Premier League

ဗီနီးရှပ်စ် ဘုရင်ဖြစ်ခဲ့တဲ့ နန်းတင်ပွဲ နှင့်အားနိုးလ်ကို ပညာသင်ပေးခဲ့တဲ့ ရီးရဲလ်မက်ဒရစ် 3:1 လီဗာပူးလ်ပွဲအပြီး ထူးထူးခြားခြား ပြောစရာ 7 ချက်

အရန်ခံစစ်မှူးတွေရဲ့ တိုက်ပွဲ
ရီးရဲလ်ရော လီဗာပူးလ်ဟာ ဗဟိုခံစစ်မှူးဒဏ်ရာပြဿနာက ကောင်းကောင်းထိုးနှက်ထားတာကို ခံထားရတယ်။ ဒီပွဲမှာ ရာမို့စ်က ဒဏ်ရာကြောင့် လွဲတယ်။ ဗာရန်းက ကိုဗစ်ပိုးကူးစက်ခံရပြီး ဇီဒန်းလက်လွှတ်ရပြန်တယ်။ လီဗာပူးလ်မှာတော့ ဗန်ဒိုက်နဲ့ မာတစ်ပ်တို့လွဲချော်ခဲ့တယ်။ ဒါကြောင့် နာသန် ဖိလစ်+အိုဇန် ကာဘက်နဲ့ နာချို ဖာနန်ဒက်စ်+ အီဒါ မီလီတောင်တို့ရဲ့ အရန်ခံစစ်မှူးတွေရဲ့ တိုက်ပွဲဖြစ်ခဲ့တယ်။ လီဗာပူးလ်ပေးခဲ့ရတဲ့ ၃ ဂိုးမှာ ၂ ဂိုးက အတွေ့အကြုံနုလှတဲ့ ဗဟိုခံစစ်မှူးအတွဲရဲ့ ဆုံးဖြတ်ချက်အားနည်းချက်ကြောင့် ပေးခဲ့ရသလို မိုဆာလားရဲ့ဂိုးမှာလည်း ရီးရဲလ်ခံစစ်က လူကျွံဘောမဖမ်းနိုင်ခဲ့တဲ့ အားနည်းချက်က ထင်ထင်ရှားရှား ပေါ်လွင်ခဲ့တယ်။

ပြောင်းပြန်ရလဒ်ထွက်စေခဲ့တဲ့ ကလော့ပ်ရဲ့အလောင်းအစား
အယ်လ်ကန်တာရာလို ချန်ပီယံဖလား ၂ ကြိမ်ကိုင်မြှောက်ထားတဲ့ ချန်ပီယံလိဂ်အထာကောင်းကောင်းနပ်တဲ့ ဝါရင့်ကစားသမားကို ကလော့ပ် ချန်ခဲ့တယ်။ နာဘီ ကီတာကို ဗိုင်နယ်ဒမ်၊ ဖာဘင်ညိုတို့နဲ့ တွဲဖက်ပြီး ကွင်းလယ်မှာ ပွဲထွက်စေခဲ့တယ်။ ဒီလူထုတ်ပုံက ကလော့ပ် မလုပ်သင့်ခဲ့တဲ့ အလောင်းအစားဖြစ်တယ်။ သူ့ဆုံးဖြတ်ချက်အတွက် သူပေးဆပ်ခဲ့ရတယ်။ တိုနီကရူးစ်နဲ့ မိုဒရစ်တို့ရဲ့ ကွင်းလယ်လွှမ်းမိုးမှုနဲ့ ကစားကွက်အတင်အချစွမ်းရည်က လီဗာပူးလ်ကို နစ်မြှုပ်စေခဲ့တယ်။

