Analysis Article Match Report Premier League

လားရာမတူကြတဲ့ အာကြီး၊ ပူးကြီး၊ ဗူးကြီးနဲ့ စနေနေ့ည ပွဲစဉ်များကို ခံစားခြင်း

မနေ့ညက ကစားခဲ့တဲ့ ပွဲတွေထဲမှာ အစောပိုင်းက ချဲလ်ဆီးရဲ့ အကြောင်းကတော့ ပြန်မပြောချင်လောက်အောင်ဖြစ်ခဲ့ရပေမယ့် ညဉ့်နက်ပွဲ နှစ်ပွဲဖြစ်ခဲ့တဲ့ လက်စတာနဲ့ မန်စီးတီး၊ အာဆင်နယ်နဲ့ လီဗာပူးလ်တို့ပွဲတွေကတော့ လားရာမတူခဲ့ဘဲ ကြိုးစားအားထုတ်မှုနဲ့ စိတ်ဓာတ်ပိုင်းတွေ စကားပြောသွားခဲ့တယ်လို့ ခံစားမိခဲ့ပါတယ်။

စနေနေ့ညအကြောင်း ကစားပုံတွေနဲ့ ဗျူဟာတွေအကြောင်း မပြောခင်မှာ နည်းပြတွေရဲ့ အတွေ့အကြုံအကြောင်းတွေကို အရင်ပြောလိုပြီး အရက်နာကျသလိုမျိုး ပွဲပန်းမှုနဲ့ ဆက်တိုက်မကစားရဘဲ ရစ်သမ်ပျက်မှုဖြစ်တဲ့ လက်ရွေးစင်နာကျတဲ့ International Hangover Effect ကို ဝါရင့်နည်းပြတွေကသာ ကျော်လွှားနိုင်ပြီး ဝါနုသေးတဲ့ နည်းပြတွေကတော့ ခါးစည်းခံခဲ့ရတာကိုလည်း တွေ့ခဲ့ရပါတယ်။

ပွဲတစ်ပွဲကို အဓိက အသက်သွင်းသူဟာ ကွင်းလယ်အဖျက်နဲ့ နံပါတ် ၈ တွေဆိုတာကို လက်မခံဘဲ ၈ လိုလို ၆ လိုလို ကစားသမားနှစ်ဦးကို နံပါတ် ၁၀ နဲ့ တွဲပေးခဲ့တဲ့ အာတီတာနဲ့ ကွင်းလယ်အဖျက် နံပါတ် ၆ ကို အထိုင်ထားပြီး ၈ နှစ်ဦးနဲ့ တိုက်စစ်ဆင်တဲ့ ဂွါဒီယိုလာ၊ ကလော့ပ်တို့ရဲ့ ရလဒ်တွေဟာ ဘာကြောင့် တူမလိုနဲ့ ကွဲပြားသွားတာလဲဆိုတာ မနေ့ညက မြင်တွေ့ခဲ့ရတာပါ။

အားလုံးပွဲပန်းနေတာချင်းအတူတူ လီဗာပူးလ်က Relentless Pressing and Attacking အနားမပေးဘဲ စဉ်ဆက်မပြတ် ကစားတဲ့ ပုံစံကို အမှားအယွင်းနည်းစွာနဲ့ အသုံးပြုနိုင်ပေမယ့် အာဆင်နယ်ကတော့ ခံစစ်မှာပဲ ဘောလုံးပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်း ဂိုးပေါက်ကန်သွင်းမှု သုံးကြိမ်၊ နှစ်ကြိမ် ဂိုးပေါက်တည့်ဆိုတဲ့ မှတ်တမ်းကိုပဲ ပိုင်ဆိုင်နိုင်ခဲ့ပြီး ကလော့ပ်ကတော့ ၁၆ ကြိမ်ကန် ၇ ကြိမ် ဂိုးပေါက်တည့်ပြီး ၃ ဂိုး ရရှိသွားခဲ့တာပါ။

