Match Report Premier League

ဗာနာကို မေ့လိုက်တာနဲ့ ပဲလေ့စ်ကို ဂိုးတွေ တဒိုင်းဒိုင်းသွင်းနိုင်ခဲ့တာ တူဟယ်လ်အတွက် အဖြေလား

ချဲလ်ဆီးအသင်းဟာ ဒီနေ့ပွဲမှာ သီယာဂို ဆေးလ်ဗား မပါတဲ့ နောက်တန်းကို အက်ဇ်ပီ၊ ရူဒီဂါ၊ ဇူးမားတို့နဲ့ အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ ဂျော်ဂျင်ညိုနဲ့ ကိုဗာချစ်တို့ကို အသုံးပြုခဲ့သလို တိုက်စစ်မှာတော့ ဟာဗတ်ဇ်ကို ပူလီရှစ်ချ်၊ မေဆန်မောင့်တို့နဲ့ တွဲပေးခဲ့ပြီး တော်တော်လေး Positive ဆန်တဲ့ လူစာရင်းကို ထုတ်သုံးလာခဲ့ပါတယ်။

လန်ဒန်ဒါဘီအသေးစားလေးဖြစ်ပေမယ့် နှစ်သင်းရဲ့ ခြေစွမ်းနဲ့ လူစာရင်းကွာဟချက်တွေကြောင့် ချဲလ်ဆီးတို့ အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး ညာတောင်ပံက ဟဒ်ဆန်-အိုဒွိုင်းရဲ့ လှုပ်ရှားမှုတွေက ထိရောက်ခဲ့သလို အခွင့်အရေးတွေ ဆက်တိုက်ဆိုသလို ရရှိနေခဲ့ပြီး လွတ်လွတ်လပ်လပ်ကစားတဲ့ ပူလီရှစ်ချ်ကိုလည်း ဆဲလ်ဟာ့စ်ပါ့ခ်မှာ ပဲလေ့စ်တို့ မထိန်းနိုင်ဘဲဖြစ်နေပါတယ်။

ပွဲချိန် ၈ မိနစ်မှာတော့ ချဲလ်ဆီးတို့ ဦးဆောင်ဂိုးရခဲ့ပြီး ပူလီရှစ်ချ် ကန်သွင်းလို့ ပြန်ထွက်လာတာကို ဟာဗတ်ဇ်က ထပ်မံလုယူပြီး ကစားဖော် တွေနဲ့ ပြန်တွဲပြီး ဘောလုံးပြန်ရလာချိန်မှာ တစ်ကိုယ်တော်အစွမ်းနဲ့ ပဲလေ့စ်နောက်ခံလူတွေကြားကနေ ဘယ်ခြေနဲ့ အပိုင်ကန်သွင်းနိုင်ခဲ့လို့ အဖွင့်ဂိုး ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဆက်တိုက်ဆိုသလိုပဲ ချဲလ်ဆီးတို့ နောက်ထပ်တစ်ဂိုး ထပ်မံရရှိခဲ့ပြန်ပြီး ပွဲချိန် ၁၀ မိနစ်မှာ ချေးလ်ဝဲလ်ပေးတဲ့ ဘောလုံးကို ဟာဗတ်ဇ်က ပြေးထွက်ရယူပြီး အတွင်းကို ပြန်ချိုးပေးရာမှာ အဆင်သင့် စောင့်နေတဲ့ ပူလီရှစ်ချ်က တုံ့ဆိုင်းမနေဘဲ ဘယ်ခြေနဲ့ ထောင့်ကျဉ်းထဲကို အပြင်းကန်ခဲ့ရာမှာ ဂိုးသမား ဂွိုင်တာ ကာကွယ်ချိန် မရခဲ့လို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ဟာဗတ်ဇ်ရဲ့ ရွေ့လျားမှုတွေနဲ့ ပဲလေ့စ်ခံစစ်ကို ဖြတ်ကျော်မှုတွေက တကယ့်တိုက်စစ်မှူးကြီးတစ်ယောက်လို ဆရာကျခဲ့ပြီး မကြာခဏ ရင်ခုန်စရာတွေဖြစ်ခဲ့သလို ပွဲချိန် ၂၂ မိနစ်က သူ့ရဲ့ ကန်ချက်ကိုလည်း ဂိုးသမားက ခက်ခက်ခဲခဲ ကာကွယ်နိုင်ခဲ့အပြီး ပူလီရှစ်ချ် နောက်ကျနေခဲ့လို့သာ ဂိုးထပ်မရခဲ့တာဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၃၀ မှာတော့ ထောင့်ကန်ဘောတွေကနေ အကြိမ်ကြိမ် ခေါင်းတိုက်ဖို့ ကြိုးစားနေပြီး မအောင်မြင်ခဲ့တဲ့ ဇူးမားက ဘယ်ခြမ်းက မေဆန်မောင့်ရဲ့ ဖရီးကစ်က တင်ပေးတဲ့ သူ့စိတ်ကြိုက်အနေအထားနဲ့ ဘောလုံးကို ခပ်မြင့်မြင့်ခုန်ပြီး ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ ချဲလ်ဆီးတို့ တတိယဂိုး ရရှိခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ မေဆန်မောင့်နဲ့ ချေးလ်ဝဲလ်တို့ရဲ့ ကန်ချက်တွေနဲ့ ရူဒီဂါရဲ့ ခေါင်းတိုက်ချက်တွေကို ပဲလေ့စ်နောက်တန်းနဲ့ ဂိုးသမားတို့ ကာကွယ်သွားနိုင်ခဲ့လို့ ချဲလ်ဆီးတို့ ဂိုးထပ်မရတော့ဘဲ ပထမပိုင်းကို သုံးဂိုး-ဂိုးမရှိနဲ့ ပြတ်ပြတ်သားသား ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းအစကနေ ၁၅ မိနစ်လောက်အတွင်းမှာတော့ ချဲလ်ဆီးတို့ အခွင့်အရေးတွေကို သေသေချာချာ အသုံးမချဘဲ ဖြုန်းတီးပစ်ခဲ့လို့ ဂိုးထပ်မရခဲ့ချိန်မှာ ပွဲချိန် ၆၃ မိနစ်မှာတော့ ပဲလေ့စ်နောက်ခံလူ ရှလုပ်က တင်ပေးတဲ့ ဘောလုံးကို ချေးလ်ဝဲလ်နဲ့ ရူဒီဂါတို့ကြားကနေ ဘန်တီကီက ပါဝါခေါင်းတိုက်ချက်နဲ့ တစ်ဂိုးပြန်လည်ချေပခဲ့ပါတယ်။