တိုနီ ခရူးစ်+ မိုဒရစ်အတွဲရဲ့ မဖောက်ပြန်တဲ့ခြေစွမ်း
ဒီအတွဲက ရီးရဲလ်တခေတ်ကို စိုးမိုးခဲ့တာကြာပြီ။ ရီးရဲလ်ကွင်းလယ်ရဲ့ အသက်ကို ထာဝရရှင်သန်နေစေခဲ့တယ်။ ခရူးစ်က ၃၁ နှစ်၊ မိုဒရစ်က ၃၅ နှစ်၊ အသက်အရွယ်တွေကသာ ဖောက်ပြန်လာပေမယ့် သူတို့ရဲ့ခြေစွမ်းက မဖောက်ပြန်ခဲ့ပါဘူး။ မဖောက်ပြန်တဲ့အပြင် နှစ်ချို့ဝိုင်တွေလို အနှစ်သာရ ရှိလှတဲ့ ခြေစွမ်း၊ ဘောလုံးဦးနှောက်နဲ့ လီဗာပူးလ်ကို ပညာသားပါပါ ထိန်းချုပ်ကစားသွားခဲ့တယ်။ ဒီနေ့ လီဗာပူးလ်ရဲ့ခြေစွမ်းနဲ့ ပွဲအရှိန်က သူတို့လက်ခုပ်ထဲကရေ ဖြစ်ခဲ့တယ်။

ထရန့် အလက်ဇန်းဒါး အားနိုးလ်ကို ပညာသင်ပေးခဲ့တဲ့ ခြောက်အိပ်မက်ဆိုး
ကမ္ဘာ့အကောင်းဆုံး ညာနောက်ခံအစွန်လူတွေထဲမှာ စာရင်းပေါက်ထားတဲ့ အာနိုးလ်က ဒီနေ့မှာ ခြောက်အိပ်မက်ဆိုးကြီးကို မက်ခဲ့ရတယ်။ မနိုးထနိုင်လောက်အောင် ခံစားခဲ့ရတယ်။ ပထမပိုင်းမှာ ပေးခဲ့ရတဲ့ ၂ ဂိုးမှာ ဗီနီးရှပ်စ်နှိပ်စက်သမျှကို ခံခဲ့ရတဲ့ အခြေအနေကို မြင်တွေ့ခဲ့ရတယ်။ သူ့ရဲ့ ခံစစ်ပိုင်းအားနည်းမှုက ရီးရဲလ်ရဲ့ အမြတ်ထုတ်စရာ ဖြစ်ခဲ့တယ်။

မန်ဒီ၊ ဘန်ဇီမာ၊ ဗင်နီရှပ်စ်တို့က လီဗာပူးလ်ရဲ့ ညာခြမ်းကို ဟက်ပီးဝေါကစားကွင်းသဖွယ် ကစားသွားခဲ့တာဖြစ်တယ်ဆိုရင် မလွန်နိုင်ပါဘူး။ အဆန်စီယိုရဲ့ သွင်းဂိုးမှာလည်း အာနိုးလ်မှားခဲ့တယ်။ ငယ်ရွယ်နုနယ်သေးတဲ့ ၂၂နှစ်သားဟာ ပညာကောင်းကောင်းသင်ယူခဲ့ရတဲ့ ဒီအိပ်မက်ဆိုးက ပြန်ရုန်းထဖို့ နောက်တကျော့မှာ သူအများကြီး သင်ယူပြင်ဆင်လာရပါလိမ့်မယ်။

ဗီနီးရှပ်စ် ဘုရင်ဖြစ်ခဲ့တဲ့ နန်းတင်ပွဲ
သူက သိပ်စိတ်လှုပ်ရှားကောင်းတဲ့ ကစားပုံမျိုးကို ပိုင်ဆိုင်ထားတဲ့ ပါရမီရှင်တဦးဖြစ်တယ်။ လွန်ခဲ့တဲ့ ၃ နှစ်က ယူရို ၄၅ သန်းနဲ့ ဝယ်ယူပြီး ရီးရဲလ်က မွေးမြူလာခဲ့တဲ့ လူငယ်ကြယ်ပွင့်ဖြစ်တယ်။ အသင်းရဲ့ မွေးမြူရကျိုးနပ်မှုကို ဒီနေ့ပွဲမှာ သူက ကောင်းကောင်းသက်သေပြခဲ့တယ်။ သူနဲ့ပတ်သက်ပြီး လျှပ်စီးလို လျင်မြန်တဲ့ အရှိန်နှုန်းနဲ့ ကျင်လည်လှတဲ့ ဘောလုံးလိမ်ခေါက်ကျော်ဖြတ်မှုတွေက အဆုံးသတ်ပိုင်းမှာ အားနည်းလွန်းတဲ့အချက်နဲ့တွဲလို့ ပြောစရာဖြစ်ခဲ့တယ်။ ရီးရဲလ်ရဲ့ ပွဲထွက် ၁၀၅ ပွဲမှာ ၁၂ ဂိုးသားသွင်းပြီး ၂၂ ဂိုးဖန်တီးမှုလုပ်ထားတယ်။ ဒီနေ့ပွဲမှာတော့ သူ့ရဲ့ ပြောင်မြောက်တဲ့ သွင်းဂိုး ၂ ဂိုးက ဘရာဇီးလ်သားရဲ့ ဝေဖန်မှုတွေကို ချေဖျက်ပြခဲ့မှုဖြစ်တယ်။ ကလော့ပ်အကြောက်ရဆုံး ကစားသမားဖြစ်ခဲ့ပြီး ဒီနေ့ပွဲရဲ့ အကောင်းဆုံး ကစားသမားအဖြစ်လည်း မြင်တွေ့ခဲ့ရတယ်။

