Match Report Premier League

အာနိုးလ်ဒ်ကြောင့် အိမ်ကွင်းမှတ်တမ်းဆိုးကို ရပ်တန့်နိုင်ခဲ့ပြီး အဆင့် ၄ ရောက်တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းဟာ ဒီနေ့ပွဲမှာ နောက်ခံလူ အလက်ဇန်းဒါး-အာနိုးလ်ဒ်ရဲ့ အဓိကကျတဲ့ ဆောင်ရွက်မှုတွေကြောင့် သူတို့ရဲ့ အိမ်ကွင်းမှာ ကစားရမှာကို စိုးရိမ်နေရတဲ့ မှတ်တမ်းဆိုးကို ရပ်တန့်လိုက်နိုင်ပြီဖြစ်ပြီး ပရိသတ်တွေအတွက်တော့ သက်မချနိုင်စရာ ကစားပုံနဲ့အတူ ပြန်လာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အနည်းငယ် ပြန်ငြိမ်လာပြီး ပရီးမီးယားလိဂ်ကို သဘောပေါက်စပြုလာပြီဖြစ်တဲ့ ကာဘက်ခ်နဲ့ နာသန် ဖိလစ်တို့ကို တွဲပေးခဲ့ပြီး ရှေ့ကနေ ဖာဘင်ညိုနဲ့ ကာကွယ်ပေးခဲ့တဲ့ ခံစစ်တည်ဆောက်ပုံကလည်း တစ်ပွဲထက်တစ်ပွဲ အလုပ်ဖြစ်လာခဲ့ပြီး ဂရီးလစ်ရှ်မပါတဲ့ ဗီလာကို ခြေစွမ်းအသာနဲ့ ကစားသွားနိုင်ခဲ့ပါတယ်။

ဗီလာတို့ကတော့ ခံစစ်မှာ စုဖွဲ့ကစားပြီး တန်ပြန်တိုက်စစ်ကို အမြန်ဆုံးသွားတဲ့ Route One ပုံစံနဲ့ အဝေးကွင်းမှာ အမှားမလုပ်မိဖို့ကို ဦးတည် ကစားခဲ့ပြီး ပွဲချိန် ၄၃ မိနစ်မှာတော့ လီဗာပူးလ်နောက်တန်းရဲ့ တုံ့ဆိုင်းမှုအချို့ကို အခွင့်ကောင်းယူပြီး မက်ဂင်းပေးတဲ့ ဘောလုံးကို ဝပ်ကင်းစ်က ဘယ်ခြေနဲ့ လျှပ်တစ်ပြက် ကန်သွင်းနိုင်ခဲ့လို့ ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။

နာကျင်အချိန်ပိုမှာ တန်ပြန်တိုက်စစ်ကနေ လီဗာပူးလ်တို့ အဝေးဘောနဲ့ ထိုးဖောက်လာခဲ့ပြီး ဂျိုတာပြန်ချိုးပေးတာကို အဆင့်ဆင့်ပိတ်ရင်း နောက်ဆုံးမှာ ဖာမီနိုက ကန်သွင်းနိုင်ခဲ့ပေမယ့် ဒိုင်လူကြီးက လူကျွံဘောအဖြစ် သတ်မှတ်ခဲ့လို့ ပထမပိုင်းမှာ ဗီလာတို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်း ၅၇ မိနစ်မှာတော့ ဘယ်ခြမ်းကနေ ရောဘတ်ဆန်ရဲ့ ကန်သွင်းမှုကို ဂိုးသမား မာတီနက်ဇ် ပီပီပြင်ပြင် မကာကွယ်နိုင်ခဲ့တာက အလယ်မှာ ရှိနေတဲ့ မိုဟာမက် ဆာလားရှေ့ကို ဘောလုံးရောက်သွားစေပြီး အီဂျစ်တိုက်စစ်မှူးက သူ့ရဲ့ ဒီရာသီ ၁၉ ဂိုးမြောက်အဖြစ် ပိတ်သွင်းချေပနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာ လီဗာပူးလ်တို့ အနိုင်ရဖို့ ပိုမိုဖိကစားလာခဲ့သလို ဗီလာတို့ကတော့ တန်ပြန်တိုက်စစ်ကနေ ဂိုးထပ်ရဖို့ ကြိုးစားခဲ့ကြပြီး နှစ်ဖက်စလုံး အောင်မြင်မှု မရရှိခဲ့ဘဲ ပွဲချိန် ၇၈ မိနစ်မှာ အလက်ဇန်းဒါး-အာနိုးလ်ဒ်ကြောင့် ဖြစ်ပွားခဲ့တဲ့ အခြေအနေတစ်ခုမတိုင်ခင်အထိတော့ ပွဲက သိပ်မထူးခြားဘဲ ရှိနေခဲ့ပါတယ်။

