Match Report Premier League

ဝှိုက်ဟတ်လိန်းက 5-3 Come Back နိုင်ပွဲကို သတိရစေခဲ့ပြီး ဒီနေ့မှာလည်း အနိုင်ယူတဲ့ ဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ အထနှေးခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ အကောင်းဆုံးကစားနိုင်ခဲ့ပြီး ပရိသတ်တွေ မုန်းတီးကြတဲ့ နည်းပြဟောင်း မော်ရင်ညိုရဲ့ စပါးစ်အသင်းကို ဦးဆောင်ဂိုးပေးထားရာက နောက်ကနေ သုံးဂိုးအထိ လိုက်လံသွင်းယူပြီး အနိုင်ရလဒ်ကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သလို ပွဲကြမ်းတစ်ပွဲလည်းဖြစ်ခဲ့တဲ့ ဒီနေ့ပွဲစဉ်မှာ နည်းပြ ဆိုးလ်ရှားအနေနဲ့ ဒိုင်လူကြီး မျက်နှာသာမပေးတဲ့ အသင်းကို စိတ်ဓာတ်မြင့်မားအောင် တွန်းအားပေးနိုင်ခဲ့ပြီး မှန်ကန်တဲ့ လူစားလဲမှုတွေနဲ့ နိုင်ပွဲတစ်ပွဲကို ဖော်ဆောင်နိုင်ခဲ့တာဖြစ်သလို သူ့ရဲ့ ဝေဖန်ခံနေရမှုတွေကြားထဲက ကောင်းမြတ်တဲ့ အရည်အချင်းကိုလည်း ပြသနိုင်ခဲ့တာပါ။

ကာဗာနီကို ရက်ရှ်ဖို့ဒ်နဲ့တွဲပြီး ကွင်းလယ်ကို ဒိုင်းမွန်းဆန်ဆန် ပွဲထုတ်လာတဲ့ ဒီနေ့ပွဲစဉ်မှာ ယူနိုက်တက်တို့အနေနဲ့ ဘောလုံးပိုင်ဆိုင်မှုကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားခဲ့သလို စပါးစ်တို့ကလည်း ဘောလုံးကို ပေးကိုင်ခဲ့ပြီး တန်ပြန်တိုက်စစ်တွေကနေ ထုံးစံအတိုင်း ထိုးနှက်နိုင်ဖို့ ကြိုးစားနေခဲ့ကြပါတယ်။

ပွဲချိန် ၃၆ မိနစ်မှာတော့ ကွင်းလယ်လူ ပေါ့ဘာ ဖန်တီးပေးတဲ့ ဘောလုံးကို ကာဗာနီက စပါးစ်ဂိုးသမား လိုရစ်ရဲ့ ပေါင်ကြားကနေ ကန်သွင်းနိုင်ခဲ့ပေမယ့် ဒိုင်လူကြီးကတော့ VAR ပြန်ကြည့်ပြီး ဒီဂိုးအတွက် စတင်စဉ်မှာ ယူနိုက်တက်ကစားသမား မက်တော်မီနေးအနေနဲ့ ဆွန်ဟောင်မင်ရဲ့ မျက်နှာကို လက်နဲ့ ရိုက်ခဲ့တယ်ဆိုပြီး ပယ်ဖျက်ခဲ့လို့ ဧည့်သည်တွေ နစ်နာခဲ့ရပါတယ်။

