Premier League

ဘရူနိုပေးတဲ့အသက်နဲ့ နိုင်ပွဲဆက်နိုင်ခဲ့တဲ့ ယူနိုက်တက် 2:1 ဘရိုက်တန် ပွဲအပြီး ထုတ်နုတ်ပြောစရာ 7ချက်

ဘရူနိုပေးတဲ့အသက်
ယူနိုက်တက်ရဲ့ တရာသီလုံးဖြတ်သန်းမှုကို ကြည့်ရင် အမှတ်ပေးဇယားရပ်တည်မှုနဲ့ အချက်အလက်တွေကပဲ သက်သေခံပါလိမ့်မယ်။ ဟုတ်ပါတယ်။ ယူနိုက်တက်ဟာ လိုချင်တဲ့ရလဒ်တွေကို အပိုင်ယူနိုင်လို့သာ အဆင့် ၄ အတွင်း ဝင်လာတာဖြစ်တယ်။ ခြေစွမ်းတည်ငြိမ်မှုက အတော်လေးအားနည်းတယ်။ ဒီနေ့ပွဲမှာလည်း ခြေစွမ်းညံ့တယ်။ ပွဲရလဒ်ကို အလှည့်အပြောင်းဖြစ်စေတဲ့ ဘရူနိုရဲ့ ကယ်တင်မှုကြောင့်သာ နောက်ကလိုက်ကစားပြီး Come Back နိုင်ပွဲယူနိုင်ခဲ့တယ်။ ရက်ရှ်ဖို့ဒ်ရဲ့ ချေပဂိုး၊ ဂရင်းဝုဒ်တို့ရဲ့ အနိုင်ဂိုးတို့ဟာ ဘရူနိုပေးခဲ့တဲ့အသက်တွေဖြစ်တယ်။ အခုလို အကျင့်ဆိုးမျိုးဟာ ယူနိုက်တက်တသင်းလုံးအနေနဲ့ ပြင်ဆင်သင့်ပါပြီ။

ဒဏ်ရာကနေ ပြန်လာခဲ့တဲ့ ရက်ရှ်ဖို့ဒ်
ဆိုးလ်ရှားက သူ့တပည့်ဟာ ဇွဲကြီးသလို ဒူပေနါပေခံနိုင်ကြောင်း အကြောင်းပြချက်ပေးပြီး ရက်ရှ်ဖို့ဒ်ကို ဒီပွဲမှာ ပွဲထွက်ထုတ်သုံးခဲ့တယ်။ သူက အင်္ဂလန်လက်ရွေးစင်မှာလည်း ဒဏ်ရာကြောင့် ဝင်ကစားနိုင်ခြင်း မရှိဘူး။ အနားယူနေရတာဖြစ်တယ်။ တကယ်တော့ ဆိုးလ်ရှားရဲ့လက်အောက်မှာ သူက အတော့်ကို အလုပ်ဝန်ပိခဲ့တာဖြစ်တယ်။ ဒါ့အပြင် သူ့ကို နည်းပြဆိုးလ်ရှားအနေနဲ့ ဘာကြောင့် အမြဲတစေယုံကြည်မှု အပြည့်ပေးထါသလဲဆိုတာကိုလည်း သပ်ရပ်တဲ့ချေပဂိုးနဲ့ သက်သေပြသွားတယ်။ တဂိုးစီ သရေကျနေချိန်မှာတော့ သူ့ကိုလူစားလဲပြီး Safe ဖြစ်စေခဲ့တယ်။

နံပါတ် ၁ ဂိုးသမားဖြစ်နေဆဲ ဟန်ဒါဆန်
ဒဟဲယားရဲ့ မရှိတဲ့အချိန် ပွဲတွေဆက်တိုက် ကစားထားရတဲ့ ဟန်ဒါဆန်က အသင်းရဲ့ နံပါတ် ၁ ဂိုးသမားအဖြစ် နေရာပေးခံလာရတယ်။ ဒါပေမယ့် သူ့ကို စမ်းသပ်မှုတွေရှိနေတုန်းပဲ။ ဒီနေရာအတွက် အပိုင်စားထိုက်တန်မှု ရှိမရှိ ဆိုတာက သူ့မှာ သက်သေပြစရာတွေ ကျန်နေဆဲဖြစ်တယ်။ ယူနိုက်တက်ရဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲဆက်မှာ ဂိုးပေါက်တာဝန်ကို သူက အပြည့်အဝယူခဲ့ရတယ်။ အသင်းရဲ့ကစားပုံကိုပါ ပိုပြီးသမမျှပြီး ညီညွတ်စေလို့ သူ့ကို ဒဟဲယားနေရာဆက်ခံဖို့ ပိုကြိုက်သူတွေလည်း ရှိလာတယ်။ ဆိုးလ်ရှားအတွက်တော့ အတော်လေးခေါင်းကိုက်စေဦးမှာပါ။

