Premier League

ချန်ပီယံလိဂ်ပွဲအပြီးမှာ ဖာဘင်ညိုနဲ့ ရီးရဲလ် ဥက္ကဌ ပီရက်ဇ်တို့ပြောဆိုခဲ့တဲ့ အတွင်းစကားတွေ ပေါက်ကြားလာ

ပြီးခဲ့တဲ့ လီဗာပူးလ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ ရီးရဲလ်တောင်ပံတိုက်စစ်မှူး ဗင်နစ်ရှပ်စ်၊ လီဗာပူးလ်ကွင်းလယ်လူ ဖာဘင်ညိုနဲ့ ရီးရဲလ် မက်ဒရစ်ဥက္ကဌ ဖလော်ရင်တီနို ပီရက်ဇ်တို့ကြား သီးသန့်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပြီး ဒီအတွင်းစကားတွေဟာ အခုအခါမှာတော့ ပေါက်ကြားလာခဲ့ပါတယ်။

လီဗာပူးလ်ဟာ ရီးရဲလ်ကို ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့မှာ ၃-၁ ရလဒ်နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပြီး အဲဒီပွဲမှာ ပါဝင်ကစားခဲ့ရတဲ့ ဖာဘင်ညိုဟာ ရီးရဲလ်မက်ဒရစ်မှာ ၂၀၁၂-၁၃ ခုနှစ်က တရာသီကြာ ကစားခဲ့ဖူးတဲ့ ရီးရဲလ်ကစားသမားဟောင်းလည်း ဖြစ်ပါတယ်။

ပွဲစဉ်အပြီးမှာ ဘရာဇီးလ်သားတွေဖြစ်ကြတဲ့ ဗင်နစ်ရှပ်စ်၊ ဖာဘင်ညိုတို့ဟာ ပီရက်ဇ်နဲ့အတူ စကားလက်ဆုံကျခဲ့တာဖြစ်ပြီး စပိန်ကလာတဲ့ မာကာသတင်းရဲ့ ဖော်ပြချက်အရ ပီရက်ဇ်ဟာ ဖာဘင်ညိုရဲ့ ပြောင်းလဲတိုးတက်မှုတွေကို ချီးကျူးမှု ပြုလုပ်သွားခဲ့ကြောင်း သိရပါတယ်။

” ငါတို့ ရီးရဲလ်မှာ ရှိစဉ်ကတော့ မင်းဟာ ညာနောက်ခံလူနေရာမှာ ကစားခဲ့တာနော်” လို့ ပီရက်ဇ်က ဖာဘင်ညိုရဲ့ အကြောင်းကို ပြန်ပြောင်းပြောဆိုမှု ပြုလုပ်ခဲ့ပြီး ဖာဘင်ညိုကလည်း” ဟုတ်တာပေါ့ဗျာ။ ဒါပေမယ့် အခုတော့ ညာနောက်ခံနေရာမှာ မကစားရဲတော့ဘူးဗျို့။ ခင်ဗျားတို့အသင်းက ဗင်နစ်ရှပ်စ်ကို ကျွန်တော်ထိန်းနိုင်မှာ မဟုတ်ဘူးဗျ” လို့ တုံ့ပြန်ခဲ့တာပါ။

သူတို့ ၃ ဦးသားဟာ ရယ်ရယ်မောမောနဲ့ နောက်ပြောင်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါသေးတယ်။ ဖာဘင်ညိုဟာ ရီးရဲလ်အသင်းမှာ အငှားသွားရောက်ကစားနေစဉ်က အရန်အသင်းနဲ့သာ ပွဲ ၃၀ ကျော် ကစားခဲ့ရတာဖြစ်ပြီး ၂၀၁၂-၁၃ ရာသီအကုန်နားမှာတော့ မော်ရင်ညိုရဲ့ ပွဲထုတ်မှုနဲ့အတူ အရန်ခုံကနေထပြီး ရီးရဲလ်အသင်းကြီးပွဲဦးထွက်ခွင့်ကို ရရှိခဲ့ကာ အဲဒီပွဲစဉ်က မာလာဂါအသင်းကို ၆-၂ နဲ့ နိုင်ခဲ့တဲ့ ပွဲပါ။

