Premier League

တီယာနီ ၊ ဒေးဗစ် လူးဝစ်ဇ်၊ ဘယ်လာရင်တို့ကို လက်လွှတ်ရမယ့် အာတီတာ ဟာကီမီကို ဝယ်ယူမလား ?

အာဆင်နယ်နည်းပြ အာတီတာဟာ ပြီးခဲ့တဲ့ လီဗာပူးလ်နဲ့ပွဲစဉ်မှာ တီယာနီကို ဒူးဒဏ်ရာကြောင့် လူစားလဲခဲ့ရတဲ့အပြင် အနည်းဆုံးတလကနေ ဒီရာသီကုန်အထိ အနားယူရဖွယ် ရှိနေသလို သူဟာ အာဆင်နယ်မှာ ဒဏ်ရာပြဿနာနဲ့ ရုန်းကန်နေရပြီးမှ အခုလို ခြေစွမ်းပြနေချိန်မှာ ဒါက အာတီတာအတွက် ထိုးနှက်ချက်ဖြစ်လာတယ်။

ဒါ့အပြင် နောက်လေးပတ်တိတိ လွဲချော်ဦးမယ့် ဒေးဗစ် လူးဝစ်ဇ်၊ နဲ့ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ စီစဉ်ထားတဲ့ ဘယ်လာရင်တို့ဟာ အာဆင်နယ်အသင်းရဲ့ ဒဏ်ရာပြဿနာနဲ့ လူစာရင်းအင်အားကို ပြသနေတာဖြစ်ပြီး လူသစ်ဝယ်ယူဖို့ တောင်းဆိုလာစေတယ်။

အာတီတာအနေနဲ့ လာမယ့်aနွရောသီဈေးကွက်မှာ ညာနောက်ခံအစွန်လူနေရာကို ဖြည့်တင်းမယ်လို့ သိရှိထားရပြီး သူ့ရဲ့ပစ်မှတ်က အင်တာမီလန်ကစားသမား အက်ရှ်ရက်ဖ် ဟာကီမီပါ။ အင်တာမီလန်အသင်းကလည်း အသက် ၂၂ နှစ်သားကို ယူရိုသန်း ၅၀ နဲ့ ရောင်းချသွားမယ်လို့ ပြင်ဆင်နေတာကိုလည်း တွေ့ရတယ်။

အာဆင်နယ်အနေနဲ့ ရာသီအကုန်မှာ မော်ရိုကိုသားကို အခိုင်အမာကမ်းလှမ်းသွားဖို့ ရှိနေပြီး ဒါက အသင်းရဲ့ ဆန္ဒလည်းဖြစ်နေကြောင်း အာတီတာကိုယ်တိုင်က လူသစ်ဝယ်ယူမယ့် အစီအစဉ်ကို ပြီးခဲ့တဲ့လက အတည်ပြုခဲ့ပြီးတာပါ။

” ကျွန်တော်တို့ နွေရာသီအတွက် အရာရာပြင်ဆင်နေပါတယ်။ ဘုတ်အဖွဲ့၊ အမှုဆောင်ချုပ်၊ အသင်းဒါရိုက်တာနဲ့ ပိုင်ရှင်တွေ ကိုယ်တိုင်ကလည်း ဒါကိုလိုလားနေကြပါတယ်။ ကျွန်တော်တို့ ဘယ်လိုကစားသမားသစ်ကို ခေါ်ယူမလဲဆိုတာကို ရှင်းရှင်းလင်းလင်း ပြုလုပ်ပြီးဖြစ်တယ် ”

” အသင်းအတွက် လုပ်စရာတွေ အမြောက်အမြား ရှိနှင့်နေပါတယ်။ လိုရင်းနဲ့ ဦးစားပေးပစ်မှတ်ကို ဖြစ်အောင် ခေါ်ယူမယ်။ ကျွန်တော်တို့အသင်း တည်ငြိမ်မှုရှိရမယ်။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ လူစာရင်း၊ ရေရှည်စွဲမြဲပြီး ခြေစွမ်းပြနေမယ့် လူစာရင်းကို လိုအပ်ပါတယ်။ ” လို့ အာတီတာက အသင်းရဲ့ အပြောင်းအရွေ့နဲ့ပတ်သက်ပြီး ကြိုတင်စီစဉ်ထားရှိမှုတွေကို အရိပ်အမြွက် အသိပေးသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

