Match Report Premier League

အိမ်ကွင်းမှာ နောက်က လိုက်ကစားပြီး စီးတီးကို ဖလားပေးဖို့ ငြင်းဆန်နေဆဲ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ ပေါ့ဘာရော ဖာနန်ဒက်စ်ကိုပါ ထည့်သွင်းခဲ့ပြီး ကာဗာနီကို အထောင်ထားချိန်မှာ ဂရင်းဝုဒ်နဲ့ ရက်ရှ်ဖို့ဒ်ကို ရံကစားခဲ့တဲ့ မြိုင်ဆိုင်တဲ့ တိုက်စစ်အတွဲကို အသုံးပြုလာခဲ့သလို နိုင်ငံတကာပွဲပန်းမှုတွေကို သတိကြီးကြီးနဲ့ ကျော်ဖြတ်ဖို့ ပြင်ဆင်လာခဲ့ပါတယ်။

အိမ်ကွင်းမှာ ပွဲစကတည်းက ယူနိုက်တက်တို့ တင်ကစားလာခဲ့ကြပြီး အခွင့်အရေးဖန်တီးမှုတွေကတော့ အနည်းငယ်လိုအပ်ချက်တွေ ရှိနေခဲ့တာကြောင့် ဂိုးမရခဲ့သလို ဂရင်းဝုဒ်ရဲ့ ညာခြမ်းက Volley ကန်ချက်ကလည်း ဘရိုက်တန်ဂိုးသမား မကာကွယ်နိုင်ခဲ့ပေမယ့် တိုင်ထိထွက်ခဲ့တာက နစ်နာမှုတစ်ရပ် ဖြစ်ခဲ့ရပါတယ်။

ပွဲချိန် ၁၂ မိနစ်မှာတော့ မထင်မှတ်ဘဲ ဧည့်သည်တွေက ဦးဆောင်ဂိုး ရယူသွားခဲ့ပြီး ညာခြမ်းက မော်ပေရဲ့ ဖြတ်တင်ဘောကို ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဝဲလ်ဘက်က လင်ဒီလော့ဖ်နဲ့ ဝန်ဘစ်ဆာကာတို့ရဲ့ ပေါ့လျော့မှုကို အသုံးချပြီး ခေါင်းတိုက်သွင်းယူခဲ့တာကို ဟန်ဒါဆန်က ပထမ တစ်ကြိမ် ကာကွယ်နိုင်ခဲ့ပေမယ့် နောက်တစ်ကြိမ် ထပ်မံပိတ်သွင်းတာကိုတော့ မကာကွယ်နိုင်တော့တာလည်းဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ယူနိုက်တက်တို့ရဲ့ ခံစစ်ကစားပုံကတော့ ပေါ့လျော့မှုတွေ များခဲ့ပြီး အမြင့်ဘောတွေကနေ မကြာခဏ အခွင့်အရေးတွေ ပေးနေရသလို ဂိုးသမား ဟန်ဒါဆန်ကလည်း ဘောလုံးလွတ်ကျပြီး အမှားကျူးလွန်ခဲ့တာကို ဘရိုက်တန်တို့ ထပ်ပြီး အသုံးမချနိုင်ခဲ့လို့သာ ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိတည်းနဲ့ ကံကောင်းသွားခဲ့တာဖြစ်ပါတယ်။

ဘရိုက်တန်ရဲ့ အဆုံးသတ်မကောင်းတာက ဒီနေ့ပွဲရဲ့ အလှည့်အပြောင်းဖြစ်ခဲ့ပြီး ဒုတိယပိုင်းမှာတော့ ယူနိုက်တက်တို့ တင်ကစားလာခဲ့လို့ ပွဲက ပိုကြည့်ကောင်းလာခဲ့သလို ပွဲချိန် ၆၂ မိနစ်မှာတော့ ဘရူနို ဖာနန်ဒက်စ် ထိုးပေးတာကို ရက်ရှ်ဖို့ဒ်က ဘယ်ခြမ်းကနေ အနိမ့်ဘော အမြန်ကန်သွင်းပြီး ဂိုးသမား ဆန်ချက်ဇ်ကို အငိုက်မိစေခဲ့လို့ တစ်ဂိုးစီ သရေပြန်ဖြစ်လာခဲ့ပါတယ်။

