Premier League

အာဆင်ဝင်ဂါးရဲ့ဟောကိန်းက ပေါ့ဘာနဲ့မှ သွေးထွက်အောင် မှန်ကန်ခဲ့ပြီလား ?

ယူနိုက်တက်ကစားသမား ပေါ့ဘာဟာ လာမယ့် ၂၀၂၂ နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ယူနိုက်တက်အနေနဲ့ သူ့ကို အသင်းမှာ ၁ နှစ်သက်တမ်းသာ ပိုင်ဆိုင်ခွင့်ရတော့မှာဖြစ်တယ်။ ပေါ့ဘာကို သက်တမ်းတိုးဖို့ မရေရာမှုတွေ ရှိနေပြီး ဒါတွေကို မီးစပွားထားသူက အေးဂျင့် ရွိုင်အိုလာပါ။

သူက ပေါ့ဘာကို ယူနိုက်တက်ကနေ ပြန်ထုတ်ချင်နေတယ်။ ဂျူဗင်တပ်စ် သို့ ရီးရဲလ်မက်ဒရစ်ဆီ တင်ပို့ပြီး အေးဂျင့်ခ မြိုးမြိုးမြက်မြက် ဝင်နှိုက်ဖို့ စီစဉ်နေတယ်။ သူ့ရဲ့ အစီအစဉ်က ယူနိုက်တက်နဲ့ ပေါ့ဘာကို စည်းလုံးမှုပြိုကွဲအောင်လုပ်တယ်။ ပေါ့ဘာကို အသင်းသစ်ရှာပေးနေတယ်ဆိုတဲ့ သွေးထိုးစကားတွေကို နည်းလမ်းအသွယ်သွယ်နဲ့ ပို့တယ်။

ပေါ့ဘာကိုယ်တိုင်ကလည်း ရွိုင်အိုလာရဲ့စကားတွေ၊ သတင်းတွေနဲ့ ပတ်သက်ပြီး ဆိတ်ဆိတ်နေခဲ့လို့ ဝန်ခံရာရောက်နေခဲ့ပြီးသားဖြစ်နေတာက ယူနိုက်တက်ပရိသတ်တွေကို အတော်လေးစိတ်ပင်ပန်းစေခဲ့တယ်။ ယူနိုက်တက်နည်းပြဆိုးလ်ရှားကပါ ထင်ကြေးတွေကို ဖြေရှင်းဖို့ အားကုန်ခံမှာမဟုတ်ဘူးလို့ ခပ်ပြတ်ပြတ်တုံ့ပြန်ထားခဲ့ရတယ်။

ပေါ့ဘာဟာ အသင်းမှာ တည်ငြိမ်နေကြောင်း၊ အလုပ်လုပ်ဖို့သာ အာရုံစိုက်နေကြောင်း ပြောဆိုပြီး ပရိသတ်တွေကို ပျားရည်နဲ့ဝမ်းချထားရတယ်။ ပေါ့ဘာကို ခေါ်ခဲ့တုန်းက ပေါင် ၈၉ သန်းဆိုတာ ၂၀၁၆ ခုနှစ်မှာ ကမ္ဘာ့ဈေးအကြီးဆုံးစံချိန်ဖြစ်ခဲ့တယ်။ ယူနိုက်တက်က ငွေပုံကြီး ထုတ်သုံးထားပေမယ့် သူ့ကို ပြန်ရောင်းရင်တော့ လက်ရှိအခြေအနေအရကို ဈေးကောင်းရဖို့ မလွယ်ဘူး။

စီးပွားရေးပျက်ကပ်ဆိုက်တာက အသင်းတိုင်းကို အထိနာစေခဲ့တယ်။ သူ့အတွက် ပေါင်သန်း ၅၀ ဝန်းကျင်သာ ရနိုင်ခြေရှိတယ်လို့ သိထားရတယ်။ ဒီလိုဆိုရင်တော့ ယူနိုက်တက်မှာ ထုတ်သုံးစရာ ဝှက်ဖဲတချက်တော့ ရှိတယ်။ အဲဒါက ပေါ့ဘာကို စာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိ အသင်းမှာ စိတ်ပါလက်ပါ ဆက်ကစားခိုင်းသွားစေဖို့ပါ။

လက်ရှိမှာ ပေါင်သန်း ၅၀ နဲ့ ထုတ်ရောင်းမလား၊ ဒါမှမဟုတ် ဒီနှစ်မှာ အသင်းကို လူအင်အားထပ်ဖြည့်ပြီး ပေါ့ဘာပါဝင်တဲ့ တောင့်တင်းတဲ့လူစာရင်းနဲ့အတူ ၂၀၂၂ ပရီးမီးယားလိဂ်ဖလားကို ဒေါင်းတင်မောင်းတင် စိန်ခေါ်မလား? ယူနိုက်တက်ရဲ့ လက်ရှိခြေစွမ်းက အတော်လေးအရှိန်ရနေပြီ။ ချန်ပီယံဖလားကို စိန်ခေါ်ဖို့ ခြေစွမ်းအပြင်းဆုံးအသင်းအဖြစ် နောက်တဆင့်တက်ဖို့သာ ကျန်ရှိတော့တာဖြစ်တယ်။