လီဗာပူးလ်ရသွားတဲ့ အဖွင့်ဂိုးမှာတော့ ထောက်ပြတိုင်း တချို့ပရိသတ်တွေ လက်မခံနိုင်ကြတဲ့ လီနိုရဲ့ လက်ထားပုံက အဓိကကျခဲ့ပြီး Reflex ကောင်းတဲ့ ဂိုးသမားတစ်ယောက်ရဲ့ လက်ဟာ အပြင်ကို ပုတ်ထုတ်ဖို့ အဆင်သင့်ဖြစ်မနေချိန်မှာ ဂိုးထဲကို ဘောလုံးရောက်သွားစေဖို့ ကူညီခဲ့မိပြီး ဂျိုတာရဲ့ ခေါင်းတိုက်ချက်က ဂိုးဖြစ်သွားခဲ့ရသလို မဖြစ်သင့်တဲ့ ပုံစံမျိုးဟာ အာဆင်နယ်မှာ သြဇာညောင်းတဲ့ ဂိုးနည်းပြကောင်းမရှိဘူးဆိုတာကို ပြနေတာပဲဖြစ်ပါတယ်။

စကတည်းက လီဗာပူးလ်တို့ ဖိတိုင်းခံနေရတဲ့ ခံစစ်ပိုင်းမှာ ရှင်နည်းရာ အဂ္ဂလူထွက်ဖြစ်သွားခဲ့ပြီး တီယာနီကို ဒဏ်ရာကြောင့် ဆီးဒရစ်နဲ့ လူစားလဲလိုက်ရတာက ဒုတိယပိုင်းမှာ ပြိုလဲခဲ့ရစေပြီး ကျစ်ဆံမြီးနဲ့ ဆံပင်ရှည်လာတဲ့ အူဘာမီယန်းနဲ့ နှုတ်ခမ်းမွေးကိုယ်တော် အယ်လီဆန်တို့ကတော့ ဒီပွဲရဲ့ ရွှင်မြူးစရာ ပုံစံတွေလို့ ပရိသတ်တွေ သတ်မှတ်နိုင်ခဲ့ကြတာပါ။

ဖိအားတွေ များလာတဲ့ ဂါဘရီယယ်လ်ရဲ့ အမှားတွေကတော့ တည်ငြိမ်သူကြီး ဆာလားအတွက် ဂိုးတစ်ဂိုးဖြစ်စေခဲ့ပြီး ဒီဂိုးမှာ ဆာလားကို ပါတေး၊ ဆီးဒရစ်နဲ့ ဂါဘရီယယ်လ်တို့ရဲ့ တာဝန်ယူထိန်းချုပ်မှုက ဟာကွက်ကြီးမားခဲ့သလို တတိယဂိုးကလည်း ဘယ်နောက်ခံလူတစ်ယောက် ပြန်မခေါ်ခဲ့တဲ့ ဇန်နဝါရီက ပေါ့ပျက်ပျက်လုပ်ရပ်ရဲ့ အကျိုးဆက်တွေကို အာဆင်နယ်တို့ တာဝန်ယူခဲ့ရတာလည်းဖြစ်ပါတယ်။

ဒီပွဲအပြီးမှာ လီဗာပူးလ်တို့ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အထက်ကို တက်ခဲ့သလို အာဆင်နယ်တို့ကတော့ ဘယ်မှ မရောက်မှုအတွက် အောက်ဘက်ကို ဦးတည်ခဲ့ပြီး လိဒ်စ်၊ ဗီလာတို့နဲ့ အဆင့် ၁၀ အတွက် ယှဉ်ပြိုင်ရမယ့် အနေအထားကိုလည်း ရောက်ရှိသွားခဲ့ချိန်မှာ ပူးကြီးနဲ့ အာကြီးတို့နဲ့ မတူတဲ့ စင်ပေါ်က နို့ဗူးလို့ ခေါ်လေ့ရှိကြတဲ့ မန်စီးတီး(ဗူးကြီး)တို့ကတော့ ချန်ပီယံဆုအတွက် အမှားမခံဘဲ ရှေ့ဆက်ခဲ့ပါတယ်။

