Premier League

ဆလားဗီးယားကို သရေကျအပြီး အာတီတာနဲ့ ကစားသမားတွေကို အာဆင်နယ် ဂန္တဝင်ကစားသမားတွေ ဘယ်လို အပြီအပြင်ကင်ကြလဲ

ပြီးခဲ့တဲ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ် ပအကျော့အပြီး အမ်းမရိတ်စ်မြေမှာ ဆလားဗီးယား ပရာ့ဂ်အသင်းကို တဂိုးစီ သရေကျခဲ့တဲ့နောက်မှာတော့ အာဆင်နယ်ကစားသမားကြီးတွေရဲ့ ဒေါသမီးတွေဟာ အသင်းရဲ့ နည်းဗျူဟာတွေနဲ့ ပတ်သက်ပြီး အာဆင်နယ်အသင်းသားတွေနဲ့ နည်းပြအာတီတာရဲ့ ခေါင်းပေါ်ကို တရှိန်ထိုး ပုံကျလာခဲ့ပါတယ်။

အာဆင်နယ်ဟာ ဒီပွဲမတိုင်ခင်က ပရီးမီးယားလိဂ်မှာလည်း လီဗာပူးလ်ကို ၃ ဂိုးပြတ် အရေးနိမ့်ထားခဲ့ခြင်းက အခုပွဲမှာ ပေပေရဲ့ ၈၆ မိနစ် ဦးဆောင်ဂိုးအပြီး နာကျင်အချိန်ပိုမှာ ဆလာဗီးယားရဲ့ ချေပဂိုးကို ခွင့်ပြုခဲ့လိုက်ရခြင်းနဲ့ ထပ်ဆောင်းပြီး အာဆင်နယ်နည်းပြ အာတီတာဟာ တာဝန်မကင်းခဲ့ဘူးလို့ ယူဆခံထားရတာပါ။

အာဆင်နယ်ကစားသမားဟောင်း အီယန်ရိုက်က ” အခွင့်အရေးတွေကို အပိုင်အသုံးချကြစမ်းပါ။ လူစားတွေကို စောစောလဲကြစမ်းပါ။ ပွဲကို တကျော့တည်းနဲ့ အပြီးသတ်ပစ်ကြစမ်းပါ” လို့ သူ့ရဲ့ ဒေါသကို ဖော်ပြပြီး တွစ်တာစာမျက်နှာမှာ အာတီတာကို ကင်သွားခဲ့ပါတယ်။

ယူရိုပါလိဂ်သရေပွဲနဲ့ပတ်သက်ပြီး မာတင်ကီယွန်ကလည်း လေးလံလွန်းပြီး ကွင်းထဲမှာ လမ်းပတ်လျှောက်နေခဲ့တဲ့ ဝီလီယံကို အရမ်းစိတ်ပျက်ရကြောင်း အပြစ်တင်သွားခဲ့သလို သူ့ကြောင့်ပဲ အာဆင်နယ်ရဲ့ ကစားပုံက နှေးကွေးပြီး တန့်သွားရတယ်လို့ ထိုးနှက်သွားခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် ရေးပါလာရဲ့ ” သိပ်ကိုဆိုးရွားတဲ့ အဝေးဂိုးပေးရခြင်းပဲ။ တကယ့်ကို ပစ်စလတ်ခတ်နိုင်လွန်းတယ် ” ဆိုတဲ့ တွစ်တာမှာရေးသား တုံ့ပြန်မှုကလည်း နောက်တကျော့မှာ ​ပေးဆပ်မှု ကြီးမားသွားစေနိုင်တဲ့ အဝေးဂိုးတဂိုးကို လက်လွတ်စပယ် လွယ်လွယ်ခွင့်ပြုခဲ့ရတဲ့ အာဆင်နယ်ရဲ့ ဖရိုမရဲနိုင်မှုကို ပေါ်လွင်စေခဲ့ပြီး ဒါက ပရိသတ်တွေရဲ့ ခံစားချက်နဲ့လည်း ထပ်တူကျခဲ့တယ်။

အာဆင်နယ်နည်းပြ အာတီတာကတော့ ယူရိုပါလိဂ်ပွဲအပြီးမှာ မိမိတို့အသင်း လိုချင်တဲ့ရလဒ်ကို မရခဲ့ကြောင်း ညည်းတွားသွားခဲ့ပြီး လူစား ၅ ကြိမ်လဲမှုကို မြန်မြန်ဆန်ဆန် အသုံးမပြုခဲ့ခြင်းကလည်း ပြိုင်ဘက်ရဲ့ဟာကွက်ကို အချိန်ကိုက်စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်ကြောင်း အကြောင်းပြချင်ပေးသွားခဲ့တာကိုလည်း တွေ့ရပါတယ်။

