Match Report Premier League

ကလေးအတွေးနဲ့ ကစားနေတဲ့ မန်စီးတီးကို ဆယ်ယောက်နဲ့ အလဲထိုးတဲ့ လိဒ်စ်ယူနိုက်တက်

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့ပွဲမှာ ဒေါ့မွန်နဲ့ပွဲအတွက် ချိုထားတဲ့ လူစာရင်းကို ပွဲထုတ်ခဲ့ပြီး ဖန်တီးမှုပိုင်းနဲ့ ဘောလုံးဦးနှောက်နည်းတဲ့ အသင်းတစ်သင်းကို ပွဲထုတ်လာမိခဲ့သလို အိမ်ကွင်းမှာ လိဒ်စ်ယူနိုက်တက်ရဲ့ အလဲထိုးမှုကို ခံခဲ့ရပြီး ပရီးမီးယားလိဂ်ဖလားကို သိမ်းပိုက်ဖို့ နှောင့်နှေးသွားခဲ့ရပါတယ်။

ရူဘင် ဒီယက်စ် ပါမလာဘဲ ဂျွန်စတုန်းစ်နဲ့ အာကေကို တွဲပေးခဲ့တဲ့ နောက်တန်းက လိဒ်စ်ရဲ့ သာမန်တိုက်စစ်တွေကို ထိန်းချုပ်ရာမှာတောင် ခက်ခဲနေခဲ့သလို ဖာနန်ဒင်ညိုကို အဖျက်ထားကစားတဲ့ ကွင်းလယ်က လျင်မြန်မှုပိုင်းမှာလည်း ပြောစရာဖြစ်နေခဲ့ပြီး အချိန်ကြာလာတာနဲ့အမျှ ယိုယွင်းလာခဲ့ကို တွေ့မြင်ခဲ့ရပါတယ်။

စတာလင်၊ ဂျေဆူးစ်တို့ကတော့ လုပ်အားနှုန်း၊ ဘောလုံးကျွမ်းကျင်မှုဆိုတဲ့ အရည်အသွေးနှစ်ခုမှာ အသိဉာဏ်ထက်မြက်မှုဆိုတဲ့ ဘောလုံး ဦးနှောက်ကို ထည့်ပေါင်းဖို့ လိုနေသေးတဲ့သူတွေဖြစ်ကြတာကြောင့် ဒီနေ့မှာ ရရှိခဲ့တဲ့ စီးတီးတို့ရဲ့ ဂိုးကန်သွင်းမှု ၂၉ ကြိမ်မှာ ၇ ကြိမ်သာ ဂိုးပေါက် တည့်ခဲ့ပြီး လိဒ်စ်တို့ကတော့ နှစ်ကြိမ်မှာ နှစ်ကြိမ်ဂိုးပေါက် တည့်ခဲ့တာပါ။

အစ်တီဟတ်မှာ အဖွင့်ဂိုးကို ရရှိခဲ့သူကတော့ လိဒ်စ်ယူနိုက်တက်တို့ဖြစ်ခဲ့ပြီး ပွဲချိန် ၄၂ မိနစ်မှာတော့ ဘယ်တောင်ပံကနေ ထိုးဖောက်လာတဲ့ ဟဲလ်ဒါ ကော်စတာပေးတဲ့ ဘောလုံးကို ကန်မလိုလိုနဲ့ ဘမ်ဖို့ဒ်က ချပေးတာကို ကွင်းလယ်လူ ဒါးလတ်စ်က အပြင်းကန်သွင်းခဲ့ရာမှာ တိုင်ထိပြီး ဝင်သွားခဲ့လို့ အိမ်ရှင်တွေ စတင်မျက်နှာပျက်ခဲ့ရပါတယ်။

ပွဲချိန် ၄၅ မိနစ်မှာတော့ လိဒ်စ်ယူနိုက်တက်အသင်းခေါင်းဆောင် လီယမ် ကူးပါးရဲ့ ဂျေဆူးစ်အပေါ် ဖျက်ထုတ်မှုကြမ်းခဲ့ပြီး VAR ပြန်ကြည့်ရာမှာ ဘောလုံးမထိဘဲ ဒူးအထက်ကို ကန်ခဲ့တာကြောင့် တိုက်ရိုက်အနီနဲ့ ထုတ်ပယ်ခံခဲ့ရလို့ မန်စီးတီးတို့ တစ်ယောက်အသာနဲ့ ကစားနိုင်ခဲ့ပေမယ့် ပထမပိုင်းမှာ ချေပဂိုးတော့ သွင်းယူနိုင်ခြင်းမရှိဘဲ တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်နေခဲ့ပါတယ်။