ရာသီအစက အိမ်ကွင်းမှာ ငါးဂိုး-နှစ်ဂိုးနဲ့ အရှုံးပေးခဲ့ရတဲ့ ရှုံးကြွေးကို ဒီနေ့ပွဲလို အမှတ်တစ်မှတ်ကအစ အရေးကြီးနေချိန်မှာ နှစ်ဂိုး-ဂိုးမရှိနဲ့ မန်စီးတီးတို့ တုံ့ပြန်သွားနိုင်ခဲ့ပြီး ပွဲပန်းမှုဒဏ်ကို ခံနိုင်စေဖို့ လက်ရွေးစင်မှာ သိပ်မကစားရတဲ့ ကစားသမားတွေကိုလည်း ဂွါဒီယိုလာက အဓိက ပွဲထုတ်ခဲ့တာကို တွေ့ရပါတယ်။

လက်စတာရဲ့ ၃-၅-၂ ကို ထိုးဖောက်နိုင်ဖို့အတွက် အဂွေရိုကို အထောင်ထားပြီး ဂျေဆူးစ်ကို ဘယ်တောင်ပံမှာ ထည့်သွင်းခဲ့တာက ဒီနေ့ပွဲရဲ့ ဆရာကျမှုတစ်မျိုးလို့ဆိုနိုင်ပြီး စတုန်းစ်၊ စတာလင်၊ ဖိုဒန်၊ ကန်ဆယ်လို၊ ဘာနာဒို၊ ဖယ်ရန်တို့လို ကစားသမားတွေကို အရန်ခုံမှာပဲ Stand-By စောင့်ခိုင်းခဲ့တာက ဒီနေ့ပွဲအတွက် အနိုင်ရဖို့ အလှည့်ကျလူထုတ်ပုံလည်း အောင်မြင်သွားခဲ့တာပါ။

ပွဲချိန် ၅ မိနစ်က ဖာနန်ဒင်ညိုရဲ့ဂိုး ပယ်ဖျက်ခံရတာနဲ့ ဒီဘရိုင်းနားရဲ့ လှပတဲ့ ဖရီးကစ် ဘားထိထွက်ခဲ့တာကြောင့် ပထမပိုင်းမှာ စီးတီးတို့ ဂိုးမရခဲ့ဘဲ ဒုတိယပိုင်းအထိ ဆက်လက်ရှာဖွေခဲ့ရပြီး ကင်းပါဝါမှာ ဂွါဒီယိုလာတို့ ရော့ဂျားစ်အပေါ် အသာစီးယူနိုင်ခဲ့သလို တောက်လျှောက်လက်စွမ်းပြနေတဲ့ စီးတီးလူငယ်ဟောင်း ရှမိုက်ကယ်ကတော့ ဒီပွဲရဲ့ နှစ်သက်စရာအချက်တစ်ချက်လည်းဖြစ်ခဲ့ပါတယ်။

ဒီနေ့ပွဲရဲ့ အနိုင်ဂိုးကတော့ ကြိုးစားနေတဲ့ ဂျေဆူးစ်ဆီကနေ မြစ်ဖျားခံခဲ့ပြီး တစ်ချိန်လုံး အမှားတွေလုပ်နေတဲ့ လက်စတာနောက်တန်းကို ဘယ်နောက်ခံလူ ဘင်ဂျမင် မန်ဒီက တစ်ချက်ခေါက်ပြီးမှ ညာခြေနဲ့ အနိုင်ယူခဲ့တာဖြစ်သလို…