ဂိုးဧရိယာထဲကို ပြေးဝင်ထိုးဖောက်ဖို့ ကြိုးစားတဲ့ ဗီလာတောင်ပံသမား ထရေဇီဂေးကို အာနိုးလ်ဒ်က နောက်ကနေ ကန်မိခဲ့ပြီး ဘာပြစ်ဒဏ်မှ မဖြစ်ခဲ့သလို အီဂျစ်သားကတော့ ဆက်မကစားနိုင်လို့ လူစားလဲခဲ့ရချိန်မှာ သူ့နေရာဝင်လာတဲ့ လူငယ်တိုက်စစ်မှူး ရမ်ဆေးဟာ တိုက်စစ်မှာလည်း အကျိုးမပြုနိုင်ဘဲ ပျက်နေခဲ့သလို ခံစစ်မှာလည်း တာဝန်ယူနိုင်မှု နည်းပါးနေခဲ့လို့ လီဗာပူးလ်တို့ တစ်စထက်တစ်စ အသာရလာခဲ့ပါတယ်။

ပွဲချိန် ၈၉ မိနစ်မှာ အဝါကတ်ထိထားတဲ့ တားဂက်ကို ဖိအားပေးဖို့ ရှာကျီရီကို ထည့်လိုက်ချိန်မှာတော့ ဗီလာခံစစ်က တော်တော်လေး ဖရိုဖရဲ ဖြစ်လာခဲ့ပြီး နာကျင်အချိန်ပို ၁ မိနစ်မှာတော့ သီယာဂိုရဲ့ ကန်ချက်ကို မာတီနက်ဇ် ပုတ်ထုတ်တာက ပြန်ကျလာတဲ့ ဘောလုံးကို အလက်ဇန်းဒါး-အာနိုးလ်ဒ်က ကန်သွင်းရာမှာ မပါးနပ်တဲ့ ရမ်ဆေးက ပိတ်ဆို့ဖို့ နောက်ကျနေခဲ့တဲ့အတွက် ဂိုးပေးလိုက်ရပြီး လီဗာပူးလ်တို့ အနိုင်ဂိုးရသွားခဲ့တာဖြစ်ပါတယ်။

ဒီပွဲအနိုင်ကြောင့် လီဗာပူးလ်တို့အနေနဲ့ ဝက်စ်ဟမ်းထက် တစ်ပွဲပိုကစားပြီး ရမှတ်တူ ဂိုးကွာခြားချက်အသာနဲ့ အဆင့် ၄ နေရာကို ပြန်လည် ရောက်ရှိလာခဲ့သလို ဥရောပဝင်ခွင့်အတွက် ပြန်လည်တာစူနိုင်ခဲ့ပြီး အိမ်ကွင်း အန်းဖီးလ်မှာ နောက်ဆုံး ၆ ပွဲဆက်ရှုံးပြီး ၈ ပွဲဆက် အနိုင်မရတဲ့ စံချိန်ဆိုးကို ရပ်တန့်သွားနိုင်ခဲ့ပြီး ပရိသတ်တွေကို စိတ်သက်သာရာရစေနိုင်ခဲ့ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းဟာ ဒီေန႔ပြဲမွာ ေနာက္ခံလူ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ရဲ႕ အဓိကက်တဲ့ ေဆာင္႐ြက္မႈေတြေၾကာင့္ သူတို႔ရဲ႕ အိမ္ကြင္းမွာ ကစားရမွာကို စိုးရိမ္ေနရတဲ့ မွတ္တမ္းဆိုးကို ရပ္တန႔္လိုက္ႏိုင္ၿပီျဖစ္ၿပီး ပရိသတ္ေတြအတြက္ေတာ့ သက္မခ်ႏိုင္စရာ ကစားပုံနဲ႔အတူ ျပန္လာႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

