Premier League

မက်ဆီ၊ ရော်နယ်လ်ဒို မပါဝင်တော့တဲ့ ချန်ပီယံလိဂ်မှာ ဘလွန်းဒီအောဆုနဲ့ ထိုက်တန်ကြောင်း နေမာသက်သေပြနိုင်မလား?

တဦးချင်းဆုတံဆိပ်တွေကို မက်မောတဲ့ နေမာဟာ မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ရဲ့ လွှမ်းမိုးမှုကို ချေဖျက်လိုတဲ့ ဒီရည်ရွယ်ချက်ကြောင့်ပဲ ပြင်သစ်လိဂ် အထက်တန်းလွှာအသင်းဖြစ်တဲ့ ပီအက်စ်ဂျီကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပေမယ့် ဘောလုံးသမိုင်းမှာ နေမာဆိုတဲ့ အမည်နာမကို ရေးထိုးဖို့ သူ့ရဲ့အောင်မြင်မှုတွေက အခုချိန်ထိ မလုံလောက်သေးတာပါ။

ဆန်းတို့စ်၊ ဘာဆာ၊ ပီအက်စ်ဂျီအသင်းတွေနဲ့အတူ ပြည်တွင်းဖလားတွေကို သိမ်းပိုက်ပြီး ပြည်တွင်းအောင်မြင်မှုတွေကို ရယူထားပေမယ့် ဘရာဇီးလ်သားဟာ ဥရောပအဆင့်မှာတော့ ပီအက်စ်ဂျီအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ဒူးထောက်ခဲ့ရလို့ နာကျင်မှုက သူမတူအောင် ခံပြင်းနေမှာ သေချာပါတယ်။

နေမာရဲ့ တဦးချင်းထူးချွန်မှုနဲ့ ဘောလုံးစွမ်းရည်က မေးခွန်းထုတ်စရာမရှိပေမယ့် ဘယ်မှာလဲ တဦးချင်းအောင်မြင်မှုဆုတံဆိပ်ဆိုရင်တော့ လက်ဆုပ်လက်ကိုင်ပြစရာက ပွတ်ရှ်ကပ်ဆု၊ ပီအက်စ်ဂျီအသင်းက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀၀နီးပါးနဲ့ ဝယ်ယူခဲ့မှုတွေကသာ သူ့အတွက် နှစ်သိမ့်စရာဖြစ်နေပြီး မက်ဆီ၊ ရော်နယ်လ်ဒိုတို့ရဲ့ လောင်းရိပ်အောက်ကနေ မတိုးထွက်နိုင်ခဲ့သူဖြစ်တယ်။

နေမာ အကြောင်း ရှင်းရှင်းပြောရရင်တော့ ဘလွန်းဒီအောဆုကို တကြိမ်တခါမှ မရှိဖူးသေးတဲ့ နာမည်ကြီး ထမင်းငတ်သာဖြစ်နေဆဲ ဆိုတာပါပဲ။ လက်ရှိမှာတော့ ၂၀၀၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကွာတားဖိုင်နယ်အဆင့်မှာ မက်ဆီ၊ ရော်နယ်လ်ဒို မပါဝင်တော့တဲ့ ချန်ပီယံလိဂ်မှာ ဘလွန်းဒီအောဆုနဲ့ ထိုက်တန်ကြောင်း နေမာသက်သေပြနိုင်မလားဆိုတာက အကြီးအကျယ်အာရုံစိုက်စရာ ဖြစ်လာတယ်။

ဘလွန်းဒီအောဆုဟာ လွန်ခဲ့တဲ့ ၄နှစ်က ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ သူ့ရဲ့ အန္တိမပန်းတိုင်ဖြစ်တယ်။ သူက ပီအက်စ်ဂျီနဲ့အတူ ချန်ပီယံလိဂ် ၂၅ ပွဲကစားပြီး ဂိုး ၂၀ သွင်းယူထားတယ်။ ပီအက်စ်ဂျီကို ရောက်ရှိနေပြီးကတည်းက ဒဏ်ရာနဲ့ လုံးပန်းနေခဲ့ရတာဟာ ဥရောပပြိုင်ပွဲမှာ နေမာရဲ့ အသည်းကွဲပုံပြင်တခုပါ။

၂၀၁၇-၁၈ ရာသီမှာ ရီးရဲလ်မက်ဒရစ်နဲ့ ကစားရမယ့် ရှုံးထွက် ၁၆ သင်းအဆင့်ကို လွဲချော်တယ်။ တနှစ်အကြာမှာ မန်ယူနိုက်တက်နဲ့ ၂ ကျော့စလုံးကို လွဲချော်တယ်။ ပြီးခဲ့တဲ့နှစ်က ကွာတားအဆင့်ကိုလည်း ထပ်မံလွဲချော်ပြန်တယ်။ ဒါက နေမာရဲ့ ပြဿနာတွေဖြစ်တယ်။ ဒီနှစ်မှာလည်း ဘာစီလိုနာနဲ့ ပွဲကို သူလွဲချော်ခဲ့ပြန်တယ်။ မက်ဆီ၊ ရော်နယ်လ်ဒိုတို့နဲ့ နှိုင်းယှဉ်ရင် သူ့ရဲ့ ကြံ့ခိုင်မှုကျိန်စာဆိုးသင့်နေတာက အမြဲတမ်း တပန်းရှုံးနေစေခဲ့တာပါ။