အာဆင္နယ္နည္းျပ အာတီတာဟာ ၿပီးခဲ့တဲ့ လီဗာပူးလ္နဲ႔ပြဲစဥ္မွာ တီယာနီကို ဒူးဒဏ္ရာေၾကာင့္ လူစားလဲခဲ့ရတဲ့အျပင္ အနည္းဆုံးတလကေန ဒီရာသီကုန္အထိ အနားယူရဖြယ္ ရွိေနသလို သူဟာ အာဆင္နယ္မွာ ဒဏ္ရာျပႆနာနဲ႔ ႐ုန္းကန္ေနရၿပီးမွ အခုလို ေျခစြမ္းျပေနခ်ိန္မွာ ဒါက အာတီတာအတြက္ ထိုးႏွက္ခ်က္ျဖစ္လာတယ္။

ဒါ့အျပင္ ေနာက္ေလးပတ္တိတိ လြဲေခ်ာ္ဦးမယ့္ ေဒးဗစ္ လူးဝစ္ဇ္၊ နဲ႔ ရာသီကုန္မွာ အသင္းကေန ထြက္ခြာခြင့္ျပဳဖို႔ စီစဥ္ထားတဲ့ ဘယ္လာရင္တို႔ဟာ အာဆင္နယ္အသင္းရဲ႕ ဒဏ္ရာျပႆနာနဲ႔ လူစာရင္းအင္အားကို ျပသေနတာျဖစ္ၿပီး လူသစ္ဝယ္ယူဖို႔ ေတာင္းဆိုလာေစတယ္။

အာတီတာအေနနဲ႔ လာမယ့္aႏြေရာသီေဈးကြက္မွာ ညာေနာက္ခံအစြန္လူေနရာကို ျဖည့္တင္းမယ္လို႔ သိရွိထားရၿပီး သူ႔ရဲ႕ပစ္မွတ္က အင္တာမီလန္ကစားသမား အက္ရွ္ရက္ဖ္ ဟာကီမီပါ။ အင္တာမီလန္အသင္းကလည္း အသက္ ၂၂ ႏွစ္သားကို ယူ႐ိုသန္း ၅၀ နဲ႔ ေရာင္းခ်သြားမယ္လို႔ ျပင္ဆင္ေနတာကိုလည္း ေတြ႕ရတယ္။

အာဆင္နယ္အေနနဲ႔ ရာသီအကုန္မွာ ေမာ္႐ိုကိုသားကို အခိုင္အမာကမ္းလွမ္းသြားဖို႔ ရွိေနၿပီး ဒါက အသင္းရဲ႕ ဆႏၵလည္းျဖစ္ေနေၾကာင္း အာတီတာကိုယ္တိုင္က လူသစ္ဝယ္ယူမယ့္ အစီအစဥ္ကို ၿပီးခဲ့တဲ့လက အတည္ျပဳခဲ့ၿပီးတာပါ။

” ကြၽန္ေတာ္တို႔ ေႏြရာသီအတြက္ အရာရာျပင္ဆင္ေနပါတယ္။ ဘုတ္အဖြဲ႕၊ အမႈေဆာင္ခ်ဳပ္၊ အသင္းဒါ႐ိုက္တာနဲ႔ ပိုင္ရွင္ေတြ ကိုယ္တိုင္ကလည္း ဒါကိုလိုလားေနၾကပါတယ္။ ကြၽန္ေတာ္တို႔ ဘယ္လိုကစားသမားသစ္ကို ေခၚယူမလဲဆိုတာကို ရွင္းရွင္းလင္းလင္း ျပဳလုပ္ၿပီးျဖစ္တယ္ ”

” အသင္းအတြက္ လုပ္စရာေတြ အေျမာက္အျမား ရွိႏွင့္ေနပါတယ္။ လိုရင္းနဲ႔ ဦးစားေပးပစ္မွတ္ကို ျဖစ္ေအာင္ ေခၚယူမယ္။ ကြၽန္ေတာ္တို႔အသင္း တည္ၿငိမ္မႈရွိရမယ္။ ၿပိဳင္ဆိုင္မႈျပင္းထန္တဲ့ လူစာရင္း၊ ေရရွည္စြဲၿမဲၿပီး ေျခစြမ္းျပေနမယ့္ လူစာရင္းကို လိုအပ္ပါတယ္။ ” လို႔ အာတီတာက အသင္းရဲ႕ အေျပာင္းအေ႐ြ႕နဲ႔ပတ္သက္ၿပီး ႀကိဳတင္စီစဥ္ထားရွိမႈေတြကို အရိပ္အႁမြက္ အသိေပးသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.