Match Report Premier League

အာဆင်နယ်ကစားသမားရဲ့ ငြင်းဆန်မှုကြောင့် နိုင်ပွဲနဲ့လွဲပြီး မပျော်နိုင်ခဲ့တဲ့ စပါးစ်

တော့တင်ဟမ်ဟော့စပါးစ်အသင်းအနေနဲ့ ဒီပွဲကို အနိုင်ရရှိရင် မနေ့က အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးထားတဲ့ ချဲလ်ဆီးကို ကျော်တက်ပြီး အဆင့် ၄ ကို ရောက်မှာဖြစ်တာကြောင့် အားထည့်ကစားခဲ့ပေမယ့် အာဆင်နယ်အသင်းကနေ အငှားချထားခဲ့တဲ့ ကွင်းလယ်လူ ဂျိုးဝီလော့ခ်ရဲ့ သွင်းဂိုးနဲ့ နယူးကာဆယ်လ်ကို သရေသာ ရယူနိုင်ခဲ့ပါတယ်။

ခံစစ်မှာ အယ်လ်ဒါဝီရယ်လ် မပါနိုင်ချိန်မှာ ရိုဒန်ကို ဒေဗင်ဆန် ဆန်ချက်ဇ်နဲ့ တွဲပေးခဲ့ပြီး တာဂန်ညာကိုလည်း ထည့်သွင်းခဲ့သလို ဒီနေ့ရဲ့ ကစားကွက်ကတော့ အထောင်တိုက်စစ်မှူးနှစ်ဦးဖြစ်တဲ့ ဟာရီကိန်းနဲ့ ကားလို့စ် ဗီနီးရှပ်စ်တို့ကို တင်ကစားတဲ့ ၄-၄-၂ အတန်းလိုက် ကစားကွက်ဆန်ဆန်ဖြစ်ခဲ့ပါတယ်။

နယူးကာဆယ်လ်ဘက်က ခြေစွမ်းပြနေတဲ့ ဒွိုက်ဂိုင်းလ်ရဲ့ ခေါင်းတိုက်ချက်နဲ့ ပိတ်သွင်းချက်ကို စက္ကန့်ပိုင်းအတွင်းမှာ ဂိုးသမား လိုရစ် နှစ်ကြိမ်ဆင့် ကာကွယ်ခဲ့ရသလို ပွဲချိန် ၂၈ မိနစ်မှာတော့ အိမ်ရှင်တို့အတွက် ခြေစွမ်း၊ သွင်းဂိုးနဲ့ ပြောင်းရွှေ့ကြေး မမျှလို့ ဝေဖန်ခံနေရတဲ့ ဘရာဇီးလ် တိုက်စစ်မှူး ဂျိုလင်တန်က အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ပြီး နောက်ခံလူ ဆန်ချက်ဇ်ရဲ့ လူပေးမှားမှုကတစ်ဆင့် လောင်းစတပ်ဖ်က ချိုးပေးတာကို ရိုဒန် မဖျက်နိုင်ခင်မှာ အမြန် ပိတ်သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။

အိမ်ရှင်တွေရဲ့ ဦးဆောင်မှုအပျော်က နှစ်မိနစ်သာ ခံခဲ့ပြီး ပွဲချိန် မိနစ် ၃၀ မှာတော့ လိုဆဲလ်ဆို ထိုးပေးတာကို နယူးကာဆယ်လ်နောက်ခံလူ ခရတ်ဖ်ရဲ့ ရှင်းထုတ်ပုံ မပီပြင်တာက ဟာရီကိန်းနဲ့ ငြိကျန်ခဲ့ပြီး ဒါကို အင်္ဂလန်အသင်းခေါင်းဆောင်က မဆိုင်းမတွ ကန်သွင်းချေပနိုင်ခဲ့တာပါ။

ပွဲချိန် ၃၄ မိနစ်မှာတော့ စပါးစ်တို့ စိန့်ဂျိမ်းစ်ပါ့ခ်မှာ ပြန်လည်ဦးဆောင်နိုင်ခဲ့ပြီး ဆစ်ဆိုကို ထိုးပေးတာကို နောက်တန်းကစားသမားတွေဆီက ခွာထွက်သွားတဲ့ ကိန်းက ညာခြမ်းကနေ ထောင့်ဖြတ်ကန်သွင်းရာမှာ ကန်ချက်ပြင်းသလို ဂိုးသမား ဒူဘရက်ဗ်ကာလည်း ညံ့တာကြောင့် ဂိုးအဖြစ် ပြောင်းလဲသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ စပါးစ်တို့ ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းအစမှာတော့ ဗီနီးရှပ်စ်အစား ဆွန်ဟောင်မင် ဝင်ကစားပြီး ကောင်တာတွေက အခွင့်အရေးထပ်ယူနိုင်ဖို့ နည်းပြ မော်ရင်ညိုက ပြင်ဆင်လာခဲ့သလို စတိဗ် ဘရုစ်ရဲ့ အသင်းကတော့ ဆက်တိုက်ဆိုသလို ထိုးဖောက်နေခဲ့ပါတယ်။