အနိုင်သေချာစေမယ့် ဂိုးကိုတော့ လူများပြီး ပွဲမစည်တဲ့ မြေးခွေးခံစစ်ကို နှစ်ယောက်စလုံး တစ်ကိုယ်ကောင်းမဆန်ခဲ့ကြတဲ့ စတာလင်နဲ့ ဂျေဆူးစ်က အနိုင်ယူသွားခဲ့ပြီး အင်္ဂလန်သားပြန်ပေးတာကို ဘရာဇီးလ်သားက သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီပွဲအနိုင်ကြောင့် ဒုတိယနေရာက ယူနိုက်တက်ကို စီးတီးတို့ နှစ်ပွဲပိုကစားပြီး ၁၇ မှတ် ဖြတ်နိုင်ခဲ့သလို လက်ကျန်ပွဲစဉ်တွေမှာ ဒီကွာဟချက်ကို နိုင်ပွဲတွေနဲ့ ထိန်းသိမ်းနိုင်မယ်ဆိုရင် ပွဲစဉ် ၃၃ မှာ ဆုဖလားကို ဂွါဒီယိုလာတို့အုပ်စုအနေနဲ့ ပြန်လည်ကိုင်မြှောက်ခွင့်ရနိုင်တော့မှာလည်းဖြစ်ပြီး စနေနေ့ည ပွဲစဉ်တွေကတော့ ဗူးကြီးတို့ ပျော်ခဲ့ကြသလို ပူးကြီးတို့ အလားအလာကောင်းခဲ့ပြီး အာကြီးကတော့ သူ့ဘဝနဲ့သူပဲ ဖြစ်ခဲ့ရပါကြောင်း ခံစားသုံးသပ်မိပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မေန႔ညက ကစားခဲ့တဲ့ ပြဲေတြထဲမွာ အေစာပိုင္းက ခ်ဲလ္ဆီးရဲ႕ အေၾကာင္းကေတာ့ ျပန္မေျပာခ်င္ေလာက္ေအာင္ျဖစ္ခဲ့ရေပမယ့္ ညဥ့္နက္ပြဲ ႏွစ္ပြဲျဖစ္ခဲ့တဲ့ လက္စတာနဲ႔ မန္စီးတီး၊ အာဆင္နယ္နဲ႔ လီဗာပူးလ္တို႔ပြဲေတြကေတာ့ လားရာမတူခဲ့ဘဲ ႀကိဳးစားအားထုတ္မႈနဲ႔ စိတ္ဓာတ္ပိုင္းေတြ စကားေျပာသြားခဲ့တယ္လို႔ ခံစားမိခဲ့ပါတယ္။

စေနေန႔ညအေၾကာင္း ကစားပုံေတြနဲ႔ ဗ်ဴဟာေတြအေၾကာင္း မေျပာခင္မွာ နည္းျပေတြရဲ႕ အေတြ႕အႀကဳံအေၾကာင္းေတြကို အရင္ေျပာလိုၿပီး အရက္နာက်သလိုမ်ိဳး ပြဲပန္းမႈနဲ႔ ဆက္တိုက္မကစားရဘဲ ရစ္သမ္ပ်က္မႈျဖစ္တဲ့ လက္ေ႐ြးစင္နာက်တဲ့ International Hangover Effect ကို ဝါရင့္နည္းျပေတြကသာ ေက်ာ္လႊားႏိုင္ၿပီး ဝါႏုေသးတဲ့ နည္းျပေတြကေတာ့ ခါးစည္းခံခဲ့ရတာကိုလည္း ေတြ႕ခဲ့ရပါတယ္။

ပြဲတစ္ပြဲကို အဓိက အသက္သြင္းသူဟာ ကြင္းလယ္အဖ်က္နဲ႔ နံပါတ္ ၈ ေတြဆိုတာကို လက္မခံဘဲ ၈ လိုလို ၆ လိုလို ကစားသမားႏွစ္ဦးကို နံပါတ္ ၁၀ နဲ႔ တြဲေပးခဲ့တဲ့ အာတီတာနဲ႔ ကြင္းလယ္အဖ်က္ နံပါတ္ ၆ ကို အထိုင္ထားၿပီး ၈ ႏွစ္ဦးနဲ႔ တိုက္စစ္ဆင္တဲ့ ဂြါဒီယိုလာ၊ ကေလာ့ပ္တို႔ရဲ႕ ရလဒ္ေတြဟာ ဘာေၾကာင့္ တူမလိုနဲ႔ ကြဲျပားသြားတာလဲဆိုတာ မေန႔ညက ျမင္ေတြ႕ခဲ့ရတာပါ။