ပွဲချိန် မိနစ် ၄၀ မှာ စပါးစ်တို့ အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ညာတောင်ပံကနေ အန်ဒွမ်ဘီလီရဲ့ ဖြတ်တင်ဘောကို ကိန်းက ပြန်ချပေးတာမှာ လင်ဒီလော့ဖ် မဖျက်နိုင်လိုက်ဘဲ လွတ်သွားတာကတစ်ဆင့် လူးကပ်စ် မော်ရာက ပြန်ချိုးပေးတာကို ဘယ်ခြမ်းမှာ အဆင်သင့်စောင့်နေတဲ့ ဆွန်က သူ့ရဲ့ ဒီရာသီ ၁၄ ဂိုးမြောက်အဖြစ် သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းကို အိမ်ရှင်စပါးစ်တို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပြီး ဒုတိယပိုင်းမှာတော့ ယူနိုက်တက်တို့ ပိုမိုဖိကစားလာခဲ့သလို ပွဲချိန် ၅၅ မိနစ်မှာ မက်တော်မီနေးရဲ့ ကန်ချက်ကောင်းခဲ့တာကို ဂိုးသမား ပုတ်ထုတ်နိုင်ခဲ့ပေမယ့် ပွဲချိန် ၅၇ မိနစ်မှာတော့ ဖရက်ဒ် ထိုးပေးလိုက်တဲ့ ဘောလုံးကို ကာဗာနီ ပိတ်သွင်းရာမှာ လိုရစ်နဲ့ထိပြီး ပြန်ထွက်လာတာကို ဘရာဇီးလ်ကွင်းလယ်လူက နောက်ကနေ ပိတ်သွင်းပြီး ချေပဂိုး ရယူနိုင်ခဲ့ပါတယ်။

ဒီဂိုးမှာ မော်ရင်ညိုရဲ့ လူတွေကတော့ လူမကျွံတာကို ကျွံအောင်ငြင်းချင်ကြသေးတာကိုလည်း စိတ်ပျက်စရာ တွေ့ခဲ့ရပြီး ဒီနောက်ပိုင်းမှာတော့ ပွဲက ဆိုးလ်ရှားတို့ စိတ်ကြိုက်ဖြစ်လာခဲ့ပြီး အိမ်ကွင်းမှာ နိုင်ချင်လို့ တက်ဖိနေပြီး လွဲချော်မှုတွေ များနေတဲ့ စပါးစ်ကို ယူနိုက်တက်တို့ စနစ်တကျ ပြန်လည်ထိုးနှက်လာခဲ့ပါတယ်။

ပွဲချိန် ၇၉ မိနစ်မှာတော့ လူစားဝင်လာကတည်းက ညာတောင်ပံမှာ တောက်လျှောက်ခြေစွမ်းပြနေတဲ့ ဂရင်းဝုဒ်ရဲ့ ဖြတ်တင်ဘောကို တိုက်စစ်မှူး ကာဗာနီက ပထမပိုင်းမှာ အပြခံထားရတဲ့ အဝါကတ်အတွက် လက်စားချေတဲ့အနေနဲ့ အနိုင်ဂိုးကို ဒိုက်ဗင်ထိုးပြီး ခေါင်းတိုက်သွင်းယူခဲ့လို့ စပါးစ်တို့အတွက် အိမ်ကွင်းမှာ မခံချင်စရာဖြစ်ခဲ့ရတာပါ။

ပွဲချိန် ၈၃ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ လက်ဆောင်ပေးဖို့ ကြိုးစားတဲ့ ပေါ့ဘာရဲ့ ခေါင်းတိုက်ချက်ကနေ ထွက်လာတဲ့ ဘောလုံးကို ကာဗာနီက ဆစ်ဆိုကို ခေါင်းတိုက်မသွင်းနိုင်ခင် တိုင်ထိထွက်သွားအောင် ကြားထဲကနေ လမ်းကြောင်းလွှဲနိုင်ခဲ့တာက ဒီပွဲရဲ့ နိုင်ကြွေဟာ စပါးစ်တို့လက်ထဲမှာ မရှိဘူးလို့ ပြသနိုင်ခဲ့တဲ့ နိမိတ်ပုံတစ်ခုလည်းဖြစ်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ စပါးစ်တို့ ဖိကစားနေခဲ့တာကို ယူနိုက်တက်တို့ ကြံကြံ့ခံနိုင်ခဲ့ပြီး နာကျင်အချိန်ပို ၆ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ပေါ့ဘာပေးတာကို ဂရင်းဝုဒ်က သူ့ရဲ့ ဘယ်ခြေနဲ့ ကန်မယ့်ဘက်ကို ပိတ်ဆို့ထားတဲ့ တစ်ဖက်နောက်ခံလူတွေကို မျက်လှည့်ပြခဲ့ပြီး ညာခြေနဲ့ အပြင်း ကန်သွင်းခဲ့ရာမှာ ထောင့်ပိတ်ထားတဲ့ ဂိုးသမား လိုရစ်ရဲ့ လက်နဲ့ ထိပြီးမှ ဝင်သွားခဲ့လို့ သုံးဂိုး-တစ်ဂိုးနဲ့ ပွဲပြီးဆုံးခဲ့တာဖြစ်ပါတယ်။