ပွဲချိန် ၈၄ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ လာမယ်လာ ဆွဲပြေးချိန်မှာ ဆွန်ဟောင်မင် နှေးနေခဲ့လို့ ပေးခွင့်မသာခဲ့ဘဲ ဘယ်ခြမ်းက လိုက်ပါလာတဲ့ ဟာရီကိန်းဆီ ချပေးတာကို ကန်ချက်က ဟက်ထရစ်မရဘဲ တိုင်ထိထွက်ခဲ့ရုံနဲ့ ကျေနပ်ခဲ့ရတာက ဒီပွဲရဲ့ အလှည့်အပြောင်းဖြစ်ခဲ့ပါတယ်။

တစ်မိနစ်အကြာမှာတော့ ရစ်ချီရဲ့ ဖြတ်တင်ဘောကို ဂျိုလင်တန်နဲ့ အယ်လ်မီရွန်တို့ အဆင့်ဆင့် ခေါင်းတိုက်ပြီး ပြန်ကျလာတဲ့ ဘောလုံးကို အာဆင်နယ်အသင်းကနေ အငှားရောက်ရှိနေတဲ့ လူစားဝင်ကစားသမား ဂျိုးဝီလော့ခ်က မနားတမ်း ပိတ်သွင်းပြီး ချေပဂိုး ရယူနိုင်ခဲ့လို့ စိန့်ဂျိမ်းစ်ပါ့ခ်မှာ စပါးစ်တို့ နိုင်ပွဲနဲ့ လွဲချော်ပြီး အသည်းကွဲခဲ့ရပါတယ်။

ဒီသရေပွဲကြောင့် မော်ရင်ညိုတို့အဖွဲ့ ချဲလ်ဆီးရဲ့ ခြေချော်မှုကို အခွင့်ကောင်းမယူနိုင်ဘဲ အဆင့် ၄ ကို ရယူဖို့ မျှော်လင့်ချက်နဲ့ လွဲချော်သွားခဲ့ရသလို လာမယ့်အပတ်တွေမှာ ဆက်လက်ရုန်းကန်ရဦးမှာဖြစ်ပြီးတနင်္လာနေ့ညမှာ နောက်ကျပွဲကစားမယ့် ဝက်စ်ဟမ်းအတွက်တော့ အခြေအနေကောင်းသွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းအေနနဲ႔ ဒီပြဲကို အႏိုင္ရရွိရင္ မေန႔က အိမ္ကြင္းမွာ ဂိုးျပတ္ရႈံးထားတဲ့ ခ်ဲလ္ဆီးကို ေက်ာ္တက္ၿပီး အဆင့္ ၄ ကို ေရာက္မွာျဖစ္တာေၾကာင့္ အားထည့္ကစားခဲ့ေပမယ့္ အာဆင္နယ္အသင္းကေန အငွားခ်ထားခဲ့တဲ့ ကြင္းလယ္လူ ဂ်ိဳးဝီေလာ့ခ္ရဲ႕ သြင္းဂိုးနဲ႔ နယူးကာဆယ္လ္ကို သေရသာ ရယူႏိုင္ခဲ့ပါတယ္။

ခံစစ္မွာ အယ္လ္ဒါဝီရယ္လ္ မပါႏိုင္ခ်ိန္မွာ ႐ိုဒန္ကို ေဒဗင္ဆန္ ဆန္ခ်က္ဇ္နဲ႔ တြဲေပးခဲ့ၿပီး တာဂန္ညာကိုလည္း ထည့္သြင္းခဲ့သလို ဒီေန႔ရဲ႕ ကစားကြက္ကေတာ့ အေထာင္တိုက္စစ္မႉးႏွစ္ဦးျဖစ္တဲ့ ဟာရီကိန္းနဲ႔ ကားလို႔စ္ ဗီနီးရွပ္စ္တို႔ကို တင္ကစားတဲ့ ၄-၄-၂ အတန္းလိုက္ ကစားကြက္ဆန္ဆန္ျဖစ္ခဲ့ပါတယ္။

နယူးကာဆယ္လ္ဘက္က ေျခစြမ္းျပေနတဲ့ ဒြိဳက္ဂိုင္းလ္ရဲ႕ ေခါင္းတိုက္ခ်က္နဲ႔ ပိတ္သြင္းခ်က္ကို စကၠန႔္ပိုင္းအတြင္းမွာ ဂိုးသမား လိုရစ္ ႏွစ္ႀကိမ္ဆင့္ ကာကြယ္ခဲ့ရသလို ပြဲခ်ိန္ ၂၈ မိနစ္မွာေတာ့ အိမ္ရွင္တို႔အတြက္ ေျခစြမ္း၊ သြင္းဂိုးနဲ႔ ေျပာင္းေ႐ႊ႕ေၾကး မမွ်လို႔ ေဝဖန္ခံေနရတဲ့ ဘရာဇီးလ္ တိုက္စစ္မႉး ဂ်ိဳလင္တန္က အဖြင့္ဂိုး သြင္းယူႏိုင္ခဲ့ၿပီး ေနာက္ခံလူ ဆန္ခ်က္ဇ္ရဲ႕ လူေပးမွားမႈကတစ္ဆင့္ ေလာင္းစတပ္ဖ္က ခ်ိဳးေပးတာကို ႐ိုဒန္ မဖ်က္ႏိုင္ခင္မွာ အျမန္ ပိတ္သြင္းယူခဲ့တာလည္းျဖစ္ပါတယ္။

