Premier League

ရော်နယ်လ်ဒိုဟာ တကိုယ်ကောင်းဆန်လို့ အသင်းက ထွက်ခွာဖို့ သတိပေးခံရပြီး သူ့ကြောင့် ကံဆိုး ကံကောင်းကြုံရတဲ့ U-13 ကစားသမားလေး

ပြီးခဲ့တဲ့ ဂျီနိုအာအသင်းနဲ့ပွဲစဉ်မှာ ဂျူဗင်တပ်စ်အသင်းက ၃-၁ နဲ့ အနိုင်ရခဲ့ပေမယ့် ရော်နယ်လ်ဒိုက အသင်းဖော်တွေက ဘောလုံးမပေးတာကြောင့် ကိုယ်တိုင်ဂိုးမသွင်းနိုင်ခဲ့ဘူးဆိုပြီး ဒေါသမီးပေါက်ကွဲကာ ကွင်းတွင်းကွင်းပြင်မချန် အဝတ်လဲခန်း တသင်းလုံးကို ပတ်ရမ်းခဲ့တဲ့ ဖြစ်စဉ်က အတော်လေး ဟိုးလေးတကျော်ဖြစ်ခဲ့တယ်။

အဲဒီပွဲမှာ ဘောကောက်ကောင်းလေး (ဂျူဗင်တပ်စ်အသင်း၏ U-13 ကစားသမားလေး)ကို ဂျာစီအင်္ကျီပစ်ပေးခဲ့တဲ့ ရော်နယ်လ်ဒိုရဲ့ဖြစ်ရပ်ဟာလည်း အကျည်းတန်ခဲ့ပြီး လက်ရှိမှာ ၁၃ နှစ်သား ကလေးငယ်ဟာ ဂျူဗင်တပ်စ်အသင်းရဲ့စည်းကမ်းအရ ချမှတ်မယ့် ပြစ်ဒဏ်ကို ရင်ဆိုင်ရတော့မှာပါ။

တာဝန်ကျနေသူတွေအနေနဲ့ မည်သူ ဘောလုံးသမား ၊ နည်းပြစတဲ့ သူတွေဆီက အမှတ်တရ လက်ဆောင်များ တောင်းယူခွင့် ယူငင်ခွင့် မရှိဘူးလို့ ဂျူဗင်တပ်အသင်းမှ အသင်းအတွင်း တင်းကြပ်တဲ့ စည်းမျဉ်း စည်းကမ်းချမှတ်ထားပါတယ်။

ဒီ ၁၃ နှစ်သား အရွယ် ဘောကောက်ကောင်လေးအနေနဲ့ မည်သည့်ပြစ်ဒဏ်ကို ဂျူဗင်တပ်စ်အသင်းက ချမှတ်ပါစေ Ballon d’Or အများဆုံးရရှိတဲ့ မက်ဆီနဲ့ ခေတ်ပြိုင် Ballon d’Or ဆု ၅ ခု ပိုင်ရှင် ရော်နယ်ဒိုဆီမှ အမှတ်တရ အင်္ကျီကို ရရှိခဲ့တဲ့အတွက် ဂျူဗင်တပ်စ်အသင်းက ပေးတဲ့ ပြစ်ဒဏ်ကို ကျေကျေနပ်နပ်ခံယူဖို့ အသင့်ရှိနေပြီး ကျေနပ်နေမှာပါ။

တဆက်တည်းမှာပဲ ရော်နယ်လ်ဒိုဟာ လူငယ်ကစားသမားတွေကို အတုယူမှားစေတဲ့အပြင် ဂျူဗင်တပ်စ်အသင်းကို သူရောက်ရှိခဲ့လာခြင်းဟာ အသင်းရဲ့ရှိရင်းစွဲအနေအထားကိုပါ ပိုပြီးဆုတ်ယုတ်သွားစေခဲ့တယ်လို့ ဝေဖန်မှုတွေလည်း ထွက်ပေါ်လာခဲ့ကြောင်း သိရပါတယ်။

