Match Report Premier League UCL&UEL

ပေါ်တိုကို အဝေးကွင်းမှာ ဝုန်းပြီး နောက်တစ်ဆင့်အတွက် သာယာသွားတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့ပွဲစဉ်မှာ ဝက်စ်ဘရွန်းနဲ့ အရှုံးကို အကောင်းဆုံး တုံ့ပြန်နိုင်ဖို့ ကြိုးစားခဲ့ပြီး သီယာဂို ဆေးလ်ဗားမပါဝင်တဲ့ ခံစစ်ကို ခင်းကျင်းလာခဲ့ပြီး ရှေ့ပွဲစဉ်တွေအတွက် အနည်းငယ် ပြန်လည်စမ်းသပ်လာခဲ့သလို ပေါ်တိုကတော့ မာလန်းဆားရ်ကို သုံးခွင့်ရှိပေမယ့် မသုံးဘဲနဲ့ ကြားကွင်း ဆီဗီလာရဲ့ ဆန်ချက် ပစ်ဟွမ်မှာ ပွဲထွက်လာခဲ့ပါတယ်။

ထုံးစံအတိုင်း ဧရိယာအစပ်တွေက ခုခံကာကွယ်မှုတွေမှာ အားနည်းတဲ့အချက်ကိုတော့ နည်းပြ တူဟယ်လ်အနေနဲ့ ပြုပြင်ရဦးမှာဖြစ်ပြီး ပေါ်တိုဟာ ဒီနေရာတွေက အဓိက အခွင့်အရေးယူနေတာကို တွေ့ခဲ့ရသလို ပွဲချိန် ၂၃ မိနစ်မှာ ဂိုးထဲကို ဝိုက်ကန်တဲ့ အော့တေဗီယိုရဲ့ ထောင့်ကန်ဘောကို မန်ဒီ ကာကွယ်ခဲ့ရပါတယ်။

ပွဲချိန် ၃၂ မိနစ်မှာတော့ ချဲလ်ဆီးတို့ အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ပြီး ဂျော်ဂျင်ညိုပေးတာကို မေဆန်မောင့်က ကောင်းမွန်တဲ့ အထိန်းအသိမ်းနဲ့ ပေါ်တိုနောက်တန်းကို လှည့်ထွက်ပြီး အနိမ့်ဘော ထောင့်ဖြတ်ကန်သွင်းခဲ့လို့ အဝေးကွင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။

ဒီဂိုးကတော့ ဒီခေတ်ဂိုးသမားတွေရဲ့ အနီးတိုင်ကို အာရုံစိုက်လွန်းမှုလို့ သုံးသပ်ရမှာဖြစ်ပြီး ပွဲတော်တော်များများမှာ ဂိုးသမားတွေဟာ ဒီလို ထောင့်ကျဉ်းဘက်ကနေ အဝေးတိုင်ဆီ ကန်သမျှကို ခွင့်ပြုနေခဲ့ရတာကိုလည်း တွေ့ခဲ့ရပါတယ်။

ဒီနောက်ပိုင်းမှာတော့ ချဲလ်ဆီးရဲ့ တည်ကန်ဘောတွေက ခံစစ်ကစားပုံတွေမှာ မပီပြင်ခဲ့တာကို တွေ့ခဲ့ရသလို ပေါ်တိုတို့အနေနဲ့ ဂိုးဧရိယာထဲမှာ အလွတ်နှစ်ကြိမ် ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် မန်ဒီဆီပဲ တည့်တည့်ရောက်သွားခဲ့လို့ သက်သာခဲ့ရပြီး ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ တူဟယ်လ်ရဲ့လူတွေ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းပြန်စစချင်းမှာ တီမို ဗာနာအနေနဲ့ လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် ဂိုးဘားပေါ်က လွဲချော်သွားခဲ့သလို ဖျက်ထုတ်နိုင်တဲ့ အနေအထားမှာ ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ လူကျွံမှာကို စောင့်နေတဲ့ ရူဒီဂါကြောင့် ပေါ်တိုတိုက်စစ်မှူး မာရီဂါရဲ့ ကန်ချက်ကို မန်ဒီ ပိတ်ဆို့သွားခဲ့ရပြီး ကွန်တေ မပါဝင်မှုကတော့ ခံစစ်နဲ့ ကွင်းလယ် စုစည်းမှုအပိုင်းမှာ တော်တော်လေး သိသာခဲ့ပါတယ်။