သူ့ကိုသာ ရောင်းထုတ်လိုက်ရရင် ယူနိုက်တက်ရဲ့ စည်းလုံးနေတဲ့ ကစားအားနဲ့ အရှိန်တခုက တန့်သွားမှာဖြစ်တယ်။ အဖြေတခုကို ယူနိုက်တက်က လက်တွေ့ကျကျ ရွေးရမှာဖြစ်တယ်။တကယ်လို့သာ ၈ နှစ်ကြာဝေးကွာနေတဲ့ ပရီးမီးယားလိဂ်အောင်မြင်မှုသရဖူကို ပြန်လည်ခေါင်းဆောင်းနိုင်မယ်ဆိုရင် ယူနိုက်တက်အနေနဲ့က အဲဒီအချိန်မှ ပေါ့ဘာကို အလွတ်ထွက်ခွာခွင့်ပေးရလည်း နစ်နာစရာ မရှိပါဘူးလို့ ထင်မြင်ယူဆသူတွေ ရှိလာတယ်။

ဒါက ဆိုးလ်ရှား၊ အက်ဒ်ဝုဝက်၊ ဂျွန်မာတာ့ဖ်၊ ဖလက်ချာတို့ စုပေါင်းဖြေဆိုရမယ့် စာမေးပွဲတရပ်ဖြစ်သလို ဒီပဟေဠိဟာ ယူနိုက်တက်အမြန်ဆုံးရှာရမယ့် အဖြေလည်းဖြစ်ပါတယ်။

ဂန္ထဝင်နည်းပြကြီး အာဆင်ဝင်းဂါးရဲ့ ” အနာဂတ်မှာ ဘောလုံးသမားတွေဟာ စာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိ အသင်းမှာ ကစားလာကြတာကို တွေ့ရလိမ့်မယ်။ အကြောင်းကတော့ ကြီးမြင့်လာတဲ့ ပြောင်းရွှေ့ကြေးကို ဘယ်အသင်းကမှ မပေးချင်တော့လို့ပဲ” ဆိုတဲ့ ဟောကိန်းက ပေါ့ဘာနဲ့မှ သွေးထွက်အောင်မှန်မလားဆိုတာလည်း ဆက်လက်စိတ်ဝင်စားစရာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ယူႏိုက္တက္ကစားသမား ေပါ့ဘာဟာ လာမယ့္ ၂၀၂၂ ေႏြရာသီမွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီး ယူႏိုက္တက္အေနနဲ႔ သူ႔ကို အသင္းမွာ ၁ ႏွစ္သက္တမ္းသာ ပိုင္ဆိုင္ခြင့္ရေတာ့မွာျဖစ္တယ္။ ေပါ့ဘာကို သက္တမ္းတိုးဖို႔ မေရရာမႈေတြ ရွိေနၿပီး ဒါေတြကို မီးစပြားထားသူက ေအးဂ်င့္ ႐ြိဳင္အိုလာပါ။

သူက ေပါ့ဘာကို ယူႏိုက္တက္ကေန ျပန္ထုတ္ခ်င္ေနတယ္။ ဂ်ဴဗင္တပ္စ္ သို႔ ရီးရဲလ္မက္ဒရစ္ဆီ တင္ပို႔ၿပီး ေအးဂ်င့္ခ ၿမိဳးၿမိဳးျမက္ျမက္ ဝင္ႏႈိက္ဖို႔ စီစဥ္ေနတယ္။ သူ႔ရဲ႕ အစီအစဥ္က ယူႏိုက္တက္နဲ႔ ေပါ့ဘာကို စည္းလုံးမႈၿပိဳကြဲေအာင္လုပ္တယ္။ ေပါ့ဘာကို အသင္းသစ္ရွာေပးေနတယ္ဆိုတဲ့ ေသြးထိုးစကားေတြကို နည္းလမ္းအသြယ္သြယ္နဲ႔ ပို႔တယ္။

ေပါ့ဘာကိုယ္တိုင္ကလည္း ႐ြိဳင္အိုလာရဲ႕စကားေတြ၊ သတင္းေတြနဲ႔ ပတ္သက္ၿပီး ဆိတ္ဆိတ္ေနခဲ့လို႔ ဝန္ခံရာေရာက္ေနခဲ့ၿပီးသားျဖစ္ေနတာက ယူႏိုက္တက္ပရိသတ္ေတြကို အေတာ္ေလးစိတ္ပင္ပန္းေစခဲ့တယ္။ ယူႏိုက္တက္နည္းျပဆိုးလ္ရွားကပါ ထင္ေၾကးေတြကို ေျဖရွင္းဖို႔ အားကုန္ခံမွာမဟုတ္ဘူးလို႔ ခပ္ျပတ္ျပတ္တုံ႔ျပန္ထားခဲ့ရတယ္။