နူရာဝဲစွဲစေတဲ့ တိုက်စစ်မှူးဒဏ်ရာပြဿနာ
မာစီယယ်လ်ဟာ ဒီတရာသီလုံး အနားယူရတော့မယ်လို့ ဒီပွဲကြိုမှာ ဆိုးလ်ရှားက တရားဝင်ပြောကြားခဲ့တယ်။ သူက ပြင်သစ်အသင်းအတွက် ကစားရင်း ဒူးဒဏ်ရာရလာခဲ့တာပါ။ မာစီယယ်လ် ဒီရာသီခြေစွမ်းပြခဲ့တာက အတော်လေးနည်းပါးပါတယ်။ ဒါပေမယ့် လူအင်အားတောင့်တင်းမှုကတော့ တယောက်စာလျော့သွားခဲ့ပြီ။ အဆုံးသတ်ပိုင်းအားနည်းလွန်းတဲ့ ယူနိုက်တက်တဲ့ တိုက်စစ်မှူးပြဿနာက နူရာဝဲစွဲတယ်ပဲ ဆိုရမယ်။

ယူနိုက်တက်နဲ့ဆုံတိုင်း လက်စားချေနေတဲ့ ဒန်နီ ဝဲလ်ဘတ်
ဝဲလ်ဘတ်က လူးဝစ္စ ဗန်ဟားလ်လက်ထက်မှာ အာဆင်နယ်အသင်းထံ ထုတ်ရောင်းခြင်းခံခဲ့ရတယ်။ အသုံးမလိုတော့လို့ကို ထုတ်ရောင်းခဲ့ကြောင်း အတိအလင်းပြောကြားခံခဲ့ရတာဖြစ်တယ်။ ဒီအငြိုးအတေးတွေနဲ့ သူ့နာကျည်းချက်က မီးတောက်နေပုံရတယ်။ ယူနိုက်တက်ကို အာဆင်နယ်အသင်းဘက်ကနေ ဂိုးသွင်းပြီး FA ဖလား ပြုတ်စေခဲ့ဖူးတယ်။ အသင်းဟောင်းကို တွေ့တိုင်း လက်စားချေနေတဲ့ ဝဲလ်ဘတ်က ဒီနေ့ပွဲမှာ အဖွင့်ဂိုးရှင်ဖြစ်တယ်။ ဘရိုက်တန်ဟာ ယူနိုက်တက်ကို အိုးထရက်ဖို့ဒ်မှာ ပထမဆုံးအကြိမ်အဖြစ် အနိုင်ရတော့မလားလို့ မျှော်လင့်စရာအထိ ဖြစ်ခဲ့ပါသေးတယ်။

အသံတိတ် ပြန်လည်ရှင်သန်လာတဲ့ ဂရင်းဝုဒ်
ဂရင်းဝုဒ်က ဒီရာသီမှာ ထင်ထားသလောက် လုပ်မပြနိုင်ဘူး။ ဂိုးပေါက်အရမ်းပျောက်နေတာကို တွေ့ရတယ်။ လက်ခုပ်သံဆူညံစေခဲ့တဲ့ ပြီးခဲ့တဲ့ရာသီကထက် ပိုပြီးတောက်ပလာမလားလို့ မျှော်လင့်ခဲ့ကြပေမယ့် ရှိရင်းစွဲအောက်ကို ပြန်ကျတယ်။ ရုန်းကန်နေရတယ်။ ဒီနေ့ပွဲမှာ သူက ယူနိုက်တက်ရဲ့ အနိုင်ဂိုးရှင်ဖြစ်တယ်။ အရမ်းပါးနပ်တဲ့ နေရာယူမှုနဲ့ ချိန်သားကိုက် ခေါင်းတိုက်သွင်းယူသွားတာဖြစ်တယ်။ သူ့ရဲ့ကန်သွင်းချက်တချို့လည်း အတော်လေးကောင်းပြီး ပြန်လည်ရှင်သန်လာတာကို တွေ့ခဲ့ရတယ်။

