Match Report Premier League

အွန်နရီဆန်နေတဲ့ လာကာဇက်နဲ့ ပေါင်သုံးသိန်းကျိန်စာမသင့်ချိန်မှာ အနိုင်ရတဲ့ အာဆင်နယ်

အာဆင်နယ်တို့အနေနဲ့ သူတို့အသင်းမှာ ပေါင်သုံးသိန်းပေးပြီး လစာကြီးကြီးနဲ့ စာချုပ်ချုပ်လိုက်တာနဲ့ ကျိန်စာသင့်သလိုဖြစ်သွားတဲ့ ကစားသမားတွေကြောင့် အသင်းရဲ့ ရလဒ်တွေ ကျဆင်းတာလားလို့ မေးခွန်းထုတ်ရမယ့်အချိန်မှာ လူငယ်တွေကို အသုံးပြုရင်တော့ ရလဒ်ကောင်းတယ်လို့ ဆိုရမလိုဖြစ်လာခဲ့ပါတယ်။

အိုဇေးလ်နဲ့ လမ်းခွဲပြီး အူဘာမီယန်းကလည်း ဆံပင်ရှည်လာတာကလွဲလို့ အဆင်မပြေချိန်မှာ ဒီနေ့ပွဲမှာတော့ အာတီတာအနေနဲ့ အပြောင်းအလဲလုပ်လာခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ လူစာရင်း ခင်းကျင်းပြမှုအရ ၃-၅-၂ ကစားကွက်ကို တည်ဆောက်ခဲ့သလို ချိမ်းဘားစ်၊ ဟိုးလ်ဒင်းနဲ့ မာရီတို့ရဲ့ ခံစစ်တန်းရှေ့မှာ ကွင်းလယ်ငါးယောက် ပါဝင်ခဲ့ပြီး တိုက်စစ်မှာတော့ မာတီနယ်လီနဲ့ လာကာဇက်ကို တွဲဖက်ပေးခဲ့တာပါ။

ပွဲစတာနဲ့ အာဆင်နယ်တို့ ဖိကစားခဲ့ပြီး တီယာနီမပါနိုင်တာကို ထောက်ကူဖို့ ဘယ်ခြမ်းက ကစားတဲ့ ဆာကာရဲ့ ကန်ချက်က ဘေးထွက်သွားခဲ့သလို ရှက်ဖီးလ်ဒ်တို့ကလည်း အညံ့မခံခဲ့ဘဲ သူတို့ရဲ့ ခြေစွမ်းအတည်ငြိမ်ဆုံး ကစားသမားတစ်ဦးဖြစ်တဲ့ မက်ဂိုးလ်ဒရစ်ရဲ့အားနဲ့ ပြန်လည်ခြိမ်းခြောက်ခဲ့ပါတယ်။

ရှက်ဖီးလ်ဒ်တို့ ပိတ်ကစားနေတာကြောင့် မာတီနယ်လီနဲ့ လာကာဇက်တို့ အပိုင်အခွင့်အရေးတွေ သိပ်မရခဲ့သလို ပေပေကလည်း ညာခြမ်းမှာ ထင်သလောက် ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် အာဆင်နယ်တို့ ပွဲအစပိုင်းအချိန်တွေမှာ ရုန်းကန်ခဲ့ရပြီး မာတီနယ်လီကတော့ ဒီနေ့ပွဲမှာ အရန်ခုံမှာတောင် မတွေ့ရတဲ့ အူဘာမီယန်းကို မလွမ်းအောင် အစွမ်းပြနေခဲ့ပါတယ်။

ပွဲချိန် ၃၃ မိနစ်မှာတော့ အာဆင်နယ်တို့ အဖွင့်ဂိုး စရခဲ့ပြီး ဒီနေ့ပွဲမှာ Skill ပြနေတဲ့ စီဘာယော့စ်က လာကာဇက်ဆီကို သူ့ရဲ့ ဒုတိယမြောက် နောက်ပေါက်နဲ့ ဖန်တီးပေးရာမှာ ရှက်ဖီးလ်ဒ်နောက်တန်း အငိုက်မိခဲ့ပြီး ပြင်သစ်သားကြီးက ဂိုးသမား ရမ်းစ်ဒေးလ်ထက် မြန်အောင် ကန်သွင်းပြသွားခဲ့တာလည်းဖြစ်ပါတယ်။

