Premier League

အားနာစရာကိစ္စတွေကြောင့် တွစ်တာကိုင်တဲ့ အဖွဲ့ကို အလုပ်ဖြုတ်လိုက်ရတဲ့ ဖိုဒန်

မန်ချက်စတာစီးတီးအသင်းအတွက် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဆီ တက်လှမ်းဖို့ နှစ်ကျော့စလုံး ဂိုးသွင်းယူပေးခဲ့တဲ့ လူငယ်ကွင်းလယ်လူ ဖီးလ် ဖိုဒန်အနေနဲ့ ဒေါ့မွန်နဲ့ပွဲအပြီးမှာ တွစ်တာပေါ်က အားနာစရာကိစ္စရပ်တွေကြောင့် သူ့ရဲ့ ဆိုရှယ်မီဒီယာ စီမံခန့်ခွဲရေးကုမ္ပဏီနဲ့ လမ်းခွဲလိုက်ပြီဖြစ်ပါတယ်။

နှစ်ကျော့စလုံးမှာ တစ်ဂိုးစီသရေ အနေအထားတွေကနေ အနိုင်ဂိုးတွေကို သွင်းယူပေးခဲ့တဲ့ ဖိုဒန်ရဲ့ ဆစ်ဂနယ် အီဒူနာကွင်းက ဒေါ့မွန်နဲ့ အောင်ပွဲအပြီး သူ့ရဲ့ တွစ်တာမှာ တက်လာခဲ့တဲ့ ပို့စ်ကတော့ နောက်တစ်ဆင့်မှာ တွေ့ဆုံရမယ့် ပီအက်စ်ဂျီတိုက်စစ်မှူး ခိုင်လျန် အမ်ဘာပေကို စိန်ခေါ်လိုက်တာဖြစ်ပြီး ကစားသမားအနေနဲ့ စိတ်ပျက်စရာလည်းဖြစ်ခဲ့ရပါတယ်။

သူ့ရဲ့ တွစ်တာကိုင်သူတွေဟာ ကစားသမားချင်း မလိုအပ်ဘဲ ငြိစေနိုင်သလို ပရိသတ်တွေကပါ မုန်းတီးစေနိုင်တဲ့ လေးစားမှုမရှိတဲ့ အပြုအမူကို ပြုလုပ်ခဲ့တယ်လို့ ဖိုဒန်က ယူဆနေပြီး အချိန်တိုအတွင်း လူပြောများခဲ့တဲ့ ပို့စ်ကိုလည်း ပြန်လည်ဖြုတ်ချဖို့ ညွှန်ကြားခဲ့ပါတယ်။

တွစ်တာမှာ ဖော်လိုဝါ ငါးသိန်းနီးပါးကို ပိုင်ဆိုင်ထားတဲ့ ဖိုဒန်ဟာ မီဒီယာပေါ်မှာ ဟောင်ဖွာဟောင်ဖွာလုပ်တတ်သူမျိုး မဟုတ်ဘဲ အေးအေး နေတတ်သူတစ်ဦးဖြစ်လို့ ဒီပို့စ်ဟာ သူ့ရဲ့ အမူအကျင့်နဲ့ ဆန့်ကျင်နေခဲ့တာလည်းဖြစ်သလို ငှားရမ်းထားတဲ့ ကုမ္ပဏီဘက်က လုပ်ဆောင်ခဲ့တာကို ကန့်ကွက်သွားခဲ့တာပါ။

Ten Toes Media လို့ အမည်ရတဲ့ လူမှုကွန်ယက်စီမံခန့်ခွဲရေးကုမ္ပဏီဟာ ပရီးမီးယားလိဂ်ကစားသမားတွေထဲက ဟာရီကိန်း၊ အန်ဒီ ရောဘတ်ဆန်၊ ထရင့် အလက်ဇန်းဒါး-အာနိုးလ်ဒ်၊ ဗစ်တာ လင်ဒီလော့ဖ်တို့ရဲ့ အကောင့်တွေကိုလည်း ကိုင်တွယ်နေပြီး ဖိုဒန်ကတော့ ဧပြီလ ၂၈ ရက်နေ့မှာ ကစားရမယ့်ပွဲမှာ ရင်ဆိုင်ရမယ့် အမ်ဘာပေကို စိန်ခေါ်တဲ့ အပြုအမူမျိုးလုပ်ပြီး စိတ်မပူချင်ဘူးလို့ ရှင်းလင်းထားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