အားလုံးပြဲပန္းေနတာခ်င္းအတူတူ လီဗာပူးလ္က Relentless Pressing and Attacking အနားမေပးဘဲ စဥ္ဆက္မျပတ္ ကစားတဲ့ ပုံစံကို အမွားအယြင္းနည္းစြာနဲ႔ အသုံးျပဳႏိုင္ေပမယ့္ အာဆင္နယ္ကေတာ့ ခံစစ္မွာပဲ ေဘာလုံးပိုင္ဆိုင္မႈ ၃၅ ရာခိုင္ႏႈန္း ဂိုးေပါက္ကန္သြင္းမႈ သုံးႀကိမ္၊ ႏွစ္ႀကိမ္ ဂိုးေပါက္တည့္ဆိုတဲ့ မွတ္တမ္းကိုပဲ ပိုင္ဆိုင္ႏိုင္ခဲ့ၿပီး ကေလာ့ပ္ကေတာ့ ၁၆ ႀကိမ္ကန္ ၇ ႀကိမ္ ဂိုးေပါက္တည့္ၿပီး ၃ ဂိုး ရရွိသြားခဲ့တာပါ။

လီဗာပူးလ္ရသြားတဲ့ အဖြင့္ဂိုးမွာေတာ့ ေထာက္ျပတိုင္း တခ်ိဳ႕ပရိသတ္ေတြ လက္မခံႏိုင္ၾကတဲ့ လီႏိုရဲ႕ လက္ထားပုံက အဓိကက်ခဲ့ၿပီး Reflex ေကာင္းတဲ့ ဂိုးသမားတစ္ေယာက္ရဲ႕ လက္ဟာ အျပင္ကို ပုတ္ထုတ္ဖို႔ အဆင္သင့္ျဖစ္မေနခ်ိန္မွာ ဂိုးထဲကို ေဘာလုံးေရာက္သြားေစဖို႔ ကူညီခဲ့မိၿပီး ဂ်ိဳတာရဲ႕ ေခါင္းတိုက္ခ်က္က ဂိုးျဖစ္သြားခဲ့ရသလို မျဖစ္သင့္တဲ့ ပုံစံမ်ိဳးဟာ အာဆင္နယ္မွာ ၾသဇာေညာင္းတဲ့ ဂိုးနည္းျပေကာင္းမရွိဘူးဆိုတာကို ျပေနတာပဲျဖစ္ပါတယ္။

စကတည္းက လီဗာပူးလ္တို႔ ဖိတိုင္းခံေနရတဲ့ ခံစစ္ပိုင္းမွာ ရွင္နည္းရာ အဂၢလူထြက္ျဖစ္သြားခဲ့ၿပီး တီယာနီကို ဒဏ္ရာေၾကာင့္ ဆီးဒရစ္နဲ႔ လူစားလဲလိုက္ရတာက ဒုတိယပိုင္းမွာ ၿပိဳလဲခဲ့ရေစၿပီး က်စ္ဆံၿမီးနဲ႔ ဆံပင္ရွည္လာတဲ့ အူဘာမီယန္းနဲ႔ ႏႈတ္ခမ္းေမြးကိုယ္ေတာ္ အယ္လီဆန္တို႔ကေတာ့ ဒီပြဲရဲ႕ ႐ႊင္ျမဴးစရာ ပုံစံေတြလို႔ ပရိသတ္ေတြ သတ္မွတ္ႏိုင္ခဲ့ၾကတာပါ။