အနာအဆာများလွန်းနေတဲ့ ယူနိုက်တက်ခံစစ်
ပြစ်ချက်သိပ်များလွန်းတဲ့ ယူနိုက်တက်ခံစစ်ပိုင်းက အတော်လေး ပျော့ကွက်ဖြစ်နေတယ်။ အသင်းကြီး အသင်းငယ်မရွေး ဘယ်အသင်းကိုမဆို လွယ်လွယ်လေး ဂိုးပေးနေရတယ်။ အာရုံစူးစိုက်မှုညံ့ဖျင်းတယ်။ နောက်ဆုံး ၁၅ ပွဲမှာ ၈ ပွဲ Clean Sheet ရယူထားပေမယ့် ပေးခဲ့ရတဲ့ ၁၀ ဂိုးက တပွဲကို ၁.၄ ဂိုးနှုန်းနဲ့ ပေးခဲ့ရတာဖြစ်တယ်။ မပေးသင့်တဲ့ဂိုးတွေ အတော်လေးများတာကို တွေ့ရတယ်။

အခုပွဲက ဝဲလ်ဘတ်ရဲ့ ဦးဆောင်ဂိုးကို ကြည့်ရင် သူက လန်ဒလော့ဖ်ရဲ့ အမြင့်ဘောအားနည်းမှုကို အခွင့်ကောင်းယူခဲ့တယ်။ ဘစ်ဆာကာရဲ့ လူကပ်မထားနိုင်စွမ်းကို အသုံးချသွားခဲ့တာဖြစ်တယ်။ ဆိုးလ်ရှားအတွက် မန်စီးတီးလို အဆင့်အတန်းမျိုးရောက်ဖို့ ပြင်ဆင်ရမယ့် စိန်ခေါ်မှုတွေက အမြောက်အမြားကို ရှိနေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘ႐ူႏိုေပးတဲ့အသက္
ယူႏိုက္တက္ရဲ႕ တရာသီလုံးျဖတ္သန္းမႈကို ၾကည့္ရင္ အမွတ္ေပးဇယားရပ္တည္မႈနဲ႔ အခ်က္အလက္ေတြကပဲ သက္ေသခံပါလိမ့္မယ္။ ဟုတ္ပါတယ္။ ယူႏိုက္တက္ဟာ လိုခ်င္တဲ့ရလဒ္ေတြကို အပိုင္ယူႏိုင္လို႔သာ အဆင့္ ၄ အတြင္း ဝင္လာတာျဖစ္တယ္။ ေျခစြမ္းတည္ၿငိမ္မႈက အေတာ္ေလးအားနည္းတယ္။ ဒီေန႔ပြဲမွာလည္း ေျခစြမ္းညံ့တယ္။ ပြဲရလဒ္ကို အလွည့္အေျပာင္းျဖစ္ေစတဲ့ ဘ႐ူႏိုရဲ႕ ကယ္တင္မႈေၾကာင့္သာ ေနာက္ကလိုက္ကစားၿပီး Come Back ႏိုင္ပြဲယူႏိုင္ခဲ့တယ္။ ရက္ရွ္ဖို႔ဒ္ရဲ႕ ေခ်ပဂိုး၊ ဂရင္းဝုဒ္တို႔ရဲ႕ အႏိုင္ဂိုးတို႔ဟာ ဘ႐ူႏိုေပးခဲ့တဲ့အသက္ေတြျဖစ္တယ္။ အခုလို အက်င့္ဆိုးမ်ိဳးဟာ ယူႏိုက္တက္တသင္းလုံးအေနနဲ႔ ျပင္ဆင္သင့္ပါၿပီ။

