဲ့ သူ့ကို ရင်တမမနဲ့ စွန့်စွန့်စားစားသုံးခဲ့ရခြင်းဖြစ်ကြောင်း ဝန်ခံသွား။

တီကိုနဲ့ ပေါ်တိုကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့တဲ့ ချယ်လ်ဆီးဟာ ဆုကြေးငွေအဖြစ် ယူရို ၁၂ သန်း အိတ်ကပ်ထဲရောက်လာမှာဖြစ်ပြီး ဖိုင်နယ်ကို တက်ရောက်နိုင်ရင်တော့ ယူရို ၁၅ သန်း ရရှိမှာဖြစ်သလို ဒီရာသီမှာ ဥရောပပြိုင်ပွဲကနေတဆင့် ချယ်လ်ဆီးအသင်း ရရှိထားတဲ့ ဆုကြေးငွေမှာ ပေါင်သန်း ၈၀ အထိဝင်ငွေရှိထားခဲ့ပြီဖြစ်။

ပရိသတ်တွေက မဲပေးရွေးချယ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ တနှစ်တာအကောင်းဆုံးကစားသမားဆုကို မေဆန်မောင့်က ဆွတ်ခူးသွားခဲ့ပြီး ပရိသတ် ၈၂ ရာခိုင်နှုန်းရဲ့ မဲပေးမှုကို ရရှိခဲ့ခြင်းဖြစ်ကာ ဒုတိယနေရာနဲ့ တတိယနေရာမှာ ဂိုးသမား မန်ဒီနဲ့ ဗဟိုခံစစ်မှုး ခရစ္စတန်ဆန်တို့က အသီးသီးရွေးချယ်ခံရ။

ပေါ်တိုနဲ့ပွဲကြို လေ့ကျင့်ရေးမိနစ် ၂၀ အတွင်း တံကောက်ကြောဒဏ်ရာရရှိခဲ့တဲ့ ကိုဗာချစ်ဟာ မန်စီးတီးအသင်းနဲ့ ကစားရမယ့် FA ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ကို သေချာပေါက် လွဲချော်သွားမယ်လို့ တူဟယ်လ်က အတည်ပြုပေးခဲ့ပြီးနောက် ဗဟိုခံစစ်မှူး ခရစ္စတန်ဆန်ကပါ ကြွက်သားဒဏ်ရာ အရှင်းမပျောက်ကင်းသေးတာကြောင့် ပါဝင်ဖို့ မသေချာဖွယ်ရှိလာ။

ပေါ်တိုနဲ့ပွဲမှာ ပြသခဲ့တဲ့ အသင်းခေါင်းဆောင် အက်ဇ်ပီလီကွေတာရဲ့ အကြောက်တရားမရှိ၊ စောဒကမရှိ၊ တွန့်ဆုတ်တွေဝေမှုမရှိတဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ စွမ်းဆောင်ရည်ကို တူဟယ်လ်က ဂုဏ်အယူကြီးယူနေပြီး သူ့လို စပိန်သားမျိုးကို အသင်းမှာ ပိုင်ဆိုင်ထားရတာ သိပ်ကျေနပ်တယ်လို့ ခပ်ဘွင်းဘွင်းပြောသွားခဲ့။

တိုက်စစ်မှူး တီမို ဗာနာရဲ့ ကစားပုံဟာ ခေါင်းငုံ့ပြီး ဆင်ကန်းတောတိုး လျှောက်ပြေးနေသလိုပဲလို့ စပါးစ်ကစားသမားဟောင်း ဗန်ဒါဗတ်က ထိုးနှက်သွားခဲ့ပြီး သိပ်လျင်မြန်လွန်းတဲ့ သူ့ရဲ့အရှိန်နှုန်းနဲ့ အားထုတ်မှုတွေဟာ အခြေအနေနဲ့လိုက်လျောညီအောင် မသုံးတတ်ရင် အလကားပဲလို့ ဝေဖန်သွား။

ပေါ်တိုနဲ့ပွဲမှာ ပူလီရှစ်ချ်ဟာ မိနစ် ၉၀ လုံးလုံး ပေါ်တိုကစားသမားတွေရဲ့ ပစ်မှတ်ထားခြင်းခံခဲ့ရသလို ၁၁ ကြိမ်အထိ ပြစ်ဒဏ်ဘောကျူးလွန်ခြင်းခံခဲ့ရတယ်လို့ သိရပြီး Whoscored ရဲ့ အချက်အလက်အရ အခုလို တဦးတည်း အကြိမ်အရေအတွက်များများ ပြစ်ဒဏ်ဘောကျူးလွန်ခံရခြင်းဟာ ရှားပါးတယ်လို့ ဆိုခဲ့သလို လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုက မက်ဆီဟာလည်း ရီးရဲလ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ၁၁ ကြိမ်အထိ ပြစ်ဒဏ်ကျုးလွန်ခံခဲ့ရဖူးတာက ပူလီရှစ်ချ်မတိုင်ခင် နောက်ဆုံးအကြိမ်ဖြစ်ခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ယ္လ္ဆီးနည္းျပ ေသာမတ္စ္ တူဟယ္လ္က ေပၚတိုနဲ႔ ခ်န္ပီယံလိဂ္ ကြာတားဒုေက်ာ့မွာ ေျခစြမ္းျပခဲ့တဲ့ အန္ဂိုလို ကြန္ေတဟာ လူႏွစ္ေယာက္ဝင္ကစားေနသလို အားရွိေစခဲ့ေၾကာင္း ဟိမဝႏၲာခ်ီးမြမ္းခန္းဖြင့္သြားခဲ့ၿပီး ဒဏ္ရာကေန ျပန္သက္သာခ်င္းမွာပဲ ဝင္ကစားခဲ့တဲ့ သူ႔ကို ရင္တမမနဲ႔ စြန႔္စြန႔္စားစားသုံးခဲ့ရျခင္းျဖစ္ေၾကာင္း ဝန္ခံသြား။

