Premier League

အသက်ရှုမှားခဲ့ရတဲ့ အဆင့်အတန်းရှိတဲ့တိုက်ပွဲမှာ ဂျာမန်ဘီလူးရဲ့ အရှိုက်ကို ထိုးနှက်တိုက်ခိုက် အနိုင်ယူခဲ့တဲ့ PSG

လီဝန်ဒေါစကီးမရှိလို့ အဆိပ်မဲ့ခဲ့တဲ့ လက်ရှိချန်ပီယံ
ဘိုင်ယန်က ဂိုးအခွင့်အရေးကောင်းတွေ ပုံအောပြီး ရခဲ့တယ်။ ပွဲကတကယ်လည်း အဆင့်အတန်းမြင့်ပြီး ကြည့်ကောင်းခဲ့တယ်။ တကယ်တမ်းမှာတော့ ဂိုးသွင်းတယ်ဆိုတာ ငှက်ပျောသီးအခွံနွှာသလို လုပ်ပြနေတဲ့ လီဝန်ဒေါစကီးသာ ပါဝင်နိုင်ခဲ့ရင် သူက ဟက်ထရစ်လောက်တော့ အသာလေးယူသွားနိုင်ခဲ့လိမ့်မယ်။ အခုတော့ ချူပိုမိုတင်းရဲ့ သွင်းဂိုးကိုသာ မျှော်ကိုးခဲ့ရတယ်။ နောက်တကျော့မှာလည်း လီဝန်က လွဲချော်ဖို့ များနေတယ်လို့ သတင်းတွေက ဆိုထားတယ်။ ဟန်ဆီဖလစ်အတွက်တော့ ချန်ပီယံဆုကာကွယ်ဖို့ အတော်လေးဗျာပါဒပွေရမယ့် အနေအထားပါ။

ဂျာမန်ဘီလူးရဲ့ အရှိုက်ကို ထိုးနှက်ခဲ့တဲ့ PSG
PSG နည်းပြ ပိုချက်တီနိုရဲ့ ပွဲထွက်အခင်းအကျင်းက အတော်လေးရှင်းလင်းခဲ့တယ်။ ၄-၄-၂ နဲ့ အထိုင်ကစားမယ်။ ကောင်တာနဲ့ ဘိုင်ယန်ကို ပြန်သတ်မယ်။ High Line Defense ကစားတဲ့ ဘိုင်ယန်ရဲ့ အနောက်က နေရာလွတ်တွေကို မက်ဘာပေ၊ နေမာတို့ရဲ့ တိုးအားနဲ့ မွှေနှောက်မယ်ဆိုတာပါပဲ။ လက်တွေ့ကျကျ နဲ့ အလုပ်ဖြစ်ခဲ့တယ်။ ပထမပိုင်းမှာ အမ်ဘာပေကို ထိန်းဖို့ ဟန်ဆီဖလစ်ခ်မှာ အဖြေမရှိခဲ့ဘူး။ ဆူလေ၊ နဲ့ ဂေါ်ရက်စကာကိုထုတ်၊ ဘိုတန်နဲ့ အယ်လ်ဖွန်ဆို ဒေးဗီးစ်တို့ကိုထည့်ပြီး အလာဘာကို ကင်မစ်ချ်နဲ့ တွဲပြီး ကွင်းလယ်မှာ ကစားစေတော့မှ ဘိုင်ယန်ရဲ့ခံစစ်က ပြန်ကျစ်လစ်သွားခဲ့တယ်။