“နေမာနဲ့ ရော်နယ်ဒင်ညိုမှာ တူညီတာက သူတို့မှာ ဘောလုံးပါရမီနဲ့ ပတ်သက်ရင် အရာရာအားလုံးကို ပိုင်ဆိုင်ထားတယ်။ ဒါပေမယ့် သူတို့က အခုထက်ပိုတဆင့်မြင့်ပြီး ပိုကြီးမြတ်လာအောင် အားကုန်မထုတ်ကြဘူး”လို့ ပီအက်စ်ဂျီ၊ ဘာစီလိုနာကစားသမားဟောင်း ဂျူလီက ဆိုခဲ့ဖူးတယ်။

ဒီအသင်းတွေရဲ့ ကစားသမားဟောင်း နောက်တဦးဖြစ်တဲ့ ပီတစ်ကလည်း “နေမာကိုယ်တိုင်ကိုက ပြဿနာတရပ်ဖြစ်သလို ဒီပြဿနာရဲ့ အဖြေလည်းဖြစ်တယ်။ သူ့အသက် ၃၀ ပြည့်တော့မယ်။ အမှားတွေကနေ သူသင်ယူရလိမ့်မယ်။ တသက်လုံး ကလေးတယောက်လို မရင့်မကျက် ကစားနေလို့ မရပါဘူး” လို့ ဆိုခဲ့တာက မက်ဆီ၊ ရော်နယ်လ်ဒို မပါဝင်တော့တဲ့ ချန်ပီယံလိဂ်မှာ ဘလွန်းဒီအောဆုနဲ့ ထိုက်တန်ကြောင်း နေမာသက်သေပြနိုင်မလားဆိုတဲ့ မေးခွန်းတွေရဲ့ ခါးသီးမှုကို သူကိုယ်တိုင် ကျော်ဖြတ်ရတော့မှာဖြစ်ကြောင်း တပ်လှန့်ပေးသွားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
တဦးခ်င္းဆုတံဆိပ္ေတြကို မက္ေမာတဲ့ ေနမာဟာ မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔ရဲ႕ လႊမ္းမိုးမႈကို ေခ်ဖ်က္လိုတဲ့ ဒီရည္႐ြယ္ခ်က္ေၾကာင့္ပဲ ျပင္သစ္လိဂ္ အထက္တန္းလႊာအသင္းျဖစ္တဲ့ ပီအက္စ္ဂ်ီကို ေျပာင္းေ႐ႊ႕သြားခဲ့တာျဖစ္ေပမယ့္ ေဘာလုံးသမိုင္းမွာ ေနမာဆိုတဲ့ အမည္နာမကို ေရးထိုးဖို႔ သူ႔ရဲ႕ေအာင္ျမင္မႈေတြက အခုခ်ိန္ထိ မလုံေလာက္ေသးတာပါ။

ဆန္းတို႔စ္၊ ဘာဆာ၊ ပီအက္စ္ဂ်ီအသင္းေတြနဲ႔အတူ ျပည္တြင္းဖလားေတြကို သိမ္းပိုက္ၿပီး ျပည္တြင္းေအာင္ျမင္မႈေတြကို ရယူထားေပမယ့္ ဘရာဇီးလ္သားဟာ ဥေရာပအဆင့္မွာေတာ့ ပီအက္စ္ဂ်ီအသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖိုင္နယ္မွာ ဒူးေထာက္ခဲ့ရလို႔ နာက်င္မႈက သူမတူေအာင္ ခံျပင္းေနမွာ ေသခ်ာပါတယ္။

ေနမာရဲ႕ တဦးခ်င္းထူးခြၽန္မႈနဲ႔ ေဘာလုံးစြမ္းရည္က ေမးခြန္းထုတ္စရာမရွိေပမယ့္ ဘယ္မွာလဲ တဦးခ်င္းေအာင္ျမင္မႈဆုတံဆိပ္ဆိုရင္ေတာ့ လက္ဆုပ္လက္ကိုင္ျပစရာက ပြတ္ရွ္ကပ္ဆု၊ ပီအက္စ္ဂ်ီအသင္းက ကမာၻ႔စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၂၀၀နီးပါးနဲ႔ ဝယ္ယူခဲ့မႈေတြကသာ သူ႔အတြက္ ႏွစ္သိမ့္စရာျဖစ္ေနၿပီး မက္ဆီ၊ ေရာ္နယ္လ္ဒိုတို႔ရဲ႕ ေလာင္းရိပ္ေအာက္ကေန မတိုးထြက္ႏိုင္ခဲ့သူျဖစ္တယ္။