ပထမပိုင်းမှာ ကူးပါးရဲ့ နေရာအတွက် ဘမ်ဖို့ဒ်အစား စတိုက်ခ်ကို လူစားလဲကစားထားတဲ့ လိဒ်စ်တို့ ဒုတိယပိုင်းမှာတော့ ကွင်းလယ်က ရောဘတ်စ်အစား ကို့ချ်ကို ထပ်ထည့်ပြီး ခံစစ်ကို ပိုမိုအားပြုလာခဲ့သလို မန်စီးတီးတို့ကတော့ အာကေအစား ဂွန်ဒိုးဝမ်ကို ထည့်ပြီး ဖာနန်ဒင်ညိုကို နောက်ဆင်းကစားခိုင်းခဲ့ပါတယ်။

ပွဲချိန် ၇၆ မိနစ်မှာတော့ ဖာနန်ဒင်ညိုပေးတဲ့ ဘောလုံးကို ဘာနာဒို ဆေးလ်ဗားက ခင်းပေးခဲ့တာကို ဖယ်ရန် တောရက်စ်က အမြန်ကန်သွင်း ချေပနိုင်ခဲ့ပြီး မန်စီးတီးတို့ ပိုမိုဖိကစားလာပေမယ့် အကျိုးမရှိတဲ့ အားထုတ်မှုတွေကို လုပ်နေတဲ့ စတာလင်၊ ဂျေဆူးစ်တို့နဲ့ ခြေမပေါ်တဲ့ လူစားဝင် ကွင်းလယ်လူ ဖိုဒန်တို့ကြောင့် ဂိုးထပ်မသွင်းနိုင်ဘဲဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၉၁ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဘောလုံးပြန်ရသွားတဲ့ လိဒ်စ်နောက်ခံလူ အာလီယော့စကီးက ထိုးပေးလိုက်တဲ့ ဘောလုံးကို အဖွင့်ဂိုးရှင် ဒါးလတ်စ်ကပဲ ဆွဲပြေးခဲ့ရာမှာ ဖာနန်ဒင်ညိုနဲ့ စတုန်းစ်တို့ ကုန်နေလို့ လိုက်မဖျက်နိုင်ချိန်မှာ တက်လာခဲ့တဲ့ အီဒါဆန်ရဲ့ ပေါင်ကြားထဲကနေ ကန်သွင်းသွားနိုင်ခဲ့လို့ အနိုင်ဂိုးရရှိသွားခဲ့ပါတယ်။

လိဒ်စ်ယူနိုက်တက်နဲ့ ခေါင်းမာတဲ့ ဘီယယ်လ်ဆာတို့ရဲ့ နှစ်ဂိုး-တစ်ဂိုးနဲ့ အဝေးကွင်းနိုင်ပွဲမှာ ဂွါဒီယိုလာကို မေးခွန်းထုတ်ရမှာကတော့ အဲ့ဒီလိုမျိုး လူတွေကို ဗုံးပေါလအော ချွေတာလို့ ရသလားဆိုတာဖြစ်ပြီး အဖြေကတော့ မရဘူးလို့ပဲ ဖြေရမှာဖြစ်သလို ဒီဘရိုင်းနား၊ ရူဘင် ဒီယက်စ်၊ ရိုဒရီ၊ ဝေါ်လ်ကာ၊ မာရက်ဇ်တို့ မပါနိုင်ချိန်မှာ အမှတ်တွေ နစ်နာခဲ့ရပြီး စတာလင်ကတော့ ပွဲအဖြေပြောင်းနိုင်တဲ့ ကစားသမားအဆင့်မျိုး မရှိတာကြောင့် ခုလို အိမ်ကွင်းမှာ မျက်နှာပျက်ခဲ့ရတာဖြစ်ပါတယ်။

ဒီပွဲကို အနိုင်ရတဲ့ လိဒ်စ်တို့ကတော့ အာဆင်နယ်နဲ့ အက်စ်တန်ဗီလာတို့ကို ကျော်တက်နိုင်ခဲ့ပြီး မန်စီးတီးတို့ကတော့ အမှတ်တွေ အရေးတကြီး မလိုတော့ပေမယ့် ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖို့ အချိန်ပိုကြာဦးမှာဖြစ်သလို ဒေါ့မွန်နဲ့ ပွဲမှာ ဒီပွဲရင်းထားသမျှက အကျိုးမရှိခဲ့ရင်တော့ ပိုဆိုးမှာဖြစ်လို့ ပြင်းပြင်းထန်ထန် ရုန်းကန်ရဖို့ ရှိလာခဲ့ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ေဒါ့မြန္နဲ႔ပြဲအတြက္ ခ်ိဳထားတဲ့ လူစာရင္းကို ပြဲထုတ္ခဲ့ၿပီး ဖန္တီးမႈပိုင္းနဲ႔ ေဘာလုံးဦးေႏွာက္နည္းတဲ့ အသင္းတစ္သင္းကို ပြဲထုတ္လာမိခဲ့သလို အိမ္ကြင္းမွာ လိဒ္စ္ယူႏိုက္တက္ရဲ႕ အလဲထိုးမႈကို ခံခဲ့ရၿပီး ပရီးမီးယားလိဂ္ဖလားကို သိမ္းပိုက္ဖို႔ ေႏွာင့္ေႏွးသြားခဲ့ရပါတယ္။