အနည္းငယ္ ျပန္ၿငိမ္လာၿပီး ပရီးမီးယားလိဂ္ကို သေဘာေပါက္စျပဳလာၿပီျဖစ္တဲ့ ကာဘက္ခ္နဲ႔ နာသန္ ဖိလစ္တို႔ကို တြဲေပးခဲ့ၿပီး ေရွ႕ကေန ဖာဘင္ညိဳနဲ႔ ကာကြယ္ေပးခဲ့တဲ့ ခံစစ္တည္ေဆာက္ပုံကလည္း တစ္ပြဲထက္တစ္ပြဲ အလုပ္ျဖစ္လာခဲ့ၿပီး ဂရီးလစ္ရွ္မပါတဲ့ ဗီလာကို ေျခစြမ္းအသာနဲ႔ ကစားသြားႏိုင္ခဲ့ပါတယ္။

ဗီလာတို႔ကေတာ့ ခံစစ္မွာ စုဖြဲ႕ကစားၿပီး တန္ျပန္တိုက္စစ္ကို အျမန္ဆုံးသြားတဲ့ Route One ပုံစံနဲ႔ အေဝးကြင္းမွာ အမွားမလုပ္မိဖို႔ကို ဦးတည္ ကစားခဲ့ၿပီး ပြဲခ်ိန္ ၄၃ မိနစ္မွာေတာ့ လီဗာပူးလ္ေနာက္တန္းရဲ႕ တုံ႔ဆိုင္းမႈအခ်ိဳ႕ကို အခြင့္ေကာင္းယူၿပီး မက္ဂင္းေပးတဲ့ ေဘာလုံးကို ဝပ္ကင္းစ္က ဘယ္ေျခနဲ႔ လွ်ပ္တစ္ျပက္ ကန္သြင္းႏိုင္ခဲ့လို႔ ဦးေဆာင္ဂိုး ရရွိခဲ့ပါတယ္။

နာက်င္အခ်ိန္ပိုမွာ တန္ျပန္တိုက္စစ္ကေန လီဗာပူးလ္တို႔ အေဝးေဘာနဲ႔ ထိုးေဖာက္လာခဲ့ၿပီး ဂ်ိဳတာျပန္ခ်ိဳးေပးတာကို အဆင့္ဆင့္ပိတ္ရင္း ေနာက္ဆုံးမွာ ဖာမီႏိုက ကန္သြင္းႏိုင္ခဲ့ေပမယ့္ ဒိုင္လူႀကီးက လူကြၽံေဘာအျဖစ္ သတ္မွတ္ခဲ့လို႔ ပထမပိုင္းမွာ ဗီလာတို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္း ၅၇ မိနစ္မွာေတာ့ ဘယ္ျခမ္းကေန ေရာဘတ္ဆန္ရဲ႕ ကန္သြင္းမႈကို ဂိုးသမား မာတီနက္ဇ္ ပီပီျပင္ျပင္ မကာကြယ္ႏိုင္ခဲ့တာက အလယ္မွာ ရွိေနတဲ့ မိုဟာမက္ ဆာလားေရွ႕ကို ေဘာလုံးေရာက္သြားေစၿပီး အီဂ်စ္တိုက္စစ္မႉးက သူ႔ရဲ႕ ဒီရာသီ ၁၉ ဂိုးေျမာက္အျဖစ္ ပိတ္သြင္းေခ်ပႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာ လီဗာပူးလ္တို႔ အႏိုင္ရဖို႔ ပိုမိုဖိကစားလာခဲ့သလို ဗီလာတို႔ကေတာ့ တန္ျပန္တိုက္စစ္ကေန ဂိုးထပ္ရဖို႔ ႀကိဳးစားခဲ့ၾကၿပီး ႏွစ္ဖက္စလုံး ေအာင္ျမင္မႈ မရရွိခဲ့ဘဲ ပြဲခ်ိန္ ၇၈ မိနစ္မွာ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ေၾကာင့္ ျဖစ္ပြားခဲ့တဲ့ အေျခအေနတစ္ခုမတိုင္ခင္အထိေတာ့ ပြဲက သိပ္မထူးျခားဘဲ ရွိေနခဲ့ပါတယ္။