ဖိအားေတြ မ်ားလာတဲ့ ဂါဘရီယယ္လ္ရဲ႕ အမွားေတြကေတာ့ တည္ၿငိမ္သူႀကီး ဆာလားအတြက္ ဂိုးတစ္ဂိုးျဖစ္ေစခဲ့ၿပီး ဒီဂိုးမွာ ဆာလားကို ပါေတး၊ ဆီးဒရစ္နဲ႔ ဂါဘရီယယ္လ္တို႔ရဲ႕ တာဝန္ယူထိန္းခ်ဳပ္မႈက ဟာကြက္ႀကီးမားခဲ့သလို တတိယဂိုးကလည္း ဘယ္ေနာက္ခံလူတစ္ေယာက္ ျပန္မေခၚခဲ့တဲ့ ဇန္နဝါရီက ေပါ့ပ်က္ပ်က္လုပ္ရပ္ရဲ႕ အက်ိဳးဆက္ေတြကို အာဆင္နယ္တို႔ တာဝန္ယူခဲ့ရတာလည္းျဖစ္ပါတယ္။

ဒီပြဲအၿပီးမွာ လီဗာပူးလ္တို႔ကေတာ့ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ အထက္ကို တက္ခဲ့သလို အာဆင္နယ္တို႔ကေတာ့ ဘယ္မွ မေရာက္မႈအတြက္ ေအာက္ဘက္ကို ဦးတည္ခဲ့ၿပီး လိဒ္စ္၊ ဗီလာတို႔နဲ႔ အဆင့္ ၁၀ အတြက္ ယွဥ္ၿပိဳင္ရမယ့္ အေနအထားကိုလည္း ေရာက္ရွိသြားခဲ့ခ်ိန္မွာ ပူးႀကီးနဲ႔ အာႀကီးတို႔နဲ႔ မတူတဲ့ စင္ေပၚက ႏို႔ဗူးလို႔ ေခၚေလ့ရွိၾကတဲ့ မန္စီးတီး(ဗူးႀကီး)တို႔ကေတာ့ ခ်န္ပီယံဆုအတြက္ အမွားမခံဘဲ ေရွ႕ဆက္ခဲ့ပါတယ္။

ရာသီအစက အိမ္ကြင္းမွာ ငါးဂိုး-ႏွစ္ဂိုးနဲ႔ အရႈံးေပးခဲ့ရတဲ့ ရႈံးေႂကြးကို ဒီေန႔ပြဲလို အမွတ္တစ္မွတ္ကအစ အေရးႀကီးေနခ်ိန္မွာ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ မန္စီးတီးတို႔ တုံ႔ျပန္သြားႏိုင္ခဲ့ၿပီး ပြဲပန္းမႈဒဏ္ကို ခံႏိုင္ေစဖို႔ လက္ေ႐ြးစင္မွာ သိပ္မကစားရတဲ့ ကစားသမားေတြကိုလည္း ဂြါဒီယိုလာက အဓိက ပြဲထုတ္ခဲ့တာကို ေတြ႕ရပါတယ္။

လက္စတာရဲ႕ ၃-၅-၂ ကို ထိုးေဖာက္ႏိုင္ဖို႔အတြက္ အေဂြ႐ိုကို အေထာင္ထားၿပီး ေဂ်ဆူးစ္ကို ဘယ္ေတာင္ပံမွာ ထည့္သြင္းခဲ့တာက ဒီေန႔ပြဲရဲ႕ ဆရာက်မႈတစ္မ်ိဳးလို႔ဆိုႏိုင္ၿပီး စတုန္းစ္၊ စတာလင္၊ ဖိုဒန္၊ ကန္ဆယ္လို၊ ဘာနာဒို၊ ဖယ္ရန္တို႔လို ကစားသမားေတြကို အရန္ခုံမွာပဲ Stand-By ေစာင့္ခိုင္းခဲ့တာက ဒီေန႔ပြဲအတြက္ အႏိုင္ရဖို႔ အလွည့္က်လူထုတ္ပုံလည္း ေအာင္ျမင္သြားခဲ့တာပါ။