တီကိုနဲ႔ ေပၚတိုကို ေက်ာ္ျဖတ္ၿပီး ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္သြားခဲ့တဲ့ ခ်ယ္လ္ဆီးဟာ ဆုေၾကးေငြအျဖစ္ ယူ႐ို ၁၂ သန္း အိတ္ကပ္ထဲေရာက္လာမွာျဖစ္ၿပီး ဖိုင္နယ္ကို တက္ေရာက္ႏိုင္ရင္ေတာ့ ယူ႐ို ၁၅ သန္း ရရွိမွာျဖစ္သလို ဒီရာသီမွာ ဥေရာပၿပိဳင္ပြဲကေနတဆင့္ ခ်ယ္လ္ဆီးအသင္း ရရွိထားတဲ့ ဆုေၾကးေငြမွာ ေပါင္သန္း ၈၀ အထိဝင္ေငြရွိထားခဲ့ၿပီျဖစ္။

ပရိသတ္ေတြက မဲေပးေ႐ြးခ်ယ္တဲ့ ခ်ယ္လ္ဆီးအသင္းရဲ႕ တႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ေမဆန္ေမာင့္က ဆြတ္ခူးသြားခဲ့ၿပီး ပရိသတ္ ၈၂ ရာခိုင္ႏႈန္းရဲ႕ မဲေပးမႈကို ရရွိခဲ့ျခင္းျဖစ္ကာ ဒုတိယေနရာနဲ႔ တတိယေနရာမွာ ဂိုးသမား မန္ဒီနဲ႔ ဗဟိုခံစစ္မႈး ခရစၥတန္ဆန္တို႔က အသီးသီးေ႐ြးခ်ယ္ခံရ။

ေပၚတိုနဲ႔ပြဲႀကိဳ ေလ့က်င့္ေရးမိနစ္ ၂၀ အတြင္း တံေကာက္ေၾကာဒဏ္ရာရရွိခဲ့တဲ့ ကိုဗာခ်စ္ဟာ မန္စီးတီးအသင္းနဲ႔ ကစားရမယ့္ FA ဖလား ဆီမီးဖိုင္နယ္ပြဲစဥ္ကို ေသခ်ာေပါက္ လြဲေခ်ာ္သြားမယ္လို႔ တူဟယ္လ္က အတည္ျပဳေပးခဲ့ၿပီးေနာက္ ဗဟိုခံစစ္မႉး ခရစၥတန္ဆန္ကပါ ႂကြက္သားဒဏ္ရာ အရွင္းမေပ်ာက္ကင္းေသးတာေၾကာင့္ ပါဝင္ဖို႔ မေသခ်ာဖြယ္ရွိလာ။

ေပၚတိုနဲ႔ပြဲမွာ ျပသခဲ့တဲ့ အသင္းေခါင္းေဆာင္ အက္ဇ္ပီလီေကြတာရဲ႕ အေၾကာက္တရားမရွိ၊ ေစာဒကမရွိ၊ တြန႔္ဆုတ္ေတြေဝမႈမရွိတဲ့ စိတ္ပိုင္းဆိုင္ရာနဲ႔ စြမ္းေဆာင္ရည္ကို တူဟယ္လ္က ဂုဏ္အယူႀကီးယူေနၿပီး သူ႔လို စပိန္သားမ်ိဳးကို အသင္းမွာ ပိုင္ဆိုင္ထားရတာ သိပ္ေက်နပ္တယ္လို႔ ခပ္ဘြင္းဘြင္းေျပာသြားခဲ့။

တိုက္စစ္မႉး တီမို ဗာနာရဲ႕ ကစားပုံဟာ ေခါင္းငုံ႔ၿပီး ဆင္ကန္းေတာတိုး ေလွ်ာက္ေျပးေနသလိုပဲလို႔ စပါးစ္ကစားသမားေဟာင္း ဗန္ဒါဗတ္က ထိုးႏွက္သြားခဲ့ၿပီး သိပ္လ်င္ျမန္လြန္းတဲ့ သူ႔ရဲ႕အရွိန္ႏႈန္းနဲ႔ အားထုတ္မႈေတြဟာ အေျခအေနနဲ႔လိုက္ေလ်ာညီေအာင္ မသုံးတတ္ရင္ အလကားပဲလို႔ ေဝဖန္သြား။

ေပၚတိုနဲ႔ပြဲမွာ ပူလီရွစ္ခ်္ဟာ မိနစ္ ၉၀ လုံးလုံး ေပၚတိုကစားသမားေတြရဲ႕ ပစ္မွတ္ထားျခင္းခံခဲ့ရသလို ၁၁ ႀကိမ္အထိ ျပစ္ဒဏ္ေဘာက်ဴးလြန္ျခင္းခံခဲ့ရတယ္လို႔ သိရၿပီး Whoscored ရဲ႕ အခ်က္အလက္အရ အခုလို တဦးတည္း အႀကိမ္အေရအတြက္မ်ားမ်ား ျပစ္ဒဏ္ေဘာက်ဴးလြန္ခံရျခင္းဟာ ရွားပါးတယ္လို႔ ဆိုခဲ့သလို လြန္ခဲ့တဲ့ ဆယ္စုႏွစ္တခုက မက္ဆီဟာလည္း ရီးရဲလ္နဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ၁၁ ႀကိမ္အထိ ျပစ္ဒဏ္က်ဳးလြန္ခံခဲ့ရဖူးတာက ပူလီရွစ္ခ်္မတိုင္ခင္ ေနာက္ဆုံးအႀကိမ္ျဖစ္ခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.