ပွဲချိန် ၅၉ မိနစ်မှာ ရူဒီဂါရဲ့ အဝေးက ကန်ချက်ကို ပေါ့လျော့တဲ့ ဂိုးသမား မာရှေစင်ရဲ့ လက်ထဲက ပြန်ထွက်လာတာကို တီမို ဗာနာက ရယူပြီး ဂိုးရှေ့ ပြန်ချိုးပေးခဲ့ပေမယ့် သွင်းယူဖို့ ကြိုးစားတဲ့ ဟာဗတ်ဇ်ကို ပေပေက ခပ်ကြမ်းကြမ်း ဖျက်ထုတ်သွားနိုင်ခဲ့လို့ ချဲလ်ဆီးတို့ အပိုင်တစ်ဂိုး နစ်နာခဲ့ရပါတယ်။

ပွဲချိန် ၆၅ မိနစ်မှာတော့ အလုပ်မဖြစ်တဲ့ ဂျာမန်သားနှစ်ယောက်အစား ပူလီရှစ်ချ်နဲ့ ဂျီရူးတို့ကို လူစားလဲခဲ့ပြီး မိနစ် ၈၀ မှာတော့ မောင့်နဲ့ ဂျိမ်းစ်အစား ကွန်တေနဲ့ သီယာဂို ဆေးလ်ဗားတို့ကို ထည့်ပြီး အနိုင်ရလဒ်အတွက် ထိန်းကစားဖို့ ချဲလ်ဆီးတို့ ပြင်ဆင်လာခဲ့သလို ပေါ်တိုတို့ကတော့ အိမ်ကွင်းမှာ အရှုံးမပေးရဖို့ ကစားသမားသုံးယောက်ကို တစ်ပြိုင်တည်းလဲပြီး ကြိုးစားလာခဲ့ပါတယ်။

ဒါပေမယ့် ခံစစ်ကစားဖို့ ကြိုးစားနေတဲ့ ချဲလ်ဆီးတို့ ကောင်တာကနေ ထိုးဖောက်မှုတွေနဲ့ ပြန်လည်ခြိမ်းခြောက်နိုင်ခဲ့ပြီး ပူလီရှစ်ချ်ရဲ့ ကန်ချက် ဘားထိခဲ့သလို ပွဲချိန် ၈၅ မိနစ်မှာတော့ ဂျူဗင်တပ်စ်သူရဲကောင်း ဟေဆူး ကိုရိုနာရဲ့ ဘောလုံးထိန်းပုံအမှားကနေ ဘယ်နောက်ခံလူ ချေးလ်ဝဲလ်က ပြေးဝင်ရယူသွားခဲ့ပြီး ဂိုးသမားနဲ့ နောက်တန်းတွေကိုပါ ကျော်ဖြတ်သွင်းယူသွားနိုင်ခဲ့ပါတယ်။

ပွဲပြီးဆုံးချိန်မှာတော့ ချဲလ်ဆီးတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပြီး နောက်တစ်ဆင့်တက်ဖို့အတွက် တော်တော်လေး အခွင့်အရေးကောင်းသွားခဲ့ သလို ဒီကွင်းမှာပဲ နောက်တစ်ပတ်မှာ ထပ်မံယှဉ်ပြိုင်ကစားရမယ့် ဒုတိယအကျော့ ပွဲစဉ်ကို ထိန်းသိမ်းကစားပြီး ဒီကြားထဲမှာ ပဲလေ့စ်၊ မန်စီးတီးတို့တွေနဲ့ တွေ့ဆုံမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေဘက်ကို စိတ်အေးလက်အေး လှည့်နိုင်တော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔ပြဲစဥ္မွာ ဝက္စ္ဘ႐ြန္းနဲ႔ အရႈံးကို အေကာင္းဆုံး တုံ႔ျပန္ႏိုင္ဖို႔ ႀကိဳးစားခဲ့ၿပီး သီယာဂို ေဆးလ္ဗားမပါဝင္တဲ့ ခံစစ္ကို ခင္းက်င္းလာခဲ့ၿပီး ေရွ႕ပြဲစဥ္ေတြအတြက္ အနည္းငယ္ ျပန္လည္စမ္းသပ္လာခဲ့သလို ေပၚတိုကေတာ့ မာလန္းဆားရ္ကို သုံးခြင့္ရွိေပမယ့္ မသုံးဘဲနဲ႔ ၾကားကြင္း ဆီဗီလာရဲ႕ ဆန္ခ်က္ ပစ္ဟြမ္မွာ ပြဲထြက္လာခဲ့ပါတယ္။