မန္ခ်က္စတာစီးတီးအသင္းအတြက္ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ဆီ တက္လွမ္းဖို႔ ႏွစ္ေက်ာ့စလုံး ဂိုးသြင္းယူေပးခဲ့တဲ့ လူငယ္ကြင္းလယ္လူ ဖီးလ္ ဖိုဒန္အေနနဲ႔ ေဒါ့မြန္နဲ႔ပြဲအၿပီးမွာ တြစ္တာေပၚက အားနာစရာကိစၥရပ္ေတြေၾကာင့္ သူ႔ရဲ႕ ဆိုရွယ္မီဒီယာ စီမံခန႔္ခြဲေရးကုမၸဏီနဲ႔ လမ္းခြဲလိုက္ၿပီျဖစ္ပါတယ္။

ႏွစ္ေက်ာ့စလုံးမွာ တစ္ဂိုးစီသေရ အေနအထားေတြကေန အႏိုင္ဂိုးေတြကို သြင္းယူေပးခဲ့တဲ့ ဖိုဒန္ရဲ႕ ဆစ္ဂနယ္ အီဒူနာကြင္းက ေဒါ့မြန္နဲ႔ ေအာင္ပြဲအၿပီး သူ႔ရဲ႕ တြစ္တာမွာ တက္လာခဲ့တဲ့ ပို႔စ္ကေတာ့ ေနာက္တစ္ဆင့္မွာ ေတြ႕ဆုံရမယ့္ ပီအက္စ္ဂ်ီတိုက္စစ္မႉး ခိုင္လ်န္ အမ္ဘာေပကို စိန္ေခၚလိုက္တာျဖစ္ၿပီး ကစားသမားအေနနဲ႔ စိတ္ပ်က္စရာလည္းျဖစ္ခဲ့ရပါတယ္။

သူ႔ရဲ႕ တြစ္တာကိုင္သူေတြဟာ ကစားသမားခ်င္း မလိုအပ္ဘဲ ၿငိေစႏိုင္သလို ပရိသတ္ေတြကပါ မုန္းတီးေစႏိုင္တဲ့ ေလးစားမႈမရွိတဲ့ အျပဳအမူကို ျပဳလုပ္ခဲ့တယ္လို႔ ဖိုဒန္က ယူဆေနၿပီး အခ်ိန္တိုအတြင္း လူေျပာမ်ားခဲ့တဲ့ ပို႔စ္ကိုလည္း ျပန္လည္ျဖဳတ္ခ်ဖို႔ ၫႊန္ၾကားခဲ့ပါတယ္။

တြစ္တာမွာ ေဖာ္လိုဝါ ငါးသိန္းနီးပါးကို ပိုင္ဆိုင္ထားတဲ့ ဖိုဒန္ဟာ မီဒီယာေပၚမွာ ေဟာင္ဖြာေဟာင္ဖြာလုပ္တတ္သူမ်ိဳး မဟုတ္ဘဲ ေအးေအး ေနတတ္သူတစ္ဦးျဖစ္လို႔ ဒီပို႔စ္ဟာ သူ႔ရဲ႕ အမူအက်င့္နဲ႔ ဆန႔္က်င္ေနခဲ့တာလည္းျဖစ္သလို ငွားရမ္းထားတဲ့ ကုမၸဏီဘက္က လုပ္ေဆာင္ခဲ့တာကို ကန႔္ကြက္သြားခဲ့တာပါ။

Ten Toes Media လို႔ အမည္ရတဲ့ လူမႈကြန္ယက္စီမံခန႔္ခြဲေရးကုမၸဏီဟာ ပရီးမီးယားလိဂ္ကစားသမားေတြထဲက ဟာရီကိန္း၊ အန္ဒီ ေရာဘတ္ဆန္၊ ထရင့္ အလက္ဇန္းဒါး-အာႏိုးလ္ဒ္၊ ဗစ္တာ လင္ဒီေလာ့ဖ္တို႔ရဲ႕ အေကာင့္ေတြကိုလည္း ကိုင္တြယ္ေနၿပီး ဖိုဒန္ကေတာ့ ဧၿပီလ ၂၈ ရက္ေန႔မွာ ကစားရမယ့္ပြဲမွာ ရင္ဆိုင္ရမယ့္ အမ္ဘာေပကို စိန္ေခၚတဲ့ အျပဳအမူမ်ိဳးလုပ္ၿပီး စိတ္မပူခ်င္ဘူးလို႔ ရွင္းလင္းထားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.