Premier League

ဝက်စ်ဘရွမ်း ရှုံးပွဲနောက်ကွယ်က ချဲလ်ဆီး ကစားသမားတွေရဲ့ ရန်ပွဲကို တူဟယ်လ်ဘယ်လိုဖြေရှင်းလိုက်သလဲ

ပြီးခဲ့တဲ့စနေနေ့က စတမ်းဖို့ဒ်ဘရစ်ချ်မှာ တန်းဆင်းဇုန်အသင်းဖြစ်တဲ့ ဝက်စ်ဘရွမ်းအကို ရုပ်ပျက်ဆင်းပျက်ရလဒ် ၂-၅ နဲ့ ဒူးထောက်ခဲ့ရတဲ့ ချယ်လ်ဆီးအသင်းဟာ ဒီရှုံးပွဲနောက်ကွယ်မှာတော့ အတော်လေး ဂယက်ထသွားခဲ့ကြောင်း သိရပြီး တူဟယ်လ်အတွက် နည်းပြဟောင်းလမ်းပတ်ရင်ဆိုင်ခဲ့ရတဲ့ ပြဿနာအဟောင်းတွေက ကြိုဆိုနေပြီလားလို့ မေးခွန်းစရာထုတ်စရာဖြစ်ခဲ့တယ်။

တူဟယ်လ်အနေနဲ့ ချယ်လ်ဆီးနည်းပြဘဝ ၁၄ ဆက်ရှုံးပွဲမရှိစံချိန်ကို ဖျက်ဆီးခံလိုက်ရတာဖြစ်ပြီး ဒါဟာလည်း တန်းဆင်းဇုန်ထဲက ဝက်စ်ဘရွမ်းအသင်းဖြစ်နေလို့ ထင်မှတ်မထားတဲ့ အပြောင်းအလဲတခုကို ရုတ်ချည်းရင်ဆိုင်လိုက်ရတာပါ။ မီးစတခု အစပြုလာခဲ့ခြင်းလားလို့ သို့လော သို့လော ဖြစ်သွားစေခဲ့တာပါ။

ဝက်စ်ဘရွမ်းရှူံးပွဲအပြီး တနင်္ဂနွေနေ့ အသင်းလေ့ကျင့်ရေးအစီအစဥ်မှာ ဂိုးသမား ကယ်ပါ နဲ့ ဗဟိုခံစစ်မှူး ရူဒီဂါတို့ဟာ ရန်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိခဲ့ရပြီး ဒါဟာ အဆိုပါရှုံးပွဲရဲ့ စနက်တံပေါက်ကွဲမှုလို့ သိရပါတယ်။ တွန်းထိုးနေတဲ့ သူတို့နှစ်ဦးကို အသင်းဖော်တွေက ဝိုင်းဝန်းဖျန်ဖြေပေးခဲ့ရပြီး ဒေါသတကြီးနဲ့ နိုင်လိုစိတ်ပြင်းသလို အရှုံးကိုလက်ခံနိုင်ခြင်းမရှိသေးတဲ့ ရူဒီဂါက အဝတ်လဲခန်းထဲကို ပို့ဆောင်ခြင်းခံလိုက်ရတယ်။

တူဟယ်လ်က ကယ်ပါကိုတော့ စိတ်အေးအေးထားဖို့ စည်းရုံးနိုင်ခဲ့ကာ ပေါက်ကွဲတတ်ပြီး သူ့အလွန်ဖြစ်သွားခဲ့တဲ့ ရူဒီဂါကတော့ ဒီဖြစ်ရပ်အပြီးမှာ ကယ်ပါကို ပြန်တောင်းပန်ခဲ့တယ်လို့ သိရပြီး တူဟယ်လ်ကလည်း ဒီရန်ပွဲကို ကိုင်တွယ်နိုင်ခဲ့လို့ အသင်းဖော်အချင်းချင်းကြား အာဃာတတွေ မရှိဘဲ အသင်းကိုထိန်းသိမ်းထားနိုင်ကြောင်း သိရပါတယ်။

ဝက်စ်ဘရွမ်းရှူံးပွဲအပြီးမှာ ရီစီဂျိမ်းစ်နဲ့ အက်ဇ်ပီလီကျူတာတို့နှစ်ဦးဟာ သီးသန့် အကြိတ်အနယ် စကားပြောဆိုခဲ့ကြသေးကြောင်း ထပ်မံသိရပြီး ဒီအရှုံးရဲ့ အဖြေကို ပွင့်လင်းစွာဆွေးနွေးမှုနဲ့ ရှာဖွေခဲ့ကြတာပါ။ ခံစစ်ရဲ့အမှားတွေကို ပြတ်ပြတ်သားသား ဝေဖန်ခဲ့တာဖြစ်ပြီး ရီစီဂျိမ်းစ်ရဲ့အမှားကြောင့် ပေးခဲ့ရတဲ့ တဂိုးကလည်း ရှိခဲ့တာပါ။ သူတို့နှစ်ဦးကြားမှာတော့ အချင်းများခြင်း မရှိခဲ့ဘဲ အဆင်ပြေပြေနဲ့ ကျေလည်အောင် ပြောဆိုဆွေးနွေးနိုင်ခဲ့ကြတယ်လို့ သတင်းက ဆိုပါတယ်။