ထုံးစံအတိုင္း ဧရိယာအစပ္ေတြက ခုခံကာကြယ္မႈေတြမွာ အားနည္းတဲ့အခ်က္ကိုေတာ့ နည္းျပ တူဟယ္လ္အေနနဲ႔ ျပဳျပင္ရဦးမွာျဖစ္ၿပီး ေပၚတိုဟာ ဒီေနရာေတြက အဓိက အခြင့္အေရးယူေနတာကို ေတြ႕ခဲ့ရသလို ပြဲခ်ိန္ ၂၃ မိနစ္မွာ ဂိုးထဲကို ဝိုက္ကန္တဲ့ ေအာ့ေတဗီယိုရဲ႕ ေထာင့္ကန္ေဘာကို မန္ဒီ ကာကြယ္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၃၂ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ အဖြင့္ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ေဂ်ာ္ဂ်င္ညိဳေပးတာကို ေမဆန္ေမာင့္က ေကာင္းမြန္တဲ့ အထိန္းအသိမ္းနဲ႔ ေပၚတိုေနာက္တန္းကို လွည့္ထြက္ၿပီး အနိမ့္ေဘာ ေထာင့္ျဖတ္ကန္သြင္းခဲ့လို႔ အေဝးကြင္းမွာ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ခဲ့ပါတယ္။

ဒီဂိုးကေတာ့ ဒီေခတ္ဂိုးသမားေတြရဲ႕ အနီးတိုင္ကို အာ႐ုံစိုက္လြန္းမႈလို႔ သုံးသပ္ရမွာျဖစ္ၿပီး ပြဲေတာ္ေတာ္မ်ားမ်ားမွာ ဂိုးသမားေတြဟာ ဒီလို ေထာင့္က်ဥ္းဘက္ကေန အေဝးတိုင္ဆီ ကန္သမွ်ကို ခြင့္ျပဳေနခဲ့ရတာကိုလည္း ေတြ႕ခဲ့ရပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ခ်ဲလ္ဆီးရဲ႕ တည္ကန္ေဘာေတြက ခံစစ္ကစားပုံေတြမွာ မပီျပင္ခဲ့တာကို ေတြ႕ခဲ့ရသလို ေပၚတိုတို႔အေနနဲ႔ ဂိုးဧရိယာထဲမွာ အလြတ္ႏွစ္ႀကိမ္ ေခါင္းတိုက္ခြင့္ရခဲ့ေပမယ့္ မန္ဒီဆီပဲ တည့္တည့္ေရာက္သြားခဲ့လို႔ သက္သာခဲ့ရၿပီး ပထမပိုင္းမွာ တစ္ဂိုး-ဂိုးမရွိနဲ႔ တူဟယ္လ္ရဲ႕လူေတြ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္းျပန္စစခ်င္းမွာ တီမို ဗာနာအေနနဲ႔ လြတ္လြတ္ကြၽတ္ကြၽတ္ ေခါင္းတိုက္ခြင့္ရခဲ့ေပမယ့္ ဂိုးဘားေပၚက လြဲေခ်ာ္သြားခဲ့သလို ဖ်က္ထုတ္ႏိုင္တဲ့ အေနအထားမွာ ကိုယ့္အလုပ္ကိုယ္မလုပ္ဘဲ လူကြၽံမွာကို ေစာင့္ေနတဲ့ ႐ူဒီဂါေၾကာင့္ ေပၚတိုတိုက္စစ္မႉး မာရီဂါရဲ႕ ကန္ခ်က္ကို မန္ဒီ ပိတ္ဆို႔သြားခဲ့ရၿပီး ကြန္ေတ မပါဝင္မႈကေတာ့ ခံစစ္နဲ႔ ကြင္းလယ္ စုစည္းမႈအပိုင္းမွာ ေတာ္ေတာ္ေလး သိသာခဲ့ပါတယ္။

