Match Report Premier League

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပြိုင်ဆိုင်မှု ပိုပြင်းလာခဲ့ပြီး လက်စတာကို ဝက်စ်ဟမ်းတို့ အနိုင်ယူ

လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပြင်ဆင်နေခဲ့တဲ့ ဝက်စ်ဟမ်းအသင်းအနေနဲ့ နောက်ပိုင်းပွဲတွေကို အမှားမခံဘဲ ကြိုးစားနေခဲ့ပြီး မနေ့က သူတို့ကို ကျော်တက်ခဲ့တဲ့ လီဗာပူးလ်နဲ့ ချဲလ်ဆီးတို့ကို တုံ့ပြန်ဖို့ ကြိုးစားခဲ့ရာမှာ အဆင့် ၄ ကို ပြန်လည်သိမ်းပိုက်နိုင်မှုနဲ့အတူ အဆင့် ၃ နဲ့ပါ တစ်မှတ်သာ ကွာတော့တဲ့အထိ လုပ်ဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

တိုက်စစ်မှူးစစ်စစ် မပါဝင်ဘဲ ဘိုဝင်နဲ့ လင်ဂတ်တို့ရဲ့ ရွေ့လျားမှုတွေမှာ ဗဟိုတိုက်စစ်အတွက် လိုအပ်ရင် ဆိုးချက်ခ်က လိုက်ပါရွေ့လျားတဲ့ ကစားကွက်သစ်ကို အသုံးပြုလာခဲ့တဲ့ ဝက်စ်ဟမ်းတို့အနေနဲ့ ကံလိုက်တယ်လို့ပဲ ပြောရမှာဖြစ်ပြီး တတိယနေရာက လက်စတာအသင်းကို အိမ်ကွင်းမှာ သူတို့တွေ ဖိကစားနိုင်ခဲ့ပြီး ဒေးဗစ် မွိုက်စ်အတွက်တော့ ကျေနပ်စရာလည်းဖြစ်ခဲ့တာပါ။

ပွဲချိန် ၂၈ မိနစ်မှာတော့ ဝက်စ်ဟမ်းတို့ အဖွင့်ဂိုးရခဲ့ပြီး ဒီဂိုးကိုတော့ အသင်းမှာ မန်ချက်စတာယူနိုက်တက်ကနေ ရောက်လာကတည်းက တောက်လျှောက်ခြေစွမ်းပြနေတဲ့ လင်ဂတ်က ညာနောက်ခံလူ ကူဖယ်လ်ရဲ့ ဖြတ်တင်ဘောကို ဂိုးဧရိယာထိပ်ကနေ မြေမကျကန်သွင်းယူသွားခဲ့ပြီး ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၇ မိနစ်မှာ ရရှိတဲ့ အခွင့်အရေးကို လင်ဂတ်အနေနဲ့ လွဲချော်ခဲ့ပေမယ့် ပွဲပြီးခါနီး တစ်မိနစ်အလို ၄၄ မိနစ်မှာတော့ တန်ပြန်တိုက်စစ်က အဝေးဘောကို လိုက်ပါရယူခဲ့တဲ့ ဘိုဝင်ရဲ့ အနိမ့်ဘောချိုးပေးတာကိုတော့ အမှားအယွင်းမရှိဘဲ ပိတ်သွင်းနိုင်ခဲ့လို့ ပထမပိုင်းမှာ ဝက်စ်ဟမ်းတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်အစပြီး သိပ်မကြာခင်မှာပဲ လက်စတာတို့ ထပ်မံအလဲထိုးခံခဲ့ရပြီး ပွဲချိန် ၄၈ မိနစ်မှာတော့ လင်ဂတ်က ဘယ်တောင်ပံက ထိုးဖောက်လာပြီး ဆိုးချက်ကို ချပေးခဲ့တာကို ချက်ကွင်းလယ်လူက ထပ်ပြီး ခင်းပေးခဲ့တာမှာ ဘိုဝင်က အနီးကပ် ပိတ်သွင်းနိုင်ခဲ့လို့ လေးကြိမ်ကန် လေးကြိမ်ဂိုးပေါက်တည့်ပြီး သုံးဂိုး-ဂိုးမရှိရလဒ် ထွက်ပေါ်နေပါတယ်။