ေနမာ အေၾကာင္း ရွင္းရွင္းေျပာရရင္ေတာ့ ဘလြန္းဒီေအာဆုကို တႀကိမ္တခါမွ မရွိဖူးေသးတဲ့ နာမည္ႀကီး ထမင္းငတ္သာျဖစ္ေနဆဲ ဆိုတာပါပဲ။ လက္ရွိမွာေတာ့ ၂၀၀၅ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ကြာတားဖိုင္နယ္အဆင့္မွာ မက္ဆီ၊ ေရာ္နယ္လ္ဒို မပါဝင္ေတာ့တဲ့ ခ်န္ပီယံလိဂ္မွာ ဘလြန္းဒီေအာဆုနဲ႔ ထိုက္တန္ေၾကာင္း ေနမာသက္ေသျပႏိုင္မလားဆိုတာက အႀကီးအက်ယ္အာ႐ုံစိုက္စရာ ျဖစ္လာတယ္။

ဘလြန္းဒီေအာဆုဟာ လြန္ခဲ့တဲ့ ၄ႏွစ္က ပီအက္စ္ဂ်ီအသင္းကို ေျပာင္းေ႐ႊ႕ခဲ့တဲ့ သူ႔ရဲ႕ အႏၲိမပန္းတိုင္ျဖစ္တယ္။ သူက ပီအက္စ္ဂ်ီနဲ႔အတူ ခ်န္ပီယံလိဂ္ ၂၅ ပြဲကစားၿပီး ဂိုး ၂၀ သြင္းယူထားတယ္။ ပီအက္စ္ဂ်ီကို ေရာက္ရွိေနၿပီးကတည္းက ဒဏ္ရာနဲ႔ လုံးပန္းေနခဲ့ရတာဟာ ဥေရာပၿပိဳင္ပြဲမွာ ေနမာရဲ႕ အသည္းကြဲပုံျပင္တခုပါ။

၂၀၁၇-၁၈ ရာသီမွာ ရီးရဲလ္မက္ဒရစ္နဲ႔ ကစားရမယ့္ ရႈံးထြက္ ၁၆ သင္းအဆင့္ကို လြဲေခ်ာ္တယ္။ တႏွစ္အၾကာမွာ မန္ယူႏိုက္တက္နဲ႔ ၂ ေက်ာ့စလုံးကို လြဲေခ်ာ္တယ္။ ၿပီးခဲ့တဲ့ႏွစ္က ကြာတားအဆင့္ကိုလည္း ထပ္မံလြဲေခ်ာ္ျပန္တယ္။ ဒါက ေနမာရဲ႕ ျပႆနာေတြျဖစ္တယ္။ ဒီႏွစ္မွာလည္း ဘာစီလိုနာနဲ႔ ပြဲကို သူလြဲေခ်ာ္ခဲ့ျပန္တယ္။ မက္ဆီ၊ ေရာ္နယ္လ္ဒိုတို႔နဲ႔ ႏႈိင္းယွဥ္ရင္ သူ႔ရဲ႕ ႀကံ့ခိုင္မႈက်ိန္စာဆိုးသင့္ေနတာက အၿမဲတမ္း တပန္းရႈံးေနေစခဲ့တာပါ။

“ေနမာနဲ႔ ေရာ္နယ္ဒင္ညိဳမွာ တူညီတာက သူတို႔မွာ ေဘာလုံးပါရမီနဲ႔ ပတ္သက္ရင္ အရာရာအားလုံးကို ပိုင္ဆိုင္ထားတယ္။ ဒါေပမယ့္ သူတို႔က အခုထက္ပိုတဆင့္ျမင့္ၿပီး ပိုႀကီးျမတ္လာေအာင္ အားကုန္မထုတ္ၾကဘူး”လို႔ ပီအက္စ္ဂ်ီ၊ ဘာစီလိုနာကစားသမားေဟာင္း ဂ်ဴလီက ဆိုခဲ့ဖူးတယ္။

ဒီအသင္းေတြရဲ႕ ကစားသမားေဟာင္း ေနာက္တဦးျဖစ္တဲ့ ပီတစ္ကလည္း “ေနမာကိုယ္တိုင္ကိုက ျပႆနာတရပ္ျဖစ္သလို ဒီျပႆနာရဲ႕ အေျဖလည္းျဖစ္တယ္။ သူ႔အသက္ ၃၀ ျပည့္ေတာ့မယ္။ အမွားေတြကေန သူသင္ယူရလိမ့္မယ္။ တသက္လုံး ကေလးတေယာက္လို မရင့္မက်က္ ကစားေနလို႔ မရပါဘူး” လို႔ ဆိုခဲ့တာက မက္ဆီ၊ ေရာ္နယ္လ္ဒို မပါဝင္ေတာ့တဲ့ ခ်န္ပီယံလိဂ္မွာ ဘလြန္းဒီေအာဆုနဲ႔ ထိုက္တန္ေၾကာင္း ေနမာသက္ေသျပႏိုင္မလားဆိုတဲ့ ေမးခြန္းေတြရဲ႕ ခါးသီးမႈကို သူကိုယ္တိုင္ ေက်ာ္ျဖတ္ရေတာ့မွာျဖစ္ေၾကာင္း တပ္လွန႔္ေပးသြားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.