ချေပဂိုး ပြန်ပေးလိုက်ရအပြီး ပြိုင်ဘက်ရဲ့ ကစားအား ပြန်တက်လာတာမျိုး မဖြစ်စေဖို့ ချဲလ်ဆီးတို့ တင်ကစားလာခဲ့ပေမယ့် ဟာဗတ်ဇ်နဲ့ မေဆန်မောင့်တို့ အခွင့်အရေးတွေကို လွဲချော်နေခဲ့သလို ဟဒ်ဆန်-အိုဒွိုင်းအစား ရီးစ် ဂျိမ်းစ်ကို ထည့်သွင်းခဲ့ချိန်မှာတော့ တူဟယ်လ်အနေနဲ့ တန်ပြန် တိုက်စစ်ကို အနည်းငယ် အားပြုခဲ့ပါတယ်။

ပွဲချိန် ၇၈ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ရီးစ် ဂျိမ်းစ်ရဲ့ ညာခြမ်းဖြတ်တင်ဘောကို ချဲလ်ဆီးနောက်ခံလူဟောင်း ကေးဟေးလ် ရှင်းထုတ်တာ မအောင်မြင်ဘဲ ဘယ်ခြမ်းကို ရောက်သွားခဲ့ရာမှာ ပူလီရှစ်ချ်က ပြေးဝင်ပိတ်သွင်းနိုင်ခဲ့လို့ ရလဒ်က လေးဂိုး-တစ်ဂိုးဖြစ်နေခဲ့ပြီး ဒီပွဲမှာ ပါဝင်မလာတဲ့ တီမို ဗာနာကို မေ့ပစ်လိုက်လို့ ရပြီလို့တောင် တွေးရမလို ဖြစ်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ချဲလ်ဆီးတို့ ပွဲကို ထိန်းကစားခဲ့ပြီး လေးဂိုး-တစ်ဂိုးနဲ့ ပွဲပြီးခဲ့သလို လီဗာပူးလ်တို့ ခဏယူထားတဲ့ အဆင့် ၄ နေရာကို လွှဲပြောင်းရယူနိုင်ခဲ့ပြီး ဥရောပဝင်ခွင့် စိန်ခေါ်ဖို့ အဆင်သင့်ဖြစ်နေခဲ့သလို ဒီနေ့မှာ လက်စတာနဲ့ ကစားမယ့် ဝက်စ်ဟမ်းရဲ့ ရလဒ်ကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ချဲလ်ဆီးအသင်းဟာ ဒီနေ့ပွဲမှာ သီယာဂို ဆေးလ်ဗား မပါတဲ့ နောက်တန်းကို အက်ဇ်ပီ၊ ရူဒီဂါ၊ ဇူးမားတို့နဲ့ အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ ဂျော်ဂျင်ညိုနဲ့ ကိုဗာချစ်တို့ကို အသုံးပြုခဲ့သလို တိုက်စစ်မှာတော့ ဟာဗတ်ဇ်ကို ပူလီရှစ်ခ်ျ၊ မေဆန်မောင့်တို့နဲ့ တွဲပေးခဲ့ပြီး တော်တော်လေး Positive ဆန်တဲ့ လူစာရင်းကို ထုတ်သုံးလာခဲ့ပါတယ်။