အဲဒီနောက်မှာတော့ မိုနာကိုအသင်းကို ပြောင်းရွှေ့ပြီး ပြင်သစ်လီဂူးချန်ပီယံဖြစ်ကာ ၂၀၁၆-၁၇ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အထိ တက်နိုင်ခဲ့သလို အသင်းရဲ့ အဓိက ကစားသမားအဖြစ် အသုံးတော်ခံလာခဲ့သလို သူဟာ အသင်းကို ကွင်းလယ်ကနေ ထိန်းကျောင်းသူဖြစ်လာခဲ့တယ်။

စွယ်စုံရ ကစားသမားတဦးအဖြစ် အသွင်ပြောင်းလဲသွားခဲ့ပြီး ညာနောက်ခံလူနေရာကနေတဆင့် လက်ရှိ လီဗာပူးလ်မှာလည်း ဗဟိုခံစစ်နဲ့ ကွင်းလယ်ဗဟိုမှာလည်း ကျင်ကျင်လည်လည် ကစားနိုင်တဲ့သူ ဖြစ်လာခဲ့ပါတယ်။

လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ချန်ပီယံဖြစ်လာဖို့ခရီးမှာ အခရာကျတဲ့ ကစားသမားအဖြစ် ပါဝင်ပတ်သက်ခဲ့ပြီး ကလော့ပ်တန်ဖိုးထားရတဲ့ ရွှေလိုကစားသမားမျိုးလည်း ဖြစ်လာခဲ့တယ်လို့ မှတ်ချက်ချရမှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ၿပီးခဲ့တဲ့ လီဗာပူးလ္နဲ႔ ရီးရဲလ္မက္ဒရစ္တို႔ရဲ႕ ခ်န္ပီယံလိဂ္ပြဲစဥ္အၿပီးမွာ ရီးရဲလ္ေတာင္ပံတိုက္စစ္မႉး ဗင္နစ္ရွပ္စ္၊ လီဗာပူးလ္ကြင္းလယ္လူ ဖာဘင္ညိဳနဲ႔ ရီးရဲလ္ မက္ဒရစ္ဥကၠဌ ဖေလာ္ရင္တီႏို ပီရက္ဇ္တို႔ၾကား သီးသန႔္ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ေၾကာင္း သိရၿပီး ဒီအတြင္းစကားေတြဟာ အခုအခါမွာေတာ့ ေပါက္ၾကားလာခဲ့ပါတယ္။

လီဗာပူးလ္ဟာ ရီးရဲလ္ကို ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ ပထမအေက်ာ့မွာ ၃-၁ ရလဒ္နဲ႔ အေရးနိမ့္ခဲ့တာျဖစ္ၿပီး အဲဒီပြဲမွာ ပါဝင္ကစားခဲ့ရတဲ့ ဖာဘင္ညိဳဟာ ရီးရဲလ္မက္ဒရစ္မွာ ၂၀၁၂-၁၃ ခုႏွစ္က တရာသီၾကာ ကစားခဲ့ဖူးတဲ့ ရီးရဲလ္ကစားသမားေဟာင္းလည္း ျဖစ္ပါတယ္။

ပြဲစဥ္အၿပီးမွာ ဘရာဇီးလ္သားေတြျဖစ္ၾကတဲ့ ဗင္နစ္ရွပ္စ္၊ ဖာဘင္ညိဳတို႔ဟာ ပီရက္ဇ္နဲ႔အတူ စကားလက္ဆုံက်ခဲ့တာျဖစ္ၿပီး စပိန္ကလာတဲ့ မာကာသတင္းရဲ႕ ေဖာ္ျပခ်က္အရ ပီရက္ဇ္ဟာ ဖာဘင္ညိဳရဲ႕ ေျပာင္းလဲတိုးတက္မႈေတြကို ခ်ီးက်ဴးမႈ ျပဳလုပ္သြားခဲ့ေၾကာင္း သိရပါတယ္။