နေမာ+အမ်ဘာပေတို့ ကောင်းကောင်းပွဲခံခဲ့တဲ့ ချန်ပီယံလိဂ်ည
ပေါင်သန်း ၄၀၀ တန် တိုက်စစ်အတွဲက ဒီပွဲရဲ့ ရသကို ပေးသွားခဲ့တယ်။ ဒီအတွဲရဲ့ အဆိပ်ပြင်းပုံက ဟန်ဆီဖလစ်ခ်မှာ ခေါင်းသာကုတ်နေရတော့တယ်။ ဒီမာရီယာနဲ့ ဒရက်စ်လာတို့က ဘောလုံးတွေ ခင်းပေး၊ နေမာနဲ့ အမ်ဘာပေတို့က ဘိုင်ယန်ခံစစ်ကို ခေါင်းခေါက်ချန်ထားတဲ့ သက်သောင့်သက်သာနဲ့ လျင်မြန်ထိရောက်တဲ့ ကစားပုံက ဘိုင်ယန်ရဲ့ အရှိုက်တွေကိုချည်းကို ထိုးနှက်သွားခဲ့တာဖြစ်တယ်။

နေမာအတွက် PSG ကစားသမားဘဝမှာ အကောင်းဆုံးကစားပွဲတွေက တခုဖြစ်ခဲ့တယ်။ PSG ရဲ့ ဒီနေ့ပွဲက ၃ ဂိုးအနက် သွင်းဂိုး ၂ ဂိုးအတွက်ကိုတော့ ဘရာဇီးလ်သားက ဖန်တီးပေးခဲ့တာပါ။

ကေလာ နာဗတ်စ်ကို မှတ်ကျောက်တင်ရမယ့်ပွဲ
PSG ဂိုးသမား နာဗတ်စ်က ဒီပွဲမှာ ဘိုင်ယန်ရဲ့ ကန်သွင်းမှုနဲ့ ခြိမ်းခြောက်မှု ၁၀ ကြိမ်အထိကို စွမ်းစွမ်းတမံ ကာကွယ်သွားခဲ့တယ်။ ဂျာမန်ဘီလူးရဲ့ အိမ်ကွင်းရှုံးပွဲမှာ သူ့ကို မဖြစ်မနေ ချီးကျူးရမှာဖြစ်တယ်။ လီဝန်မပါခဲ့တဲ့ ဘိုင်ယန်တိုက်စစ်က နာဗတ်စ်ကို ကျော်ဖို့ အဖြေမရှိခဲ့ဘူး။ အသက် ၃၄ နှစ်သားက နောက်ဆုံးကစားထားတဲ့ ချန်ပီယံလိဂ် ၂ ပွဲဆက်မှာ ၁၉ကြိမ်အထိ ကာကွယ်ထားတာဖြစ်တယ်။

ဒီပွဲတွေက ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်လို အသင်းတွေဖြစ်နေတာက ကေလာ နာဗတ်စ်ကို မှတ်ကျောက်တင်ရမယ့်ပွဲသမိုင်းတွေလို့သာ တခမ်းတနားဆိုရမှာပါ။ ရီးရဲလ်နဲ့ ချန်ပီယံလိဂ် ၃ ကြိမ်ကိုင်မြှောက်ထားတဲ့ နာဗတ်စ်က သူ့ရဲ့လက်စွမ်းနဲ့ PSG ကိုလည်း ချန်ပီယံလိဂ်ဗိုလ်ဝင်ခံစေတော့မလားဆိုတာ အတော်လေးစိတ်ဝင်စားစရာကောင်းပါတယ်။

ဒဏ်ရာလူစာရင်းကို ကောင်းကောင်းကိုင်တွယ်ခဲ့တဲ့ ပိုချက်တီနို
ဒီပွဲမှာ ဘိုင်ယန်က လီဝန်မပါသလို PSG က ဗာရက်တီ၊ အီကာဒီ၊ ဖလော်ရန်ဇီ၊ ကူဇာဝါ၊ ဘားနတ်၊ ပါရီဒက်စ်တို့လို ကစားသမားအင်အားအတော်များများ လက်လွှတ်ပြီး ကစားရတယ်။ လူစာရင်း မတောင့်ခဲ့ဘူး။ အထူးသဖြင့် အသင်းရဲ့ အခရာကစားသမားဖြစ်တဲ့ ဗာရက်တီမပူးပေါင်းနိုင်တဲ့ ဒဏ်ရာလူစာရင်းကို ကောင်းကောင်းကိုင်တွယ်ခဲ့တဲ့ ပိုချက်တီနိုက ဘိုင်ယန်ကို အနိုင်ယူပြီး သူ့ရဲ့အစွမ်းအစကို ပြတယ်။ ဟန်ဆီဖလစ်ခ်ကို ကျော်ဖြတ်ပြခဲ့တယ်။