ပြဲခ်ိန္ ၅ မိနစ္က ဖာနန္ဒင္ညိဳရဲ႕ဂိုး ပယ္ဖ်က္ခံရတာနဲ႔ ဒီဘ႐ိုင္းနားရဲ႕ လွပတဲ့ ဖရီးကစ္ ဘားထိထြက္ခဲ့တာေၾကာင့္ ပထမပိုင္းမွာ စီးတီးတို႔ ဂိုးမရခဲ့ဘဲ ဒုတိယပိုင္းအထိ ဆက္လက္ရွာေဖြခဲ့ရၿပီး ကင္းပါဝါမွာ ဂြါဒီယိုလာတို႔ ေရာ့ဂ်ားစ္အေပၚ အသာစီးယူႏိုင္ခဲ့သလို ေတာက္ေလွ်ာက္လက္စြမ္းျပေနတဲ့ စီးတီးလူငယ္ေဟာင္း ရွမိုက္ကယ္ကေတာ့ ဒီပြဲရဲ႕ ႏွစ္သက္စရာအခ်က္တစ္ခ်က္လည္းျဖစ္ခဲ့ပါတယ္။

ဒီေန႔ပြဲရဲ႕ အႏိုင္ဂိုးကေတာ့ ႀကိဳးစားေနတဲ့ ေဂ်ဆူးစ္ဆီကေန ျမစ္ဖ်ားခံခဲ့ၿပီး တစ္ခ်ိန္လုံး အမွားေတြလုပ္ေနတဲ့ လက္စတာေနာက္တန္းကို ဘယ္ေနာက္ခံလူ ဘင္ဂ်မင္ မန္ဒီက တစ္ခ်က္ေခါက္ၿပီးမွ ညာေျခနဲ႔ အႏိုင္ယူခဲ့တာျဖစ္သလို…

အႏိုင္ေသခ်ာေစမယ့္ ဂိုးကိုေတာ့ လူမ်ားၿပီး ပြဲမစည္တဲ့ ေျမးေခြးခံစစ္ကို ႏွစ္ေယာက္စလုံး တစ္ကိုယ္ေကာင္းမဆန္ခဲ့ၾကတဲ့ စတာလင္နဲ႔ ေဂ်ဆူးစ္က အႏိုင္ယူသြားခဲ့ၿပီး အဂၤလန္သားျပန္ေပးတာကို ဘရာဇီးလ္သားက သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီပြဲအႏိုင္ေၾကာင့္ ဒုတိယေနရာက ယူႏိုက္တက္ကို စီးတီးတို႔ ႏွစ္ပြဲပိုကစားၿပီး ၁၇ မွတ္ ျဖတ္ႏိုင္ခဲ့သလို လက္က်န္ပြဲစဥ္ေတြမွာ ဒီကြာဟခ်က္ကို ႏိုင္ပြဲေတြနဲ႔ ထိန္းသိမ္းႏိုင္မယ္ဆိုရင္ ပြဲစဥ္ ၃၃ မွာ ဆုဖလားကို ဂြါဒီယိုလာတို႔အုပ္စုအေနနဲ႔ ျပန္လည္ကိုင္ေျမႇာက္ခြင့္ရႏိုင္ေတာ့မွာလည္းျဖစ္ၿပီး စေနေန႔ည ပြဲစဥ္ေတြကေတာ့ ဗူးႀကီးတို႔ ေပ်ာ္ခဲ့ၾကသလို ပူးႀကီးတို႔ အလားအလာေကာင္းခဲ့ၿပီး အာႀကီးကေတာ့ သူ႔ဘဝနဲ႔သူပဲ ျဖစ္ခဲ့ရပါေၾကာင္း ခံစားသုံးသပ္မိပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.