အိမ္ရွင္ေတြရဲ႕ ဦးေဆာင္မႈအေပ်ာ္က ႏွစ္မိနစ္သာ ခံခဲ့ၿပီး ပြဲခ်ိန္ မိနစ္ ၃၀ မွာေတာ့ လိုဆဲလ္ဆို ထိုးေပးတာကို နယူးကာဆယ္လ္ေနာက္ခံလူ ခရတ္ဖ္ရဲ႕ ရွင္းထုတ္ပုံ မပီျပင္တာက ဟာရီကိန္းနဲ႔ ၿငိက်န္ခဲ့ၿပီး ဒါကို အဂၤလန္အသင္းေခါင္းေဆာင္က မဆိုင္းမတြ ကန္သြင္းေခ်ပႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၃၄ မိနစ္မွာေတာ့ စပါးစ္တို႔ စိန႔္ဂ်ိမ္းစ္ပါ့ခ္မွာ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ၿပီး ဆစ္ဆိုကို ထိုးေပးတာကို ေနာက္တန္းကစားသမားေတြဆီက ခြာထြက္သြားတဲ့ ကိန္းက ညာျခမ္းကေန ေထာင့္ျဖတ္ကန္သြင္းရာမွာ ကန္ခ်က္ျပင္းသလို ဂိုးသမား ဒူဘရက္ဗ္ကာလည္း ညံ့တာေၾကာင့္ ဂိုးအျဖစ္ ေျပာင္းလဲသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ စပါးစ္တို႔ ဦးေဆာင္ႏိုင္ခဲ့ၿပီး ဒုတိယပိုင္းအစမွာေတာ့ ဗီနီးရွပ္စ္အစား ဆြန္ေဟာင္မင္ ဝင္ကစားၿပီး ေကာင္တာေတြက အခြင့္အေရးထပ္ယူႏိုင္ဖို႔ နည္းျပ ေမာ္ရင္ညိဳက ျပင္ဆင္လာခဲ့သလို စတိဗ္ ဘ႐ုစ္ရဲ႕ အသင္းကေတာ့ ဆက္တိုက္ဆိုသလို ထိုးေဖာက္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၈၄ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန လာမယ္လာ ဆြဲေျပးခ်ိန္မွာ ဆြန္ေဟာင္မင္ ေႏွးေနခဲ့လို႔ ေပးခြင့္မသာခဲ့ဘဲ ဘယ္ျခမ္းက လိုက္ပါလာတဲ့ ဟာရီကိန္းဆီ ခ်ေပးတာကို ကန္ခ်က္က ဟက္ထရစ္မရဘဲ တိုင္ထိထြက္ခဲ့႐ုံနဲ႔ ေက်နပ္ခဲ့ရတာက ဒီပြဲရဲ႕ အလွည့္အေျပာင္းျဖစ္ခဲ့ပါတယ္။

တစ္မိနစ္အၾကာမွာေတာ့ ရစ္ခ်ီရဲ႕ ျဖတ္တင္ေဘာကို ဂ်ိဳလင္တန္နဲ႔ အယ္လ္မီ႐ြန္တို႔ အဆင့္ဆင့္ ေခါင္းတိုက္ၿပီး ျပန္က်လာတဲ့ ေဘာလုံးကို အာဆင္နယ္အသင္းကေန အငွားေရာက္ရွိေနတဲ့ လူစားဝင္ကစားသမား ဂ်ိဳးဝီေလာ့ခ္က မနားတမ္း ပိတ္သြင္းၿပီး ေခ်ပဂိုး ရယူႏိုင္ခဲ့လို႔ စိန႔္ဂ်ိမ္းစ္ပါ့ခ္မွာ စပါးစ္တို႔ ႏိုင္ပြဲနဲ႔ လြဲေခ်ာ္ၿပီး အသည္းကြဲခဲ့ရပါတယ္။

ဒီသေရပြဲေၾကာင့္ ေမာ္ရင္ညိဳတို႔အဖြဲ႕ ခ်ဲလ္ဆီးရဲ႕ ေျခေခ်ာ္မႈကို အခြင့္ေကာင္းမယူႏိုင္ဘဲ အဆင့္ ၄ ကို ရယူဖို႔ ေမွ်ာ္လင့္ခ်က္နဲ႔ လြဲေခ်ာ္သြားခဲ့ရသလို လာမယ့္အပတ္ေတြမွာ ဆက္လက္႐ုန္းကန္ရဦးမွာျဖစ္ၿပီးတနလၤာေန႔ညမွာ ေနာက္က်ပြဲကစားမယ့္ ဝက္စ္ဟမ္းအတြက္ေတာ့ အေျခအေနေကာင္းသြားခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.