ပထမပိုင်းမှာ စုတ်ချာလွန်းတဲ့ လီဗာပူးလ်
ကလော့ပ်ရဲ့ လီဗာပူးလ်က ဒီလိုခြေစွမ်းမျိုးနဲ့ မြင်ရတာ အတော်အံ့အားသင့်ဖို့ ကောင်းပါတယ်။ အထူးသဖြင့် ပထမပိုင်းမှာပါ။ ခံစစ်ကြောင်း တိုက်စစ်တန်းကို ဘောလုံးတည်ပြီး ကစားနိုင်ဖို့တောင် ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ အသက်ငင်နေတာပါ။ ကလော့ပ်က ခြေစွမ်းညံ့လွန်းတဲ့ ကီတာကို ၄၂ မိနစ်မှာ ထုတ်ပြီး အယ်လ်ကန်တာရာကို ကွင်းထဲ အမြန်မောင်းသွင်းခဲ့ရတယ်။ တသင်းလုံး ညံ့ဖျင်းခဲ့တယ်လို့ ပြောရမှာပါ။ အထူးသဖြင့် ကွင်းလယ်ပိုင်းက ဘောလုံးကိုင်နိုင်ဖို့တောင် ခဲယဉ်းလှပြီး ရီးရဲလ်ရဲ့ အစိုးမိုးခံသက်သက်သာ ဖြစ်ခဲ့တယ်။

လီဗာပူးလ်ကို အသက်ရှင်သွားစေတဲ့ မိုဆာလားရဲ့ အဝေးဂိုး
၂၀၁၈ ချန်ပီယံလိဂ်ဖိုင်နယ်က အငြှိုးအတေးတွေဟာ မိုဆာလားရဲ့ ရင်ထဲမှာ ပြင်းပြင်တောက်လောက်နေဆဲပါ။ ရီးရဲလ်ကို ကောင်းကောင်းကြီး ဒုက္ခပေးပြီး လက်စားချေဖို့ သူပြင်ဆင်လာခဲ့တယ်။ တသင်းလုံးညံ့ဖျင်းနေလို့သာ သူ့ရဲ့ပေါက်ကွဲအားက ကန့်သတ်ခံလိုက်ရတယ်။

ဒုတိယပိုင်းအစ ၆ မိနစ်မှာ ချေပဂိုးယူပေးခဲ့တဲ့ မိုဆာလားက နောက်တကျော့မှာ ရီးရဲလ်ကို လက်စတုံးခွင့်ရအောင် လီဗာပူးလ်ကို လမ်းကြောင်းပေါ် ပြန်တင်ပေးခဲ့တယ်။ ဒီဂိုးက ကျားနာတကောင်ရဲ့ ကြောက်မက်ဖွယ်ဂိုးလည်းဖြစ်ပါတယ်။ နောက်တကျော့ဟာ ဆာလားမျှော်မှန်းထားတဲ့ အိပ်မက်တခုလည်း ဖြစ်နိုင်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

