Premier League Transfer News

14 Apr နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– ချဲလ်ဆီးအသင်းရဲ့ Reject ဘဝကနေ ဝက်စ်ဟမ်းအသင်းကို ရောက်သွားခဲ့ပြီး ဒီကနေ ထင်ပေါ်လို့ စင်တော်ကောက်ခံရတော့မယ့် ကွင်းလယ်လူ ဒက်ကလန် ရိုက်စ်အနေနဲ့ သူ့သူငယ်ချင်း မေဆန်မောင့်နဲ့ တွဲကစားချင်သေးပေမယ့် မန်ချက်စတာယူနိုက်တက်နဲ့လည်း ချိတ်ဆက်မှုတွေရှိနေ။

– ဂရန်နာဒါနဲ့ အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ ကစားရမယ့် ယူရိုပါလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အတွက် မန်ချက်စတာယူနိုက်တက် ကစားသမား ၃ ဦး ပွဲပယ်ခံထားရပြီး နောက်ခံလူ မက်ဂွိုင်းယားနဲ့ လုခ်ရှော၊ ကွင်းလယ်လူ မက်တော်မီနေးတို့ မပါဝင်တဲ့ လူစာရင်းမှာ ဖရက်ဒ်နဲ့ ပေါ့ဘာတို့ ကွင်းလယ်အထိုင်ကိုပဲ ပွဲထုတ်သွားဖွယ်ရှိနေ။

– အင်္ဂလန်လက်ရွေးစင်တောင်ပံကစားသမား ဂျေဒန် ဆန်ချိုအတွက် လာမယ့်နွေရာသီမှာ ပေါင် ၈၆ သန်းနဲ့ ဒေါ့မွန်ဘက်က ဈေးလျှော့ ရောင်းချတော့မယ်လို့ အသံထွက်ပေါ်လာခဲ့ပြီး မန်ချက်စတာယူနိုက်တက်ဘက်က ပြင်ဆင်ထားတဲ့ ငွေထုပ်ဖြစ်တဲ့ ပေါင်သန်း ၈၀ နဲ့ သိပ်မကွာတော့တာကြောင့် ပရိသတ်တွေ မျှော်လင့်ချက်ရှိလာ။

– မန်ချက်စတာယူနိုက်တက်ရဲ့ ဘယ်နောက်ခံလူသစ်အဖြစ် ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ မပိတ်ခင်မှာ အားကိုးတကြီးနဲ့ ကြိုးစားပြီး ခေါ်ယူခဲ့တဲ့ ဘရာဇီးလ်သား အဲလက်စ် တဲလက်စ်ဟာ အသင်းနဲ့ အံမဝင်ဘူးလို့ တာဝန်ရှိသူတွေက ယူဆနေကြပြီး နွေရာသီမှာ ခေါ်ယူမယ့် ပစ်မှတ်တွေကို ရရှိဖို့ အလိုက်အနေနဲ့ အသုံးပြုဖို့ စီစဉ်နေ။

– ယူနိုက်တက်နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားက လာမယ့် ဂရန်နာဒါနဲ့ အိမ်ကွင်းပွဲစဉ်ဟာ လူငယ်နောက်ခံလူ အိတ်ဇယ်လ် တွမ်ဇီဘီအနေနဲ့ သူ့ရဲ့ အရည်အသွေးမှန်ကို ပြသနိုင်ဖို့ အခွင့်အလမ်းဖြစ်တယ်လို့ ပြောကြားသွားခဲ့ပြီး ပွဲပယ်ခံထားရတဲ့ မက်ဂွိုင်းယားရဲ့ နေရာမှာ အသုံးပြုသွားဖို့ လုပ်ဆောင်နေ။

– မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်အနေနဲ့ ဂရန်နာဒါနဲ့ အိမ်ကွင်းပွဲစဉ်ကို ခြေထောက်ဒဏ်ရာကြောင့် လွဲချော်မှာဖြစ်ပြီး အိုင်ဗရီကို့စ်ကို နိုင်ငံပွဲကစားဖို့ ပြန်သွားခဲ့ပြီး ကိုဗစ်ကူးစက်ခံခဲ့ရတဲ့ နောက်ခံလူ အဲရစ် ဘိုင်လီလည်း အသင်းနဲ့ ပူးပေါင်းနိုင်ဖို့ မရှိသေးကြောင်း တာဝန်ရှိသူတွေ ထုတ်ပြန်သွားခဲ့။

– နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့ အသင်းကို လာမယ့်ရာသီမှာ စောစောစီးစီး အထိုင်ကျအောင် တည်ဆောက်သွားချင်နေတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပြီး နွေရာသီအပြောင်းအရွှေ့ကာလ ဖွင့်တာနဲ့ ပစ်မှတ်ကစားသမားတွေကို ခေါ်ယူပြီး ပိုလျှံကစားသမားတွေကိုလည်း အမြန်ဆုံး ရှင်းထုတ်သွားစေလိုနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:








REF: INTERNET SOURCES
SPORTS A2Z.