နောက်တကျော့မှာ အစမ်းသပ်ခံရမယ့် ဟန်ဆီဖလစ်ခ်
ဟန်ဆီဖလစ်ခ်ရဲ့ နည်းဗျူဟာပိုင်းအရ ဒီပွဲမှာ ကောင်းကောင်းပညာအပေးခံရပြီး နောက်ကောက်ချန်ခဲ့ရတဲ့ အသိက နောက်တကျော့မှာ သင်ခန်းစာယူပြီး အစမ်းသပ်ခံနိုင်မလားဆိုတာ မဖြစ်မနေစောင့်ကြည့်ရမှာပါ။ တကယ်က ဘိုင်ယန်က လူစာရင်းပိုတောင့်တယ်။ လက်ရှိချန်ပီယံဖြစ်လို့ စနစ်ကျပြီးသား အသင်းဖြစ်တယ်။ နေမာနဲ့ အမ်ဘာပေကို ရပ်တန့်ပစ်ဖို့ အဖြေရှာလာနိုင်မလားဆိုတာက ဘိုင်ယန်ရဲ့ ချန်ပီယံလိဂ်နှစ်နှစ်ဆက်ချန်ပီယံအိပ်မက်က အသက်တခုလို သူ့အပေါမှာ မူတည်နေပါတယ်။ ဒီနေ့မှာ PSG က နိုင်ခဲ့ပေမယ့် ဂိုးအခွင့်အရေးကောင်းတွေနဲ့ ဂိုးဖန်တီးမှုအပိုင်းမှာ ဘိုင်ယန်က အပြတ်အသတ်အသာစီးရခဲ့တာကို တွေ့ရတယ်။

အသက်ရှုမှားခဲ့ရတဲ့ အဆင့်အတန်းရှိတိုက်ပွဲ
ဒီပွဲကို ခြုံငုံကြည့်ရင် အတော်လေးဆွဲဆောင်မှုရှိခဲ့ပြီး အချိန်ပြည့် စိတ်လှုပ်ရှားခဲ့ရတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ တကယ့်အဆင့်အတန်းကို ပြသသွားခဲ့တယ်။ မျက်တောင်တချက်ခတ်ရင် တချက်လွတ်သွားနိုင်တဲ့အထိ အသက်ရှုမှားစေခဲ့တယ်။ ဘောလုံးပရိသတ်တွေကို အကျေနပ်ကြီးကျေနပ်စေခဲ့သလို နောက်တကျော့အတွက် ကြိုတင်ရင်ခုန်မှုတွေကိုပါ ခွဲတမ်း ချကျွေးသွားခဲ့တယ်။ ပွဲကြီးပွဲကောင်းတခုကို အရသာရှိရှိခံစားလိုက်ရတဲ့ စွဲမက်စရာ ချန်ပီယံလိဂ်ညပါ။ ဘောလုံးရသကို အပြည့်အဝ ပေးစွမ်းခဲ့တဲ့ တိုက်ပွဲလို့ ချီးကျူးရမှာဖြစ်တယ်။

INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

လီဝန္ေဒါစကီးမရွိလို႔ အဆိပ္မဲ့ခဲ့တဲ့ လက္ရွိခ်န္ပီယံ
ဘိုင္ယန္က ဂိုးအခြင့္အေရးေကာင္းေတြ ပုံေအာၿပီး ရခဲ့တယ္။ ပြဲကတကယ္လည္း အဆင့္အတန္းျမင့္ၿပီး ၾကည့္ေကာင္းခဲ့တယ္။ တကယ္တမ္းမွာေတာ့ ဂိုးသြင္းတယ္ဆိုတာ ငွက္ေပ်ာသီးအခြံႏႊာသလို လုပ္ျပေနတဲ့ လီဝန္ေဒါစကီးသာ ပါဝင္ႏိုင္ခဲ့ရင္ သူက ဟက္ထရစ္ေလာက္ေတာ့ အသာေလးယူသြားႏိုင္ခဲ့လိမ့္မယ္။ အခုေတာ့ ခ်ဴပိုမိုတင္းရဲ႕ သြင္းဂိုးကိုသာ ေမွ်ာ္ကိုးခဲ့ရတယ္။ ေနာက္တေက်ာ့မွာလည္း လီဝန္က လြဲေခ်ာ္ဖို႔ မ်ားေနတယ္လို႔ သတင္းေတြက ဆိုထားတယ္။ ဟန္ဆီဖလစ္အတြက္ေတာ့ ခ်န္ပီယံဆုကာကြယ္ဖို႔ အေတာ္ေလးဗ်ာပါဒေပြရမယ့္ အေနအထားပါ။

ဂ်ာမန္ဘီလူးရဲ႕ အရႈိက္ကို ထိုးႏွက္ခဲ့တဲ့ PSG
PSG နည္းျပ ပိုခ်က္တီႏိုရဲ႕ ပြဲထြက္အခင္းအက်င္းက အေတာ္ေလးရွင္းလင္းခဲ့တယ္။ ၄-၄-၂ နဲ႔ အထိုင္ကစားမယ္။ ေကာင္တာနဲ႔ ဘိုင္ယန္ကို ျပန္သတ္မယ္။ High Line Defense ကစားတဲ့ ဘိုင္ယန္ရဲ႕ အေနာက္က ေနရာလြတ္ေတြကို မက္ဘာေပ၊ ေနမာတို႔ရဲ႕ တိုးအားနဲ႔ ေမႊေႏွာက္မယ္ဆိုတာပါပဲ။ လက္ေတြ႕က်က် နဲ႔ အလုပ္ျဖစ္ခဲ့တယ္။ ပထမပိုင္းမွာ အမ္ဘာေပကို ထိန္းဖို႔ ဟန္ဆီဖလစ္ခ္မွာ အေျဖမရွိခဲ့ဘူး။ ဆူေလ၊ နဲ႔ ေဂၚရက္စကာကိုထုတ္၊ ဘိုတန္နဲ႔ အယ္လ္ဖြန္ဆို ေဒးဗီးစ္တို႔ကိုထည့္ၿပီး အလာဘာကို ကင္မစ္ခ်္နဲ႔ တြဲၿပီး ကြင္းလယ္မွာ ကစားေစေတာ့မွ ဘိုင္ယန္ရဲ႕ခံစစ္က ျပန္က်စ္လစ္သြားခဲ့တယ္။

ေနမာ+အမ္ဘာေပတို႔ ေကာင္းေကာင္းပြဲခံခဲ့တဲ့ ခ်န္ပီယံလိဂ္ည
ေပါင္သန္း ၄၀၀ တန္ တိုက္စစ္အတြဲက ဒီပြဲရဲ႕ ရသကို ေပးသြားခဲ့တယ္။ ဒီအတြဲရဲ႕ အဆိပ္ျပင္းပုံက ဟန္ဆီဖလစ္ခ္မွာ ေခါင္းသာကုတ္ေနရေတာ့တယ္။ ဒီမာရီယာနဲ႔ ဒရက္စ္လာတို႔က ေဘာလုံးေတြ ခင္းေပး၊ ေနမာနဲ႔ အမ္ဘာေပတို႔က ဘိုင္ယန္ခံစစ္ကို ေခါင္းေခါက္ခ်န္ထားတဲ့ သက္ေသာင့္သက္သာနဲ႔ လ်င္ျမန္ထိေရာက္တဲ့ ကစားပုံက ဘိုင္ယန္ရဲ႕ အရႈိက္ေတြကိုခ်ည္းကို ထိုးႏွက္သြားခဲ့တာျဖစ္တယ္။