႐ူဘင္ ဒီယက္စ္ ပါမလာဘဲ ဂြၽန္စတုန္းစ္နဲ႔ အာေကကို တြဲေပးခဲ့တဲ့ ေနာက္တန္းက လိဒ္စ္ရဲ႕ သာမန္တိုက္စစ္ေတြကို ထိန္းခ်ဳပ္ရာမွာေတာင္ ခက္ခဲေနခဲ့သလို ဖာနန္ဒင္ညိဳကို အဖ်က္ထားကစားတဲ့ ကြင္းလယ္က လ်င္ျမန္မႈပိုင္းမွာလည္း ေျပာစရာျဖစ္ေနခဲ့ၿပီး အခ်ိန္ၾကာလာတာနဲ႔အမွ် ယိုယြင္းလာခဲ့ကို ေတြ႕ျမင္ခဲ့ရပါတယ္။

စတာလင္၊ ေဂ်ဆူးစ္တို႔ကေတာ့ လုပ္အားႏႈန္း၊ ေဘာလုံးကြၽမ္းက်င္မႈဆိုတဲ့ အရည္အေသြးႏွစ္ခုမွာ အသိဉာဏ္ထက္ျမက္မႈဆိုတဲ့ ေဘာလုံး ဦးေႏွာက္ကို ထည့္ေပါင္းဖို႔ လိုေနေသးတဲ့သူေတြျဖစ္ၾကတာေၾကာင့္ ဒီေန႔မွာ ရရွိခဲ့တဲ့ စီးတီးတို႔ရဲ႕ ဂိုးကန္သြင္းမႈ ၂၉ ႀကိမ္မွာ ၇ ႀကိမ္သာ ဂိုးေပါက္ တည့္ခဲ့ၿပီး လိဒ္စ္တို႔ကေတာ့ ႏွစ္ႀကိမ္မွာ ႏွစ္ႀကိမ္ဂိုးေပါက္ တည့္ခဲ့တာပါ။

အစ္တီဟတ္မွာ အဖြင့္ဂိုးကို ရရွိခဲ့သူကေတာ့ လိဒ္စ္ယူႏိုက္တက္တို႔ျဖစ္ခဲ့ၿပီး ပြဲခ်ိန္ ၄၂ မိနစ္မွာေတာ့ ဘယ္ေတာင္ပံကေန ထိုးေဖာက္လာတဲ့ ဟဲလ္ဒါ ေကာ္စတာေပးတဲ့ ေဘာလုံးကို ကန္မလိုလိုနဲ႔ ဘမ္ဖို႔ဒ္က ခ်ေပးတာကို ကြင္းလယ္လူ ဒါးလတ္စ္က အျပင္းကန္သြင္းခဲ့ရာမွာ တိုင္ထိၿပီး ဝင္သြားခဲ့လို႔ အိမ္ရွင္ေတြ စတင္မ်က္ႏွာပ်က္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၄၅ မိနစ္မွာေတာ့ လိဒ္စ္ယူႏိုက္တက္အသင္းေခါင္းေဆာင္ လီယမ္ ကူးပါးရဲ႕ ေဂ်ဆူးစ္အေပၚ ဖ်က္ထုတ္မႈၾကမ္းခဲ့ၿပီး VAR ျပန္ၾကည့္ရာမွာ ေဘာလုံးမထိဘဲ ဒူးအထက္ကို ကန္ခဲ့တာေၾကာင့္ တိုက္႐ိုက္အနီနဲ႔ ထုတ္ပယ္ခံခဲ့ရလို႔ မန္စီးတီးတို႔ တစ္ေယာက္အသာနဲ႔ ကစားႏိုင္ခဲ့ေပမယ့္ ပထမပိုင္းမွာ ေခ်ပဂိုးေတာ့ သြင္းယူႏိုင္ျခင္းမရွိဘဲ တစ္ဂိုး-ဂိုးမရွိနဲ႔ ရႈံးနိမ့္ေနခဲ့ပါတယ္။