ဒါပေမယ့် ဒီပွဲရဲ့ အလှည့်အပြောင်းအဖြစ် ပွဲချိန် ၅၃ မိနစ်မှာ ဝက်စ်ဟမ်းနောက်ခံလူ ခရက်စ်ဝဲလ် ဒဏ်ရာရရှိသွားခဲ့ပြီး ဘယ်လ်ဘွေနာနဲ့ လူစားလဲခဲ့ရတာက သူတို့ကို အနည်းငယ် အင်အားပျော့သွားစေခဲ့သလို ပွဲချိန် ၅၅ မိနစ်မှာ ဖရီးကစ်ကနေ အမြန်ကန်ပြီး လင်ဂတ်တင်ပေးတာကို အစ်ဆာဂျော့ပ် ခေါင်းတိုက်တာ ဂိုးဝင်ပြီးမှ လူကျွံလို့ ပြန်ဖျက်ခံခဲ့ရတာက လက်စတာတို့ကို အသက်ပြန်ဝင်စေခဲ့ပါတယ်။

ပွဲချိန် မိနစ် ၇၀ မှာတော့ မာဆူအာကူး နောက်ပြန်ပေးရင်း လူပေးမှားတာကို နောက်ပိုင်းပွဲတွေမှာ ဆက်တိုက်ခြေစွမ်းပြနေခဲ့တဲ့ အီဟန်နာချိုက ဖြတ်ယူပြီး အပြင်းကန်သွင်းခဲ့ရာမှာ ဝက်စ်ဟမ်းခံစစ်နဲ့ ဂိုးသမားတို့ အငိုက်မိခဲ့ပြီး အချိန်မီ မကာကွယ်နိုင်ခဲ့တာကြောင့် လက်စတာတို့ တစ်ဂိုးပြန်လည် ချေပနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဟမ်းမားတို့ ခံစစ်သက်သက်ဖြစ်သွားခဲ့ပြီး အနိုင်ရလဒ်ကို ထိန်းဖို့အတွက် ကြိုးစားနေခဲ့ပေမယ့် ပွဲချိန် ၉၁ မိနစ်မှာတော့ အယ်လ်ဘရိုက်တန်ရဲ့ ဖြတ်တင်ဘောကို အိမ်ရှင်ဝက်စ်ဟမ်းနောက်ခံလူတွေ ဖျက်ထုတ်ဖို့ အဆင့်ဆင့် လွဲချော်ခဲ့တာကတစ်ဆင့် အီဟန်နာချိုကပဲ ဒုတိယချေပဂိုးကို ပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။

လက်ကျန်အချိန်တွေကိုတော့ ဂိုးသမား ရှမိုက်ကယ် ရှေ့တက်လာခဲ့တဲ့အထိ လက်စတာတို့ တိုက်စစ်ဆင်ခဲ့ပေမယ့် ဖာဘီယန်စကီးနဲ့အဖွဲ့က ပိတ်ဆို့ထိန်းသိမ်းသွားနိုင်ခဲ့တာကြောင့် အိမ်ကွင်း London Stadium မှာ သုံးဂိုးသွင်းယူဦးဆောင်ပြီးမှ နိုင်ပွဲတစ်ပွဲကို ရင်တမမနဲ့ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီပွဲရလဒ်ကြောင့် ဝက်စ်ဟမ်းတို့ ရမှတ် ၅၅ မှတ်နဲ့ ချဲလ်ဆီးကို ပြန်ကျော်တက်နိုင်ခဲ့ပြီး အဆင့် ၄ ကို ပြန်လည်ရယူနိုင်ခဲ့သလို အဆင့် ၃ က လက်စတာနဲ့လည်း တစ်မှတ်သာ ကွာဟတော့တာကြောင့် မန်ချက်စတာယူနိုက်တက်ရဲ့ အဆင့် ၂ ကလွဲရင် လက်ကျန် ချန်ပီယံလိဂ်ဝင်ခွင့်နှစ်နေရာက တည်ငြိမ်မှုမရှိတော့ဘဲ လာမယ့်ပွဲတွေမှာ ပိုမိုပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေကို တွေ့မြင်ရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လာမယ့္ရာသီမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ျပင္ဆင္ေနခဲ့တဲ့ ဝက္စ္ဟမ္းအသင္းအေနနဲ႔ ေနာက္ပိုင္းပြဲေတြကို အမွားမခံဘဲ ႀကိဳးစားေနခဲ့ၿပီး မေန႔က သူတို႔ကို ေက်ာ္တက္ခဲ့တဲ့ လီဗာပူးလ္နဲ႔ ခ်ဲလ္ဆီးတို႔ကို တုံ႔ျပန္ဖို႔ ႀကိဳးစားခဲ့ရာမွာ အဆင့္ ၄ ကို ျပန္လည္သိမ္းပိုက္ႏိုင္မႈနဲ႔အတူ အဆင့္ ၃ နဲ႔ပါ တစ္မွတ္သာ ကြာေတာ့တဲ့အထိ လုပ္ေဆာင္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