အရန္ခံစစ္မႉးေတြရဲ႕ တိုက္ပြဲ
ရီးရဲလ္ေရာ လီဗာပူးလ္ဟာ ဗဟိုခံစစ္မႉးဒဏ္ရာျပႆနာက ေကာင္းေကာင္းထိုးႏွက္ထားတာကို ခံထားရတယ္။ ဒီပြဲမွာ ရာမို႔စ္က ဒဏ္ရာေၾကာင့္ လြဲတယ္။ ဗာရန္းက ကိုဗစ္ပိုးကူးစက္ခံရၿပီး ဇီဒန္းလက္လႊတ္ရျပန္တယ္။ လီဗာပူးလ္မွာေတာ့ ဗန္ဒိုက္နဲ႔ မာတစ္ပ္တို႔လြဲေခ်ာ္ခဲ့တယ္။ ဒါေၾကာင့္ နာသန္ ဖိလစ္+အိုဇန္ ကာဘက္နဲ႔ နာခ်ိဳ ဖာနန္ဒက္စ္+ အီဒါ မီလီေတာင္တို႔ရဲ႕ အရန္ခံစစ္မႉးေတြရဲ႕ တိုက္ပြဲျဖစ္ခဲ့တယ္။ လီဗာပူးလ္ေပးခဲ့ရတဲ့ ၃ ဂိုးမွာ ၂ ဂိုးက အေတြ႕အႀကဳံႏုလွတဲ့ ဗဟိုခံစစ္မႉးအတြဲရဲ႕ ဆုံးျဖတ္ခ်က္အားနည္းခ်က္ေၾကာင့္ ေပးခဲ့ရသလို မိုဆာလားရဲ႕ဂိုးမွာလည္း ရီးရဲလ္ခံစစ္က လူကြၽံေဘာမဖမ္းႏိုင္ခဲ့တဲ့ အားနည္းခ်က္က ထင္ထင္ရွားရွား ေပၚလြင္ခဲ့တယ္။

ေျပာင္းျပန္ရလဒ္ထြက္ေစခဲ့တဲ့ ကေလာ့ပ္ရဲ႕အေလာင္းအစား
အယ္လ္ကန္တာရာလို ခ်န္ပီယံဖလား ၂ ႀကိမ္ကိုင္ေျမႇာက္ထားတဲ့ ခ်န္ပီယံလိဂ္အထာေကာင္းေကာင္းနပ္တဲ့ ဝါရင့္ကစားသမားကို ကေလာ့ပ္ ခ်န္ခဲ့တယ္။ နာဘီ ကီတာကို ဗိုင္နယ္ဒမ္၊ ဖာဘင္ညိဳတို႔နဲ႔ တြဲဖက္ၿပီး ကြင္းလယ္မွာ ပြဲထြက္ေစခဲ့တယ္။ ဒီလူထုတ္ပုံက ကေလာ့ပ္ မလုပ္သင့္ခဲ့တဲ့ အေလာင္းအစားျဖစ္တယ္။ သူ႔ဆုံးျဖတ္ခ်က္အတြက္ သူေပးဆပ္ခဲ့ရတယ္။ တိုနီက႐ူးစ္နဲ႔ မိုဒရစ္တို႔ရဲ႕ ကြင္းလယ္လႊမ္းမိုးမႈနဲ႔ ကစားကြက္အတင္အခ်စြမ္းရည္က လီဗာပူးလ္ကို နစ္ျမႇဳပ္ေစခဲ့တယ္။

တိုနီ ခ႐ူးစ္+ မိုဒရစ္အတြဲရဲ႕ မေဖာက္ျပန္တဲ့ေျခစြမ္း
ဒီအတြဲက ရီးရဲလ္တေခတ္ကို စိုးမိုးခဲ့တာၾကာၿပီ။ ရီးရဲလ္ကြင္းလယ္ရဲ႕ အသက္ကို ထာဝရရွင္သန္ေနေစခဲ့တယ္။ ခ႐ူးစ္က ၃၁ ႏွစ္၊ မိုဒရစ္က ၃၅ ႏွစ္၊ အသက္အ႐ြယ္ေတြကသာ ေဖာက္ျပန္လာေပမယ့္ သူတို႔ရဲ႕ေျခစြမ္းက မေဖာက္ျပန္ခဲ့ပါဘူး။ မေဖာက္ျပန္တဲ့အျပင္ ႏွစ္ခ်ိဳ႕ဝိုင္ေတြလို အႏွစ္သာရ ရွိလွတဲ့ ေျခစြမ္း၊ ေဘာလုံးဦးေႏွာက္နဲ႔ လီဗာပူးလ္ကို ပညာသားပါပါ ထိန္းခ်ဳပ္ကစားသြားခဲ့တယ္။ ဒီေန႔ လီဗာပူးလ္ရဲ႕ေျခစြမ္းနဲ႔ ပြဲအရွိန္က သူတို႔လက္ခုပ္ထဲကေရ ျဖစ္ခဲ့တယ္။