ပထမပိုင္းမွာ ကူးပါးရဲ႕ ေနရာအတြက္ ဘမ္ဖို႔ဒ္အစား စတိုက္ခ္ကို လူစားလဲကစားထားတဲ့ လိဒ္စ္တို႔ ဒုတိယပိုင္းမွာေတာ့ ကြင္းလယ္က ေရာဘတ္စ္အစား ကို႔ခ်္ကို ထပ္ထည့္ၿပီး ခံစစ္ကို ပိုမိုအားျပဳလာခဲ့သလို မန္စီးတီးတို႔ကေတာ့ အာေကအစား ဂြန္ဒိုးဝမ္ကို ထည့္ၿပီး ဖာနန္ဒင္ညိဳကို ေနာက္ဆင္းကစားခိုင္းခဲ့ပါတယ္။

ပြဲခ်ိန္ ၇၆ မိနစ္မွာေတာ့ ဖာနန္ဒင္ညိဳေပးတဲ့ ေဘာလုံးကို ဘာနာဒို ေဆးလ္ဗားက ခင္းေပးခဲ့တာကို ဖယ္ရန္ ေတာရက္စ္က အျမန္ကန္သြင္း ေခ်ပႏိုင္ခဲ့ၿပီး မန္စီးတီးတို႔ ပိုမိုဖိကစားလာေပမယ့္ အက်ိဳးမရွိတဲ့ အားထုတ္မႈေတြကို လုပ္ေနတဲ့ စတာလင္၊ ေဂ်ဆူးစ္တို႔နဲ႔ ေျခမေပၚတဲ့ လူစားဝင္ ကြင္းလယ္လူ ဖိုဒန္တို႔ေၾကာင့္ ဂိုးထပ္မသြင္းႏိုင္ဘဲျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၉၁ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ေဘာလုံးျပန္ရသြားတဲ့ လိဒ္စ္ေနာက္ခံလူ အာလီေယာ့စကီးက ထိုးေပးလိုက္တဲ့ ေဘာလုံးကို အဖြင့္ဂိုးရွင္ ဒါးလတ္စ္ကပဲ ဆြဲေျပးခဲ့ရာမွာ ဖာနန္ဒင္ညိဳနဲ႔ စတုန္းစ္တို႔ ကုန္ေနလို႔ လိုက္မဖ်က္ႏိုင္ခ်ိန္မွာ တက္လာခဲ့တဲ့ အီဒါဆန္ရဲ႕ ေပါင္ၾကားထဲကေန ကန္သြင္းသြားႏိုင္ခဲ့လို႔ အႏိုင္ဂိုးရရွိသြားခဲ့ပါတယ္။

လိဒ္စ္ယူႏိုက္တက္နဲ႔ ေခါင္းမာတဲ့ ဘီယယ္လ္ဆာတို႔ရဲ႕ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အေဝးကြင္းႏိုင္ပြဲမွာ ဂြါဒီယိုလာကို ေမးခြန္းထုတ္ရမွာကေတာ့ အဲ့ဒီလိုမ်ိဳး လူေတြကို ဗုံးေပါလေအာ ေခြၽတာလို႔ ရသလားဆိုတာျဖစ္ၿပီး အေျဖကေတာ့ မရဘူးလို႔ပဲ ေျဖရမွာျဖစ္သလို ဒီဘ႐ိုင္းနား၊ ႐ူဘင္ ဒီယက္စ္၊ ႐ိုဒရီ၊ ေဝၚလ္ကာ၊ မာရက္ဇ္တို႔ မပါႏိုင္ခ်ိန္မွာ အမွတ္ေတြ နစ္နာခဲ့ရၿပီး စတာလင္ကေတာ့ ပြဲအေျဖေျပာင္းႏိုင္တဲ့ ကစားသမားအဆင့္မ်ိဳး မရွိတာေၾကာင့္ ခုလို အိမ္ကြင္းမွာ မ်က္ႏွာပ်က္ခဲ့ရတာျဖစ္ပါတယ္။

ဒီပြဲကို အႏိုင္ရတဲ့ လိဒ္စ္တို႔ကေတာ့ အာဆင္နယ္နဲ႔ အက္စ္တန္ဗီလာတို႔ကို ေက်ာ္တက္ႏိုင္ခဲ့ၿပီး မန္စီးတီးတို႔ကေတာ့ အမွတ္ေတြ အေရးတႀကီး မလိုေတာ့ေပမယ့္ ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမႇာက္ႏိုင္ဖို႔ အခ်ိန္ပိုၾကာဦးမွာျဖစ္သလို ေဒါ့မြန္နဲ႔ ပြဲမွာ ဒီပြဲရင္းထားသမွ်က အက်ိဳးမရွိခဲ့ရင္ေတာ့ ပိုဆိုးမွာျဖစ္လို႔ ျပင္းျပင္းထန္ထန္ ႐ုန္းကန္ရဖို႔ ရွိလာခဲ့ေၾကာင္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.