ပထမပိုင်းမှာတော့ တန်းဆင်းဖို့ ထိုက်တန်တဲ့ ခြေစွမ်းတွေနဲ့ ရှက်ဖီးလ်ဒ်ကို အာဆင်နယ်တို့ တစ်ဂိုး-ဂိုးမရှိနဲ့သာ ဦးဆောင်နိုင်ခဲ့ပြီး ပရိသတ်တွေ လိုချင်နေတဲ့ စိတ်အားထက်သန်မှုနဲ့ တိုက်စစ်ဆင်မှုတွေကတော့ ဒီနေ့ပွဲရဲ့ ကြီးမားတဲ့ အပြောင်းအလဲနဲ့ ကောင်းကွက်လည်းဖြစ်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ အာဆင်နယ်တို့ ပွဲကို အနည်းငယ် Tempo ချပြီး ကစားခဲ့သလို လာကာဇက်ကတော့ Curling Shot တွေမှာ အနည်းငယ် လိုအပ်ချက်တွေ ရှိနေတာကြောင့် ဆလားဗီးယားနဲ့ပွဲကလိုမျိုးပဲ လွဲချော်နေခဲ့ပြီး ဂိုးသမား လီနိုကလည်း အာရုံစူးစိုက်မှု ပေါ့လျော့တာကို တွေ့ခဲ့ရပါတယ်။

ပွဲချိန် ၇၂ မိနစ်မှာတော့ ရှက်ဖီးလ်ဒ်နောက်တန်း လူပေးမှားရာကနေ ပေပေရယူသွားပြီး အဝေးတိုင်ဘက်ကို ကန်သွင်းခဲ့တဲ့ ဘောလုံးကို ရမ်းစ်ဒေးလ် ပုတ်ထုတ်လို့ ပြန်ထွက်လာရာမှာ ဘယ်ခြမ်းက လိုက်ပါလာတဲ့ မာတီနယ်လီက ပိတ်သွင်းပြီး အာဆင်နယ်တို့အတွက် ဒုတိယဂိုးကို ရယူပေးနိုင်ခဲ့ပါတယ်။

ပွဲချိန် ၈၅ မိနစ်မှာတော့ အာဆင်နယ်တို့ အနိုင်သေချာစေမယ့် ပွဲသိမ်းဂိုးကို သွင်းယူနိုင်ခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ ကွင်းလယ်လူ သောမတ်စ် ပါတေးက ကွင်းလယ်စက်ဝိုင်းနားကနေ ထိုးပေးလိုက်တဲ့ ဘောလုံးကို လာကာဇက်က ဂိုးသမားကို ညာဘက်ကို ကန်မလိုပုံစံနဲ့ ဘယ်ဘက်ကို အပြင်း ကန်သွင်းယူသွားခဲ့လို့ သုံးဂိုး-ဂိုးမရှိ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

ပွဲပြီးဆုံးချိန်မှာ အာဆင်နယ်တို့ လှလှပပ အောင်ပွဲခံနိုင်ခဲ့ပြီး ဒီနေ့မှာ အွန်နရီဆန်ဆန် ကစားနိုင်ခဲ့တဲ့ လာကာဇက်ကတော့ ချီးကျူးစရာ ဖြစ်ခဲ့သလို အမှတ်ပေးဇယားမှာတော့ လိဒ်စ်ကို ပြန်ကျော်တက်နိုင်ခဲ့ပြီး အဆင့် ၉ ကို ပြန်လည်တက်ရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင်နယ်တို့အနေနဲ့ သူတို့အသင်းမှာ ပေါင်သုံးသိန်းပေးပြီး လစာကြီးကြီးနဲ့ စာချုပ်ချုပ်လိုက်တာနဲ့ ကျိန်စာသင့်သလိုဖြစ်သွားတဲ့ ကစားသမားတွေကြောင့် အသင်းရဲ့ ရလဒ်တွေ ကျဆင်းတာလားလို့ မေးခွန်းထုတ်ရမယ့်အချိန်မှာ လူငယ်တွေကို အသုံးပြုရင်တော့ ရလဒ်ကောင်းတယ်လို့ ဆိုရမလိုဖြစ်လာခဲ့ပါတယ်။