ထရန႔္ အလက္ဇန္းဒါး အားႏိုးလ္ကို ပညာသင္ေပးခဲ့တဲ့ ေျခာက္အိပ္မက္ဆိုး
ကမာၻ႔အေကာင္းဆုံး ညာေနာက္ခံအစြန္လူေတြထဲမွာ စာရင္းေပါက္ထားတဲ့ အာႏိုးလ္က ဒီေန႔မွာ ေျခာက္အိပ္မက္ဆိုးႀကီးကို မက္ခဲ့ရတယ္။ မႏိုးထႏိုင္ေလာက္ေအာင္ ခံစားခဲ့ရတယ္။ ပထမပိုင္းမွာ ေပးခဲ့ရတဲ့ ၂ ဂိုးမွာ ဗီနီးရွပ္စ္ႏွိပ္စက္သမွ်ကို ခံခဲ့ရတဲ့ အေျခအေနကို ျမင္ေတြ႕ခဲ့ရတယ္။ သူ႔ရဲ႕ ခံစစ္ပိုင္းအားနည္းမႈက ရီးရဲလ္ရဲ႕ အျမတ္ထုတ္စရာ ျဖစ္ခဲ့တယ္။ မန္ဒီ၊ ဘန္ဇီမာ၊ ဗင္နီရွပ္စ္တို႔က လီဗာပူးလ္ရဲ႕ ညာျခမ္းကို ဟက္ပီးေဝါကစားကြင္းသဖြယ္ ကစားသြားခဲ့တာျဖစ္တယ္ဆိုရင္ မလြန္ႏိုင္ပါဘူး။ အဆန္စီယိုရဲ႕ သြင္းဂိုးမွာလည္း အာႏိုးလ္မွားခဲ့တယ္။ ငယ္႐ြယ္ႏုနယ္ေသးတဲ့ ၂၂ႏွစ္သားဟာ ပညာေကာင္းေကာင္းသင္ယူခဲ့ရတဲ့ ဒီအိပ္မက္ဆိုးက ျပန္႐ုန္းထဖို႔ ေနာက္တေက်ာ့မွာ သူအမ်ားႀကီး သင္ယူျပင္ဆင္လာရပါလိမ့္မယ္။

ဗီနီးရွပ္စ္ ဘုရင္ျဖစ္ခဲ့တဲ့ နန္းတင္ပြဲ
သူက သိပ္စိတ္လႈပ္ရွားေကာင္းတဲ့ ကစားပုံမ်ိဳးကို ပိုင္ဆိုင္ထားတဲ့ ပါရမီရွင္တဦးျဖစ္တယ္။ လြန္ခဲ့တဲ့ ၃ ႏွစ္က ယူ႐ို ၄၅ သန္းနဲ႔ ဝယ္ယူၿပီး ရီးရဲလ္က ေမြးျမဴလာခဲ့တဲ့ လူငယ္ၾကယ္ပြင့္ျဖစ္တယ္။ အသင္းရဲ႕ ေမြးျမဴရက်ိဳးနပ္မႈကို ဒီေန႔ပြဲမွာ သူက ေကာင္းေကာင္းသက္ေသျပခဲ့တယ္။ သူနဲ႔ပတ္သက္ၿပီး လွ်ပ္စီးလို လ်င္ျမန္တဲ့ အရွိန္ႏႈန္းနဲ႔ က်င္လည္လွတဲ့ ေဘာလုံးလိမ္ေခါက္ေက်ာ္ျဖတ္မႈေတြက အဆုံးသတ္ပိုင္းမွာ အားနည္းလြန္းတဲ့အခ်က္နဲ႔တြဲလို႔ ေျပာစရာျဖစ္ခဲ့တယ္။ ရီးရဲလ္ရဲ႕ ပြဲထြက္ ၁၀၅ ပြဲမွာ ၁၂ ဂိုးသားသြင္းၿပီး ၂၂ ဂိုးဖန္တီးမႈလုပ္ထားတယ္။ ဒီေန႔ပြဲမွာေတာ့ သူ႔ရဲ႕ ေျပာင္ေျမာက္တဲ့ သြင္းဂိုး ၂ ဂိုးက ဘရာဇီးလ္သားရဲ႕ ေဝဖန္မႈေတြကို ေခ်ဖ်က္ျပခဲ့မႈျဖစ္တယ္။ ကေလာ့ပ္အေၾကာက္ရဆုံး ကစားသမားျဖစ္ခဲ့ၿပီး ဒီေန႔ပြဲရဲ႕ အေကာင္းဆုံး ကစားသမားအျဖစ္လည္း ျမင္ေတြ႕ခဲ့ရတယ္။

