စပိန္အင္အားႀကီးကလပ္ ဘာစီလိုနာအသင္းအေနနဲ႔ ေႏြရာသီမွာ သူတုိ႔အလိုရွိေနတဲ့ ကစားသမားေတြျဖစ္ၾကတဲ့ ေနမာနဲ႔ ေလာ္တာ႐ုိ မာတီနက္ဇ္တုိ႔ကို ရရွိဖို႔ အသင္းနဲ႔ အံဝင္မွဳနည္းေနတဲ့ အူစမာနီ ဒမ္ဘီလီနဲ႔ ဖလိပီ ေကာ္တင္ညဳိတုိ႔ကို အသုံးခ်ၿပီး အလဲအထပ္ျပဳလုပ္သြားဖြယ္ရွိေနပါတယ္။
ကို႐ိုနာဗုိင္းရပ္စ္ရဲ႕ ဥေရာပတစ္ခြင္ကို ပ်ံ႕ႏွံ႔ေနခဲ့တဲ့ အေျခအေနေတြအရ ဘာစီလိုနာအသင္းအေနနဲ႔ ေငြေၾကးအက်ဳိးအျမတ္ရရွိမွဳေတြမွာ ေလ်ာ့က်လာခဲ့တဲ့အတြက္ ေႏြရာသီမွာ သုံးစြဲစရာ အေျပာင္းအေရႊ႕အသုံးစရိတ္နည္းပါးႏုိင္တဲ့အတြက္ အခုလို ႀကံစည္ေနတာျဖစ္တယ္လုိ႔လည္း စပိန္ သတင္းဌာန မြန္ဒို ဒီေပါ့တီဗိုက ေဖာ္ျပခဲ့ပါတယ္။
ဘာစီလိုနာတာဝန္ရွိသူေတြအေနနဲ႔ သူတုိ႔ရဲ႕ အသက္ ၂၃ ႏွစ္အရြယ္ ျပင္သစ္ေတာင္ပံကစားသမား ဒမ္ဘီလီကို ပီအက္စ္ဂ်ီအသင္းကို ပုိ႔ေဆာင္ၿပီး ေနမာနဲ႔ အလဲအထပ္လုပ္ဖို႔ ရည္ရြယ္ထားသလို ေကာ္တင္ညဳိကိုလည္း အင္တာမီလန္အသင္းကို ေပးအပ္ၿပီး ေလာ္တာ႐ို မာတီနက္ဇ္ကို ျပန္လည္ အလိုရွိေနတာလည္းျဖစ္ပါတယ္။
ကာတာလန္အသင္းအေနနဲ႔ ရွိတဲ့ အေျပာင္းအေရႊ႕ရံပုံေငြတခ်ဳိ႕ကိုေတာ့ အလိုက္ေပးသြားဖြယ္ရွိသလို ပီအက္စ္ဂ်ီအသင္းဘက္က အလိုရွိေနၿပီး ႏူးကမ့္မွာ သိပ္အေရးမပါသူေတြျဖစ္ၾကတဲ့ ညာေနာက္ခံလူ နယ္လ္ဆင္ ဆီမီဒုိနဲ႔ လူငယ္ခံစစ္မွဴး ယြန္း-ကလဲ တုိဘီဒိုတို႔ကိုပါ အလိုက္ေပးသြားႏုိင္ဖြယ္ရွိေနပါတယ္။
အင္တာမီလန္အသင္းကိုေတာ့ ေကာ္တင္ဟိုအေနနဲ႔ ကမာၻ႕အဆင့္ကစားသမားတစ္ေယာက္ျဖစ္လာအၿပီးမွာ တစ္ေက်ာ့ျပန္ရဖို႔ ရွိေနၿပီး စပိန္ရဲ႕ ႀကီးျမင့္တဲ့ အခြန္အခေတြကို စိတ္ပ်က္ေနတဲ့ ဘရာဇီးလ္သားအေနနဲ႔ သက္သာတဲ့ အီတလီကို စဥ္းစားႏုိင္သလို ဘာစီလိုနာအေနနဲ႔လည္း နည္းျပ အန္တိုနီယို ကြန္တီႀကဳိက္ႏွစ္သက္တဲ့ ကစားသမားမ်ဳိးေတြျဖစ္တဲ့ အာတူ႐ို ဗီဒယ္လ္နဲ႔ အီဗန္ ရာကီတစ္တုိ႔ကိုပါ ထည့္သြင္းညႇိႏွဳိင္းသြားဖြယ္ရွိေၾကာင္းလည္း သိရွိရပါတယ္။
REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.