ဒဏ္ရာကေန ျပန္လာခဲ့တဲ့ ရက္ရွ္ဖို႔ဒ္
ဆိုးလ္ရွားက သူ႔တပည့္ဟာ ဇြဲႀကီးသလို ဒူေပနါေပခံႏိုင္ေၾကာင္း အေၾကာင္းျပခ်က္ေပးၿပီး ရက္ရွ္ဖို႔ဒ္ကို ဒီပြဲမွာ ပြဲထြက္ထုတ္သုံးခဲ့တယ္။ သူက အဂၤလန္လက္ေ႐ြးစင္မွာလည္း ဒဏ္ရာေၾကာင့္ ဝင္ကစားႏိုင္ျခင္း မရွိဘူး။ အနားယူေနရတာျဖစ္တယ္။ တကယ္ေတာ့ ဆိုးလ္ရွားရဲ႕လက္ေအာက္မွာ သူက အေတာ့္ကို အလုပ္ဝန္ပိခဲ့တာျဖစ္တယ္။ ဒါ့အျပင္ သူ႔ကို နည္းျပဆိုးလ္ရွားအေနနဲ႔ ဘာေၾကာင့္ အၿမဲတေစယုံၾကည္မႈ အျပည့္ေပးထါသလဲဆိုတာကိုလည္း သပ္ရပ္တဲ့ေခ်ပဂိုးနဲ႔ သက္ေသျပသြားတယ္။ တဂိုးစီ သေရက်ေနခ်ိန္မွာေတာ့ သူ႔ကိုလူစားလဲၿပီး Safe ျဖစ္ေစခဲ့တယ္။

နံပါတ္ ၁ ဂိုးသမားျဖစ္ေနဆဲ ဟန္ဒါဆန္
ဒဟဲယားရဲ႕ မရွိတဲ့အခ်ိန္ ပြဲေတြဆက္တိုက္ ကစားထားရတဲ့ ဟန္ဒါဆန္က အသင္းရဲ႕ နံပါတ္ ၁ ဂိုးသမားအျဖစ္ ေနရာေပးခံလာရတယ္။ ဒါေပမယ့္ သူ႔ကို စမ္းသပ္မႈေတြရွိေနတုန္းပဲ။ ဒီေနရာအတြက္ အပိုင္စားထိုက္တန္မႈ ရွိမရွိ ဆိုတာက သူ႔မွာ သက္ေသျပစရာေတြ က်န္ေနဆဲျဖစ္တယ္။ ယူႏိုက္တက္ရဲ႕ ၿပိဳင္ပြဲစုံ ေနာက္ဆုံး ၇ ပြဲဆက္မွာ ဂိုးေပါက္တာဝန္ကို သူက အျပည့္အဝယူခဲ့ရတယ္။ အသင္းရဲ႕ကစားပုံကိုပါ ပိုၿပီးသမမွ်ၿပီး ညီၫြတ္ေစလို႔ သူ႔ကို ဒဟဲယားေနရာဆက္ခံဖို႔ ပိုႀကိဳက္သူေတြလည္း ရွိလာတယ္။ ဆိုးလ္ရွားအတြက္ေတာ့ အေတာ္ေလးေခါင္းကိုက္ေစဦးမွာပါ။

ႏူရာဝဲစြဲေစတဲ့ တိုက္စစ္မႉးဒဏ္ရာျပႆနာ
မာစီယယ္လ္ဟာ ဒီတရာသီလုံး အနားယူရေတာ့မယ္လို႔ ဒီပြဲႀကိဳမွာ ဆိုးလ္ရွားက တရားဝင္ေျပာၾကားခဲ့တယ္။ သူက ျပင္သစ္အသင္းအတြက္ ကစားရင္း ဒူးဒဏ္ရာရလာခဲ့တာပါ။ မာစီယယ္လ္ ဒီရာသီေျခစြမ္းျပခဲ့တာက အေတာ္ေလးနည္းပါးပါတယ္။ ဒါေပမယ့္ လူအင္အားေတာင့္တင္းမႈကေတာ့ တေယာက္စာေလ်ာ့သြားခဲ့ၿပီ။ အဆုံးသတ္ပိုင္းအားနည္းလြန္းတဲ့ ယူႏိုက္တက္တဲ့ တိုက္စစ္မႉးျပႆနာက ႏူရာဝဲစြဲတယ္ပဲ ဆိုရမယ္။