ပထမပိုင္းမွာ စုတ္ခ်ာလြန္းတဲ့ လီဗာပူးလ္
ကေလာ့ပ္ရဲ႕ လီဗာပူးလ္က ဒီလိုေျခစြမ္းမ်ိဳးနဲ႔ ျမင္ရတာ အေတာ္အံ့အားသင့္ဖို႔ ေကာင္းပါတယ္။ အထူးသျဖင့္ ပထမပိုင္းမွာပါ။ ခံစစ္ေၾကာင္း တိုက္စစ္တန္းကို ေဘာလုံးတည္ၿပီး ကစားႏိုင္ဖို႔ေတာင္ ဖုတ္လႈိက္ဖုတ္လႈိက္နဲ႔ အသက္ငင္ေနတာပါ။ ကေလာ့ပ္က ေျခစြမ္းညံ့လြန္းတဲ့ ကီတာကို ၄၂ မိနစ္မွာ ထုတ္ၿပီး အယ္လ္ကန္တာရာကို ကြင္းထဲ အျမန္ေမာင္းသြင္းခဲ့ရတယ္။ တသင္းလုံး ညံ့ဖ်င္းခဲ့တယ္လို႔ ေျပာရမွာပါ။ အထူးသျဖင့္ ကြင္းလယ္ပိုင္းက ေဘာလုံးကိုင္ႏိုင္ဖို႔ေတာင္ ခဲယဥ္းလွၿပီး ရီးရဲလ္ရဲ႕ အစိုးမိုးခံသက္သက္သာ ျဖစ္ခဲ့တယ္။

လီဗာပူးလ္ကို အသက္ရွင္သြားေစတဲ့ မိုဆာလားရဲ႕ အေဝးဂိုး
၂၀၁၈ ခ်န္ပီယံလိဂ္ဖိုင္နယ္က အျငႇိဳးအေတးေတြဟာ မိုဆာလားရဲ႕ ရင္ထဲမွာ ျပင္းျပင္ေတာက္ေလာက္ေနဆဲပါ။ ရီးရဲလ္ကို ေကာင္းေကာင္းႀကီး ဒုကၡေပးၿပီး လက္စားေခ်ဖို႔ သူျပင္ဆင္လာခဲ့တယ္။ တသင္းလုံးညံ့ဖ်င္းေနလို႔သာ သူ႔ရဲ႕ေပါက္ကြဲအားက ကန႔္သတ္ခံလိုက္ရတယ္။

ဒုတိယပိုင္းအစ ၆ မိနစ္မွာ ေခ်ပဂိုးယူေပးခဲ့တဲ့ မိုဆာလားက ေနာက္တေက်ာ့မွာ ရီးရဲလ္ကို လက္စတုံးခြင့္ရေအာင္ လီဗာပူးလ္ကို လမ္းေၾကာင္းေပၚ ျပန္တင္ေပးခဲ့တယ္။ ဒီဂိုးက က်ားနာတေကာင္ရဲ႕ ေၾကာက္မက္ဖြယ္ဂိုးလည္းျဖစ္ပါတယ္။ ေနာက္တေက်ာ့ဟာ ဆာလားေမွ်ာ္မွန္းထားတဲ့ အိပ္မက္တခုလည္း ျဖစ္ႏိုင္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.