Premier League

မေဆန်မောင့်ကို သိပ်အထင်ကြီးမိကြောင်း ချယ်လ်ဆီးနဲ့ပွဲကြိုမှာ ရွိုင်းဟော့ဒ်ဆန်ဝန်ခံ

ဒီနေ့ညမှာ ယှဥ်ပြိုင်ကစားရမယ့် ချယ်လ်ဆီးအသင်းနဲ့ပွဲကြိုမှာ ခရစ္စတယ်လ် ပဲလေ့စ်နည်းပြ ရွိုင်းဟော့ဒ်ဆန်က ချယ်လ်ဆီးကွင်းလယ်လူ မေဆန်မောင့်နဲ့ ပတ်သက်ပြီး အထူးတလည် ချီးကျူးမှု ပြုလုပ်သွားခဲ့သလို့ ကလပ်အသင်းမှာရော အင်္ဂလန်အသင်းကြီးမှာပါ အလိုရှိသလို အသုံးတော်ခံပြီး ခြေစွမ်းပြနေတဲ့ သူ့ကို အတော်လေးအထင်ကြီးနေကြောင်း သိရပါတယ်။

၂၂ နှစ်သားဟာ ပြီးခဲ့တဲ့ ပေါ်တိုအသင်းနဲ့ ချန်ပီယံလိဂ်ကွာတားမှာလည်း ကန်သွင်းချက်ကောင်းကောင်းနဲ့ ချယ်လ်ဆီးအတွက် အရေးပါတဲ့ အနိုင်ဂိုးကို သွင်းယူပေးခဲ့သလို နည်းပြဟောင်း လမ်းပတ်လက်ထက်မှာတင်မက လက်ရှိချယ်လ်ဆီးနည်းပြ တူဟယ်လ်လက်ထက်မှာပါ နည်းပြရဲ့ ညာလက်ရုံး၊ အထူးအားထားရတဲ့ ကစားသမားအဖြစ် နေရာယူထားနိုင်သူပါ။

လမ်းပတ်က မျက်နှာသာပေးလွန်းလို့သာ နေရာရနေတာဆိုတဲ့ မှတ်ချက်နဲ့ ခြေစွမ်းက အဖြစ်ရှိတာမဟုတ်ဘူးဆိုတဲ အမနာပစကားတွေနဲ့အတူ
ဝေဖန်ကဲ့ရဲ့မှုဒဏ်တွေကို များစွာခံခဲ့ရပေမယ့် မောင့်က သူ့အလုပ်ကိုသာ အာရုံစိုက်လုပ်ခဲ့တဲ့ အသီးအပွင့်က လက်ရှိမှာ သူ့ရဲ့ တောက်ပပြီး ထက်မြက်တဲ့ခြေစွမ်းကို ပရိသတ်တွေတိုင်း မဖြစ်မနေ အသိအမှတ်ပြုလာရပြီဖြစ်တယ်။

” ကျွန်တော်က မေဆန်မောင့်ကို အင်မတန်သဘောကျသူပါ။ တကယ့်ကို ပြီးပြည့်စုံတဲ့ကလေးဖြစ်တယ်။ သူ့နေရာမှာ အံအဝင်ဆုံးကစားနိုင်တယ်။ ဒီလို ငယ်ငယ်ရွယ်ရွယ်မှာ နှံ့နှံ့စပ်စပ် နဲ့ ပညာရည်ပြည့်ဝနေတာ တကယ့်ကို လေးစားစရာပါ။”

” သူက ဒါဘီကောင်တီမှာ ခြေစွမ်းပြသပြီးနောက် ချယ်လ်ဆီးမှာ ကစားလာတာ ၂ ရာသီရှိပြီ။ သူကတရှိန်ထိုး တိုးတက်လာတယ်။ ပွဲစဥ်တိုင်းမှာ သူ့ရဲ့တိုးတက်မှုကို ခင်ဗျားတို့ မြင်ရလိမ့်မယ်။ သူက ချယ်လ်ဆီးအတွက်တင်မဟုတ်ဘဲ အင်္ဂလန်လက်ရွေးစင်အသင်းကြီးပါ အားကိုးရတဲ့သူဖြစ်လာမယ်လို့ ကျွန်တော် မျှော်လင့်ထားတယ်” လို့ အင်္ဂလန်နည်းပြဟောင်း ဖြစ်ခဲ့ဖူးသူ ရွိုင်းက ပြောပြသွားခဲ့တာပါ။

ဒီနေ့ည ကစားမယ့် ပဲ့လေ့စ်နဲ့ပွဲစဥ်မှာတော့ ချယ်လ်ဆီးနည်းပြ တူဟယ်လ်က ဖိအားဒဏ်တွေများနေတဲ့ တိုက်စစ်မှူး ဗာနာကို အနားပေးပြီး ဂျရူးကို ပွဲထွက်စေမယ်လို့ သိရသလို ဒဏ်ရာကနေ ပြန်သက်သာပြီး ပေါ်တိုနဲ့ပွဲမှာ လူစားဝင်ကစားခဲ့တဲ့ ကွင်းလယ်လူ ကွန်တေကိုလည်း ဒီပွဲရဲ့ ပထမလူစာရင်းမှာ ပြန်လည်ရွေးချယ်ထားကြောင်း သိရပါတယ်။

သီယာဂို ဆေးလ်ဗားကတော့ ဝက်စ်ဘရွမ်းနဲ့ပွဲက အနီကတ်ပြစ်ဒဏ်ကြောင့် ပွဲပယ်ခံရမှာဖြစ်ပြီး ချယ်လ်ဆီးခံစစ်ပိုင်းက ပေါ်တိုပွဲနဲ့ထပ်တူ ပွဲထွက်လာဖွယ်ရှိပြီး တိုက်စစ်မှာ မောင့်၊ ဂျရူး၊ ခိုင်ဟာဗတ်ဇ်တို့ကို တွဲဖက်ပေးလာဖို့လည်း ရှိနေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.