ဒီဂိုးမှာ ဖန်တီးခဲ့တဲ့ ဖာနန်ဒက်စ်ကိုရော သွင်းယူခဲ့တဲ့ ရက်ရှ်ဖို့ဒ်ကိုပါ ဘရိုက်တန်နောက်တန်းက ခပ်ကြမ်းကြမ်းတားဆီးဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ဘောလုံးပေးလိုက်ပြီး အောက်ခြေကနေ အသိမ်းခံလိုက်ရတဲ့ ပေါ်တူဂီကွင်းလယ်လူကတော့ ဒေါသထွက်နေခဲ့ပေမယ့် ကွင်းလယ်ဒိုင် မိုက်ဒင်းန်ကတော့ အိုမင်းလာချိန်မှာ ဒီလိုကိစ္စမျိုးတွေ အရေးယူဖို့ မစွမ်းတော့တာလည်းဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာ ယူနိုက်တက်တို့ အနိုင်ဂိုးအတွက် ပိုဖိကစားခဲ့ပြီး ဂရင်းဝုဒ်နဲ့ ဖရက်ဒ်တို့ရဲ့ ကန်ချက်တွေကတော့ လွဲချော်သွားခဲ့သလို ဘရိုက်တန်ရဲ့ တန်ပြန်တိုက်စစ်ကနေ ဂိုးသွင်းဖို့ ကြိုးစားတဲ့ ဝဲလ်ဘက်ကို မက်ဂွိုင်းယား ဘော်ဒီစားတာက ပါးပါးကလေးပဲဖြစ်ခဲ့လို့ ပင်နယ်တီ မပေးရဘဲ သက်သာသွားခဲ့ပါတယ်။

ပွဲချိန် ၈၃ မိနစ်မှာတော့ ဖာနန်ဒက်စ်ရဲ့ ဖြတ်တင်ဘောကနေ ပေါ့ဘာရဲ့ Volley ကန်ချက် မြေထောက်ပြီး မြောက်တက်လာတဲ့ ဘောလုံးကို တစ်ချိန်လုံး အခွင့်အရေးတွေနဲ့ လွဲချော်နေခဲ့တဲ့ ဂရင်းဝုဒ်က ဒိုက်ဗင်ခေါင်းတိုက်ချက်နဲ့ ဘရိုက်တန်ခံစစ်ကို အနိုင်ဂိုးသွင်းယူခဲ့ပြီး ယူနိုက်တက်တို့ကို ပြန်လာစေနိုင်ခဲ့ပါတယ်။

ဒီပွဲအနိုင်ကြောင့် ယူနိုက်တက်တို့အနေနဲ့ မန်ချက်စတာစီးတီးကို လိုက်မမီနိုင်တော့ပေမယ့် ဒုတိယနေရာကနေ လက်စတာကို အမှတ်ပြန်ဖြတ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှတ်ပေးဇယားရပ်တည်မှုကို ခိုင်မာစေခဲ့သလို ဘရိုက်တန်တို့ကတော့ အစဉ်အလာမပျက် တန်းဆင်းဇုန်နဲ့ နီးသွားပြီး ရုန်းကန်ရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ေပါ့ဘာေရာ ဖာနန္ဒက္စ္ကိုပါ ထည့္သြင္းခဲ့ၿပီး ကာဗာနီကို အေထာင္ထားခ်ိန္မွာ ဂရင္းဝုဒ္နဲ႔ ရက္ရွ္ဖို႔ဒ္ကို ရံကစားခဲ့တဲ့ ၿမိဳင္ဆိုင္တဲ့ တိုက္စစ္အတြဲကို အသုံးျပဳလာခဲ့သလို ႏိုင္ငံတကာပြဲပန္းမႈေတြကို သတိႀကီးႀကီးနဲ႔ ေက်ာ္ျဖတ္ဖို႔ ျပင္ဆင္လာခဲ့ပါတယ္။