ေပါ့ဘာဟာ အသင္းမွာ တည္ၿငိမ္ေနေၾကာင္း၊ အလုပ္လုပ္ဖို႔သာ အာ႐ုံစိုက္ေနေၾကာင္း ေျပာဆိုၿပီး ပရိသတ္ေတြကို ပ်ားရည္နဲ႔ဝမ္းခ်ထားရတယ္။ ေပါ့ဘာကို ေခၚခဲ့တုန္းက ေပါင္ ၈၉ သန္းဆိုတာ ၂၀၁၆ ခုႏွစ္မွာ ကမာၻ႔ေဈးအႀကီးဆုံးစံခ်ိန္ျဖစ္ခဲ့တယ္။ ယူႏိုက္တက္က ေငြပုံႀကီး ထုတ္သုံးထားေပမယ့္ သူ႔ကို ျပန္ေရာင္းရင္ေတာ့ လက္ရွိအေျခအေနအရကို ေဈးေကာင္းရဖို႔ မလြယ္ဘူး။

စီးပြားေရးပ်က္ကပ္ဆိုက္တာက အသင္းတိုင္းကို အထိနာေစခဲ့တယ္။ သူ႔အတြက္ ေပါင္သန္း ၅၀ ဝန္းက်င္သာ ရႏိုင္ေျခရွိတယ္လို႔ သိထားရတယ္။ ဒီလိုဆိုရင္ေတာ့ ယူႏိုက္တက္မွာ ထုတ္သုံးစရာ ဝွက္ဖဲတခ်က္ေတာ့ ရွိတယ္။ အဲဒါက ေပါ့ဘာကို စာခ်ဳပ္သက္တမ္းကုန္ဆုံးတဲ့အထိ အသင္းမွာ စိတ္ပါလက္ပါ ဆက္ကစားခိုင္းသြားေစဖို႔ပါ။

လက္ရွိမွာ ေပါင္သန္း ၅၀ နဲ႔ ထုတ္ေရာင္းမလား၊ ဒါမွမဟုတ္ ဒီႏွစ္မွာ အသင္းကို လူအင္အားထပ္ျဖည့္ၿပီး ေပါ့ဘာပါဝင္တဲ့ ေတာင့္တင္းတဲ့လူစာရင္းနဲ႔အတူ ၂၀၂၂ ပရီးမီးယားလိဂ္ဖလားကို ေဒါင္းတင္ေမာင္းတင္ စိန္ေခၚမလား? ယူႏိုက္တက္ရဲ႕ လက္ရွိေျခစြမ္းက အေတာ္ေလးအရွိန္ရေနၿပီ။ ခ်န္ပီယံဖလားကို စိန္ေခၚဖို႔ ေျခစြမ္းအျပင္းဆုံးအသင္းအျဖစ္ ေနာက္တဆင့္တက္ဖို႔သာ က်န္ရွိေတာ့တာျဖစ္တယ္။

သူ႔ကိုသာ ေရာင္းထုတ္လိုက္ရရင္ ယူႏိုက္တက္ရဲ႕ စည္းလုံးေနတဲ့ ကစားအားနဲ႔ အရွိန္တခုက တန႔္သြားမွာျဖစ္တယ္။ အေျဖတခုကို ယူႏိုက္တက္က လက္ေတြ႕က်က် ေ႐ြးရမွာျဖစ္တယ္။တကယ္လို႔သာ ၈ ႏွစ္ၾကာေဝးကြာေနတဲ့ ပရီးမီးယားလိဂ္ေအာင္ျမင္မႈသရဖူကို ျပန္လည္ေခါင္းေဆာင္းႏိုင္မယ္ဆိုရင္ ယူႏိုက္တက္အေနနဲ႔က အဲဒီအခ်ိန္မွ ေပါ့ဘာကို အလြတ္ထြက္ခြာခြင့္ေပးရလည္း နစ္နာစရာ မရွိပါဘူးလို႔ ထင္ျမင္ယူဆသူေတြ ရွိလာတယ္။

ဒါက ဆိုးလ္ရွား၊ အက္ဒ္ဝုဝက္၊ ဂြၽန္မာတာ့ဖ္၊ ဖလက္ခ်ာတို႔ စုေပါင္းေျဖဆိုရမယ့္ စာေမးပြဲတရပ္ျဖစ္သလို ဒီပေဟဠိဟာ ယူႏိုက္တက္အျမန္ဆုံးရွာရမယ့္ အေျဖလည္းျဖစ္ပါတယ္။

ဂႏၴဝင္နည္းျပႀကီး အာဆင္ဝင္းဂါးရဲ႕ ” အနာဂတ္မွာ ေဘာလုံးသမားေတြဟာ စာခ်ဳပ္သက္တမ္းကုန္ဆုံးတဲ့အထိ အသင္းမွာ ကစားလာၾကတာကို ေတြ႕ရလိမ့္မယ္။ အေၾကာင္းကေတာ့ ႀကီးျမင့္လာတဲ့ ေျပာင္းေ႐ႊ႕ေၾကးကို ဘယ္အသင္းကမွ မေပးခ်င္ေတာ့လို႔ပဲ” ဆိုတဲ့ ေဟာကိန္းက ေပါ့ဘာနဲ႔မွ ေသြးထြက္ေအာင္မွန္မလားဆိုတာလည္း ဆက္လက္စိတ္ဝင္စားစရာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.