တိုက္စစ္မႉးစစ္စစ္ မပါဝင္ဘဲ ဘိုဝင္နဲ႔ လင္ဂတ္တို႔ရဲ႕ ေ႐ြ႕လ်ားမႈေတြမွာ ဗဟိုတိုက္စစ္အတြက္ လိုအပ္ရင္ ဆိုးခ်က္ခ္က လိုက္ပါေ႐ြ႕လ်ားတဲ့ ကစားကြက္သစ္ကို အသုံးျပဳလာခဲ့တဲ့ ဝက္စ္ဟမ္းတို႔အေနနဲ႔ ကံလိုက္တယ္လို႔ပဲ ေျပာရမွာျဖစ္ၿပီး တတိယေနရာက လက္စတာအသင္းကို အိမ္ကြင္းမွာ သူတို႔ေတြ ဖိကစားႏိုင္ခဲ့ၿပီး ေဒးဗစ္ မြိဳက္စ္အတြက္ေတာ့ ေက်နပ္စရာလည္းျဖစ္ခဲ့တာပါ။

ပြဲခ်ိန္ ၂၈ မိနစ္မွာေတာ့ ဝက္စ္ဟမ္းတို႔ အဖြင့္ဂိုးရခဲ့ၿပီး ဒီဂိုးကိုေတာ့ အသင္းမွာ မန္ခ်က္စတာယူႏိုက္တက္ကေန ေရာက္လာကတည္းက ေတာက္ေလွ်ာက္ေျခစြမ္းျပေနတဲ့ လင္ဂတ္က ညာေနာက္ခံလူ ကူဖယ္လ္ရဲ႕ ျဖတ္တင္ေဘာကို ဂိုးဧရိယာထိပ္ကေန ေျမမက်ကန္သြင္းယူသြားခဲ့ၿပီး ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၇ မိနစ္မွာ ရရွိတဲ့ အခြင့္အေရးကို လင္ဂတ္အေနနဲ႔ လြဲေခ်ာ္ခဲ့ေပမယ့္ ပြဲၿပီးခါနီး တစ္မိနစ္အလို ၄၄ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္က အေဝးေဘာကို လိုက္ပါရယူခဲ့တဲ့ ဘိုဝင္ရဲ႕ အနိမ့္ေဘာခ်ိဳးေပးတာကိုေတာ့ အမွားအယြင္းမရွိဘဲ ပိတ္သြင္းႏိုင္ခဲ့လို႔ ပထမပိုင္းမွာ ဝက္စ္ဟမ္းတို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္အစၿပီး သိပ္မၾကာခင္မွာပဲ လက္စတာတို႔ ထပ္မံအလဲထိုးခံခဲ့ရၿပီး ပြဲခ်ိန္ ၄၈ မိနစ္မွာေတာ့ လင္ဂတ္က ဘယ္ေတာင္ပံက ထိုးေဖာက္လာၿပီး ဆိုးခ်က္ကို ခ်ေပးခဲ့တာကို ခ်က္ကြင္းလယ္လူက ထပ္ၿပီး ခင္းေပးခဲ့တာမွာ ဘိုဝင္က အနီးကပ္ ပိတ္သြင္းႏိုင္ခဲ့လို႔ ေလးႀကိမ္ကန္ ေလးႀကိမ္ဂိုးေပါက္တည့္ၿပီး သုံးဂိုး-ဂိုးမရွိရလဒ္ ထြက္ေပၚေနပါတယ္။