အိမ္ကြင္းမွာ ပြဲစကတည္းက ယူႏိုက္တက္တို႔ တင္ကစားလာခဲ့ၾကၿပီး အခြင့္အေရးဖန္တီးမႈေတြကေတာ့ အနည္းငယ္လိုအပ္ခ်က္ေတြ ရွိေနခဲ့တာေၾကာင့္ ဂိုးမရခဲ့သလို ဂရင္းဝုဒ္ရဲ႕ ညာျခမ္းက Volley ကန္ခ်က္ကလည္း ဘ႐ိုက္တန္ဂိုးသမား မကာကြယ္ႏိုင္ခဲ့ေပမယ့္ တိုင္ထိထြက္ခဲ့တာက နစ္နာမႈတစ္ရပ္ ျဖစ္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၁၂ မိနစ္မွာေတာ့ မထင္မွတ္ဘဲ ဧည့္သည္ေတြက ဦးေဆာင္ဂိုး ရယူသြားခဲ့ၿပီး ညာျခမ္းက ေမာ္ေပရဲ႕ ျဖတ္တင္ေဘာကို ယူႏိုက္တက္ တိုက္စစ္မႉးေဟာင္း ဝဲလ္ဘက္က လင္ဒီေလာ့ဖ္နဲ႔ ဝန္ဘစ္ဆာကာတို႔ရဲ႕ ေပါ့ေလ်ာ့မႈကို အသုံးခ်ၿပီး ေခါင္းတိုက္သြင္းယူခဲ့တာကို ဟန္ဒါဆန္က ပထမ တစ္ႀကိမ္ ကာကြယ္ႏိုင္ခဲ့ေပမယ့္ ေနာက္တစ္ႀကိမ္ ထပ္မံပိတ္သြင္းတာကိုေတာ့ မကာကြယ္ႏိုင္ေတာ့တာလည္းျဖစ္ပါတယ္။

ဒီေန႔ပြဲမွာ ယူႏိုက္တက္တို႔ရဲ႕ ခံစစ္ကစားပုံကေတာ့ ေပါ့ေလ်ာ့မႈေတြ မ်ားခဲ့ၿပီး အျမင့္ေဘာေတြကေန မၾကာခဏ အခြင့္အေရးေတြ ေပးေနရသလို ဂိုးသမား ဟန္ဒါဆန္ကလည္း ေဘာလုံးလြတ္က်ၿပီး အမွားက်ဴးလြန္ခဲ့တာကို ဘ႐ိုက္တန္တို႔ ထပ္ၿပီး အသုံးမခ်ႏိုင္ခဲ့လို႔သာ ပထမပိုင္းမွာ တစ္ဂိုး-ဂိုးမရွိတည္းနဲ႔ ကံေကာင္းသြားခဲ့တာျဖစ္ပါတယ္။

ဘ႐ိုက္တန္ရဲ႕ အဆုံးသတ္မေကာင္းတာက ဒီေန႔ပြဲရဲ႕ အလွည့္အေျပာင္းျဖစ္ခဲ့ၿပီး ဒုတိယပိုင္းမွာေတာ့ ယူႏိုက္တက္တို႔ တင္ကစားလာခဲ့လို႔ ပြဲက ပိုၾကည့္ေကာင္းလာခဲ့သလို ပြဲခ်ိန္ ၆၂ မိနစ္မွာေတာ့ ဘ႐ူႏို ဖာနန္ဒက္စ္ ထိုးေပးတာကို ရက္ရွ္ဖို႔ဒ္က ဘယ္ျခမ္းကေန အနိမ့္ေဘာ အျမန္ကန္သြင္းၿပီး ဂိုးသမား ဆန္ခ်က္ဇ္ကို အငိုက္မိေစခဲ့လို႔ တစ္ဂိုးစီ သေရျပန္ျဖစ္လာခဲ့ပါတယ္။

