Premier League

ခရစ်တီယာနို ရော်နယ်ဒိုကို အမ်ဘာပေနေရာမှာ အစားထိုးတော့မယ့် PSG

PSG အသင်းဟာ ရီးရဲလ်မက်ဒရစ်မှာ ပြောင်းရွှေ့ကစားဖို့ မျက်စိကျနေတဲ့ သူတို့ရဲ့အဓိကတိုက်စစ်မှူး အမ်ဘာပေရဲ့နေရာကို စီရော်နယ်လ်ဒိုနဲ့ အစားထိုးဖို့ စီစဥ်နေပြီလို့ သိရသလို ရော်နယ်လ်ဒိုဟာ ဒီရာသီအကုန်မှာ ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့မှာဖြစ်ပါတယ်။

အမ်ဘောပေကိုသာ အသင်းမှာ နှစ်ရှည်စာချုပ်ချုပ်ဆိုပြီး ဆက်ထိန်းသိမ်းထားချင်တာက PSG ရဲ့ရည်ရွယ်ချက်ဖြစ်ပြီး ဒီလိုဖြစ်မလာခဲ့ဘူးဆိုရင်တော့ ပြင်သစ်သားဟာလည်း အသင်းနဲ့ ၂၀၂၂ ဇွန်လ မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်လို့ သူ့ကို ဒီရာသီအပြီး ရောင်းထုတ်ရတော့မှာပါ။

PSG အနေနဲ့ အမ်ဘာပေနဲ့ စာချုပ်သစ်ကိစ္စ စကားပြောဆိုမှုတွေမှာ တိုးတက်မှုမရှိတာလည်းဖြစ်သလို သူ့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပေးရမယ့် အန္တရာယ်ကြောင့် မျှော်လင့်ထားသလို ယူရိုသန်း ၂၀၀ ရရှိဖို့ စျေးတင်းထားနိုင်မှာမဟုတ်ဘဲ ယူရိုသန်း ၁၅၀ ဝန်းကျင်နဲ့ ထုတ်ရောင်းဖို့ ပြင်ဆင်နေတာဖြစ်ကာ ပြင်သစ်သားရဲ့နေရာကို အစားထိုးမယ်ဆိုရင်တော့ ရော်နယ်လ်ဒိုကလွဲလို့ အခြားတပါးမရှိလို့ ခံယူထားတာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုအနေနဲ့ကတော့ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဂျူဗင်တပ်စ်အသင်းနဲ့ ဆွေးနွေးဖို့ ပြုလုပ်နေတာဖြစ်ပြီး သူ့ဘက်ကတော့ ဂျူဗင်တပ်စ်ကို စွန့်ခွာဖို့ ဆုံးဖြတ်ချက်ချထားခြင်းဟာ အခုချိန်ထိ မရှိသေးဘူးလို့ သတင်းတွေက ဆိုပါတယ်။

” ကျွန်တော်တို့အသင်းက အမ်ဘာပေကို ကောင်းကောင်းနားလည်ထားပါတယ်။ သူက တကယ့်ဂရိတ်ပါ။ သူဘာလိုချင်လဲဆိုတာကို ကျွန်တော်တို့စောင့်ကြည့်ပါမယ်။ ” လို့ ရီးရဲလ်နည်းပြ ဇီဒန်းက အယ်လ်ကလက်ဆီကိုပွဲကြိုမှာ အမ်ဘာပေရဲ့သတင်းတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ခဲ့တာဖြစ်ပြီး သူ့ကို လိုချင်နေကြောင်း အရိပ်အမြွက် ဖွင့်ဟခဲ့တယ်။

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ လစ်ဟာနေတဲ့ စီရော်နယ်လ်ဒိုရဲ့နေရာကို အခုအချိန်ထိ ပြန်လည်ဖြည့်တင်းနိုင်ခြင်း မရှိသေးတာကို တွေ့ရပြီး အမ်ဘာပေကတော့ ရီးရဲလ်ရဲ့ ဒီကွက်လပ်ကို ဖြည့်ပေးမယ့် တဦးတည်းသောကစားသမားအဖြစ် မှတ်ယူနေတာဖြစ်တယ်။

တပြိုင်တည်းမှာပဲ ပီအက်စ်ဂျီအသင်းဟာလည်း စီရော်နယ်လ်ဒိုကသာ အမ်ဘာပေရဲ့နေရာကို ကွက်လပ်ဖြည့်ပေးနိုင်မယ့် အသင့်တော်ဆုံး ကစားသမားအဖြစ် ခံယူထားတာကြောင့် ဂျူဗင်တပ်စ်၊ ရီးရဲလ်မက်ဒရစ်၊ PSG အသင်းတို့ရဲ့ သုံးပွင့်ဆိုင်အပြောင်းအရွှေ့ဟာ ဖြစ်ပေါ်လာမလားဆိုတာတော့ စီဒိုကို ထုတ်ရောင်းပြီး ငွေပြန်ရှာချင်နေမလားဆိုတဲ့ ဂျူဗင်တပ်စ်ရဲ့ဆန္ဒတခုမှာလည်း မူတည်နေသေးတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
PSG အသင္းဟာ ရီးရဲလ္မက္ဒရစ္မွာ ေျပာင္းေ႐ႊ႕ကစားဖို႔ မ်က္စိက်ေနတဲ့ သူတို႔ရဲ႕အဓိကတိုက္စစ္မႉး အမ္ဘာေပရဲ႕ေနရာကို စီေရာ္နယ္လ္ဒိုနဲ႔ အစားထိုးဖို႔ စီစဥ္ေနၿပီလို႔ သိရသလို ေရာ္နယ္လ္ဒိုဟာ ဒီရာသီအကုန္မွာ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၁ ႏွစ္သာ က်န္ရွိေတာ့မွာျဖစ္ပါတယ္။