” ငါတို႔ ရီးရဲလ္မွာ ရွိစဥ္ကေတာ့ မင္းဟာ ညာေနာက္ခံလူေနရာမွာ ကစားခဲ့တာေနာ္” လို႔ ပီရက္ဇ္က ဖာဘင္ညိဳရဲ႕ အေၾကာင္းကို ျပန္ေျပာင္းေျပာဆိုမႈ ျပဳလုပ္ခဲ့ၿပီး ဖာဘင္ညိဳကလည္း” ဟုတ္တာေပါ့ဗ်ာ။ ဒါေပမယ့္ အခုေတာ့ ညာေနာက္ခံေနရာမွာ မကစားရဲေတာ့ဘူးဗ်ိဳ႕။ ခင္ဗ်ားတို႔အသင္းက ဗင္နစ္ရွပ္စ္ကို ကြၽန္ေတာ္ထိန္းႏိုင္မွာ မဟုတ္ဘူးဗ်” လို႔ တုံ႔ျပန္ခဲ့တာပါ။

သူတို႔ ၃ ဦးသားဟာ ရယ္ရယ္ေမာေမာနဲ႔ ေနာက္ေျပာင္မႈေတြ ျပဳလုပ္ခဲ့တယ္လို႔ သိရပါေသးတယ္။ ဖာဘင္ညိဳဟာ ရီးရဲလ္အသင္းမွာ အငွားသြားေရာက္ကစားေနစဥ္က အရန္အသင္းနဲ႔သာ ပြဲ ၃၀ ေက်ာ္ ကစားခဲ့ရတာျဖစ္ၿပီး ၂၀၁၂-၁၃ ရာသီအကုန္နားမွာေတာ့ ေမာ္ရင္ညိဳရဲ႕ ပြဲထုတ္မႈနဲ႔အတူ အရန္ခုံကေနထၿပီး ရီးရဲလ္အသင္းႀကီးပြဲဦးထြက္ခြင့္ကို ရရွိခဲ့ကာ အဲဒီပြဲစဥ္က မာလာဂါအသင္းကို ၆-၂ နဲ႔ ႏိုင္ခဲ့တဲ့ ပြဲပါ။

အဲဒီေနာက္မွာေတာ့ မိုနာကိုအသင္းကို ေျပာင္းေ႐ႊ႕ၿပီး ျပင္သစ္လီဂူးခ်န္ပီယံျဖစ္ကာ ၂၀၁၆-၁၇ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္အထိ တက္ႏိုင္ခဲ့သလို အသင္းရဲ႕ အဓိက ကစားသမားအျဖစ္ အသုံးေတာ္ခံလာခဲ့သလို သူဟာ အသင္းကို ကြင္းလယ္ကေန ထိန္းေက်ာင္းသူျဖစ္လာခဲ့တယ္။

စြယ္စုံရ ကစားသမားတဦးအျဖစ္ အသြင္ေျပာင္းလဲသြားခဲ့ၿပီး ညာေနာက္ခံလူေနရာကေနတဆင့္ လက္ရွိ လီဗာပူးလ္မွာလည္း ဗဟိုခံစစ္နဲ႔ ကြင္းလယ္ဗဟိုမွာလည္း က်င္က်င္လည္လည္ ကစားႏိုင္တဲ့သူ ျဖစ္လာခဲ့ပါတယ္။

လီဗာပူးလ္အသင္း ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ ခ်န္ပီယံျဖစ္လာဖို႔ခရီးမွာ အခရာက်တဲ့ ကစားသမားအျဖစ္ ပါဝင္ပတ္သက္ခဲ့ၿပီး ကေလာ့ပ္တန္ဖိုးထားရတဲ့ ေ႐ႊလိုကစားသမားမ်ိဳးလည္း ျဖစ္လာခဲ့တယ္လို႔ မွတ္ခ်က္ခ်ရမွာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.