ဒီဂိုးမွာ ဖန္တီးခဲ့တဲ့ ဖာနန္ဒက္စ္ကိုေရာ သြင္းယူခဲ့တဲ့ ရက္ရွ္ဖို႔ဒ္ကိုပါ ဘ႐ိုက္တန္ေနာက္တန္းက ခပ္ၾကမ္းၾကမ္းတားဆီးဖို႔ ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ဘဲ ေဘာလုံးေပးလိုက္ၿပီး ေအာက္ေျခကေန အသိမ္းခံလိုက္ရတဲ့ ေပၚတူဂီကြင္းလယ္လူကေတာ့ ေဒါသထြက္ေနခဲ့ေပမယ့္ ကြင္းလယ္ဒိုင္ မိုက္ဒင္းန္ကေတာ့ အိုမင္းလာခ်ိန္မွာ ဒီလိုကိစၥမ်ိဳးေတြ အေရးယူဖို႔ မစြမ္းေတာ့တာလည္းျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာ ယူႏိုက္တက္တို႔ အႏိုင္ဂိုးအတြက္ ပိုဖိကစားခဲ့ၿပီး ဂရင္းဝုဒ္နဲ႔ ဖရက္ဒ္တို႔ရဲ႕ ကန္ခ်က္ေတြကေတာ့ လြဲေခ်ာ္သြားခဲ့သလို ဘ႐ိုက္တန္ရဲ႕ တန္ျပန္တိုက္စစ္ကေန ဂိုးသြင္းဖို႔ ႀကိဳးစားတဲ့ ဝဲလ္ဘက္ကို မက္ဂြိဳင္းယား ေဘာ္ဒီစားတာက ပါးပါးကေလးပဲျဖစ္ခဲ့လို႔ ပင္နယ္တီ မေပးရဘဲ သက္သာသြားခဲ့ပါတယ္။

ပြဲခ်ိန္ ၈၃ မိနစ္မွာေတာ့ ဖာနန္ဒက္စ္ရဲ႕ ျဖတ္တင္ေဘာကေန ေပါ့ဘာရဲ႕ Volley ကန္ခ်က္ ေျမေထာက္ၿပီး ေျမာက္တက္လာတဲ့ ေဘာလုံးကို တစ္ခ်ိန္လုံး အခြင့္အေရးေတြနဲ႔ လြဲေခ်ာ္ေနခဲ့တဲ့ ဂရင္းဝုဒ္က ဒိုက္ဗင္ေခါင္းတိုက္ခ်က္နဲ႔ ဘ႐ိုက္တန္ခံစစ္ကို အႏိုင္ဂိုးသြင္းယူခဲ့ၿပီး ယူႏိုက္တက္တို႔ကို ျပန္လာေစႏိုင္ခဲ့ပါတယ္။

ဒီပြဲအႏိုင္ေၾကာင့္ ယူႏိုက္တက္တို႔အေနနဲ႔ မန္ခ်က္စတာစီးတီးကို လိုက္မမီႏိုင္ေတာ့ေပမယ့္ ဒုတိယေနရာကေန လက္စတာကို အမွတ္ျပန္ျဖတ္ၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ အမွတ္ေပးဇယားရပ္တည္မႈကို ခိုင္မာေစခဲ့သလို ဘ႐ိုက္တန္တို႔ကေတာ့ အစဥ္အလာမပ်က္ တန္းဆင္းဇုန္နဲ႔ နီးသြားၿပီး ႐ုန္းကန္ရေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.