ဒီ Come Back နိုင်ပွဲကတော့ ၂၀၀၁ ခုနှစ် စက်တင်ဘာလက ဝှိုက်ဟတ်လိန်းမှာ ပထမပိုင်း သုံးဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ပြီးမှ ငါးဂိုးပြန်သွင်းပြီး အနိုင်ရခဲ့တဲ့ ပွဲကို ပြန်လည်အမှတ်ရစေခဲ့ပြီး အဲ့ဒီပွဲမှာ ဗာရွန်နဲ့ ဘက်ခမ်းတို့ ဂိုးသွင်းယူနိုင်ဖို့ ဖန်တီးပေးခဲ့တဲ့ ဆိုးလ်ရှားကတော့ ဒီနေ့ပွဲမှာတော့ နည်းပြအဖြစ်နဲ့ အကောင်းဆုံးနိုင်ပွဲတစ်ပွဲကို ဖန်တီးပေးနိုင်ခဲ့ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ အထေႏွးခဲ့ေပမယ့္ ဒုတိယပိုင္းမွာေတာ့ အေကာင္းဆုံးကစားႏိုင္ခဲ့ၿပီး ပရိသတ္ေတြ မုန္းတီးၾကတဲ့ နည္းျပေဟာင္း ေမာ္ရင္ညိဳရဲ႕ စပါးစ္အသင္းကို ဦးေဆာင္ဂိုးေပးထားရာက ေနာက္ကေန သုံးဂိုးအထိ လိုက္လံသြင္းယူၿပီး အႏိုင္ရလဒ္ကို သိမ္းပိုက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲေကာင္းတစ္ပြဲျဖစ္ခဲ့သလို ပြဲၾကမ္းတစ္ပြဲလည္းျဖစ္ခဲ့တဲ့ ဒီေန႔ပြဲစဥ္မွာ နည္းျပ ဆိုးလ္ရွားအေနနဲ႔ ဒိုင္လူႀကီး မ်က္ႏွာသာမေပးတဲ့ အသင္းကို စိတ္ဓာတ္ျမင့္မားေအာင္ တြန္းအားေပးႏိုင္ခဲ့ၿပီး မွန္ကန္တဲ့ လူစားလဲမႈေတြနဲ႔ ႏိုင္ပြဲတစ္ပြဲကို ေဖာ္ေဆာင္ႏိုင္ခဲ့တာျဖစ္သလို သူ႔ရဲ႕ ေဝဖန္ခံေနရမႈေတြၾကားထဲက ေကာင္းျမတ္တဲ့ အရည္အခ်င္းကိုလည္း ျပသႏိုင္ခဲ့တာပါ။

ကာဗာနီကို ရက္ရွ္ဖို႔ဒ္နဲ႔တြဲၿပီး ကြင္းလယ္ကို ဒိုင္းမြန္းဆန္ဆန္ ပြဲထုတ္လာတဲ့ ဒီေန႔ပြဲစဥ္မွာ ယူႏိုက္တက္တို႔အေနနဲ႔ ေဘာလုံးပိုင္ဆိုင္မႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ႀကိဳးစားခဲ့သလို စပါးစ္တို႔ကလည္း ေဘာလုံးကို ေပးကိုင္ခဲ့ၿပီး တန္ျပန္တိုက္စစ္ေတြကေန ထုံးစံအတိုင္း ထိုးႏွက္ႏိုင္ဖို႔ ႀကိဳးစားေနခဲ့ၾကပါတယ္။