ပြဲခ်ိန္ ၅၉ မိနစ္မွာ ႐ူဒီဂါရဲ႕ အေဝးက ကန္ခ်က္ကို ေပါ့ေလ်ာ့တဲ့ ဂိုးသမား မာေရွစင္ရဲ႕ လက္ထဲက ျပန္ထြက္လာတာကို တီမို ဗာနာက ရယူၿပီး ဂိုးေရွ႕ ျပန္ခ်ိဳးေပးခဲ့ေပမယ့္ သြင္းယူဖို႔ ႀကိဳးစားတဲ့ ဟာဗတ္ဇ္ကို ေပေပက ခပ္ၾကမ္းၾကမ္း ဖ်က္ထုတ္သြားႏိုင္ခဲ့လို႔ ခ်ဲလ္ဆီးတို႔ အပိုင္တစ္ဂိုး နစ္နာခဲ့ရပါတယ္။

ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ အလုပ္မျဖစ္တဲ့ ဂ်ာမန္သားႏွစ္ေယာက္အစား ပူလီရွစ္ခ်္နဲ႔ ဂ်ီ႐ူးတို႔ကို လူစားလဲခဲ့ၿပီး မိနစ္ ၈၀ မွာေတာ့ ေမာင့္နဲ႔ ဂ်ိမ္းစ္အစား ကြန္ေတနဲ႔ သီယာဂို ေဆးလ္ဗားတို႔ကို ထည့္ၿပီး အႏိုင္ရလဒ္အတြက္ ထိန္းကစားဖို႔ ခ်ဲလ္ဆီးတို႔ ျပင္ဆင္လာခဲ့သလို ေပၚတိုတို႔ကေတာ့ အိမ္ကြင္းမွာ အရႈံးမေပးရဖို႔ ကစားသမားသုံးေယာက္ကို တစ္ၿပိဳင္တည္းလဲၿပီး ႀကိဳးစားလာခဲ့ပါတယ္။

ဒါေပမယ့္ ခံစစ္ကစားဖို႔ ႀကိဳးစားေနတဲ့ ခ်ဲလ္ဆီးတို႔ ေကာင္တာကေန ထိုးေဖာက္မႈေတြနဲ႔ ျပန္လည္ၿခိမ္းေျခာက္ႏိုင္ခဲ့ၿပီး ပူလီရွစ္ခ်္ရဲ႕ ကန္ခ်က္ ဘားထိခဲ့သလို ပြဲခ်ိန္ ၈၅ မိနစ္မွာေတာ့ ဂ်ဴဗင္တပ္စ္သူရဲေကာင္း ေဟဆူး ကို႐ိုနာရဲ႕ ေဘာလုံးထိန္းပုံအမွားကေန ဘယ္ေနာက္ခံလူ ေခ်းလ္ဝဲလ္က ေျပးဝင္ရယူသြားခဲ့ၿပီး ဂိုးသမားနဲ႔ ေနာက္တန္းေတြကိုပါ ေက်ာ္ျဖတ္သြင္းယူသြားႏိုင္ခဲ့ပါတယ္။

ပြဲၿပီးဆုံးခ်ိန္မွာေတာ့ ခ်ဲလ္ဆီးတို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ခဲ့ၿပီး ေနာက္တစ္ဆင့္တက္ဖို႔အတြက္ ေတာ္ေတာ္ေလး အခြင့္အေရးေကာင္းသြားခဲ့ သလို ဒီကြင္းမွာပဲ ေနာက္တစ္ပတ္မွာ ထပ္မံယွဥ္ၿပိဳင္ကစားရမယ့္ ဒုတိယအေက်ာ့ ပြဲစဥ္ကို ထိန္းသိမ္းကစားၿပီး ဒီၾကားထဲမွာ ပဲေလ့စ္၊ မန္စီးတီးတို႔ေတြနဲ႔ ေတြ႕ဆုံမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္ေတြဘက္ကို စိတ္ေအးလက္ေအး လွည့္ႏိုင္ေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.