ဒီနေ့ပွဲမှာ ပွဲပြီးခါနီး ၁၅ မိနစ်အလိုမှ လူစားဝင်ကစားခဲ့တဲ့ အူဘာမီယန်းနဲ့ ပေပေတို့ရဲ့ တိုက်စစ်သက်ရောက်မှုက ကြီးမားခဲ့ပြီး အသင်းအတွက် လိုအပ်နေတဲ့ အဖိုးတန်ဂိုးတဂိုးကို အာဆင်နယ်ရယူနိုင်ခဲ့ပေမယ့် ညံ့ဖျင်းတဲ့ ခံစစ်ကစားပုံကြောင့်ပဲ ဆလားဗီးယားရဲ့ ခေါင်းတိုက်ဂိုးကို ဆိုးရွားနဲ့ အဝေးဂိုးအဖြစ် ခွင့်ပြုပေးခဲ့ရပြီး ပလိုင်းပေါက်နဲ့ ဖားကောက်သလိုသာ ပထမအကျော့က အဆုံးသတ်ခဲ့ရတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ပြီးခဲ့တဲ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ် ပအကျော့အပြီး အမ်းမရိတ်စ်မြေမှာ ဆလားဗီးယား ပရာ့ဂ်အသင်းကို တဂိုးစီ သရေကျခဲ့တဲ့နောက်မှာတော့ အာဆင်နယ်ကစားသမားကြီးတွေရဲ့ ဒေါသမီးတွေဟာ အသင်းရဲ့ နည်းဗျူဟာတွေနဲ့ ပတ်သက်ပြီး အာဆင်နယ်အသင်းသားတွေနဲ့ နည်းပြအာတီတာရဲ့ ခေါင်းပေါ်ကို တရှိန်ထိုး ပုံကျလာခဲ့ပါတယ်။

အာဆင်နယ်ဟာ ဒီပွဲမတိုင်ခင်က ပရီးမီးယားလိဂ်မှာလည်း လီဗာပူးလ်ကို ၃ ဂိုးပြတ် အရေးနိမ့်ထားခဲ့ခြင်းက အခုပွဲမှာ ပေပေရဲ့ ၈၆ မိနစ် ဦးဆောင်ဂိုးအပြီး နာကျင်အချိန်ပိုမှာ ဆလာဗီးယားရဲ့ ချေပဂိုးကို ခွင့်ပြုခဲ့လိုက်ရခြင်းနဲ့ ထပ်ဆောင်းပြီး အာဆင်နယ်နည်းပြ အာတီတာဟာ တာဝန်မကင်းခဲ့ဘူးလို့ ယူဆခံထားရတာပါ။

အာဆင်နယ်ကစားသမားဟောင်း အီယန်ရိုက်က ” အခွင့်အရေးတွေကို အပိုင်အသုံးချကြစမ်းပါ။ လူစားတွေကို စောစောလဲကြစမ်းပါ။ ပွဲကို တကျော့တည်းနဲ့ အပြီးသတ်ပစ်ကြစမ်းပါ” လို့ သူ့ရဲ့ ဒေါသကို ဖော်ပြပြီး တွစ်တာစာမျက်နှာမှာ အာတီတာကို ကင်သွားခဲ့ပါတယ်။

ယူရိုပါလိဂ်သရေပွဲနဲ့ပတ်သက်ပြီး မာတင်ကီယွန်ကလည်း လေးလံလွန်းပြီး ကွင်းထဲမှာ လမ်းပတ်လျှောက်နေခဲ့တဲ့ ဝီလီယံကို အရမ်းစိတ်ပျက်ရကြောင်း အပြစ်တင်သွားခဲ့သလို သူ့ကြောင့်ပဲ အာဆင်နယ်ရဲ့ ကစားပုံက နှေးကွေးပြီး တန့်သွားရတယ်လို့ ထိုးနှက်သွားခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် ရေးပါလာရဲ့ ” သိပ်ကိုဆိုးရွားတဲ့ အဝေးဂိုးပေးရခြင်းပဲ။ တကယ့်ကို ပစ်စလတ်ခတ်နိုင်လွန်းတယ် ” ဆိုတဲ့ တွစ်တာမှာရေးသား တုံ့ပြန်မှုကလည်း နောက်တကျော့မှာ ပေးဆပ်မှု ကြီးမားသွားစေနိုင်တဲ့ အဝေးဂိုးတဂိုးကို လက်လွတ်စပယ် လွယ်လွယ်ခွင့်ပြုခဲ့ရတဲ့ အာဆင်နယ်ရဲ့ ဖရိုမရဲနိုင်မှုကို ပေါ်လွင်စေခဲ့ပြီး ဒါက ပရိသတ်တွေရဲ့ ခံစားချက်နဲ့လည်း ထပ်တူကျခဲ့တယ်။