Premier League

အန်ဖီးလ်ရဲ့အနုပညာဖြစ်တဲ့ လီဗာပူးလ်ရဲ့ ၂၀၀၅ ချန်ပီယံလိဂ် ကောက်ကြောင်းကို ကလော့ပ်အသစ်တဖန်ရေးဆွဲနိုင်မှာလား

ကျွန်တော်ဘယ်တော့မှ မေ့မှာမဟုတ်ဘူး
လွန်ခဲ့တဲ့ ၅ နှစ်၊ ဒီလိုနေ့ ဧပြီလ ၁၄ မှာ လီဗာပူလ်းရဲ့ နည်းပြကလော့ပ်က အန်ဖီးလ်မြေမှာ အနုပညာတရပ်ကို ဖော်ဆောင်ခဲ့ဖူးတယ်။ ၂၀၁၆ ခုနှစ်ရဲ့ ယူရိုပါလိဂ်ကွာတားအဆင့်မှာ အသင်းဟောင်း ဒေါ့မန်အသင်းနဲ့ ဆုံတွေ့ခဲ့တယ်။

ယူရိုပါလိဂ်ဆိုတာ ချန်ပီယံလိဂ်ထက် တဆင့်နိမ့် ဥရောပပြိုင်ပွဲဖြစ်ပေမယ့် အဲဒီအချိန်က လီဗာပူးလ်ရဲ့ ရုန်းကန်နေရဆဲ အနေအထားအရ ကလော့ပ်ရဲ့ ရောက်ခါစကာလမှာ ရှိတာနဲ့ လှအောင်ဆင်ခဲ့ရတယ်။ ဒေါ့မန်အိမ်ကွင်း ဂျာမန်မြေမှာ ပထမအကျော့ ၁-၁ သရေကျတယ်။

ဒုတိယအကျော့ အန်ဖီးလ်မြေမှာတော့ လီဗာပူးလ်က မျက်လှည့်တခုကို ယူဆောင်လာခဲ့တယ်။ ပွဲအစမှာ ၁၀ မိနစ်အတွင်းမှာပဲ လီဗာပူးလ်က အူဘာမီယန်၊ မစ်ခီတာရီယန်တို့ရဲ့ သွင်းဂိုးတွေနဲ့ ဒေါ့မန်ကို ၂ ဂိုးပြတ်ရှူံးနေချိန်ဖြစ်တယ်။

လီဗာပူးလ်အသင်းသားတွေရဲ့ ခေါင်းထဲမှာ ကလော့ပ်ရိုက်သွင်းထားတဲ့ ၂၀၀၅ ခုနှစ် UCL (ချန်ပီယံလိဂ်) ဖိုင်နယ်က အောင်စိတ်ဟာ အသွေးအသားတွေထဲအထိ ရုန်းကြွလာတယ်။ ပွဲချိန် တနာရီမှာ လီဗာပူးလ်ဟာ နှစ်ကျော့ပေါင်း ရလဒ် ၄-၂ နဲ့ ပွဲသတ်ခံထားရပြီ။ နောက်တဆင့်တက်ဖို့ မဖြစ်မနေ ချွင်းချက်မရှိ ၃ ဂိုးလိုနေတယ်။

အရာရာဟာ ပဉ္စလက်ဆန်ဆန်ပါပဲ။ ၃၀ မိနစ်အတွင်းမှာ လီဗာပူးလ်က ပြောင်းလဲသွားခဲ့တယ်။ ပွဲအပြီးမှာ ၄-၃ နဲ့နိုင်ပြီး နှစ်ကျော့ပေါင်းရလဒ် ၅-၄ နဲ့ လီဗာပူးလ်ဆီမီးတက်တယ်။ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့ တူဟယ်လ်ရဲ့ ဒေါ့မန်အသင်းဟာ ကလော့ပ်+လီဗာပူးလ်ရဲ့အောင်စိတ်နဲ့ ဖြုတ်ချခံခဲ့ရတယ်။

ကလော့ပ်ပြောပြခဲ့တဲ့ ” အဲဒီဖြစ်ရပ်က ထူးခြားဆန်းကြယ်လွန်းလို့ ကျွန်တော်ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ဘူး” ဆိုတဲ့စကားဟာ အန်ဖီးလ်ရဲ့ ဥရောပမှော်ဝင်မှုကို သူ့အတွက် စတင်မျက်စိပွင့်ပြီး လင်းချင်းသွားစေခဲ့တယ်။

ဒီနေ့ညမှာကစားမယ့် ရီးရဲလ်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲကြိုမှာ ကလော့ပ်ပြောခဲ့တဲ့ စကားဟာ ဒီနေ့ည အန်ဖီးလ်တပ်သားတွေရဲ့ နိုင်လိုစိတ်ကို ဘယ်လောက်ထိနှိုးဆွပေးသွားနိုင်မလဲဆိုတာ အတော်လေးစိတ်လှုပ်ရှားကောင်းသွားစေခဲ့တယ်။

လီဗာပူးလ်ဟာ ချန်ပီယံလိဂ် ဆီမီးကိုတက်ဖို့ အခုညမှာ ရီးရဲလ်မက်ဒရစ်ကို အနိမ့်ဆုံး ၂ ဂိုးသွင်းရမှာဖြစ်ပြီး အကယ်၍ ဂိုးသာပေးခဲ့ရရင်တော့ ရီးရဲလ်မက်ဒရစ်ရဲ့ နှစ်ကျော့ပေါင်းရလဒ် ဂိုးပေါင်းအတိုင်း အမီလိုက်သွားရတော့မှာဖြစ်တယ်။ ၂၀၀၅ ချန်ပီယံလိဂ် ဝိညဉ်တွေစီးဝင်နေတဲ့ အန်ဖီးလ်ညမှာ လီဗာပူးလ် မှော်ဆန်ဆန် အသက်ဝင်နိုးထလာပြီး Come Back လုပ်နိုင်မလားဆိုတာကတော။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:









REF: INTERNET SOURCES
SPORTS A2Z