Premier League

ပရီးမီးယားလိဂ္တာဝန္ရွိသူအားလုံးရဲ႕ ပံ့ပုိးမွဳနဲ႔ ရာသီၿပီးဆုံးေအာင္ ကစားႏုိင္ဖို႔ ေတာင္းဆန္း ဆႏၵရွိ

ခရစၥတယ္လ္ပဲေလ့စ္အသင္းရဲ႕ ေတာင္ပံကစားသမား အန္းဒ႐ို႕စ္ ေတာင္ဆန္းက ပရီးမီးယားလိဂ္ရဲ႕ တာဝန္ရွိသူ အႀကီးအကဲအားလုံးအေနနဲ႔ ဒီ ၂၀၁၉-၂၀ ေဘာလုံးရာသီပြဲစဥ္ေတြေတြကို ၿပီးဆုံးေအာင္ ကစားႏိုင္ဖို႔ ေမွ်ာ္လင့္ေနတယ္လို႔ ဆုိခဲ့ၿပီး အင္အားရွိသေလာက္ ဝိုင္းဝန္းလုပ္ေဆာင္သြားၾကဖို႔ တုိက္တြန္းလိုက္ပါတယ္။

အားကစားသမားေတြ ပီသစြာပဲ ေဘာလုံးသမားေတြဟာလည္း သူတို႔ရဲ႕ ယွဥ္ၿပဳိင္ရမယ့္ စိန္ေခၚမွဳ မွန္သမွ်ကို ရင္ဆုိင္ေက်ာ္ျဖတ္ၾကဖို႔ ဆႏၵရွိေနၾကသူေတြျဖစ္ၿပီး အားလုံးက ေဘာလုံးရာသီကို ဆက္ကစားဖို႔ ဆုိခဲ့တာဟာ တစ္ကိုယ္ေကာင္းဆန္ၿပီး ကိုယ့္အသင္း အသာရေရးအတြက္ ပရီးမီးယားလိဂ္ကို ရပ္နားဖို႔ ဆုိခဲ့တဲ့ ကာရင္ ဘရက္ဒီနဲ႔ အေပါင္းအပါေတြအတြက္ေတာ့ ရွက္စရာကိစၥလည္းျဖစ္ခဲ့ပါတယ္။

ဒီေန႔ ၾကာသပေတးေန႔မွာ ပရီးမီးယားလိဂ္တာဝန္ရွိသူေတြနဲ႔ ၿပဳိင္ပြဲဝင္အသင္း ၂၀ ရဲ႕ တာဝန္ရွိသူေတြ စည္းေဝးဆုံးျဖတ္သြားဖို႔ရွိေနၿပီး သူတုိ႔အေနနဲ႔ ဒီၿပဳိင္ပြဲကို ဆက္ကစားမလား၊ ထပ္မံေရႊ႕ဆိုင္းဦးမလားဆုိတာနဲ႔ ပယ္ဖ်က္ေၾကာင္း ေၾကျငာဖို႔ေတြဟာ ျဖစ္ႏုိင္ေျခေတြအျဖစ္ ရွိေနခ်ိန္မွာ ေတာင္းဆန္းက ဒီလိုစကားေျပာၾကားခဲ့တာပါ။

“တစ္နည္းနည္းနဲ႔ေတာ့ ကၽြန္ေတာ္တုိ႔ေတြ ဒီရာသီ ပရီးမီးယားလိဂ္ကို ၿပီးဆုံးေအာင္ ဆက္ကစားဖို႔ လုပ္ရမွာပဲဗ်။ ပရိသတ္ေတြအေနနဲ႔လည္း ဒီရာသီအတြက္ လက္မွတ္ေတြ ဝယ္ထားၾက၊ Sky, BT Sports စတဲ့ ႐ုပ္သံအစီအစဥ္ေတြမွာ စာရင္းသြင္းထားၾကနဲ႔ လုပ္ထားၾကတာပါ။ ဘယ္ေလာက္ပဲ ၾကာၾကာ ဒီရာသီကို ၿပီးဆုံးေအာင္ကစားသင့္ၿပီး ေမ၊ ဇြန္မွာ အဆုံးမသတ္ႏုိင္လို႔ စက္တင္ဘာ၊ ေအာက္တုိဘာ၊ ႏိုဝင္ဘာျဖစ္သြားခဲ့ရင္လည္း ဆက္ကစားရမွာပဲ”လို႔ အသက္ ၂၈ ႏွစ္အရြယ္ အဂၤလန္ေတာင္ပံကစားသမားက ေျပာၾကားလုိက္ပါတယ္။