ေနမာအတြက္ PSG ကစားသမားဘဝမွာ အေကာင္းဆုံးကစားပြဲေတြက တခုျဖစ္ခဲ့တယ္။ PSG ရဲ႕ ဒီေန႔ပြဲက ၃ ဂိုးအနက္ သြင္းဂိုး ၂ ဂိုးအတြက္ကိုေတာ့ ဘရာဇီးလ္သားက ဖန္တီးေပးခဲ့တာပါ။

ေကလာ နာဗတ္စ္ကို မွတ္ေက်ာက္တင္ရမယ့္ပြဲ
PSG ဂိုးသမား နာဗတ္စ္က ဒီပြဲမွာ ဘိုင္ယန္ရဲ႕ ကန္သြင္းမႈနဲ႔ ၿခိမ္းေျခာက္မႈ ၁၀ ႀကိမ္အထိကို စြမ္းစြမ္းတမံ ကာကြယ္သြားခဲ့တယ္။ ဂ်ာမန္ဘီလူးရဲ႕ အိမ္ကြင္းရႈံးပြဲမွာ သူ႔ကို မျဖစ္မေန ခ်ီးက်ဴးရမွာျဖစ္တယ္။ လီဝန္မပါခဲ့တဲ့ ဘိုင္ယန္တိုက္စစ္က နာဗတ္စ္ကို ေက်ာ္ဖို႔ အေျဖမရွိခဲ့ဘူး။ အသက္ ၃၄ ႏွစ္သားက ေနာက္ဆုံးကစားထားတဲ့ ခ်န္ပီယံလိဂ္ ၂ ပြဲဆက္မွာ ၁၉ႀကိမ္အထိ ကာကြယ္ထားတာျဖစ္တယ္။

ဒီပြဲေတြက ဘာစီလိုနာနဲ႔ ဘိုင္ယန္ျမဴးနစ္လို အသင္းေတြျဖစ္ေနတာက ေကလာ နာဗတ္စ္ကို မွတ္ေက်ာက္တင္ရမယ့္ပြဲသမိုင္းေတြလို႔သာ တခမ္းတနားဆိုရမွာပါ။ ရီးရဲလ္နဲ႔ ခ်န္ပီယံလိဂ္ ၃ ႀကိမ္ကိုင္ေျမႇာက္ထားတဲ့ နာဗတ္စ္က သူ႔ရဲ႕လက္စြမ္းနဲ႔ PSG ကိုလည္း ခ်န္ပီယံလိဂ္ဗိုလ္ဝင္ခံေစေတာ့မလားဆိုတာ အေတာ္ေလးစိတ္ဝင္စားစရာေကာင္းပါတယ္။

ဒဏ္ရာလူစာရင္းကို ေကာင္းေကာင္းကိုင္တြယ္ခဲ့တဲ့ ပိုခ်က္တီႏို
ဒီပြဲမွာ ဘိုင္ယန္က လီဝန္မပါသလို PSG က ဗာရက္တီ၊ အီကာဒီ၊ ဖေလာ္ရန္ဇီ၊ ကူဇာဝါ၊ ဘားနတ္၊ ပါရီဒက္စ္တို႔လို ကစားသမားအင္အားအေတာ္မ်ားမ်ား လက္လႊတ္ၿပီး ကစားရတယ္။ လူစာရင္း မေတာင့္ခဲ့ဘူး။ အထူးသျဖင့္ အသင္းရဲ႕ အခရာကစားသမားျဖစ္တဲ့ ဗာရက္တီမပူးေပါင္းႏိုင္တဲ့ ဒဏ္ရာလူစာရင္းကို ေကာင္းေကာင္းကိုင္တြယ္ခဲ့တဲ့ ပိုခ်က္တီႏိုက ဘိုင္ယန္ကို အႏိုင္ယူၿပီး သူ႔ရဲ႕အစြမ္းအစကို ျပတယ္။ ဟန္ဆီဖလစ္ခ္ကို ေက်ာ္ျဖတ္ျပခဲ့တယ္။