ဒါေပမယ့္ ဒီပြဲရဲ႕ အလွည့္အေျပာင္းအျဖစ္ ပြဲခ်ိန္ ၅၃ မိနစ္မွာ ဝက္စ္ဟမ္းေနာက္ခံလူ ခရက္စ္ဝဲလ္ ဒဏ္ရာရရွိသြားခဲ့ၿပီး ဘယ္လ္ေဘြနာနဲ႔ လူစားလဲခဲ့ရတာက သူတို႔ကို အနည္းငယ္ အင္အားေပ်ာ့သြားေစခဲ့သလို ပြဲခ်ိန္ ၅၅ မိနစ္မွာ ဖရီးကစ္ကေန အျမန္ကန္ၿပီး လင္ဂတ္တင္ေပးတာကို အစ္ဆာေဂ်ာ့ပ္ ေခါင္းတိုက္တာ ဂိုးဝင္ၿပီးမွ လူကြၽံလို႔ ျပန္ဖ်က္ခံခဲ့ရတာက လက္စတာတို႔ကို အသက္ျပန္ဝင္ေစခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၇၀ မွာေတာ့ မာဆူအာကူး ေနာက္ျပန္ေပးရင္း လူေပးမွားတာကို ေနာက္ပိုင္းပြဲေတြမွာ ဆက္တိုက္ေျခစြမ္းျပေနခဲ့တဲ့ အီဟန္နာခ်ိဳက ျဖတ္ယူၿပီး အျပင္းကန္သြင္းခဲ့ရာမွာ ဝက္စ္ဟမ္းခံစစ္နဲ႔ ဂိုးသမားတို႔ အငိုက္မိခဲ့ၿပီး အခ်ိန္မီ မကာကြယ္ႏိုင္ခဲ့တာေၾကာင့္ လက္စတာတို႔ တစ္ဂိုးျပန္လည္ ေခ်ပႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ဟမ္းမားတို႔ ခံစစ္သက္သက္ျဖစ္သြားခဲ့ၿပီး အႏိုင္ရလဒ္ကို ထိန္းဖို႔အတြက္ ႀကိဳးစားေနခဲ့ေပမယ့္ ပြဲခ်ိန္ ၉၁ မိနစ္မွာေတာ့ အယ္လ္ဘ႐ိုက္တန္ရဲ႕ ျဖတ္တင္ေဘာကို အိမ္ရွင္ဝက္စ္ဟမ္းေနာက္ခံလူေတြ ဖ်က္ထုတ္ဖို႔ အဆင့္ဆင့္ လြဲေခ်ာ္ခဲ့တာကတစ္ဆင့္ အီဟန္နာခ်ိဳကပဲ ဒုတိယေခ်ပဂိုးကို ျပန္လည္သြင္းယူႏိုင္ခဲ့ပါတယ္။

လက္က်န္အခ်ိန္ေတြကိုေတာ့ ဂိုးသမား ရွမိုက္ကယ္ ေရွ႕တက္လာခဲ့တဲ့အထိ လက္စတာတို႔ တိုက္စစ္ဆင္ခဲ့ေပမယ့္ ဖာဘီယန္စကီးနဲ႔အဖြဲ႕က ပိတ္ဆို႔ထိန္းသိမ္းသြားႏိုင္ခဲ့တာေၾကာင့္ အိမ္ကြင္း London Stadium မွာ သုံးဂိုးသြင္းယူဦးေဆာင္ၿပီးမွ ႏိုင္ပြဲတစ္ပြဲကို ရင္တမမနဲ႔ ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ ဝက္စ္ဟမ္းတို႔ ရမွတ္ ၅၅ မွတ္နဲ႔ ခ်ဲလ္ဆီးကို ျပန္ေက်ာ္တက္ႏိုင္ခဲ့ၿပီး အဆင့္ ၄ ကို ျပန္လည္ရယူႏိုင္ခဲ့သလို အဆင့္ ၃ က လက္စတာနဲ႔လည္း တစ္မွတ္သာ ကြာဟေတာ့တာေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ အဆင့္ ၂ ကလြဲရင္ လက္က်န္ ခ်န္ပီယံလိဂ္ဝင္ခြင့္ႏွစ္ေနရာက တည္ၿငိမ္မႈမရွိေတာ့ဘဲ လာမယ့္ပြဲေတြမွာ ပိုမိုျပင္းထန္တဲ့ ၿပိဳင္ဆိုင္မႈေတြကို ေတြ႕ျမင္ရေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.