လန်ဒန်ဒါဘီအသေးစားလေးဖြစ်ပေမယ့် နှစ်သင်းရဲ့ ခြေစွမ်းနဲ့ လူစာရင်းကွာဟချက်တွေကြောင့် ချဲလ်ဆီးတို့ အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး ညာတောင်ပံက ဟဒ်ဆန်-အိုဒွိုင်းရဲ့ လှုပ်ရှားမှုတွေက ထိရောက်ခဲ့သလို အခွင့်အရေးတွေ ဆက်တိုက်ဆိုသလို ရရှိနေခဲ့ပြီး လွတ်လွတ်လပ်လပ်ကစားတဲ့ ပူလီရှစ်ခ်ျကိုလည်း ဆဲလ်ဟာ့စ်ပါ့ခ်မှာ ပဲလေ့စ်တို့ မထိန်းနိုင်ဘဲဖြစ်နေပါတယ်။

ပွဲချိန် ၈ မိနစ်မှာတော့ ချဲလ်ဆီးတို့ ဦးဆောင်ဂိုးရခဲ့ပြီး ပူလီရှစ်ခ်ျ ကန်သွင်းလို့ ပြန်ထွက်လာတာကို ဟာဗတ်ဇ်က ထပ်မံလုယူပြီး ကစားဖော် တွေနဲ့ ပြန်တွဲပြီး ဘောလုံးပြန်ရလာချိန်မှာ တစ်ကိုယ်တော်အစွမ်းနဲ့ ပဲလေ့စ်နောက်ခံလူတွေကြားကနေ ဘယ်ခြေနဲ့ အပိုင်ကန်သွင်းနိုင်ခဲ့လို့ အဖွင့်ဂိုး ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဆက်တိုက်ဆိုသလိုပဲ ချဲလ်ဆီးတို့ နောက်ထပ်တစ်ဂိုး ထပ်မံရရှိခဲ့ပြန်ပြီး ပွဲချိန် ၁၀ မိနစ်မှာ ချေးလ်ဝဲလ်ပေးတဲ့ ဘောလုံးကို ဟာဗတ်ဇ်က ပြေးထွက်ရယူပြီး အတွင်းကို ပြန်ချိုးပေးရာမှာ အဆင်သင့် စောင့်နေတဲ့ ပူလီရှစ်ခ်ျက တုံ့ဆိုင်းမနေဘဲ ဘယ်ခြေနဲ့ ထောင့်ကျဉ်းထဲကို အပြင်းကန်ခဲ့ရာမှာ ဂိုးသမား ဂွိုင်တာ ကာကွယ်ချိန် မရခဲ့လို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ဟာဗတ်ဇ်ရဲ့ ရွေ့လျားမှုတွေနဲ့ ပဲလေ့စ်ခံစစ်ကို ဖြတ်ကျော်မှုတွေက တကယ့်တိုက်စစ်မှူးကြီးတစ်ယောက်လို ဆရာကျခဲ့ပြီး မကြာခဏ ရင်ခုန်စရာတွေဖြစ်ခဲ့သလို ပွဲချိန် ၂၂ မိနစ်က သူ့ရဲ့ ကန်ချက်ကိုလည်း ဂိုးသမားက ခက်ခက်ခဲခဲ ကာကွယ်နိုင်ခဲ့အပြီး ပူလီရှစ်ခ်ျ နောက်ကျနေခဲ့လို့သာ ဂိုးထပ်မရခဲ့တာဖြစ်ပါတယ်။





ပွဲချိန် ၇၈ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ရီးစ် ဂျိမ်းစ်ရဲ့ ညာခြမ်းဖြတ်တင်ဘောကို ချဲလ်ဆီးနောက်ခံလူဟောင်း ကေးဟေးလ် ရှင်းထုတ်တာ မအောင်မြင်ဘဲ ဘယ်ခြမ်းကို ရောက်သွားခဲ့ရာမှာ ပူလီရှစ်ခ်ျက ပြေးဝင်ပိတ်သွင်းနိုင်ခဲ့လို့ ရလဒ်က လေးဂိုး-တစ်ဂိုးဖြစ်နေခဲ့ပြီး ဒီပွဲမှာ ပါဝင်မလာတဲ့ တီမို ဗာနာကို မေ့ပစ်လိုက်လို့ ရပြီလို့တောင် တွေးရမလို ဖြစ်ခဲ့ပါတယ်။


REF: INTERNET SOURCES
SPORTS A2Z.