ပြဲခ်ိန္ ၃၆ မိနစ္မွာေတာ့ ကြင္းလယ္လူ ေပါ့ဘာ ဖန္တီးေပးတဲ့ ေဘာလုံးကို ကာဗာနီက စပါးစ္ဂိုးသမား လိုရစ္ရဲ႕ ေပါင္ၾကားကေန ကန္သြင္းႏိုင္ခဲ့ေပမယ့္ ဒိုင္လူႀကီးကေတာ့ VAR ျပန္ၾကည့္ၿပီး ဒီဂိုးအတြက္ စတင္စဥ္မွာ ယူႏိုက္တက္ကစားသမား မက္ေတာ္မီေနးအေနနဲ႔ ဆြန္ေဟာင္မင္ရဲ႕ မ်က္ႏွာကို လက္နဲ႔ ႐ိုက္ခဲ့တယ္ဆိုၿပီး ပယ္ဖ်က္ခဲ့လို႔ ဧည့္သည္ေတြ နစ္နာခဲ့ရပါတယ္။

ပြဲခ်ိန္ မိနစ္ ၄၀ မွာ စပါးစ္တို႔ အဖြင့္ဂိုးကို သြင္းယူႏိုင္ခဲ့ၿပီး ညာေတာင္ပံကေန အန္ဒြမ္ဘီလီရဲ႕ ျဖတ္တင္ေဘာကို ကိန္းက ျပန္ခ်ေပးတာမွာ လင္ဒီေလာ့ဖ္ မဖ်က္ႏိုင္လိုက္ဘဲ လြတ္သြားတာကတစ္ဆင့္ လူးကပ္စ္ ေမာ္ရာက ျပန္ခ်ိဳးေပးတာကို ဘယ္ျခမ္းမွာ အဆင္သင့္ေစာင့္ေနတဲ့ ဆြန္က သူ႔ရဲ႕ ဒီရာသီ ၁၄ ဂိုးေျမာက္အျဖစ္ သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းကို အိမ္ရွင္စပါးစ္တို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ခဲ့ၿပီး ဒုတိယပိုင္းမွာေတာ့ ယူႏိုက္တက္တို႔ ပိုမိုဖိကစားလာခဲ့သလို ပြဲခ်ိန္ ၅၅ မိနစ္မွာ မက္ေတာ္မီေနးရဲ႕ ကန္ခ်က္ေကာင္းခဲ့တာကို ဂိုးသမား ပုတ္ထုတ္ႏိုင္ခဲ့ေပမယ့္ ပြဲခ်ိန္ ၅၇ မိနစ္မွာေတာ့ ဖရက္ဒ္ ထိုးေပးလိုက္တဲ့ ေဘာလုံးကို ကာဗာနီ ပိတ္သြင္းရာမွာ လိုရစ္နဲ႔ထိၿပီး ျပန္ထြက္လာတာကို ဘရာဇီးလ္ကြင္းလယ္လူက ေနာက္ကေန ပိတ္သြင္းၿပီး ေခ်ပဂိုး ရယူႏိုင္ခဲ့ပါတယ္။