ယူႏိုက္တက္နဲ႔ဆုံတိုင္း လက္စားေခ်ေနတဲ့ ဒန္နီ ဝဲလ္ဘတ္
ဝဲလ္ဘတ္က လူးဝစၥ ဗန္ဟားလ္လက္ထက္မွာ အာဆင္နယ္အသင္းထံ ထုတ္ေရာင္းျခင္းခံခဲ့ရတယ္။ အသုံးမလိုေတာ့လို႔ကို ထုတ္ေရာင္းခဲ့ေၾကာင္း အတိအလင္းေျပာၾကားခံခဲ့ရတာျဖစ္တယ္။ ဒီအၿငိဳးအေတးေတြနဲ႔ သူ႔နာက်ည္းခ်က္က မီးေတာက္ေနပုံရတယ္။ ယူႏိုက္တက္ကို အာဆင္နယ္အသင္းဘက္ကေန ဂိုးသြင္းၿပီး FA ဖလား ျပဳတ္ေစခဲ့ဖူးတယ္။ အသင္းေဟာင္းကို ေတြ႕တိုင္း လက္စားေခ်ေနတဲ့ ဝဲလ္ဘတ္က ဒီေန႔ပြဲမွာ အဖြင့္ဂိုးရွင္ျဖစ္တယ္။ ဘ႐ိုက္တန္ဟာ ယူႏိုက္တက္ကို အိုးထရက္ဖို႔ဒ္မွာ ပထမဆုံးအႀကိမ္အျဖစ္ အႏိုင္ရေတာ့မလားလို႔ ေမွ်ာ္လင့္စရာအထိ ျဖစ္ခဲ့ပါေသးတယ္။

အသံတိတ္ ျပန္လည္ရွင္သန္လာတဲ့ ဂရင္းဝုဒ္
ဂရင္းဝုဒ္က ဒီရာသီမွာ ထင္ထားသေလာက္ လုပ္မျပႏိုင္ဘူး။ ဂိုးေပါက္အရမ္းေပ်ာက္ေနတာကို ေတြ႕ရတယ္။ လက္ခုပ္သံဆူညံေစခဲ့တဲ့ ၿပီးခဲ့တဲ့ရာသီကထက္ ပိုၿပီးေတာက္ပလာမလားလို႔ ေမွ်ာ္လင့္ခဲ့ၾကေပမယ့္ ရွိရင္းစြဲေအာက္ကို ျပန္က်တယ္။ ႐ုန္းကန္ေနရတယ္။ ဒီေန႔ပြဲမွာ သူက ယူႏိုက္တက္ရဲ႕ အႏိုင္ဂိုးရွင္ျဖစ္တယ္။ အရမ္းပါးနပ္တဲ့ ေနရာယူမႈနဲ႔ ခ်ိန္သားကိုက္ ေခါင္းတိုက္သြင္းယူသြားတာျဖစ္တယ္။ သူ႔ရဲ႕ကန္သြင္းခ်က္တခ်ိဳ႕လည္း အေတာ္ေလးေကာင္းၿပီး ျပန္လည္ရွင္သန္လာတာကို ေတြ႕ခဲ့ရတယ္။

အနာအဆာမ်ားလြန္းေနတဲ့ ယူႏိုက္တက္ခံစစ္
ျပစ္ခ်က္သိပ္မ်ားလြန္းတဲ့ ယူႏိုက္တက္ခံစစ္ပိုင္းက အေတာ္ေလး ေပ်ာ့ကြက္ျဖစ္ေနတယ္။ အသင္းႀကီး အသင္းငယ္မေ႐ြး ဘယ္အသင္းကိုမဆို လြယ္လြယ္ေလး ဂိုးေပးေနရတယ္။ အာ႐ုံစူးစိုက္မႈညံ့ဖ်င္းတယ္။ ေနာက္ဆုံး ၁၅ ပြဲမွာ ၈ ပြဲ Clean Sheet ရယူထားေပမယ့္ ေပးခဲ့ရတဲ့ ၁၀ ဂိုးက တပြဲကို ၁.၄ ဂိုးႏႈန္းနဲ႔ ေပးခဲ့ရတာျဖစ္တယ္။ မေပးသင့္တဲ့ဂိုးေတြ အေတာ္ေလးမ်ားတာကို ေတြ႕ရတယ္။

အခုပြဲက ဝဲလ္ဘတ္ရဲ႕ ဦးေဆာင္ဂိုးကို ၾကည့္ရင္ သူက လန္ဒေလာ့ဖ္ရဲ႕ အျမင့္ေဘာအားနည္းမႈကို အခြင့္ေကာင္းယူခဲ့တယ္။ ဘစ္ဆာကာရဲ႕ လူကပ္မထားႏိုင္စြမ္းကို အသုံးခ်သြားခဲ့တာျဖစ္တယ္။ ဆိုးလ္ရွားအတြက္ မန္စီးတီးလို အဆင့္အတန္းမ်ိဳးေရာက္ဖို႔ ျပင္ဆင္ရမယ့္ စိန္ေခၚမႈေတြက အေျမာက္အျမားကို ရွိေနပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.