” ကျွန်တော်တို့အသင်းက ၁၄ ပွဲတောင် ကျော်ဖြတ်လာပြီးမှ ဒီတပွဲရှူံးလို့ ကစားသမားတွေကိုထားတဲ့ ယုံကြည်မှုက ပဲ့ပါမသွားပါဘူး။ ကျွန်တော်တို့ တည်​​ငြိမ်ရတယ်။ အမှန်ကို အမှန်အတိုင်းမြင်ရမယ်။”

” ကျွန်တော်တို့အနေနဲ့ အရှူံးကို တသင်းလုံး အတူတကွ တညီတညွတ်တည်း လက်သင့်ခံရပါမယ်။ အရှုံးကိုရင်ဆိုင်တတ်ဖို့ သိပ်အရေးကြီးပါတယ်။ အတူတကွရင်ဆိုင်ရပါမယ်။ ကျွန်တော်သည်လည်း ဒီအသင်းရဲ့ အစိတ်အပိုင်းတရပ်ဖြစ်ပြီး ဒီအရှူံးကို ကောင်းကောင်းမွန်မွန်နဲ့ တည်တည်ငြိမ်ငြိမ် ကိုင်တွယ်သွားမှာပါ။ အသင်းတွင်းမှာ ဘာအပြောင်းအလဲမှ မရှိပါဘူး။ ခရီးပန်းထားတဲ့ ကစားသမားတွေကိုတော့ နားရက်ပေးသွားမယ်။ အဖွဲ့လိုက်လေ့ကျင့်ရေးအစီအစဥ်ကိုတော့ နားမှာမဟုတ်ပါဘူး” လို့ တူဟယ်လ်က ဝက်စ်ဘရွမ်းနဲ့ ရှုံးပွဲအပြီးမှာ အသင်းကို ကိုင်တွယ်သွားမလဲဆိုတာနဲ့ ပတ်သက်လို့ ပြောဆိုသွားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ၿပီးခဲ့တဲ့စေနေန႔က စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ တန္းဆင္းဇုန္အသင္းျဖစ္တဲ့ ဝက္စ္ဘ႐ြမ္းအကို ႐ုပ္ပ်က္ဆင္းပ်က္ရလဒ္ ၂-၅ နဲ႔ ဒူးေထာက္ခဲ့ရတဲ့ ခ်ယ္လ္ဆီးအသင္းဟာ ဒီရႈံးပြဲေနာက္ကြယ္မွာေတာ့ အေတာ္ေလး ဂယက္ထသြားခဲ့ေၾကာင္း သိရၿပီး တူဟယ္လ္အတြက္ နည္းျပေဟာင္းလမ္းပတ္ရင္ဆိုင္ခဲ့ရတဲ့ ျပႆနာအေဟာင္းေတြက ႀကိဳဆိုေနၿပီလားလို႔ ေမးခြန္းစရာထုတ္စရာျဖစ္ခဲ့တယ္။

တူဟယ္လ္အေနနဲ႔ ခ်ယ္လ္ဆီးနည္းျပဘဝ ၁၄ ဆက္ရႈံးပြဲမရွိစံခ်ိန္ကို ဖ်က္ဆီးခံလိုက္ရတာျဖစ္ၿပီး ဒါဟာလည္း တန္းဆင္းဇုန္ထဲက ဝက္စ္ဘ႐ြမ္းအသင္းျဖစ္ေနလို႔ ထင္မွတ္မထားတဲ့ အေျပာင္းအလဲတခုကို ႐ုတ္ခ်ည္းရင္ဆိုင္လိုက္ရတာပါ။ မီးစတခု အစျပဳလာခဲ့ျခင္းလားလို႔ သို႔ေလာ သို႔ေလာ ျဖစ္သြားေစခဲ့တာပါ။

ဝက္စ္ဘ႐ြမ္းရႉံးပြဲအၿပီး တနဂၤေႏြေန႔ အသင္းေလ့က်င့္ေရးအစီအစဥ္မွာ ဂိုးသမား ကယ္ပါ နဲ႔ ဗဟိုခံစစ္မႉး ႐ူဒီဂါတို႔ဟာ ရန္ပြဲျဖစ္ပြားခဲ့ေၾကာင္း သိရွိခဲ့ရၿပီး ဒါဟာ အဆိုပါရႈံးပြဲရဲ႕ စနက္တံေပါက္ကြဲမႈလို႔ သိရပါတယ္။ တြန္းထိုးေနတဲ့ သူတို႔ႏွစ္ဦးကို အသင္းေဖာ္ေတြက ဝိုင္းဝန္းဖ်န္ေျဖေပးခဲ့ရၿပီး ေဒါသတႀကီးနဲ႔ ႏိုင္လိုစိတ္ျပင္းသလို အရႈံးကိုလက္ခံႏိုင္ျခင္းမရွိေသးတဲ့ ႐ူဒီဂါက အဝတ္လဲခန္းထဲကို ပို႔ေဆာင္ျခင္းခံလိုက္ရတယ္။