UNICODE: စပိန်အင်အားကြီးကလပ် ဘာစီလိုနာအသင်းအနေနဲ့ နွေရာသီမှာ သူတို့အလိုရှိနေတဲ့ ကစားသမားတွေဖြစ်ကြတဲ့ နေမာနဲ့ လော်တာရို မာတီနက်ဇ်တို့ကို ရရှိဖို့ အသင်းနဲ့ အံဝင်မှုနည်းနေတဲ့ အူစမာနီ ဒမ်ဘီလီနဲ့ ဖလိပီ ကော်တင်ညိုတို့ကို အသုံးချပြီး အလဲအထပ်ပြုလုပ်သွားဖွယ်ရှိနေပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဥရောပတစ်ခွင်ကို ပျံ့နှံ့နေခဲ့တဲ့ အခြေအနေတွေအရ ဘာစီလိုနာအသင်းအနေနဲ့ ငွေကြေးအကျိုးအမြတ်ရရှိမှုတွေမှာ လျော့ကျလာခဲ့တဲ့အတွက် နွေရာသီမှာ သုံးစွဲစရာ အပြောင်းအရွှေ့အသုံးစရိတ်နည်းပါးနိုင်တဲ့အတွက် အခုလို ကြံစည်နေတာဖြစ်တယ်လို့လည်း စပိန် သတင်းဌာန မွန်ဒို ဒီပေါ့တီဗိုက ဖော်ပြခဲ့ပါတယ်။
ဘာစီလိုနာတာဝန်ရှိသူတွေအနေနဲ့ သူတို့ရဲ့ အသက် ၂၃ နှစ်အရွယ် ပြင်သစ်တောင်ပံကစားသမား ဒမ်ဘီလီကို ပီအက်စ်ဂျီအသင်းကို ပို့ဆောင်ပြီး နေမာနဲ့ အလဲအထပ်လုပ်ဖို့ ရည်ရွယ်ထားသလို ကော်တင်ညိုကိုလည်း အင်တာမီလန်အသင်းကို ပေးအပ်ပြီး လော်တာရို မာတီနက်ဇ်ကို ပြန်လည် အလိုရှိနေတာလည်းဖြစ်ပါတယ်။
ကာတာလန်အသင်းအနေနဲ့ ရှိတဲ့ အပြောင်းအရွှေ့ရံပုံငွေတချို့ကိုတော့ အလိုက်ပေးသွားဖွယ်ရှိသလို ပီအက်စ်ဂျီအသင်းဘက်က အလိုရှိနေပြီး နူးကမ့်မှာ သိပ်အရေးမပါသူတွေဖြစ်ကြတဲ့ ညာနောက်ခံလူ နယ်လ်ဆင် ဆီမီဒိုနဲ့ လူငယ်ခံစစ်မှူး ယွန်း-ကလဲ တိုဘီဒိုတို့ကိုပါ အလိုက်ပေးသွားနိုင်ဖွယ်ရှိနေပါတယ်။
အင်တာမီလန်အသင်းကိုတော့ ကော်တင်ဟိုအနေနဲ့ ကမ္ဘာ့အဆင့်ကစားသမားတစ်ယောက်ဖြစ်လာအပြီးမှာ တစ်ကျော့ပြန်ရဖို့ ရှိနေပြီး စပိန်ရဲ့ ကြီးမြင့်တဲ့ အခွန်အခတွေကို စိတ်ပျက်နေတဲ့ ဘရာဇီးလ်သားအနေနဲ့ သက်သာတဲ့ အီတလီကို စဉ်းစားနိုင်သလို ဘာစီလိုနာအနေနဲ့လည်း နည်းပြ အန်တိုနီယို ကွန်တီကြိုက်နှစ်သက်တဲ့ ကစားသမားမျိုးတွေဖြစ်တဲ့ အာတူရို ဗီဒယ်လ်နဲ့ အီဗန် ရာကီတစ်တို့ကိုပါ ထည့်သွင်းညှိနှိုင်းသွားဖွယ်ရှိကြောင်းလည်း သိရှိရပါတယ်။
REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.