အမ္ေဘာေပကိုသာ အသင္းမွာ ႏွစ္ရွည္စာခ်ဳပ္ခ်ဳပ္ဆိုၿပီး ဆက္ထိန္းသိမ္းထားခ်င္တာက PSG ရဲ႕ရည္႐ြယ္ခ်က္ျဖစ္ၿပီး ဒီလိုျဖစ္မလာခဲ့ဘူးဆိုရင္ေတာ့ ျပင္သစ္သားဟာလည္း အသင္းနဲ႔ ၂၀၂၂ ဇြန္လ မွာ စာခ်ဳပ္သက္တမ္း ကုန္ဆုံးမွာျဖစ္လို႔ သူ႔ကို ဒီရာသီအၿပီး ေရာင္းထုတ္ရေတာ့မွာပါ။

PSG အေနနဲ႔ အမ္ဘာေပနဲ႔ စာခ်ဳပ္သစ္ကိစၥ စကားေျပာဆိုမႈေတြမွာ တိုးတက္မႈမရွိတာလည္းျဖစ္သလို သူ႔ကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာခြင့္ေပးရမယ့္ အႏၲရာယ္ေၾကာင့္ ေမွ်ာ္လင့္ထားသလို ယူ႐ိုသန္း ၂၀၀ ရရွိဖို႔ ေစ်းတင္းထားႏိုင္မွာမဟုတ္ဘဲ ယူ႐ိုသန္း ၁၅၀ ဝန္းက်င္နဲ႔ ထုတ္ေရာင္းဖို႔ ျပင္ဆင္ေနတာျဖစ္ကာ ျပင္သစ္သားရဲ႕ေနရာကို အစားထိုးမယ္ဆိုရင္ေတာ့ ေရာ္နယ္လ္ဒိုကလြဲလို႔ အျခားတပါးမရွိလို႔ ခံယူထားတာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုအေနနဲ႔ကေတာ့ သူ႔ရဲ႕အနာဂတ္နဲ႔ပတ္သက္ၿပီး ဂ်ဴဗင္တပ္စ္အသင္းနဲ႔ ေဆြးေႏြးဖို႔ ျပဳလုပ္ေနတာျဖစ္ၿပီး သူ႔ဘက္ကေတာ့ ဂ်ဴဗင္တပ္စ္ကို စြန္႔ခြာဖို႔ ဆုံးျဖတ္ခ်က္ခ်ထားျခင္းဟာ အခုခ်ိန္ထိ မရွိေသးဘူးလို႔ သတင္းေတြက ဆိုပါတယ္။

” ကြၽန္ေတာ္တို႔အသင္းက အမ္ဘာေပကို ေကာင္းေကာင္းနားလည္ထားပါတယ္။ သူက တကယ့္ဂရိတ္ပါ။ သူဘာလိုခ်င္လဲဆိုတာကို ကြၽန္ေတာ္တို႔ေစာင့္ၾကည့္ပါမယ္။ ” လို႔ ရီးရဲလ္နည္းျပ ဇီဒန္းက အယ္လ္ကလက္ဆီကိုပြဲႀကိဳမွာ အမ္ဘာေပရဲ႕သတင္းေတြနဲ႔ ပတ္သက္လို႔ တုံ႔ျပန္ခဲ့တာျဖစ္ၿပီး သူ႔ကို လိုခ်င္ေနေၾကာင္း အရိပ္အႁမြက္ ဖြင့္ဟခဲ့တယ္။

ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ လစ္ဟာေနတဲ့ စီေရာ္နယ္လ္ဒိုရဲ႕ေနရာကို အခုအခ်ိန္ထိ ျပန္လည္ျဖည့္တင္းႏိုင္ျခင္း မရွိေသးတာကို ေတြ႕ရၿပီး အမ္ဘာေပကေတာ့ ရီးရဲလ္ရဲ႕ ဒီကြက္လပ္ကို ျဖည့္ေပးမယ့္ တဦးတည္းေသာကစားသမားအျဖစ္ မွတ္ယူေနတာျဖစ္တယ္။

တၿပိဳင္တည္းမွာပဲ ပီအက္စ္ဂ်ီအသင္းဟာလည္း စီေရာ္နယ္လ္ဒိုကသာ အမ္ဘာေပရဲ႕ေနရာကို ကြက္လပ္ျဖည့္ေပးႏိုင္မယ့္ အသင့္ေတာ္ဆုံး ကစားသမားအျဖစ္ ခံယူထားတာေၾကာင့္ ဂ်ဴဗင္တပ္စ္၊ ရီးရဲလ္မက္ဒရစ္၊ PSG အသင္းတို႔ရဲ႕ သုံးပြင့္ဆိုင္အေျပာင္းအေ႐ႊ႕ဟာ ျဖစ္ေပၚလာမလားဆိုတာေတာ့ စီဒိုကို ထုတ္ေရာင္းၿပီး ေငြျပန္ရွာခ်င္ေနမလားဆိုတဲ့ ဂ်ဴဗင္တပ္စ္ရဲ႕ဆႏၵတခုမွာလည္း မူတည္ေနေသးတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.