သူဟာ အသင်းကို အောင်မြင်မှုလမ်းကြောင်ပေါ် ဆွဲတင်ပြီး ဦးဆောင်နိုင်ခြင်းမရှိတဲ့အပြင်ကို အသင်းရဲ့ စုစည်းမှုထက် တကိုယ်ရည်အောင်မြင်မှု ဆုတံဆိပ်တွေနဲ့သာ အာသာဖြေလိုစိတ်ရှိသူဖြစ်သလို ကိုယ်ကျိုးကိုသာမက်မောပြီး တကိုယ်ကောင်းဆန်လွန်းတဲ့သူအဖြစ် သတ်မှတ်ခံရမှုတွေကလည်း လတ်တလောမှာ အထင်းသားတွေ့မြင်နေရတယ်။

” ရော်နယ်လ်ဒိုရောက်လာတော့ ဂျူဗင်တပ်စ်က ဘာများပိုကောင်းသွားလို့တုန်း။ အသင်းဖော်တွေကို ဦးဆောင်နိုင်စွမ်းမဲ့တယ်။ လက်တွဲမခေါ်ဘူး။ အသင်းကို တွန်းတင်ဖို့ထက် သူ့ကိုယ်သူ တကိုယ်ရည်အောင်မြင်မှုတွေ၊ တကိုယ်ရည်သွင်းဂိုးတွေ အစာသွပ်ချင်တဲ့သူမျိုးဗျို့။ ”

” တကိုယ်ကောင်းသမားစစ်စစ်ပါ။ ရလဒ်တွေအရ ကြည့်မယ်ဆိုရင် သူမရောက်ခင်က ဂျူဗင်တပ်စ်အသင်းက သာလို့တောင်ကောင်းသေးတယ်။ သူရောက်လာတော့မှ ချန်ပီယံလိဂ်ဆိုရင် စောစောစီးစီးပြုတ်နေတာချည်းပဲဗျာ။

” ဒါကြောင့် ရော်နယ်လ်ဒိုနဲ့ ဂျူဗင်တပ်စ်က လမ်းခွဲလိုက်တာဟာ နှစ်ဖက်စလုံးအတွက် အကောင်းဆုံးနည်းလမ်းပါ ” လို့ ဂျူဗင်တပ်စ်ကွင်းလယ်လူဟောင်း မက်စီမို မော်ရိုက ထုတ်ပြောသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:
ၿပီးခဲ့တဲ့ ဂ်ီႏိုအာအသင္းနဲ႔ပြဲစဥ္မွာ ဂ်ဴဗင္တပ္စ္အသင္းက ၃-၁ နဲ႔ အႏိုင္ရခဲ့ေပမယ့္ ေရာ္နယ္လ္ဒိုက အသင္းေဖာ္ေတြက ေဘာလုံးမေပးတာေၾကာင့္ ကိုယ္တိုင္ဂိုးမသြင္းႏိုင္ခဲ့ဘူးဆိုၿပီး ေဒါသမီးေပါက္ကြဲကာ ကြင္းတြင္းကြင္းျပင္မခ်န္ အဝတ္လဲခန္း တသင္းလုံးကို ပတ္ရမ္းခဲ့တဲ့ ျဖစ္စဥ္က အေတာ္ေလး ဟိုးေလးတေက်ာ္ျဖစ္ခဲ့တယ္။

အဲဒီပြဲမွာ ေဘာေကာက္ေကာင္းေလး (ဂ်ဴဗင္တပ္စ္အသင္း၏ U-13 ကစားသမားေလး)ကို ဂ်ာစီအက်ႌပစ္ေပးခဲ့တဲ့ ေရာ္နယ္လ္ဒိုရဲ႕ျဖစ္ရပ္ဟာလည္း အက်ည္းတန္ခဲ့ၿပီး လက္ရွိမွာ ၁၃ ႏွစ္သား ကေလးငယ္ဟာ ဂ်ဴဗင္တပ္စ္အသင္းရဲ႕စည္းကမ္းအရ ခ်မွတ္မယ့္ ျပစ္ဒဏ္ကို ရင္ဆိုင္ရေတာ့မွာပါ။

တာဝန္က်ေနသူေတြအေနနဲ႔ မည္သူ ေဘာလုံးသမား ၊ နည္းျပစတဲ့ သူေတြဆီက အမွတ္တရ လက္ေဆာင္မ်ား ေတာင္းယူခြင့္ ယူငင္ခြင့္ မရွိဘူးလို႔ ဂ်ဴဗင္တပ္အသင္းမွ အသင္းအတြင္း တင္းၾကပ္တဲ့ စည္းမ်ဥ္း စည္းကမ္းခ်မွတ္ထားပါတယ္။