ဂိုးဧရိယာထဲကို ေျပးဝင္ထိုးေဖာက္ဖို႔ ႀကိဳးစားတဲ့ ဗီလာေတာင္ပံသမား ထေရဇီေဂးကို အာႏိုးလ္ဒ္က ေနာက္ကေန ကန္မိခဲ့ၿပီး ဘာျပစ္ဒဏ္မွ မျဖစ္ခဲ့သလို အီဂ်စ္သားကေတာ့ ဆက္မကစားႏိုင္လို႔ လူစားလဲခဲ့ရခ်ိန္မွာ သူ႔ေနရာဝင္လာတဲ့ လူငယ္တိုက္စစ္မႉး ရမ္ေဆးဟာ တိုက္စစ္မွာလည္း အက်ိဳးမျပဳႏိုင္ဘဲ ပ်က္ေနခဲ့သလို ခံစစ္မွာလည္း တာဝန္ယူႏိုင္မႈ နည္းပါးေနခဲ့လို႔ လီဗာပူးလ္တို႔ တစ္စထက္တစ္စ အသာရလာခဲ့ပါတယ္။

ပြဲခ်ိန္ ၈၉ မိနစ္မွာ အဝါကတ္ထိထားတဲ့ တားဂက္ကို ဖိအားေပးဖို႔ ရွာက်ီရီကို ထည့္လိုက္ခ်ိန္မွာေတာ့ ဗီလာခံစစ္က ေတာ္ေတာ္ေလး ဖ႐ိုဖရဲ ျဖစ္လာခဲ့ၿပီး နာက်င္အခ်ိန္ပို ၁ မိနစ္မွာေတာ့ သီယာဂိုရဲ႕ ကန္ခ်က္ကို မာတီနက္ဇ္ ပုတ္ထုတ္တာက ျပန္က်လာတဲ့ ေဘာလုံးကို အလက္ဇန္းဒါး-အာႏိုးလ္ဒ္က ကန္သြင္းရာမွာ မပါးနပ္တဲ့ ရမ္ေဆးက ပိတ္ဆို႔ဖို႔ ေနာက္က်ေနခဲ့တဲ့အတြက္ ဂိုးေပးလိုက္ရၿပီး လီဗာပူးလ္တို႔ အႏိုင္ဂိုးရသြားခဲ့တာျဖစ္ပါတယ္။

ဒီပြဲအႏိုင္ေၾကာင့္ လီဗာပူးလ္တို႔အေနနဲ႔ ဝက္စ္ဟမ္းထက္ တစ္ပြဲပိုကစားၿပီး ရမွတ္တူ ဂိုးကြာျခားခ်က္အသာနဲ႔ အဆင့္ ၄ ေနရာကို ျပန္လည္ ေရာက္ရွိလာခဲ့သလို ဥေရာပဝင္ခြင့္အတြက္ ျပန္လည္တာစူႏိုင္ခဲ့ၿပီး အိမ္ကြင္း အန္းဖီးလ္မွာ ေနာက္ဆုံး ၆ ပြဲဆက္ရႈံးၿပီး ၈ ပြဲဆက္ အႏိုင္မရတဲ့ စံခ်ိန္ဆိုးကို ရပ္တန႔္သြားႏိုင္ခဲ့ၿပီး ပရိသတ္ေတြကို စိတ္သက္သာရာရေစႏိုင္ခဲ့ပါေၾကာင္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.