ေတာင္းဆန္းက သူတုိ႔အသင္းရဲ႕ ဥေရာပဝင္ခြင့္ကို ေမွ်ာ္မွန္းႏုိင္တဲ့ အေျခအေနဟာလည္း ဒီလိုဆက္ကစားခ်င္ခဲ့တာရဲ႕ တစ္စိတ္တစ္ပုိင္း ျဖစ္တယ္လုိ႔ ေျပာၾကားသြားခဲ့ၿပီး တန္းဆင္းဇုန္အႏၲရာယ္ကေန လြတ္ကင္းေနခဲ့သလို ဥေရာပဝင္ခြင့္နဲ႔ အမွတ္တခ်ဳိ႕ပဲ ကြာျခားခ်ိန္မွာ အေကာင္းဆုံး ဆက္လက္ကစားၿပီး ရာသီကို ပိတ္သိမ္းသြားခ်င္ေၾကာင္းလည္း ဝန္ခံေျပာၾကားသြားခဲ့တယ္လုိ႔ သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ခရစ္စတယ်လ်ပဲလေ့စ်အသင်းရဲ့ တောင်ပံကစားသမား အန်းဒရို့စ် တောင်ဆန်းက ပရီးမီးယားလိဂ်ရဲ့ တာဝန်ရှိသူ အကြီးအကဲအားလုံးအနေနဲ့ ဒီ ၂၀၁၉-၂၀ ဘောလုံးရာသီပွဲစဉ်တွေတွေကို ပြီးဆုံးအောင် ကစားနိုင်ဖို့ မျှော်လင့်နေတယ်လို့ ဆိုခဲ့ပြီး အင်အားရှိသလောက် ဝိုင်းဝန်းလုပ်ဆောင်သွားကြဖို့ တိုက်တွန်းလိုက်ပါတယ်။

အားကစားသမားတွေ ပီသစွာပဲ ဘောလုံးသမားတွေဟာလည်း သူတို့ရဲ့ ယှဉ်ပြိုင်ရမယ့် စိန်ခေါ်မှု မှန်သမျှကို ရင်ဆိုင်ကျော်ဖြတ်ကြဖို့ ဆန္ဒရှိနေကြသူတွေဖြစ်ပြီး အားလုံးက ဘောလုံးရာသီကို ဆက်ကစားဖို့ ဆိုခဲ့တာဟာ တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ့်အသင်း အသာရရေးအတွက် ပရီးမီးယားလိဂ်ကို ရပ်နားဖို့ ဆိုခဲ့တဲ့ ကာရင် ဘရက်ဒီနဲ့ အပေါင်းအပါတွေအတွက်တော့ ရှက်စရာကိစ္စလည်းဖြစ်ခဲ့ပါတယ်။

ဒီနေ့ ကြာသပတေးနေ့မှာ ပရီးမီးယားလိဂ်တာဝန်ရှိသူတွေနဲ့ ပြိုင်ပွဲဝင်အသင်း ၂၀ ရဲ့ တာဝန်ရှိသူတွေ စည်းဝေးဆုံးဖြတ်သွားဖို့ရှိနေပြီး သူတို့အနေနဲ့ ဒီပြိုင်ပွဲကို ဆက်ကစားမလား၊ ထပ်မံရွှေ့ဆိုင်းဦးမလားဆိုတာနဲ့ ပယ်ဖျက်ကြောင်း ကြေငြာဖို့တွေဟာ ဖြစ်နိုင်ခြေတွေအဖြစ် ရှိနေချိန်မှာ တောင်းဆန်းက ဒီလိုစကားပြောကြားခဲ့တာပါ။

“တစ်နည်းနည်းနဲ့တော့ ကျွန်တော်တို့တွေ ဒီရာသီ ပရီးမီးယားလိဂ်ကို ပြီးဆုံးအောင် ဆက်ကစားဖို့ လုပ်ရမှာပဲဗျ။ ပရိသတ်တွေအနေနဲ့လည်း ဒီရာသီအတွက် လက်မှတ်တွေ ဝယ်ထားကြ၊ Sky, BT Sports စတဲ့ ရုပ်သံအစီအစဉ်တွေမှာ စာရင်းသွင်းထားကြနဲ့ လုပ်ထားကြတာပါ။ ဘယ်လောက်ပဲ ကြာကြာ ဒီရာသီကို ပြီးဆုံးအောင်ကစားသင့်ပြီး မေ၊ ဇွန်မှာ အဆုံးမသတ်နိုင်လို့ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာဖြစ်သွားခဲ့ရင်လည်း ဆက်ကစားရမှာပဲ”လို့ အသက် ၂၈ နှစ်အရွယ် အင်္ဂလန်တောင်ပံကစားသမားက ပြောကြားလိုက်ပါတယ်။

တောင်းဆန်းက သူတို့အသင်းရဲ့ ဥရောပဝင်ခွင့်ကို မျှော်မှန်းနိုင်တဲ့ အခြေအနေဟာလည်း ဒီလိုဆက်ကစားချင်ခဲ့တာရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပြီး တန်းဆင်းဇုန်အန္တရာယ်ကနေ လွတ်ကင်းနေခဲ့သလို ဥရောပဝင်ခွင့်နဲ့ အမှတ်တချို့ပဲ ကွာခြားချိန်မှာ အကောင်းဆုံး ဆက်လက်ကစားပြီး ရာသီကို ပိတ်သိမ်းသွားချင်ကြောင်းလည်း ဝန်ခံပြောကြားသွားခဲ့တယ်လို့ သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.