ဒီ ၁၃ ႏွစ္သား အ႐ြယ္ ေဘာေကာက္ေကာင္ေလးအေနနဲ႔ မည္သည့္ျပစ္ဒဏ္ကို ဂ်ဴဗင္တပ္စ္အသင္းက ခ်မွတ္ပါေစ Ballon d’Or အမ်ားဆုံးရရွိတဲ့ မက္ဆီနဲ႔ ေခတ္ၿပိဳင္ Ballon d’Or ဆု ၅ ခု ပိုင္ရွင္ ေရာ္နယ္ဒိုဆီမွ အမွတ္တရ အက်ႌကို ရရွိခဲ့တဲ့အတြက္ ဂ်ဴဗင္တပ္စ္အသင္းက ေပးတဲ့ ျပစ္ဒဏ္ကို ေက်ေက်နပ္နပ္ခံယူဖို႔ အသင့္ရွိေနၿပီး ေက်နပ္ေနမွာပါ။

တဆက္တည္းမွာပဲ ေရာ္နယ္လ္ဒိုဟာ လူငယ္ကစားသမားေတြကို အတုယူမွားေစတဲ့အျပင္ ဂ်ဴဗင္တပ္စ္အသင္းကို သူေရာက္ရွိခဲ့လာျခင္းဟာ အသင္းရဲ႕ရွိရင္းစြဲအေနအထားကိုပါ ပိုၿပီးဆုတ္ယုတ္သြားေစခဲ့တယ္လို႔ ေဝဖန္မႈေတြလည္း ထြက္ေပၚလာခဲ့ေၾကာင္း သိရပါတယ္။

သူဟာ အသင္းကို ေအာင္ျမင္မႈလမ္းေၾကာင္ေပၚ ဆြဲတင္ၿပီး ဦးေဆာင္ႏိုင္ျခင္းမရွိတဲ့အျပင္ကို အသင္းရဲ႕ စုစည္းမႈထက္ တကိုယ္ရည္ေအာင္ျမင္မႈ ဆုတံဆိပ္ေတြနဲ႔သာ အာသာေျဖလိုစိတ္ရွိသူျဖစ္သလို ကိုယ္က်ိဳးကိုသာမက္ေမာၿပီး တကိုယ္ေကာင္းဆန္လြန္းတဲ့သူအျဖစ္ သတ္မွတ္ခံရမႈေတြကလည္း လတ္တေလာမွာ အထင္းသားေတြ႕ျမင္ေနရတယ္။

” ေရာ္နယ္လ္ဒိုေရာက္လာေတာ့ ဂ်ဴဗင္တပ္စ္က ဘာမ်ားပိုေကာင္းသြားလို႔တုန္း။ အသင္းေဖာ္ေတြကို ဦးေဆာင္ႏိုင္စြမ္းမဲ့တယ္။ လက္တြဲမေခၚဘူး။ အသင္းကို တြန္းတင္ဖို႔ထက္ သူ႔ကိုယ္သူ တကိုယ္ရည္ေအာင္ျမင္မႈေတြ၊ တကိုယ္ရည္သြင္းဂိုးေတြ အစာသြပ္ခ်င္တဲ့သူမ်ိဳးဗ်ိဳ႕။ ”

” တကိုယ္ေကာင္းသမားစစ္စစ္ပါ။ ရလဒ္ေတြအရ ၾကည့္မယ္ဆိုရင္ သူမေရာက္ခင္က ဂ်ဴဗင္တပ္စ္အသင္းက သာလို႔ေတာင္ေကာင္းေသးတယ္။ သူေရာက္လာေတာ့မွ ခ်န္ပီယံလိဂ္ဆိုရင္ ေစာေစာစီးစီးျပဳတ္ေနတာခ်ည္းပဲဗ်ာ။

” ဒါေၾကာင့္ ေရာ္နယ္လ္ဒိုနဲ႔ ဂ်ဴဗင္တပ္စ္က လမ္းခြဲလိုက္တာဟာ ႏွစ္ဖက္စလုံးအတြက္ အေကာင္းဆုံးနည္းလမ္းပါ ” လို႔ ဂ်ဴဗင္တပ္စ္ကြင္းလယ္လူေဟာင္း မက္စီမို ေမာ္႐ိုက ထုတ္ေျပာသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z