တူဟယ္လ္က ကယ္ပါကိုေတာ့ စိတ္ေအးေအးထားဖို႔ စည္း႐ုံးႏိုင္ခဲ့ကာ ေပါက္ကြဲတတ္ၿပီး သူ႔အလြန္ျဖစ္သြားခဲ့တဲ့ ႐ူဒီဂါကေတာ့ ဒီျဖစ္ရပ္အၿပီးမွာ ကယ္ပါကို ျပန္ေတာင္းပန္ခဲ့တယ္လို႔ သိရၿပီး တူဟယ္လ္ကလည္း ဒီရန္ပြဲကို ကိုင္တြယ္ႏိုင္ခဲ့လို႔ အသင္းေဖာ္အခ်င္းခ်င္းၾကား အာဃာတေတြ မရွိဘဲ အသင္းကိုထိန္းသိမ္းထားႏိုင္ေၾကာင္း သိရပါတယ္။

ဝက္စ္ဘ႐ြမ္းရႉံးပြဲအၿပီးမွာ ရီစီဂ်ိမ္းစ္နဲ႔ အက္ဇ္ပီလီက်ဴတာတို႔ႏွစ္ဦးဟာ သီးသန္႔ အႀကိတ္အနယ္ စကားေျပာဆိုခဲ့ၾကေသးေၾကာင္း ထပ္မံသိရၿပီး ဒီအရႈံးရဲ႕ အေျဖကို ပြင့္လင္းစြာေဆြးေႏြးမႈနဲ႔ ရွာေဖြခဲ့ၾကတာပါ။ ခံစစ္ရဲ႕အမွားေတြကို ျပတ္ျပတ္သားသား ေဝဖန္ခဲ့တာျဖစ္ၿပီး ရီစီဂ်ိမ္းစ္ရဲ႕အမွားေၾကာင့္ ေပးခဲ့ရတဲ့ တဂိုးကလည္း ရွိခဲ့တာပါ။ သူတို႔ႏွစ္ဦးၾကားမွာေတာ့ အခ်င္းမ်ားျခင္း မရွိခဲ့ဘဲ အဆင္ေျပေျပနဲ႔ ေက်လည္ေအာင္ ေျပာဆိုေဆြးေႏြးႏိုင္ခဲ့ၾကတယ္လို႔ သတင္းက ဆိုပါတယ္။

” ကြၽန္ေတာ္တို႔အသင္းက ၁၄ ပြဲေတာင္ ေက်ာ္ျဖတ္လာၿပီးမွ ဒီတပြဲရႉံးလို႔ ကစားသမားေတြကိုထားတဲ့ ယုံၾကည္မႈက ပဲ့ပါမသြားပါဘူး။ ကြၽန္ေတာ္တို႔ တည္​​ၿငိမ္ရတယ္။ အမွန္ကို အမွန္အတိုင္းျမင္ရမယ္။”

” ကြၽန္ေတာ္တို႔အေနနဲ႔ အရႉံးကို တသင္းလုံး အတူတကြ တညီတၫြတ္တည္း လက္သင့္ခံရပါမယ္။ အရႈံးကိုရင္ဆိုင္တတ္ဖို႔ သိပ္အေရးႀကီးပါတယ္။ အတူတကြရင္ဆိုင္ရပါမယ္။ ကြၽန္ေတာ္သည္လည္း ဒီအသင္းရဲ႕ အစိတ္အပိုင္းတရပ္ျဖစ္ၿပီး ဒီအရႉံးကို ေကာင္းေကာင္းမြန္မြန္နဲ႔ တည္တည္ၿငိမ္ၿငိမ္ ကိုင္တြယ္သြားမွာပါ။ အသင္းတြင္းမွာ ဘာအေျပာင္းအလဲမွ မရွိပါဘူး။ ခရီးပန္းထားတဲ့ ကစားသမားေတြကိုေတာ့ နားရက္ေပးသြားမယ္။ အဖြဲ႕လိုက္ေလ့က်င့္ေရးအစီအစဥ္ကိုေတာ့ နားမွာမဟုတ္ပါဘူး” လို႔ တူဟယ္လ္က ဝက္စ္ဘ႐ြမ္းနဲ႔ ရႈံးပြဲအၿပီးမွာ အသင္းကို ကိုင္တြယ္သြားမလဲဆိုတာနဲ႔ ပတ္သက္လို႔ ေျပာဆိုသြားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.