ဒီဂိုးမွာ ေမာ္ရင္ညိဳရဲ႕ လူေတြကေတာ့ လူမကြၽံတာကို ကြၽံေအာင္ျငင္းခ်င္ၾကေသးတာကိုလည္း စိတ္ပ်က္စရာ ေတြ႕ခဲ့ရၿပီး ဒီေနာက္ပိုင္းမွာေတာ့ ပြဲက ဆိုးလ္ရွားတို႔ စိတ္ႀကိဳက္ျဖစ္လာခဲ့ၿပီး အိမ္ကြင္းမွာ ႏိုင္ခ်င္လို႔ တက္ဖိေနၿပီး လြဲေခ်ာ္မႈေတြ မ်ားေနတဲ့ စပါးစ္ကို ယူႏိုက္တက္တို႔ စနစ္တက် ျပန္လည္ထိုးႏွက္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၇၉ မိနစ္မွာေတာ့ လူစားဝင္လာကတည္းက ညာေတာင္ပံမွာ ေတာက္ေလွ်ာက္ေျခစြမ္းျပေနတဲ့ ဂရင္းဝုဒ္ရဲ႕ ျဖတ္တင္ေဘာကို တိုက္စစ္မႉး ကာဗာနီက ပထမပိုင္းမွာ အျပခံထားရတဲ့ အဝါကတ္အတြက္ လက္စားေခ်တဲ့အေနနဲ႔ အႏိုင္ဂိုးကို ဒိုက္ဗင္ထိုးၿပီး ေခါင္းတိုက္သြင္းယူခဲ့လို႔ စပါးစ္တို႔အတြက္ အိမ္ကြင္းမွာ မခံခ်င္စရာျဖစ္ခဲ့ရတာပါ။

ပြဲခ်ိန္ ၈၃ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာကေန လက္ေဆာင္ေပးဖို႔ ႀကိဳးစားတဲ့ ေပါ့ဘာရဲ႕ ေခါင္းတိုက္ခ်က္ကေန ထြက္လာတဲ့ ေဘာလုံးကို ကာဗာနီက ဆစ္ဆိုကို ေခါင္းတိုက္မသြင္းႏိုင္ခင္ တိုင္ထိထြက္သြားေအာင္ ၾကားထဲကေန လမ္းေၾကာင္းလႊဲႏိုင္ခဲ့တာက ဒီပြဲရဲ႕ ႏိုင္ေႂကြဟာ စပါးစ္တို႔လက္ထဲမွာ မရွိဘူးလို႔ ျပသႏိုင္ခဲ့တဲ့ နိမိတ္ပုံတစ္ခုလည္းျဖစ္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ စပါးစ္တို႔ ဖိကစားေနခဲ့တာကို ယူႏိုက္တက္တို႔ ႀကံႀကံ့ခံႏိုင္ခဲ့ၿပီး နာက်င္အခ်ိန္ပို ၆ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ေပါ့ဘာေပးတာကို ဂရင္းဝုဒ္က သူ႔ရဲ႕ ဘယ္ေျခနဲ႔ ကန္မယ့္ဘက္ကို ပိတ္ဆို႔ထားတဲ့ တစ္ဖက္ေနာက္ခံလူေတြကို မ်က္လွည့္ျပခဲ့ၿပီး ညာေျခနဲ႔ အျပင္း ကန္သြင္းခဲ့ရာမွာ ေထာင့္ပိတ္ထားတဲ့ ဂိုးသမား လိုရစ္ရဲ႕ လက္နဲ႔ ထိၿပီးမွ ဝင္သြားခဲ့လို႔ သုံးဂိုး-တစ္ဂိုးနဲ႔ ပြဲၿပီးဆုံးခဲ့တာျဖစ္ပါတယ္။

ဒီ Come Back ႏိုင္ပြဲကေတာ့ ၂၀၀၁ ခုႏွစ္ စက္တင္ဘာလက ဝႈိက္ဟတ္လိန္းမွာ ပထမပိုင္း သုံးဂိုး-ဂိုးမရွိနဲ႔ ရႈံးနိမ့္ၿပီးမွ ငါးဂိုးျပန္သြင္းၿပီး အႏိုင္ရခဲ့တဲ့ ပြဲကို ျပန္လည္အမွတ္ရေစခဲ့ၿပီး အဲ့ဒီပြဲမွာ ဗာ႐ြန္နဲ႔ ဘက္ခမ္းတို႔ ဂိုးသြင္းယူႏိုင္ဖို႔ ဖန္တီးေပးခဲ့တဲ့ ဆိုးလ္ရွားကေတာ့ ဒီေန႔ပြဲမွာေတာ့ နည္းျပအျဖစ္နဲ႔ အေကာင္းဆုံးႏိုင္ပြဲတစ္ပြဲကို ဖန္တီးေပးႏိုင္ခဲ့ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.