ေနာက္တေက်ာ့မွာ အစမ္းသပ္ခံရမယ့္ ဟန္ဆီဖလစ္ခ္
ဟန္ဆီဖလစ္ခ္ရဲ႕ နည္းဗ်ဴဟာပိုင္းအရ ဒီပြဲမွာ ေကာင္းေကာင္းပညာအေပးခံရၿပီး ေနာက္ေကာက္ခ်န္ခဲ့ရတဲ့ အသိက ေနာက္တေက်ာ့မွာ သင္ခန္းစာယူၿပီး အစမ္းသပ္ခံႏိုင္မလားဆိုတာ မျဖစ္မေနေစာင့္ၾကည့္ရမွာပါ။ တကယ္က ဘိုင္ယန္က လူစာရင္းပိုေတာင့္တယ္။ လက္ရွိခ်န္ပီယံျဖစ္လို႔ စနစ္က်ၿပီးသား အသင္းျဖစ္တယ္။ ေနမာနဲ႔ အမ္ဘာေပကို ရပ္တန႔္ပစ္ဖို႔ အေျဖရွာလာႏိုင္မလားဆိုတာက ဘိုင္ယန္ရဲ႕ ခ်န္ပီယံလိဂ္ႏွစ္ႏွစ္ဆက္ခ်န္ပီယံအိပ္မက္က အသက္တခုလို သူ႔အေပါမွာ မူတည္ေနပါတယ္။ ဒီေန႔မွာ PSG က ႏိုင္ခဲ့ေပမယ့္ ဂိုးအခြင့္အေရးေကာင္းေတြနဲ႔ ဂိုးဖန္တီးမႈအပိုင္းမွာ ဘိုင္ယန္က အျပတ္အသတ္အသာစီးရခဲ့တာကို ေတြ႕ရတယ္။

အသက္ရႈမွားခဲ့ရတဲ့ အဆင့္အတန္းရွိတိုက္ပြဲ
ဒီပြဲကို ၿခဳံငုံၾကည့္ရင္ အေတာ္ေလးဆြဲေဆာင္မႈရွိခဲ့ၿပီး အခ်ိန္ျပည့္ စိတ္လႈပ္ရွားခဲ့ရတယ္။ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲရဲ႕ တကယ့္အဆင့္အတန္းကို ျပသသြားခဲ့တယ္။ မ်က္ေတာင္တခ်က္ခတ္ရင္ တခ်က္လြတ္သြားႏိုင္တဲ့အထိ အသက္ရႈမွားေစခဲ့တယ္။ ေဘာလုံးပရိသတ္ေတြကို အေက်နပ္ႀကီးေက်နပ္ေစခဲ့သလို ေနာက္တေက်ာ့အတြက္ ႀကိဳတင္ရင္ခုန္မႈေတြကိုပါ ခြဲတမ္း ခ်ေကြၽးသြားခဲ့တယ္။ ပြဲႀကီးပြဲေကာင္းတခုကို အရသာရွိရွိခံစားလိုက္ရတဲ့ စြဲမက္စရာ ခ်န္ပီယံလိဂ္ညပါ။ ေဘာလုံးရသကို အျပည့္အဝ ေပးစြမ္းခဲ့တဲ့ တိုက္ပြဲလို႔ ခ်ီးက်ဴးရမွာျဖစ္တယ္။

INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.